backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ)


Dr. Kaung Thar မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ) ကဘာလဲ။

sarcoidosis ဆိုတာ ခန္ဓကိုယ်အနှံ့မှာ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဆဲလ်တွေအလွန်ပွားများလာပြီး အင်္ဂါအစိတ်အပိုင်းတွေကို ရောင်ရမ်းခြင်းဖြစ်ပေါ်စေပါတယ်။ အဖြစ်အများဆုံးကတော့ အဆုတ်၊ပြန်ရည်ကျိတ်၊ သွေး၊ မျက်လုံးနှင့် အရေပြားတို့ ဖြစ်ကြပါတယ်။

sarcoit (ဆာကွိုက်) ဆိုတာ လူသိများတဲ့ ခုခံအားဆဲလ်အစုအဝေးအလုံး / အသားနုလုံး (granuloma) ဖြစ်ပြီး ထိုဆဲလ် နဲ့သက်ဆိုင်သော ရောဂါတွေလဲ ဖြစ်စေပါတယ်လို့ သိရပါတယ်။ ထိုခုခံအားဆဲလ်အစုအဝေး အလုံး/အသားနုလုံးကို မပြန့်ပွားတဲ့ ရိုးရိုးအကျိတ်လို့လဲ သတ်မှတ်ထားပါတယ်။ ဒီအကျိတ်လေးတွေကို မိုက်ခရိုစကုပ်အောက်မှာပဲ တွေ့နိုင်ပါတယ်။

Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကျား/မ မရွေးဖြစ်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အသက် ၁၅ နှစ် မှ ၆၅ နှစ်ကြားဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Sarcoidosis (ဆာကွိုက်ဒိုးဆစ်) ဖြစ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေက ကွဲပြားနိုင်ပါတယ်။ sarcoidosis (ဆာကွိုက်ဒိုးဆစ်) က တစ်ခါတလေမှာ ဖြည်းဖြည်းချင်းဖြစ်တတ်ပြီး လက္ခဏာတွေက နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။ တချို့ရောဂါတွေမှာ ရောဂါလက္ခဏာတွေက ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်တတ်တယ်။ သို့သော်လည်း ရောဂါလက္ခဏာမပြတဲ့ လူနာတွေလဲ ရှိပါတယ်။

ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေကတော့

  • မောပန်းခြင်း၊ အသက်ရှူမဝဖြစ်ခြင်း၊ ရင်တုန်ခြင်း
  • နှုတ်ခမ်းခြောက်ခြင်း၊အစားအသောက် ပျက်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း
  • ဖျားခြင်း၊ အဆစ်များ တောင့်တင်းပြီး ရောင်ခြင်း၊ ပြန်ရည်ကျိတ်ရောင်ခြင်း
  • ချောင်းခြောက်ဆိုးခြင်း၊ နာတာရှည် နှာစေးခြင်း။

တခြားလက္ခဏာတွေအနေနဲ့ မောပန်းခြင်း၊ အမြင်ဝါးခြင်း၊ မျက်စိပြဿနာ၊ သွေးတွင်းကယ်လ်ဆီယမ်များခြင်း၊ အသည်း နှင့် ကျောက်ကပ်ထိခြင်း၊နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်းနှင့် အရေပြားရောဂါများ ဖြစ်တတ်ပါတယ်။

အဆုတ်ရောဂါသည်တွေမှာ ဖြစ်တဲ့ Lung sarcoidosis (အဆုတ် ဆာကွိုက်ဒိုးဆစ်) ၏ ဖြစ်တတ်သော ရောဂါလက္ခဏာတွေမှာ

  • ချောင်း ကြာရှည်စွာ ဆိုးခြင်း
  • အသက်ရှူမဝ၊ မောခြင်း
  • အသက်ရှူသံ တရွှီရွှီမြည်နေခြင်း
  • ရင်ဘတ်အောင့်ခြင်း

Sarcoidosis (ဆာကွိုက်ဒိုးဆစ်) ဖြစ်တဲ့ လူနာတော်တော်များများမှာ အရေပြားပြသနာတွေ ရှိတတ်ကြပါတယ်။၎င်းတို့မှာ

  • အဖုအပိန့်များ။ ။ အနီရောင် သို့ ခရမ်းရောင်အဖုများ များသောအားဖြင့် ခြေထောက် သို့ ခြေချင်းဝတ်တွေမှာ ပေါ်လာတတ်ပါတယ်။
  • ထိခိုက်မိခြင်း။ ။ အရေပြားအနာတွေက ရုပ်ဆိုးစွာ နှာခေါင်း၊ ပါးနှင့် နားရွက်တွေမှာ ပေါ်လာတတ်ပါတယ်။
  • အရေပြားအရောင်ပြောင်းခြင်း။ ။ ဖြစ်တဲ့ အရေပြားမှာ ပုံမှန်ထက် ပိုမဲခြင်း သို့ ပိုဖျော့နေခြင်းတွေဖြစ်တတ်ပါတယ်။
  • အလုံးအကျိတ်။ ။အရေပြားအောက် အထူးသဖြင့် အမာရွတ် သို့ တက်တူးပတ်ပတ်လည်မှာ ပေါ်လာတတ်ပါတယ်။

Sarcoidosis (ဆာကွိုက်ဒိုးဆစ်) က ဘာလက္ခဏာမှ မပြပဲ မျက်လုံးကို ထိခိုက်လာနိုင်ပါသေးတယ်။ မျက်လုံးမှာ ဖြစ်တဲ့ လက္ခဏာတွေကတော့

  • အမြင်ေဝဝါးခြင်း
  • မျက်လုံးရောင်ခြင်း
  • မျက်လုံးနှီခြင်း
  • အလင်းမခံနိုင်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

Sarcoidosis (ဆာကွိုက်ဒိုးဆစ်) က အရမ်း မစိုးရိမ်ရသော်လည်း သင့်ရဲ့ အင်္ဂါတွေမှာ ရောဂါအမွေတစ်ခုတော့ ထားသွားနိုင်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားမှု အကြောင်းအရင်းတွေတော့ သေချာမသိနိုင်သေးပါ။ sarcoidosis (ဆာကွိုက်ဒိုးဆစ်) ဖြစ်တဲ့ အခါမှာ တစ်ချို့ အင်္ဂါတွေရဲ့ ရောင်နေတဲ့ ဆဲလ်တွေနှင့် တစ်ရှူးတွေက စုဝေးပြီး အကျိတ်ဖုလေးတွေအနေနဲ့ ပြန့်ကြဲသွားကြပါတယ်။ ဒီအကျိတ်တွေက အင်္ဂါတွေရဲ့ လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးစေပြီး ရောင်ရမ်းခြင်းများဖြစ်ပေါ်စေပါတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Sarcoidosis (ဆာကွိုက်ဒိုးဆစ်) ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • မိသားစုရာဇဝင်။ ။ သင့်မိသားစုတွင် ရောဂါရှိလျှင် သင်လည်း ဖြစ်လာနိုင်ပါတယ်။
  • မွေးရာပါ ကိုယ်ခံအားစနစ်မကောင်းခြင်း သို့ ကိုယ်ခံအားစနစ်မှ မိမိကိုယ်ကို ပြန်တိုက်သော ရောဂါရှိခြင်း
  • သန့်ရှင်းတဲ့ ရေမရှိခြင်း သို့ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

sarcoidosis (ဆာကွိုက်ဒိုးဆစ်) က လက္ခဏာမပြတတ်ခြင်း သို့ ပြတဲ့ လက္ခဏာတွေက တခြားရောဂါတွေနဲ့ တူနေခြင်းကြောင့် ရောဂါ အတည်ပြုရန်ခက်ခဲ ပါတယ်။

သမားတော်တွေက လက်တွေ့စမ်းသပ်မှုတွေကို ရင်ဘတ်ဓါတ်မှန်နှင့် တွဲပြီး စစ်ဆေးရှာဖွေနိုင်ပါတယ်။ ဆရာဝန်တွေက သင့်ကို သွေးစစ်ခြင်း၊ အသက်ရှူစစ်ခြင်း၊ ကွန်ပျူတာ ဓါတ်မှန်၊ အသားစ စစ်ခြင်း၊ တီဘီပိုးစစ်ခြင်း နဲ့ အီးစီဂျီ တွေလဲ လုပ်ဖို့ ပြောလာနိုင်ပါတယ်။

တကယ်လို့ ဆရာဝန်က အဆုတ်ခုခံအားဆဲလ် အလုံးအကျိတ် လိုမျိုးတွေ့ခဲ့မယ်ဆိုလျှင် နှာခေါင်းတွင်းမှ အဆုတ်တွင်းသို့ မှန်ပြောင်းကြည့်ရှုမှု လုပ်ဖို့ လိုလာပါလိမ့်မယ်။ ဆရာဝန်တွေက ခွဲစိပ်ပြီး အဆုတ်အသားစယူကာ မိုက်ခရိုစကုပ်အောက်မှာ ကြည့်ခြင်း လဲ လုပ်ဖို့ပြောပါလိမ့်မယ်။

Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ရောဂါနုစဉ်အချိန်တွင် လူမှုနေထိုင်ပုံချိန်ညှိခြင်းဖြင့် ကုသမှုမပါပဲ ပျောက်ကင်းနိုင်ပါတယ်။ သို့သော် သင့်မှာ ရောဂါလက္ခဏာတွေ အများကြီးရှိနေလျှင် ကုသဖို့လိုအပ်ပြီး လတွေနှစ်တွေချီပြီး စောင့်ကြည့်ကုသဖို့လိုပါတယ်။

ဒီရောဂါကို ထိန်းချုပ်နိုင်ရန် ခုခံအားနှိမ်ပြီး အရောင်ကျစေသည့် ပရက်ဒ်နီဆုံး ကော်တီကို စတီးရွိုက်ဆေး (Prednisone corticostereoid) တွေကို အနည်းဆုံး ၆ လမှ ၁၂ လ အထိ ပမာဏနည်းနည်းနဲ့ ပေးပါတယ်။

Sarcoidosis (ဆာကွိုက်ဒိုးဆစ်) က ပြန်ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ဆရာဝန်က သင့်ရောဂါအခြေအနေနဲ့ ကုသမှု ထိရောက်မှုရှိမရှိ စောင့်ကြည့်ပါလိမ့်မယ်။ ထို့ပြင် ဓါတ်မှန်တွေနဲ့ အသက်ရှူခြင်း စမ်းသပ်မှုတွေလဲ လုပ်ပါလိမ့်မယ်။

သင့်အခြေအနေ ပိုဆိုးလာပြီး ပဋိဇီဝဆေးတွေက မတိုးတော့လျှင် ဆရာဝန်တွေက ပိုစွမ်းအားမြင့်တဲ့ ဆေးတွေဖြစ်တဲ့ methotrexate ကင်ဆာဆေး နှင့် လေးဘက်နာအဆစ်ရောင်ရောဂါကုထုံးတွေ၊ ခုခံအားနှိမ်ပေးသော azathioprine (သို့) hydroxychloroquine ဗိုင်းရပ်သတ်ဆေး တို့ကို သုံးပါလိမ့်မယ်။ ဒီကုထုံးတွေက ဆရာဝန်ညွှန်ကြားချက်မပါဘဲ စိတ်ကူးပေါက်သလို သုံးလို့မရပါဘူး။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက sarcoidosis (ဆာကွိုက်ဒိုးဆစ်) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် sarcoidosis (ဆာကွိုက်ဒိုးဆစ်) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• စတီးရွိုက်ဆေးတွေသုံးလျှင် သင့်အစားအသောက်တွေမှာ ဆားလျှော့စားပါ။

• သွေးပေါင်ချိန်ပါ။ ဆီးချိုသွေးချိုရှိမရှိ စစ်ပါ။

• အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးထိုးပါ။

• ဆရာဝန်ညွှန်ကြားချက်မပါဘဲ စိတ်ကူးပေါက်သလို ဆေးလျှော့၊ဆေးရပ်ခြင်း များ မပြုလုပ်ရန်။

• ဆေးလိပ်မသောက်ရ။ ။ ဆေးလိပ်က ရောဂါတွေကို ပိုဆိုးစေပါတယ်။

• နေရောင်ခြည် တိုက်ရိုက်အထိမခံပါနဲ့။ ။ နေရောင်ခြည်က သင့်ကို အဖုအပိန့်တွေထွက်စေပြီး ဒီရောဂါကိုလည်း ပိုဆိုးစေပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement