backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ringworm (Ringworm ( ပွေး ))


Dr. Kaung Thar မှ ရေးသားသည်။ · 28/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ringworm (Ringworm ( ပွေး )) ကဘာလဲ။

ပွေးဆိုတာ အရေပြား မှိုစွဲရောဂါတစ်မျိုးဖြစ်ပါတယ်။

ဒီရောဂါဟာ အရေပြားမှာ အရင်ဆုံး အနီကွက်တွေ ဖြစ်လာရာကနေ ခန္ဓါကိုယ်အနှံ့ကို ပျံ့နှံ့သွားပါတယ်။ ဦးရေပြား၊ ခြေဖဝါး၊ ပေါင်ခြံ၊ မုတ်ဆိတ် သို့ တခြားနေရာတွေမှာ ဖြစ်နိုင်ပါတယ်။

ပွေးကို ဖြစ်တဲ့ နေရာပေါ်လိုက်၍ နာမည် အမျိုးမျိုး ခေါ်ကြပါတယ်။

ဦးရေပြားမှာ ဖြစ်လျှင် ( tinea capitis ) လို့ခေါ်ပြီး ငယ်ထိပ်နားမှာ ယားနာအသေးလေးတွေကနေ စဖြစ်တာပါ။ ကလေးတွေမှာ အဖြစ်များပါတယ်။

ကိုယ်ပေါ်မှာ ဖြစ်တဲ့ ပွေးကိုတော့ ( tinea corporis ) လို့ခေါ်ပြီး စက်ဝိုင်းပုံသဏ္ဍန် အကွက်လေးတွေ အနေနဲ့ တွေ့ရတတ်ပါတယ်။

ပေါင်ခြံမှာ ဖြစ်တဲ့ ပွေးကိုတော့ ( tinea cruris ) လို့ခေါ်ပြီး အမျိုးသားတွေ အရွယ်ရောက်ပြီးသော လူငယ်ယောင်္ကျားလေးတွေမှာ တွေ့ရပါတယ်။

ခြေထောက်မှာ ဖြစ်တဲ့ ပွေး ( tinea pedis ) ကိုတော့ အားကစားသမား ခြေထောက်လို့လဲ ခေါ်တတ်ကြပြီး ဖိနပ်မပါပဲ အဝတ်လဲခန်း၊ ရေချိုးခန်း နှင့် ရေကူးကန်တွေ မှာ လျှောက်သွားတတ်တဲ့ သူတွေမှာ အဖြစ်များပါတယ်။

Ringworm (Ringworm ( ပွေး )) က ဘယ်လောက်အဖြစ်များသလဲ

ပွေးက တော်တော် အဖြစ်များပါတယ်။ ဒီမှိုစွဲခြင်းဟာ လူတွေမှာသာမက တိရစ္ဆာန်တွေမှာလဲ ဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Ringworm (Ringworm ( ပွေး )) ရဲ့လက္ခဏာတွေကဘာတွေလဲ

Ringworm ( ပွေး ) ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • နီရဲခြင်း၊ ယားခြင်း၊ အဖုအပိန့်ထခြင်း
  • အကွက်တွေကနေ အရေကြည်ဖုဖြစ်ခြင်း သို့ ပေါက်ပြီး အရည်စိမ့်ထွက်လာခြင်း
  • အပြင်အနားတွေမှာ ပိုနီပြီး စက်ဝိုင်းပုံဖြစ်နေတဲ့ အကွက်များထွက်ခြင်း
  • အနားတွေ ဖုနေတဲ့ အကွက်များဖြစ်ခြင်း
  • သင့် လက်သည်းတွေမှာ ပွေးဖြစ်နေမယ်ဆိုလျှင် လက်သည်းတွေက ပိုထူလာခြင်း သို့ အရောင်ပြောင်းလာခြင်း သို့ အက်ကွဲလာခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဦးရေပြားမှာ ဖြစ်မယ်ဆိုလျှင် ဖြစ်တဲ့ တစ်ဝိုက်မှာ ဆံပင်ကျွတ်ခြင်း၊ ပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Ringworm (Ringworm ( ပွေး )) ကိုဘာတွေကဖြစ်စေသလဲ

    ပွေးကို ဖြစ်စေနိုင်တဲ့ မတူညီတဲ့ မှိုအမျိုးအစား သုံးမျိုးရှိပါတယ်။ trichophyton, microsporum နဲ့ epidermophyton ဆိုပြီး ခေါ်ကြပါတယ်။ ဖြစ်နိုင်တာက ဒီမှိုအမျိုးအစားတွေက မြေကြီးထဲမှာ အချိန်အကြာကြီး အသက်ရှင်နေနိုင်ပါတယ်။ ဒီမြေကြီးနဲ့ ထိလိုက်တဲ့ လူပဲဖြစ်ဖြစ်၊ တိရာစ္ဆန်ပဲ ဖြစ်ဖြစ် မှိုရောဂါ စွဲကပ်သွားနိုင်ပါတယ်။ မှိုရောဂါစွဲကပ်နေတဲ့ သူနဲ့ ထိတွေ့မိခြင်းမှလဲ ရောဂါ ပျံ့နှံ့သွားနိုင်ပါတယ်။ ဒီရောဂါ ကလေးတွေကြားမှာ နှင့် မသန့်ရှင်းတဲ့အသုံးအဆောင်တွေ မျှဝေခြင်းကနေ ပိုမိုကူးစက်နိုင်ပါတယ်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Ringworm (Ringworm ( ပွေး )) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    မည်သူမဆို ပွေးရောဂါ ဖြစ်ပွားနိုင်ပါတယ်။ သို့သော် ကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်မွေးတဲ့သူတွေမှာ အဖြစ်များနိုင်ပါတယ်။ မှိုရောဂါကူးစက်ထားတဲ့ ကြောင်တွေ ခွေးတွေကို ကိုင်မိရာကနေ ပွေးဖြစ်ပွားနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေမှာ သတိထားရမယ့် လက္ခဏာတွေကတော့

  • စက်ဝိုင်းပုံစံ မွှေးကျွတ်နာတွေ
  • အဖုအပိမ့်တွေ
  • အမွှေးလုံးဝကျွတ်နေတာမဟုတ်ပေမယ့် အမွှေးကြမ်း သို့ ပျက်စီးနေတဲ့ အမွှေးတွေ
  • လက်သည်းနားတစ်ဝိုက်မှာ အဖြူကွက်တွေ
  • သင်ဟာ စိုစွတ်နေတဲ့ အချိန် သို့ သင့်မှာ အနာ သို့ ပွန်းရာအနည်းငယ်ရှိနေတဲ့ အခါမျိုးမှာ ပွေးရောဂါကူးစက်နိုင်ချေပိုများပါတယ်။ အများသုံး ရေချိုးခန်း သို့ ရေကူးကန်တွေ အသုံးပြုခြင်းကြောင့် ပိုဖြစ်နိုင်ပါတယ်။

    သင်ဟာ ခြေဗလာနှင့် အနေများလျှင် အားကစားသမားခြေထောက် ခေါ် ခြေထောက်ပွေးစွဲခြင်း ဖြစ်နိုင်ပါတယ်။ မလျှော်ရသေးတဲ့ အဝတ် သို့ ဘီးတွေ ငှားရမ်းသုံးစွဲခြင်းဟာလည်း ပွေးရောဂါဖြစ်ပွားနိုင်ခြင်းကို မြင့်တက်စေပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Ringworm (Ringworm ( ပွေး )) ကို ဘယ်လိုအတည်ပြုပါသလဲ

    သင့် ဆရာဝန်က သင့်ရဲ့ အရေပြားကို black light သုံးပြီး ပွေးကို ကြည့်ရှုစစ်ဆေးပါမယ်။ ပွေးဟာ black light အောက်မှာ အလင်းပြန်ပါလိမ့်မယ်။ သင်ဟာ ကူဒစက်ခံထားရမယ်ဆိုလျှင် မှိုရှိတဲ့ အရေပြားနေရာလေးတွေက အရောင်တောက်နေပါလိမ့်မယ်။

    သင့်ဆရာဝန်က သင့်မှာ ပွေးကူးစက်မှုသံသယရှိနေပြီဆိုလျှင် တခြားစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုလာနိုင်ပါတယ်။

    သင်ဟာ အရေပြားနမူနာစစ်ဆေးတာပဲဖြစ်ဖြစ် မှိုမွေးစစ်ဆေးတာပဲဖြစ်ဖြစ် ဆရာဝန်က သင့်ဆီက အရေပြား သို့ အရေကြည်ဖုမှ အရည်ကို ယူပြီး ဓါတ်ခွဲခန်းကို မှိုရှိမရှိစစ်ဆေးဖို့ ပို့ပါလိမ့်မယ်။ KOH (ပိုတက်စီယမ်ဟိုက်ဒရော့ဆိုဒ်) နှင့် စမ်းသပ်မှုပြုလုပ်တဲ့အခါမှာ ဆရာဝန်က မှိုစွဲကပ်နေတဲ့ အရေပြားကို အနည်းငယ်ခြစ်ယူပြီး ပိုတက်စီယမ်ဟိုက်ဒရော့ဆိုဒ်ထဲကို ထည့်လိုက်ပါမယ်။ ပိုတက်စီယမ်ဟိုက်ဒရော့ဆိုဒ်က သာမာန်အရေပြားတွေကို စားသွားပြီး မှိုဆဲလ်လေးတွေကို မထိပဲ ချန်ထားပေးတာကြောင့် ၎င်းတို့ကို အနုကြည့်မှန်ပြောင်းအောက်မှာ ရှင်းရှင်းလင်းလင်း ကြည့်လို့ရသွားပါတယ်။

    Ringworm (Ringworm ( ပွေး )) ကို ဘယ်လိုကုသပါသလဲ

    သင့်ဆရာဝန်က သင့်ရဲ့ ပွေးရောဂါအခြေအနေပေါ်မူတည်ပြီး ဆေးတွေ ပေးပါလိမ့်မယ်။ ပေါင်ခြံပွေး၊ အားကစားသမားခြေထောက်နှင့် ကိုယ်ပေါ်မှာဖြစ်တဲ့ပွေးတို့ကို မှိုသတ်ဆေးခရင်၊ ဂျယ်လ် သို့ စပရေး စတဲ့ အပေါ်ယံလိမ်းဆေးအမျိုးအစားတွေနဲ့ သက်သာစေနိုင်ပါတယ်။ ငယ်ထိပ်ပွေး နှင့် လည်သည်းခြေသည်းတွေမှာ ဖြစ်တဲ့ ပွေးတွေအတွက်တော့ ဆရာဝန်အသိမှတ်ပြု သောက်ဆေးတွေဖြစ်တဲ့ ketoconazole, griseofulvin သို့ terbinafine တို့လိုအပ်နိုင်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Ringworm ( ပွေး ) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Ringworm ( ပွေး ) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    ပွေးဖြစ်နေတဲ့ နေရာကိုပိုဆိုးစေနိုင်တဲ့ အဝတ်တွေကို ရှောင်ပါ။ မရှောင်နိုင်ရင်တော့ ဖြစ်နေတဲ့နေရာကို ပတ်တီးစည်းထားနိုင်ရင် ပိုကောင်းပါတယ်။ ပွေးရောဂါကူးစက်နေချိန်မှာ အိပ်ရာခင်းတွေနဲ့ အဝတ်တွေကို နေ့စဉ်လျှော်ပေးခြင်းဖြင့် ပတ်ဝန်းကျင်ကို မပျံ့အောင် ကူညီပေးနိုင်ပါတယ်။ အရေပြားကို ပုံမှန် သန့်သန့်ရှင်းရှင်း ခြောက်ခြောက်သွေ့သွေ့ထားပေးပါ။

    ပွေးကို သင်ဟာ ခဏခဏ ယားလို့ကုတ်နေမိရင် ကုတ်ရာကနေတစ်ဆင့် Staph သို့ Strep ရောဂါပိုးတွေပါ ထပ်မံကူးစက်လာနိုင်ပါတယ်။ ထိုအခါ သင့်ဆရာဝန်က ပွေးရောဂါအတွက် ကုသမှုအပြင် နောက်ဆက်တွဲရောဂါတွေအတွက်ပါ ပဋိဇီဝဆေးတွေထပ်ပေးရပါလိမ့်မယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 28/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement