backup og meta

နာကျင်ခြင်းအကြောင်း အပိုင်း၃


Dr . Phyu Mon Latt မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာကျင်ခြင်းအကြောင်း အပိုင်း၃

    သိပ္ပံဆိုင်ရာ သုတေသနတွေဟာ ကုသမှုတွေကို လေ့လာစမ်းစစ်တဲ့နေရာမှာ အထူးသဖြင့် ကုသမှုတစ်ခုကို အခြားတစ်ခုနဲ့ နှိုင်းယှဉ်တဲ့နေရာမှာ အလွန်အသုံးဝင်ပါတယ်။ သိပ္ပံပညာကြောင့်သာပဲ ကိုယ်ခန္ဓါ လုပ်ဆောင်ချက်တွေနဲ့ သူတို့ဟာ ကုသမှုတွေကို ဘယ်လိုတုန့်ပြန်လဲဆိုတာတွေကို နားလည်လာတာဖြစ်ပါတယ်။

    လေ့ကျင့်ခန်းဟာ အချို့အခြေအနေတွေမှာ နာကျင်မှုကို သက်သာစေတယ်လို့ သိပ္ပံပညာက ပြောထားတာမို့ ဒါကိုလျစ်လျူမရှုသင့်ပါဘူး။

    တကယ်လို့ သေချာပေါက် ထိရောက်တယ်ဆိုတဲ့ ကြားဝင်ကုသမှုတစ်ခုသာ ရှိနေခဲ့ရင် ဒါဟာ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

  • ခါးနာခြင်း – လေ့ကျင့်ခန်းဟာ ခါးနာတာကို သက်သာစေတယ်လို့ သက်သေပြမှုတွေ ရှိပါတယ်။
  • Achilles tendinopathy – သုတေသနတွေက eccentric and concentric exercise တွေက ဒီရောဂါကို သက်သာစေတယ်လို့ ဆိုပါတယ်။
  • သတိထားရမှာကတော့ သင့်တော်တဲ့လေ့ကျင့်ခန်းကို ပြင်းအား၊ အကြိမ်အရေအတွက်နဲ့ ပမာဏတို့ကို တစ်ယောက်ချင်းစီအလိုက် အသုံးပြုပေးရမှာဖြစ်ပါတယ်။

    ကုသမှုအမြောက်အမြားဟာ မထိရောက်ဘူးဆိုတဲ့ လေ့လာမှုများစွာလည်း ရှိပါတယ်။ တကယ်တော့ လူတစ်ယောက်ကို သူတို့ရဲ့ နာကျင်မှုဟာ တကယ်မဟုတ်တဲ့ အတွက် ဘယ်လိုကုသမှုမျိုးလုပ်ပါစေ ပျောက်မှာမဟုတ်ဘူးလို့ ပြောရတာဟာ တကယ်ကို အကျိုးမရှိပါဘူး။

    တကယ်လို့ လူနာတစ်ယောက်က လိမ်းဆေးတစ်ခု (သို့) ဆေးတစ်ခုခုက နာကျင်မှုကိုပျောက်စေတယ်လို့ လာပြောခဲ့ရင် ကိုယ်တိုင်သူတို့ကို မပြောဖြစ်ပေမယ့် သူ့တွေသနက ဘာပြောမယ်ဆိုတာကို သိနေပါတယ်။ သူခံစားရမှုက မှားနေတာပါ၊ ဒါက ဘယ်လိုမှ မကူညီနိုင်ပါဘူး။

    Placebo and Nocebo

    Placebo effect ဆိုတာ သင့်ကိုမျက်လှည့်ပြလိုက်သလိုမျိုးကို မဆိုလိုပါဘူး။ ဒါဟာ ထိရောက်မှုရှိတဲ့ ရှုပ်ထွေးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

    တကယ်လို့ placebo effect ကို ကြားဖူးကောင်းကြားဖူးနိုင်ပါတယ်။ ဒါဟာ တကယ်တော့ အာနိသင်မရှိတဲ့ ဆေးဟာ ပြောင်းလဲမှုတစ်ခုကို ပြုလုပ်နိုင်ခြင်းကို ဆိုလိုရင်းဖြစ်ပါတယ်။ ပေးလိုက်တဲ့ သကြားပြားလိုမျိုးကို အတုလို့ ပြောကောင်းပြောနိုင်ပေမယ့် ဒါဟာ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

    သူ့မှာ ပတ်ဝန်းကျင်၊လူနာနဲ့ ဆရာဝန်ရဲ့ မျှော်လင့်ချက်တွေပါဝင်နေပါတယ်။ ဒါဟာတကယ်ကို စစ်မှန်ပြီးတော့ တခါတရံမှာ အလွန် အကူအညီပေးပါတယ်။

