backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pulpitis (သွားအတွင်းသားရောင်ခြင်း )


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pulpitis (သွားအတွင်းသားရောင်ခြင်း ) ကဘာလဲ။

သွားအတွင်းသားရောင်ခြင်းသည် အဖြစ်များဆုံးသော သွားနာရခြင်းအကြောင်းရင်းဖြစ်ပြီး လူငယ်များတွင် သွားဆုံးရှုံးရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ သွားအတွင်းသားရောင်ခြင်းသည် သွား၏အတွင်းပိုင်း နူးညံ့သည့်အရာများနှင့် သွားအမြစ်နားပတ်ပတ်လည်တွင် ရှိသော Periradicular တစ်ရှူးများ ရောင်ရမ်းခြင်းဖြစ်ပါသည်။

၎င်းသည် ရုတ်တရတ်ပြင်းထန် သို့မဟုတ် နာတာရှည်ဖြစ်နိုင်ပြီး လက္ခဏာပြသည်လည်းရှိသည်။ မပြသည်လည်းရှိ၏။ နာတာရှည်တွင် ပျောက်ကင်းနိုင်သည်လည်းရှိသလို မပျောက်ကင်းနိုင်သည်လည်း ရှိပါသည်။

သွားအတွင်းသားရောင်ခြင်းသည် တစ်ခါတစ်ရံတွင် အောက်ပါအခြေအနေများနှင့် ရောထွေးနိုင်ပြီး ရောဂါအမည်တပ်မှားခြင်းမျိုးဖြစ်နိုင်ပါသည်။

အမြစ်ခေါင်းတွင်ထုံးတည်ခြင်း

သွားအမြစ်ဖျားမရင့်ခြင်း – လူငယ်များတွင် များသောအားဖြင့် တွေ့ရ၏။

ထိခိုက်မိခြင်း

လူနာအား ဆေးဆိုင်ရာလုပ်ငန်းစဉ်တစ်ခုခုမလုပ်ခင် ဆေးများကြိုပေးခြင်း – သွားအတွင်းသားအား ကာကွယ်ခြင်း

Pulpitis (သွားအတွင်းသားရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ ၎င်းသည် ခံတွင်းသန့်ရှင်းမှုမရှိသောလူများနှင့် ခံတွင်း ခွဲစိတ်ထားသော လူများတွင် အဖြစ်များသည်။

နာကျင်ခြင်းနှင့် မသက်မသာဖြစ်ခြင်းအပြင် သွားအတွင်းသားရောင်ခြင်းသည် သဘာ၀ အရံအတားများကိုကျော်ဖြတ်ကာ အသက်သေစေနိုင်သော နောက်ဆက်တွဲပြဿနာများဖြစ်သည့် ခေါင်းပိုင်းနှင့် လည်ပင်းပိုင်းရှိ နက်ရှိုင်းသော ကြွက်သားအဖုံးများကို ကူးစက်ပိုးဝင်ခြင်းတို့ ဖြစ်နိုင်ပါသည်။

ဤရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Pulpitis (သွားအတွင်းသားရောင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွားအတွင်းသားရောင်ခြင်း၏ ပြန်ကောင်းနိုင်သည့် အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

နာကျင်မှုပုံစံ – နာကျင်မှုသည် စူးရှပြီး ပြင်းထန်၏။

ကြာချိန် – အချိန်တိုသည် (နာကျင်မှုသည် ၅-၁၀ မိနစ်သာကြာသည်) နာကျင်မှုကိုဖြစ်စေသည်အရာကို ဖယ်လိုက်ပါက မြန်မြန်သက်သာသွားသည်။

နာကျင်မှုကိုဖြစ်စေသည့်အရာ – အပူ၊ အအေးနှင့် အချိုများ ရုတ်တရတ်စားမိခြင်း

ခန္ဓါကိုယ်အနေအထား – ခန္ဓါကိုယ်အနေအထား ပြောင်းလဲလိုက်ရုံဖြင့် မသက်သာပါ

ပုံမှန်အားဖြင့် ပြန်ကောင်းနိုင်သော အခြေအနေမှ အောက်ပါပြင်းထန်သောအကြောင်းများကြောင့် အခြေအနေဆိုးသွားနိုင်သည်။

ပြန်မကောင်းနိုင်သော သွားအတွင်းသားရောင်ခြင်း၏ လက္ခဏာများမှာ –

နာကျင်မှုပုံစံ – တစ်ဆစ်ဆစ်ကိုက်ခြင်း

ကြာချိန် – အလိုလျောက်နာတတ်ပြီး မိနစ်မှ နာရီချီအောင် ကြာတတ်သည်။

နာကျင်မှုကိုဖြစ်စေသည့်အရာ –

အစောပိုင်းတွင် နာကျင်မှုသည် အလိုအလျောက် သို့ အပူအအေး တို့ကြောင့် ဖြစ်တတ်သည်။ နောက်ပိုင်းအဆင့်တွင် နာကျင်မှုသည် ပူသောအရာကြောင့် ပေါ်လာပြီး အေးသောအရာကြောင့် သက်သာသွားသည်။

ခန္ဓါကိုယ်အနေအထား – ခန္ဓါကိုယ်အနေအထားသည် နာကျင်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်။

နာသည့်နေရာနှင့် ပြန့်ခြင်း – နောက်ပိုင်းအဆင့်များတွင် Periodontal ligament ပါ ပါဝင်လာပြီး နာကျင်သည့်နေရာကို တိတိကျကျ သိလာနိုင်သည်။

အချိန် – ညတွင် ပိုနာ၏။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ နာတာရှည် သွားအတွင်းသားရောင်ခြင်းတွင်နာကျင်မှုသည် ရုတ်တရတ်ပေါ်လာတတ်ခြင်း၊ သွားအားကိုင်မိလျှင် ခေါက်မိလျှင်နာခြင်း၊ ပြည်တည်ခြင်း၊ တစ်ရှူးများရောင်သောကြောင့် ရုတ်တရတ်ပြင်းထန်အခြေအနေနှင့် ခွဲမရခြင်းတို့ဖြစ်တတ်ပြီး မတူညီသောကုထုံးများသည် မတူညီသောရောဂါအမည်တပ်ခြင်းပေါ်မူတည်ကာ ကွဲပြားမည်ဖြစ်သည်။

သွားအတွင်းသားရောင်ခြင်းသည် စနစ်တစ်ခုလုံးကိုထိသောရောဂါများနှင့် ဆက်စပ်မှုရှိနိုင်သည်။ ထိုရောဂါများမှာ အကြောင်းရင်းမသိပဲဖျားခြင်း၊ နှလုံးအစို့ရှင်များနှင့် လူလုပ်အဆစ်တုများတွင် ဘက်တီးရီးယားများ တွယ်ခြင်း၊ ပေါင်မပြည့်ပဲ လစောမွေးခြင်း၊ နှလုံးသွေးကြောရောဂါနှင့် ဦးနှောက်သွေးကြောရောဂါများ ဖြစ်နိုင်ချေများခြင်းတို့ ဖြစ်သည်။

အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

သွားအတွင်းသားရောင်ခြင်း-

နာသောသောသွားကို တိတိကျကျမသိနိုင်ပဲ နာကျင်မှုသည် တဆစ်ဆစ်နှင့် တောက်လျှောက်နာနေနိုင်သည်။ လှဲလျောင်းလိုက်လျှင် ပိုဆိုး၏။

သွားသည့် အပူ သို့ အအေးနှင့် ထိမိလျှင်ကို နာကျင်လာသည်။ နာကျင်မှုသည် စူးရှပြီး ထိုးဆွနေသလို နာသည်။ ဖြစ်နေသောသွားတွင် အရောင်ပြောင်းခြင်းမှာ သိသာသည်။

နာကျင်မှုသည် ဆုတ်ဖြဲပစ်သလိုနာပြီး အချိန်ကြာလာလျှင် သင့်၌ နာတာရှည်အခြေအနေကိုခံစားနေရခြင်း ဖြစ်နိုင်သည်။ ဥပမာ – နာကျင်မှုသည် သူ့အလိုလိုဖြစ်ခြင်း သို့မဟုတ် နာကျင်မှုကိုဖြစ်စေသည့်အရာအား ဖယ်လိုက်လျှင် မိနစ်ပေါင်းများစွာကြာသည်အထိ နာခြင်း။ သေသေချာချာမကုသလျှင် သွားအမြစ်ထိပ်တစ်ဝိုက် ပြည်တည်နိုင်သည်။

သွားသည် သွားဖုံးခွက်မှ ကြွတက်လာပြီး လူနာမှကိုက်မိလျှင် သေလုအောင် ခံစားရနိုင်သည်။ ၎င်းသည် ဆရာဝန်ဆီသွားကိုသွားရမည့် လက္ခဏာပင်ဖြစ်သည်။

အကြောင်းရင်းများ

Pulpitis (သွားအတွင်းသားရောင်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

သွားအတွင်းသားရောင်ခြင်းသည် ဘက်တီးရီးယားတစ်ခုတည်းကြောင့်မဟုတ်ပဲ သွားပိုးစားခြင်းမှ သွားကိုတိုက်စားပြီး သွားအလွှာကိုဖောက်ဝင်နိုင်သည်။ ဒီလိုအခြေအနေအား ပြင်းထန်သော ရေစီးကမ်းပြိုကြောင့် ဖြစ်နိုင်သည်။

ဥပမာ – ခွဲစိတ်မှုလုပ်နေစဉ်တွင် သွားအတွင်းသားများ ပေါ်လာရာမှ သို့မဟုတ် သွားချိုးခွာရာမှ သွားအတွင်းပေါ်လာရာမှ ဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်နိုင်သလို ထိခိုက်ဒဏ်ရာများမှ သွားကျွတ်သွားခြင်းကြောင့် သို့မဟုတ် မေးရိုးကိုထိခိုက်မိခြင်းကြောင့် သွားအတွင်းသွားရှိရာအခန်းပေါ်လာပြီး ဘက်တီးရီးယား ဝင်သွားခြင်းလဲဖြစ်နိုင်သည်။

သို့သော် နောက်ထပ်ဖြစ်နိုင်သောအကြောင့်တစ်ခု ရှိသေးသည်။ နောက်ပြန်ပိုးကူးစက်သောအခြေအနေများ သွားအတွင်းသားရောင်ခြင်း၏ သွေးများပြန်ရည်ကြောများမှတစ်ဆင့် ပိုးကူးကြောင်းမှတ်တမ်းများ ရှိပါသည်။

သွားအတွင်းသားရောင်ခြင်းအား မကုပဲထားလျှင် သွားအတွင်းသားသေဆုံးပြီး သွားမြစ်ထိပ်အပေါက်မှတစ်ဆင့် သွားမြစ်ပတ်လည်တွင်ရှိသော တစ်ရှူးများစီသို့ ပိုးကူးစက်နိုင်ပါသည်။

ရောဂါဖြစ်စေသောအကြောင်းရင်းများ –

ဘက်တီးရီးယား

အကြောင်းရင်းမသိပဲဖြစ်ခြင်း

သွားအတွင်းသားပေါ်ခြင်း

သွားထိပ်ပိုင်းကျွတ်ခြင်း

Filling Matters

သွားရှိနေသည့်သွားဖုံးခွက်

ပုံစံမမှန်သောသွားများ

ထိခိုက်မိခြင်း

သွားထိပ်ပိုင်းကျိုးပဲ့ခြင်း

သွားမြစ်ကျိုးခြင်း

သွားပွန်းခြင်း

သွားကြိတ်တတ်ခြင်း

ဖြစ်နိုင်ခြေများ

Pulpitis (သွားအတွင်းသားရောင်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သွားအတွင်းသားရောင်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာသည် သွားအခေါင်းပေါက်ဖြစ်ခြင်းနှင့် ဆင်တူပါသည်။

ဥပမာ –

ခံတွင်းသန့်ရှင်းမှုမလုပ်ခြင်း

သကြားများသောအစာများစားခြင်း

ပူလွန်းသောအစာများ အေးလွန်းသောအရာများ သို့ အစာစားလျှင် နှစ်လုံးပါလျှင်

သွားအတွင်းသားရောင်ခြင်းကိုဖြစ်စေသည့် အကြောင်းရင်းကိုဖြစ်စေနိုင်သည့် အန္တရာယ်ရှိသောအချက်များ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pulpitis (သွားအတွင်းသားရောင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

သွားအတွင်းသားရောင်ခြင်းအား အောက်ပါတို့ဖြင့် အတည်ပြုနိုင်သည်။

သွားခေါက်စစ်ဆေးခြင်း

လက်နှင့်စမ်းသပ်ခြင်း

အပူအားတုန့်ပြန်နိုင်စွမ်းစစ်ခြင်း – ပုပ်နေသော သွားအတွင်းသားသည် အပူအအေးအား အပူစစ်-အအေးစစ်ရာတွင် တုန့်ပြန်မည်မဟုတ်ပါ။

လျှပ်စစ်ဖြင့် သွားအတွင်းသားအားစစ်ဆေးခြင်း

ဓါတ်မှန်ရိုက်ခြင်း

Pulpitis (သွားအတွင်းသားရောင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

ပျောက်ကင်းနိုင်သည့် သွားအတွင်းသားရောင်ခြင်းအား အမည်တပ်ရာတွင် သွားအတွင်းသားသည် ထိခိုက်စေငည့် အချက်များကို ဖယ်ထုတ်လိုက်လျှင် လုံးဝပြန်ကောင်းနိုင်မကောင်းနိုင်ပေါ်မူတည်သည်။

ကုသမှု – သွားပိုးစားနေသည်များကိုဖယ်ပါ။ သင့်တော်သည့် သွားအတွင်းသားကာကွယ်မှုကို ထည့်ပါ။ ထို့နောက် အမြဲတမ်းပြန်ကောင်းမည့်နေရာများကို ချန်ပါ။

ပြန်မပျောက်နိုင်သည့် သွားအတွင်းသားရောင်ခြင်းအား ကုသမှု – အမြစ်ခေါင်းကုထုံး သို့မဟုတ် သွားနှုတ်ပစ်ခြင်း။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သွားအတွင်းသားရောင်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် သွားအတွင်းသားရောင်ခြင်းကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

အလွန်ပူသော အေးသောအစာများကို ရှောင်ပါ။

အစာစားပြီးတိုင်း သွားတိုက်ခြင်းဖြင့် ခံတွင်းသန့်ရှင်းမှုကို ဂရုစိုက်ပါ။ သို့သော် သွားတိုက်ဆေးကို လွှဲမှားသုံးလျှင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်နိုင်သည်။

သင့်တော်သော်ကာဗိုဟိုက်ဒြိုက်ပါသည့် ကျန်းမာရေးနှင့်ညီသော အစာများကိုစားပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement