Septoplasty (နှာပေါက်ကြားခံအရိုးနုခွဲစိတ်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Septoplasty (နှာပေါက်ကြားခံအရိုးနုခွဲစိတ်ခြင်း)ဆိုတာဘာလဲ။

nasal septum စောင်းနေခြင်းဆိုတာ ဘာလဲ။

Septum ဟာ နှာခေါင်းပေါက်နှစ်ခုကို ခြားထားတဲ့ နှာခေါင်းအတွင်းပိုင်းက အရိုးနဲ့ အရိုးနုဖြစ်ပါတယ်။ သူဟာ များသောအားဖြင့် ဖြောင့်တန်းနေပေမယ့် ကွေးနေခြင်းဖြစ်နိုင်ပြီး နှာခေါင်းပိတ်တဲ့ လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Septoplasty တွေကို ဘာကြောင့် လုပ်ကြတာလဲ။

တကယ်လို့ လက္ခဏာတွေ ကြုံတွေ့နေရတယ်ဆိုရင် (ဥပမာ နှာခေါင်းမှတစ်ဆင့် အသက်ရှူရခက်ခဲနေတယ်ဆိုရင် ဒါဟာ သင့်ဘဝအရည်အသွေးကို ထိခိုက်စေတာမို့ စောင်းနေတဲ့ septum ကို ပြင်ဆင်ဖို့အတွက် ခွဲစိတ်မှုတစ်ခုကို စဉ်းစားသင့်ပါတယ်။

ခွဲစိတ်မှုအပြီးမှာ septum ဟာ နှာခေါင်းပိတ်ခြင်းရဲ့ လက္ခဏာတွေကို သက်သာစေဖို့အတွက် ဖြောင့်တန်းနေမှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်မှာ အောက်ပါအချက်တွေရှိရင် သင်ဟာ septoplasty အတွက် သင့်လျော်ပါတယ်။

  • သင့်မျက်နှာ ကြီးထွားမှုဟာ ပြီးပြည့်စုံရင်
  • သင်ဟာ ကျန်းမာရင်
  • ဆေးလိပ်သောက်သူ မဟုတ်ရင်
  • သင့်မှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် အပြုသဘောဆောင်စိတ်နဲ့ သင့်လျော်တဲ့ မျှော်မှန်းချက်
  • Septoplasty ရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။

    ရလဒ်တွေဟာ များသောအားဖြင့် ကြာရှည်ခံတတ်ပါတယ်။ အရိုးနုနဲ့ တစ်ရှူးတွေဟာ တဖြည်းဖြည်း ရွေ့လျားလာခြင်း၊ အချိန်ကြာလာတာနဲ့ အမျှ ပုံစံပြန်ပြောင်းလာခြင်းတွေဖြစ်နိုင်ပါတယ်။ နှာခေါင်းတစ်ရှူးတွေဟာ ခွဲစိတ်မှုအပြီး သုံးလကနေ ခြောက်လအထိ များသောအားဖြင့် တည်ငြိမ်တတ်ပါတယ်။ ဒါပေမယ့် ခွဲစိတ်အပြီး တစ်နှစ် (သို့) တစ်နှစ်ကျော်ကြာချိန်အထိ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

Septoplasty ကို ဘယ်လိုပြင်ဆင်သင့်သလဲ။

Septoplasty မလုပ်ခင် ခွဲစိတ်ဆရာဝန်နဲ့ တွေ့ပြီး ခွဲစိတ်မှုရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆွေးနွေးသင့်ပါတယ်။ ဆရာဝန်ရုံးခန်းက တစ်ယောက်ယောက်ဟာ သင့်နှာခေါင်းကို ရှုထောင့်ပေါင်းစုံက ဓါတ်ပုံတွေ ရိုက်ပါလိမ့်မယ်။ သင့်ဆရာဝန်ဟာ Septoplasty မလုပ်ခင် ဓါတ်ပုံတွေကို ဆွေးနွေးဖို့ အသုံးပြုမှာ ဖြစ်ပြီး ခွဲစိတ်နေချိန်နဲ့ ခွဲစိတ်ပြီးချိန်တွေမှာလည်း နှိုင်းယှဉ်ကြည့်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။

သင့်နဲ့ သင့်ဆရာဝန်ဟာ သင့်ရဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး စကားပြောသင့်ပါတယ်။ သူ (သို့) သူမဟာ သင့်အတွက် ဘာလုပ်ပေးနိုင်တယ်၊ မလုပ်ပေးနိုင်ဘူးဆိုတာနဲ့ သင့်ခွဲစိတ်မှုရလဒ် ဘယ်လိုဖြစ်နိုင်တယ်ဆိုတာကို ရှင်းပြပေးပါလိမ့်မယ်။ ခွဲစိတ်မှုမတိုင်မီ လိုက်နာသင့်တဲ့ ညွှန်ကြားချက်တွေ ပေးမှာဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

Septoplasty နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

ခွဲစိတ်မှုကို နှာခေါင်းဝအတွင်းမှ ပြုလုပ်မှာ ဖြစ်ပြီး မျက်နှာ အမာရွတ်ထင်ကျန်ခြင်း၊ မျက်လုံးမဲခြင်းတွေ ဖြစ်မှာ မဟုတ်ပါဘူး။

ခွဲစိတ်မှုကို မေ့ဆေး (သို့) ထုံဆေးနဲ့ အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်မှုဟာ ၄၅ မိနစ် ကြာမြင့်ပါတယ်။

သင့်ခွဲစိတ်ဆရာဝန်ဟာ နှာခေါင်းနံရံကို ခွဲစိတ်မှာ ဖြစ်ပြီး အရိုးနုတွေ၊ ကွေးနေတဲ့ အရိုးတွေကို ထုတ်ပစ်ကာ ပြန်လည် ဖြောင့်တန်းအောင် တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။

Septoplasty လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

ခွဲစိတ်မှုလုပ်တဲ့ရက် ခွဲစိတ်မှုအပြီး အိမ်ပြန်နိုင်ပေမယ့် များသောအားဖြင့် ဆေးရုံမှာ တစ်ရက်ခန့်နေရနိုင်ပါတယ်။ တကယ်လို့ သင့်နှာခေါင်းတွင်းမှာ မပျော်နိုင်တဲ့ packing ထည့်ထားတယ်ဆိုရင် နောက်ရက်မနက်မှာ ဖယ်ထုတ်ပေးမှာ ဖြစ်ပါတယ်။

အလုပ် (သို့) လူတွေနဲ့ တွေ့ဆုံခြင်းကို နှစ်ပတ်ခန့်ရှောင်ကျဉ်သင့်ပါတယ်။ ဒါဟာ အအေးပတ်ခြင်းကြောင့် ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို နေ့စဉ်လှုပ်ရှားမှုကို အမြန်ဆုံးပြန်လုပ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်မီ ကျန်းမာရေးစောင့်ရှောက်သူ (သို့) ဆရာဝန်ကို အကြံဥာဏ်တောင်းသင့်ပါတယ်။

လူအတော်များများဟာ ပုံမှန်ပြန်ဖြစ်ပြီး ပုံမှန်လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ကြပါတယ်။ ဒါပေမယ့် အရိုးနုဟာ သူ့နဂိုပုံစံကို ပြန်ရောက်သွားနိုင်တာကြောင့် စောင်းခြင်း ပြန်ဖြစ်နိုင်ပါတယ်။

တကယ်လို့ သင့်မှာ မေးခွန်း တွေ စိုးရိမ်မှုတွေ ရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

အဖြေကိုသိရှိခြင်း

အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ကြီးမားတဲ့ ခွဲစိတ်မှုဖြစ်တာကြောင့် ဒီခွဲစိတ်မှုဟာ သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ထုံဆေး၊ မေ့ဆေးနဲ့ မတည့်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီခွဲစိတ်မှုကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ အရင် လက္ခဏာတွေ ဆက်ရှိနေခြင်း၊ နှာခေါင်းပိတ်ခြင်း

  • သွေးလွန်ထွက်ခြင်း
  • နှာခေါင်းပုံစံ ပြောင်းလဲခြင်း
  • Nasal septum တွင် အပေါက်ဖြစ်ခြင်း
  • အနံ့အာရုံခံနိုင်မှု နည်းပါးခြင်း
  • နှာခေါင်းအတွင်း သွေးခဲဖြစ်ခြင်း
  • အပေါ် သွားဖုံး (သို့) သွားမှာ ခဏတာ ထုံကျင်သော ခံစားမှုရခြင်း တို့ ဖြစ်ပါတယ်။

တကယ်လို့ ဒီလိုဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုရင် ပြန်လည်ကုသရန် (သို့) ခွဲစိတ်မှုရလဒ်က သင့်မျှော်လင့်ချက်တွေနဲ့ မကိုက်ရင် ထပ်မံ ခွဲစိတ်မှုလိုအပ်နိုင်ပါတယ်။ ခွဲစိတ်မှုမလုပ်ခင် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 6, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 6, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