    ဒီလိုအာနိသင်မရှိတဲ့ဆေးတစ်ခုခုပေးလို့ တစ်ယောက်ယောက်က ကောင်းမွန်တဲ့ရလဒ်တွေ ရခဲ့မယ်ဆိုရင် ဒါဟာ ဒီအကျိုးကျေးဇူးက စစ်မှန်မှုမရှိဘူးလို့ ပြောလို့မရပါဘူး။

    ဒီလို အကျိုးကျေးဇူးကို စစ်မှန်မှုမရှိဘူးဆိုပြီး လျစ်လျူရှုခြင်းဟာ မှားယွင်းပြီး ဆရာဝန်အတော်များများက ဒီလိုအဖြစ်မျိုးမရှိဘူးလို့သာ ဆိုကြမှာပါ။

    Placebo နဲ့ ပြောင်းပြန်ဖြစ်တဲ့အရာကို Nacebo လို့ခေါ်ပါတယ်။ သူဟာ အာနိသင်မရှိတဲ့ဆေးကို တိုက်ကျွေးပေမယ့် မကောင်းတဲ့ တုန့်ပြန်မှုရှိခြင်းကို ဆိုလိုတာဖြစ်ပါတယ်။

    ပြောချင်တာကတော့ အန္တရာယ်ရှိတဲ့နည်းလမ်းတွေကို ဖေါ်ထုတ်တာနဲ့ လူတွေပြောနေကြတဲ့ တခြားဟာကိုတော့ မစမ်းနဲ့တော့ ဒါကတော့ သေချာတယ်ဆိုတာကို မကောင်းမြင်တာနဲ့က ကွာခြားမှုရှိပါတယ်။

    လူတစ်ယောက်ကို သူ့နာကျင်မှုအတွက်တော့ ဘာမှလုပ်ပေးနိုင်တာမရှိတော့ဘူး။ ဒါနဲ့ပဲ နေသွားရတော့မှာပဲလို့ပြောတာဟာ nacebo တစ်မျိုးပဲဖြစ်ပါတယ်။

    ကုသမှုအမျိုးမျိုးကို မကောင်းမြင်နေခြင်းဟာ လူတွေကို ဘယ်အရာကမှ ကုလို့မရတော့ပါဘူးလို့ အထင်ရောက်စေပါတယ်။

    ထပ်ပြောရရင် အန္တရာယ်ရှိတယ်လို့ လက်ခံထားတဲ့တစ်စုံတစ်ရာကိုတော့ ဘယ်တော့မှ ထောက်ခံအားပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ခန္ဓါနဲ့ စိတ်ပိုင်းဆိုင်ရာ အချင်းချင်းဆက်နွယ်မှုတွေက အသေးစိတ်ဆန်ပြီးတော့ ဘယ်သူ့မှာမှ သေချာတဲ့အဖြေ ရှိမှာ မဟုတ်ပါဘူး။

    လက်တွေ့မှာ ဖြစ်နိုင်တဲ့နည်းလမ်းတွေကို မဖြစ်နိုင်ဘူးဆိုပြီး တယူသန်ငြင်းဆန်နေတာထက်တော့ ပိုသဘောကျပါတယ်။

    မကြိုးစားကြည့်မချင်း မသိနိုင်ပါဘူး။

    လူနာတွေနဲ့ ဆက်ဆံတဲ့အခါ တကယ်သင့်တော်တဲ့အရာကို မတွေ့မချင်း အခြားအရာတွေကိုလည်း စမ်းသပ်ကြည့်ရတတ်ပါတယ်။ ဒါဟာ အဖြေရှာပုံပါပဲ။

    အရာတစ်ခုဟာ သင့်အတွက်အကျိုးရှိမရှိဆိုတာကို စမ်းမကြည့်မချင်းဘယ်တော့မှ မသိနိုင်ပါဘူး။ ဒါဟာ သိပ္ပံပညာရဲ့ အနှစ်သာရပါပဲ။

    အရာတစ်ခုကို စမ်းသုံးကြည့်ပြီးတော့ အချိန်တစ်ခုပေးပြီး အဖြေကိုစောင့်ကြည့်မယ်၊ သူဘယ်လိုဖြစ်လာမလဲဆိုတာကို သုံးသပ်မယ်ဆိုရင် ဒါဟာ သိပ္ပံပညာပါပဲ။

    လူနာကြည့်တဲ့အခါ အမြဲပြောလေ့ရှိတာက ဒီအချိန်အတွင်းမှာ အခုလုပ်နေတာတွေက အကျိုးရှိမရှိသိလာလိမ့်မယ်။ ရာနှုန်းပြည့်တော့ ကောင်းချင်မှကောင်းမယ်။

    ဒါပေမယ့် လမ်းကြောင်းမှန်ပေါ်ရောက်မရောက်တော့ သိနိုင်လိမ့်မယ်လို့ ပြောလေ့ရှိပါတယ်။ တကယ်လို့ ကောင်းတဲ့လက္ခဏာတွေတွေ့ရပြီဆိုရင်တော့ ဒါကို ဆက်လုပ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement