backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sunburn (နေလောင်ခြင်း)


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sunburn (နေလောင်ခြင်း) ကဘာလဲ။

နေလောင်ခြင်းဟာနေရောင်ထိသောကြောင့်ဖြစ်လာသော ပုံမှန်တုံ့ပြန်မှုတစ်ခုဖြစ်တယ်။

ပိုသေသေချာချာနားလည်စေရန် အလင်းရောင်စဉ်ရဲ့ အခြေခံစည်းမျဉ်းတချို့ကိုလေ့လာကြည့်ရအောင်။ ခရမ်းလွန်ရောင်စဉ်ကို သုံးမျိုးခွဲထားပါတယ်။ နှစ်ခုကတော့ UVA နဲ့ UVA တို့ဖြစ်ပြီး ထိုနှစ်မျိုး၏လှိုင်းအလျားမှာ ကမ္ဘာထိရောက်ကာ ဆဲလ်တွေပေါ်မှာ သက်ရောက်နိုင်ပါတယ်။ UVC ကတော့ အိုဇုန်းလွှာမှစုပ်ယူသွားတာကြောင့် ကမ္ဘာပေါ်မရောက်ပါဘူး။

အရေပြားမှကိုလာရောက်ထိသော အလင်းပမာဏကို erythema dose ဟုခေါ်ပြီး နေမလောင်ဘဲ အရေပြားမှစုပ်ယူနိုင်သော အလင်းပမာဏကို MED ဟုခေါ်ပါတယ်။ နေရောင်အောက်မှ အချိန်ကြာနေတဲ့အခါ၊ သို့ နေလောင်ကာသော အဝတ်အစားများမဝတ်တဲ့အခါ အရေပြားကိုထိသောအလင်းများပြီး MED ကိုကျော်ကာ နေလောင်ခြင်းဖြစ်စေပါတယ်။

Sunburn (နေလောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အမတန်အဖြစ်များတယ်။ နေတစ်ခုတည်းကြောင့်မဟုတ်ဘဲ အနောက်တိုင်းတွေမှာ အသားညိုရန်အသုံးပြုသောမွေ့ရာ၊ အခြားခရမ်းလွန်ရောင်ခြည်ပါသော အရင်းအမြစ်တို့ကြောင့်လည်း နေလောင်နိုင်တယ်။ အရွယ်မရွေးဖြစ်နိုင်ပြီး ခရမ်းလွန်ရောင်ခြည်ဟာ တိမ်တွေကိုလည်းဖြတ်သွားနိုင်တာကြောင့် တိမ်ထူသောနေ့တွေမှာလည်း နေလောင်နိုင်ပါတယ်။

ဖြစ်နိုင်သောအခြေအနေတွေကို ရှောင်ရှားခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Sunburn (နေလောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နေထိပြီး ၆ နာရီလောက်အကြာမှာ သိသာကာ ၁၂ နာရီမှ ၂၄ နာရီလောက်မှာ အဆိုးရွားဆုံးဖြစ်တယ်။ နေရောင်ထိတာများလေလေ၊ လက္ခဏာများစောစောပေါ်လေလေဖြစ်တယ်။ နီရဲယားယံတတ်ပြီး အရည်ကြည်ဖုများပေါက်ကာ နာလည်းလည်းနာကျင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အောက်မှာဖြစ်တာကြောင့် အောက်ပါလက္ခဏာတွေလည်းဖြစ်လာနိုင်တယ်-

  • ချမ်းတုန်ခြင်း
  • အဖျားတက်ခြင်း
  • ပျို့ခြင်း
  • နှလုံးခုန်မြန်ခြင်း၊ မမှန်ခြင်း
  • သွေးပေါင်ကျခြင်း

ထိုလက္ခဏာတွေဟာ ပြင်းထန်သောအခြေအနေတွေမှာ တစ်ပတ်နှစ်ပတ်လောက်ထိကြာနိုင်ပါတယ်။ တစ်ပတ်အကြာမှာ အရေခွံကွာတတ်ခြင်းဟာ ပုံမှန်ဖြစ်ပြီး အရည်ကြည်ဖုမပေါက်တဲ့နေရာမှာပင် အရေခွံများကွာတတ်ပါတယ်။

တခြားလက္ခဏာတွေလည်းဖြစ်နိုင်တာကြောင့် အသေးစိတ်အတွက် ဆရာဝန်ကိုမေးမြန်းတိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ပြင်းပြင်းထန်ထန်နေလောင်ပါက ဆရာဝန်ပြသင့်ပါတယ်။ နေရောင်မကြာခဏထိခြင်းဟာ အရေပြားကင်ဆာဖြစ်စေနိုင်ပါတယ်။ တစ်ကြိမ်အရည်ကြည်ဖုများပေါ်ခြင်းဟာ အရေပြားကင်ဆာ ဖြစ်နိုင်ချေနှစ်ဆတိုးစေတယ်လို့ ဆိုပါတယ်။ မျက်ကြည်လွှာပျက်စီးကာ မျက်စိကွယ်ခြင်းလည်း ဖြစ်စေနိုင်တယ်။

အကြောင်းရင်းများ

Sunburn (နေလောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ခရမ်းလွန်ရောင်ခြည်အချိန်ကြာထိတွေ့ခြင်းကြောင့် ဖြစ်တယ်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့တဲ့အခါ အရေပြားရှိ ရောင်ခြည်ပစ္စည်းတွေမှာ ပြောင်းလဲမှုနှစ်ခုဖြစ်ပြီး အသားရောင်ညိုစေပါတယ်။

UVA , UVB နှစ်ခုစလုံးဟာ အရေပြားကိုထိခိုက်စေနိုင်ပေမယ့် မတူညီတဲ့ထိုးဖောင်စွမ်းအားရှိပါတယ်။ UVB ဟာ အရေပြားအပေါ်ယံလွှာပဲဖောက်နိုင်ပြီး UVA ကတော့ အရေပြားအလည်လွှာထိဖောက်နိုင်ပါတယ်။ ဒါတွေကြောင့် အရေပြားတည်ဆောက်ပုံပြောင်းလဲသွားပြီး နေလောင်ခြင်းအပြင် အရေးကြောင်းများ၊ အမည်းစက်များ စသည့် အရေပြားပြဿနာတွေပါဖြစ်လာစေပါတယ်။

ဖြစ်နိုင်ခြေများ

Sunburn (နေလောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • အသားဖြူခြင်း၊ ဖျော့သောဆံပင်အရောင်ရှိခြင်း (အနောက်တိုင်းသားများတွင်)
  • တောင်ပေါ်ကဲ့သို့ နေနှင့်ပိုနီးသောနေရာတွင်နေခြင်း
  • အရေပြားထိခိုက်လွယ်စေသော ဆေးများသောက်နေရခြင်း
  • အသားညိုစေသောအိပ်ရာအသုံးပြုခြင်း (အနောက်တိုင်းတွင်)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Sunburn (နေလောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

နီရဲယားယံခြင်း၊ အရည်ကြည်ဖုများပေါ်ခြင်းကဲ့သို့ လက္ခဏာများကြောင့် အလွယ်တကူသိရှိနိုင်ပြီး အိမ်တွင်ပင်ကုသနိုင်ပါတယ်။

Sunburn (နေလောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

မိမိဖာသာကုသနိုင်တယ်-

  • NSAID ကဲ့သို့အနာပျောက်ဆေးများသောက်ခြင်း
  • ရေခဲကပ်ခြင်း
  • ရေအေးဖြင့်ချိုးခြင်း
  • နေလောင်ခြင်းအတွက် ဖြန်းဆေး၊ လိုးရှင်းများသုံးခြင်း
  • နီရဲနာကျင်မှုများမသက်သာမချင်း နေရောင်အောက်မထွက်ခြင်းေ
  • ရေများများသောက်ခြင်း

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုသမှုပုံစံများ

  • နေ့ခင်းကြောင်တောင်နေကိုရှောင်ပါ
  • အရိပ်ရရာတွင်နေပါ
  • နေရောင်ကာအဝတ်အစားများဝတ်ပါ
  • နေလောင်ခံခရင်လိမ်းပါ
  • အသားညိုစေသောအိပ်ရာမသုံးပါနဲ့ (အနောက်တိုင်းတွင်)

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရရန် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement