backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sperm Penetration Tests (သုတ်ပိုးဖောက်ဝင်နိုင်မှုစစ်ဆေးခြင်း)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အခြေခံအချက်များ

သုတ်ပိုးဖောက်ဝင်နိုင်မှုစမ်းသပ်ခြင်းဆိုတာ ဘာလဲ

အမျိုးသားတဦးရဲ့ သုတ်ပိုးဟာ သားအိမ်ခေါင်းထိပ်က အချွဲများနဲ့ သားဥပြွန်ကို ဖြတ်သန်းသွားနိုင်ပြီး မမျိုးဥနဲ့ ပေါင်းစပ်သွားနိုင်ခြင်း ရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ စုံတွဲများ ကိုယ်ဝန်မဆောင်နိုင်ရင် စစ်ဆေးခြင်း ဖြစ်ပါတယ်။

စစ်ဆေးနည်းမျိုးစုံရှိပါတယ်။

အချွဲများကို ဖြတ်သန်းနိုင်မှုရှိမရှိ စစ်ဆေးခြင်း

သားအိမ်ခေါင်းဝန်းကျင်က အချွဲများကို ဖြတ်သန်းနိုင်မှု ရှိမရှိ စစ်ဆေးပါတယ်။ ဒီနည်းကို သိပ်တော့ မပြုလုပ်ပါဘူး။ တခြားနည်းလမ်းတွေကနေ အချက်အလက် ပိုသိရလို့ ဖြစ်ပါတယ်။

သုတ်ပိုးဖောက်ဝင်မှုစစ်ဆေးခြင်း

ဟမ်းစတား စစ်ဆေးနည်းလို့ ခေါ်ပါတယ်။ ယေက်ျားသုတ်ပိုးဟာ ဟမ်းစတားကြွက်ဥနဲ့ ပေါင်းစပ်နိုင်မှု ရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဓါတ်ခွဲခန်းမှာ သုတ်ပိုးနဲ့ ဟမ်းစတားကြွက်ဥနဲ့ ပေါင်းစပ်ပြီး ဥထဲကို ဖောက်ဝင်နိုင်တဲ့ သုတ်ပိုးအရေအတွက်ကို မှတ်တမ်းတင်ပါတယ်။ ဖန်ပြွန်သန္ဓေသား ပြုလုပ်ပေးတဲ့ ဆေးရုံတွေမှာ အများဆုံး ပြုလုပ်တတ်ပါတယ်။

သုတ်ပိုးဖောက်ဝင်နိုင်မှု စမ်းသပ်ခြင်း ဘယ်အချိန်မှာ ပြုလုပ်သလဲ

အောက်ပါအခြေအနေတွေမှာ ပြုလုပ်ပါတယ်။

  • ကိုယ်ဝန်မဆောင်နိုင်ရခြင်း၏ အကြောင်းအရင်းကို အခြားစစ်ဆေးနည်းများဖြင့် မသိရသောအခါ
  • သုတ်ပိုးစစ်ဆေးမှုများအရ ပြသနာရှိကြောင်းသိရချိန်တွင် သုတ်ပိုး၏ စွမ်းဆောင်နိုင်မှုကို စစ်ဆေးလိုသောအခါ
  • ဖန်ပြွန်သန္ဓေသား မပြုလုပ်မီ စစ်ဆေးလိုသောအခါ

စစ်ဆေးခြင်းမပြုမီ သိရမည့်အချက်များ

သုတ်ပိုးဖောက်ဝင်နိုင်မှု စစ်ဆေးခြင်း မပြုလုပ်မီ ဘာတွေကို သိထားသင့်သလဲ

စစ်ဆေးခြင်းမပြုမီ သင်ရော သင့်အိမ်ထောင်ဖက်ပါ ကိုယ်ဝန်ဆောင်နိုင်ဖို့ အကောင်းဆုံးအချိန်ကို သတိပြုကြိုးစားသင့်ပါတယ်။ မမျိုးဥကြွေချိန်နဲ့ မျိုးဥမကြွေခင် ၁ရက်၂ရက်ဟာ ကိုယ်ဝန်ဆောင်နိုင်ခြေ အမြင့်ဆုံး ဖြစ်ပါတယ်။ တချို့စုံတွဲတွေဟာ ကိုယ်ဝန်ဆောင်ဖို့ ကြိုစားချိန်မှာ အဓိကကျတဲ့ရက်တွေကို လွတ်သွားတတ်ပါတယ်။ အမျိုးသမီးတယောက်ဟာ ကိုယ့်ရဲ့ဓမ္မတာစက်ဝန်းနဲ့ မျိုးဥကြွေချိန်ကို သိထားသင့်ပါတယ်။ ဒီမှတ်တမ်းဟာ မြုံခြင်းရှိမရှိ စစ်ဆေးဖို့ ဆရာဝန်ဆုံးဖြတ်တဲ့အခါ မထောက်အကူပြုပါတယ်။

ဘာဖြစ်တယ်ဆိုတာကိုသိဖို့သုတ်ပိုးဖောက်ဝင်နိုင်မှု စစ်ဆေးခြင်း မပြုမီ ဘာတွေ လုပ်သင့်သလဲ

စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဘာတွေလိုအပ်လဲ၊ ဘယ်လိုလုပ်မှာလဲ၊ ဘယ်လိုရလဒ်တွေရတတ်လဲ စတာတွေကို ဆရာဝန်နဲ့ ပြောဆိုဆွေးနွေးပါ။

အချွဲအား သုတ်ပိုး ဖြတ်သန်းနိုင်ခြင်းရှိမရှိ စစ်ဆေးခြင်း

အမျိုးသမီးများအတွက် မျိုးဥကြွေချိန်မှာ ပြုလုပ်ပါတယ်။ ဆီးထဲမှာ LH ဟောမုန်းအမြင့်ဆုံး အချိန်ကို စစ်ဆေးနိုင်ဖို့ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။ ဆီးစစ်တဲ့အခါ မနက်ပိုင်းမှာ စစ်ရပါတယ်။ အဲဒီမနက်မှာ စစ်ဆေးမှုမပြုခင် ဘယ်အရည်ကိုမှ မသောက်ပါနဲ့။ စစ်ဆေးချက်အရ မျိုးဥကြွေတယ်လို့ သိရရင် နောက်နေ့မှာ ဆရာဝန်ပြပါ။

အမျိုးသားများအတွက် စစ်ဆေးဖို့ သုတ်ရည်နမူနာ ယူရပါတယ်။ စစ်ဆေးမှုမလုပ်ခင် ၂ရက်အတွင်း သုတ်လွှတ်ခြင်း မပြုရပါဘူး။ သုတ်မလွှတ်ဘဲ ၅ရက်ထက်ပိုကြာအောင်နေပြီး စစ်ဆေးခြင်း မပြုဖို့လည်း အရေးကြီးပါတယ်။

သုတ်ပိုးဖောက်ဝင်နိုင်မှု စစ်ဆေးခြင်း

ဒီစစ်ဆေးနည်းအတွက် သုတ်ရည်အနည်းငယ်ပဲ လိုအပ်ပါတယ်။

အမျိုးသားများအတွက် စစ်ဆေးမှုမလုပ်ခင် ၂ရက်အတွင်း သုတ်လွှတ်ခြင်း မပြုရပါဘူး။ သုတ်မလွှတ်ဘဲ ၅ရက်ထက်ပိုကြာအောင်နေပြီး စစ်ဆေးခြင်း မပြုရပါဘူး။

သုတ်ပိုးဖောက်ဝင်နိုင်မ စစ်ဆေးတဲ့အဆင့်တွေက ဘာတွေလဲ

အချွဲကိုသုတ်ပိုးဖြတ်မဖြတ် စစ်ဆေးခြင်းအတွက် သားအိမ်ခေါင်းဝန်းကျင်က အချွဲရော သုတ်ပိုးပါ လိုအပ်ပါတယ်။ ဓါတ်ခွဲခန်းမှာ အဲဒီနှစ်မျိုးကို ပေါင်းစပ်ပါတယ်။ မိနစ်၉၀လောက်ကြာရင် သုတ်ပိုးရောက်ရှိနိုင်တဲ့ အကွာအဝေးကို တိုင်းတာပါတယ်။ အမျိုးသမီးဆီက သားအိမ်ခေါင်းအချွဲနမူနာကို မိန်းမကိုယ်ပိုင်း စစ်ဆေးချိန်မှာ ရယူရပါတယ်။

သုတ်ပိုးဖောက်ဝင်နိုင်မှု စစ်ဆေးခြင်းအတွက် သုတ်ပိုးနမူနာကို ရယူပါတယ်။ ဓါတ်ခွဲခန်းထဲမှာ ဟမ်းစတားကြွက်ဥနဲ့ ပေါင်းစပ်ပါတယ်။ ဥကိုဖောက်နိုင်တဲ့ သုတ်ပိုးအရေအတွက်ကို တိုင်းတာပါတယ်။

သုတ်ရည်နမူနာကို လက်ကိုအားပြုတဲ့နည်းနဲ့ ထုတ်ယူပါတယ်။ အိမ်မှာ ထုတ်ယူတယ်ဆိုရင် ဓါတ်ခွဲခန်းကို တနာရီအတွင်း ပို့နိုင်ဖို့ လိုအပ်ပါတယ်။ နမူနာကို ကိုယ်ခန္ဓါ အပူချိန်မှာပဲထားပြီး နေရောင်တိုက်ရိုက်မထိဖို့ လိုပါတယ်။

သုတ်ရည်နမူနာကို လိင်ဆက်ဆံတဲ့အချိန်မှာ ရယူခြင်းမပြုလုပ်ဖို့ ရှောင်ကြဉ်ရပါမယ်။ မိန်းမကိုယ်အရည်နဲ့ ရောသွားနိုင်လို့ ဖြစ်ပါတယ်။

စစ်ဆေးပြီးချိန်မှာ ဘာလုပ်သင့်လဲ

အဖြေကိုစောင့်ဖို့ ချိန်းဆိုပါလိမ့်မယ်။ အဖြေနဲ့ပတ်သက်ပြီး ဆရာဝန်က ရှင်းပြပါလိမ့်မယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာရပါမယ်။

ရလဒ်

ရလဒ်တွေဟာ ဘယ်လိုဖြစ်နိုင်သလဲ

အချွဲကို သုတ်ပိုးဖြတ်သန်းခြင်း ရှိမရှိ စစ်ဆေးခြင်း

အောက်ပါအခြေအနေတွေမှာ ပြသနာရှိပါတယ်။

  • အလှူရှင်ရဲ့ သုတ်ပိုးက အချွဲကို ဖြတ်သန်းနိုင်ပြီး စစ်ဆေးခံသူရဲ့ သုတ်ပိုးက ဖြတ်သန်းခြင်း မပြုနိုင်တဲ့အခါ
  • စစ်ဆေးခံသူရဲ့ သုတ်ပိုးဟာ အမျိုးသမီးရဲ့ အချွဲကိုရော တခြားအချွဲကိုရော ဖြတ်သန်းခြင်း မပြုနိုင်တဲ့အခါ

အလှူရှင်ရဲ့ သုတ်ပိုးရော မိမိအမျိုးသားရဲ့ သုတ်ပိုးပါ အချွဲကို ဖြတ်သန်းမသွားနိုင်ရင်တော့ အမျိုးသမီးမှာ ပြသနာရှိနေပါတယ်။

ပုံမှန်အခြေအနေ။ သုတ်ပိုးဟာသားအိမ်ခေါင်းအချွဲကို အလွယ်တကူ ဖြတ်သန်းသွားနိုင်ရပါမယ်။

ပုံမှန်မဟုတ်သောအခြေအနေ။ သုတ်ပိုးဟာ သားအိမ်ခေါင်းအချွဲကို ဖြတ်မသွားနိုင်ဘဲ အချွဲထဲမှာတင် စုဝေးနေကြပါတယ်။ သုတ်ပိုးကိုဆန့်ကျင်တဲ့ ခုခံပစ္စည်းတွေပေါ်လာရင် ဖြစ်တတ်ပါတယ်။ ခုခံပစ္စည်းက အမျိုးသားရဲ့ ကိုယ်ခန္ဓါကနေ ထွက်ပေါ်တာဆိုရင် သုတ်ပိုးကို သရုပ်ခွဲစစ်ဆေးစဉ်မှာပဲ သိနိုင်ပါတယ်။

သုတ်ပိုးဖောက်ဝင်နိုင်မှု စစ်ဆေးခြင်း

ရလဒ်ဟာ ဥထဲကို သုတ်ပိုးဘယ်နှကောင် ဖောက်ဝင်နိုင်လဲ ဆိုတာပေါ်မူတည်ပြီး ဓါတ်ခွဲခန်း တခုနဲ့တခု ကွာခြားမှု ရှိနိုင်ပါတယ်။

ပုံမှန်။ သုတ်ပိုးဟာ ဟမ်းစတားကြွက်ဥထဲကို ဖောက်ဝင်နိုင်ပါတယ်။

ပုံမှန်မဟုတ်ခြင်း။ သုတ်ပိုးဟာ ဟမ်းစတားကြွက်ဥထဲကို မဖောက်ဝင်နိုင်ပါဘူး။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေအလိုက် သုတ်ပိုးဖောက်ဝင်နိုင်တဲ့ အရေအတွက်ကွာခြားမှု ရှိနိုင်ပါတယ်။ ရလဒ်နဲ့ ပတ်သက်ပြီး သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုက်ပင်ဆွေးနွေးပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement