backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) ကဘာလဲ။

အဆုတ်တွင်းရေဝင်ခြင်းဆိုသည်မှာ အဆုတ်တွင်း၌ ရေများစုလာခြင်းကိုဆိုလိုပါသည်။ ရေများသည် လေအိတ်ငယ်များအတွင်စုပုံလာပြီး အသက်ရှုရခက်စေသည်။ များသောအားဖြင့် နှလုံးရောဂါကြောင့်ဖြစ်တတ်ပြီး တခြားသော ကျန်းမာရေးအခြေအနေများကလည်း အဆုတ်တွင်းရေဝင်ခြင်းကို ဖြစ်စေတတ်ပါသည်။

အဆုတ်တွင်းရေဝင်ခြင်းသည် ရုတ်တရတ်ပေါ်လာတတ်သလို (Acute) နာတာရှည်ပုံစံမျိုးလည်း (Chronic) ဖြစ်နိုင်၏။ ရုတ်တရတ်ဖြစ်လာသည်ဆိုပါက ဒီအခြေအနေသည် အသက်သေသည်အထိဖြစ်နိုင်သောကြောင့် ဆေးကုသမှု ချက်ချင်းခံယူရမည်ဖြစ်သည်။ သို့သော်လည်း အချိန်မှီသိရှိလျှင်တော့ ကုသရာနိုင်သောကြောင့် စောလျင်စွာကုလျင် မြန်မြန်သက်သာနိုင်ပါသည်။ အဆုတ်တွင်းရေဝင်ခြင်းကိုကုသရာတွင် ၎င်းကိုရော အောက်ခံရောဂါကိုပါ ကုသရမည်ဖြစ်သည်။

Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အသက်ကြီးသူများ၌ အဖြစ်များသောရောဂါဖြစ်ပြီး ငယ်ရွယ်သူများတွင် ဖြစ်လေ့မရှိပါ။ ၇၅-၈၄ နှစ်လူ ၁၅ ယောက်လျှင် ၁ ယောက်နှုန်းရှိပြီး အသက် ၈၅နှင့်အထက် နှလုံးအလုပ်မလုပ်နိုင်သူ ၇ ယောက်လှင် ၁ ဦးကျ ဖြစ်ပွားနိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သေ ာအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရုတ်တရတ်ဖြစ်သော သို့မဟုတ် နာတာရှည် အဆုတ်တွင်းရေဝင်ခြင်းတို့အပေါ်မူတည်ပြီး လက္ခဏာများ အနည်းငယ်ကွဲပါသည်။ ယေဘုယျအားဖြင့်တော့ အောက်ပါတို့ကို ခံစားရနိုင်၏…

  • စိုးရိမ်စိတ် သို့မဟုတ် ဂဏာမငြိမ်ခြင်း
  • နိုးကြားတက်ကြွမှု (အသိစိတ်) လယ်ဗယ် ကျခြင်း
  • ခြေ သို့ ဝမ်းဗိုက် ဖောခြင်း
  • ချွေးထွက်ခြင်း (အလွန်အမင်း)

ရုတ်တရတ်ပြင်းထန် အဆုတ်တွင်းရေဝင်ခြင်း လက္ခဏာများ

  • အလွန်အမင်းမသက်ရှုမဝခြင်း သို့မဟုတ် လှဲအိမ်လျှင် အသက်ရှုပိုခက်ခြင်း
  • ရေနစ်နေသလို၊ မွန်းနေသလို ခံစားရခြင်း
  • အသက်ရှုရန် ရှိုက်နေရခြင်း သို့ ရှုလိုက်လျှင် တရွှီရွှီမြည်ခြင်း
  • စိုးရိမ်စိတ်၊ ဂဏာမငြိမ်ခြင်း
  • ချွဲ သို့မဟုတ် သွေးများ ချောင်းဟပ်လျှင် ပါခြင်း
  • နှလုံးရောဂါကြောင့် အဆုတ်တွင်းရေဝင်ခြင်း ဖြစ်ရလျှင် ရင်ဘတ်အောင့်ခြင်း
  • နှလုံးခုန်မြန်ပြီး ပုံမှန်မဟုတ်ခြင်း (ရင်တုန်ခြင်း)

နာတာရှည် အဆုတ်တွင်းရေဝင်ခြင်း လက္ခဏာများ

  • လှုပ်လှုပ်ရှားရှားနေလျှင် သို့မဟုတ် လှဲအိပ်လျှင် အသက်ရှုရခက်ခြင်း
  • တရွီရွှီမြည်ခြင်း
  • အသက်ရှုခက်ခြင်းကြောင့် အိပ်စက်မရခြင်း
  • ခန္ဓါကိုယ်တွင် အထူးသဖြင့် ခြေထောက်တွင် အရည်များစုလာသောကြောင့် ကိုယ်အလေးချိန်များလာခြင်း
  • ခန္ဓါကိုယ်အောက်ပိုင်း အထူးသဖြင့် ခြေထောက်များ၌ ဖောလာခြင်း
  • မောပန်းလွယ်ခြင်း

တစ်ချို့ဖြစ်ရပ်များတွင် အမြင့်ပိုင်းဒေသများ၌နေခြင်းကလည်း အဆုတ်တွင်းရေဝင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အမြင့်ပိုင်းဒေသများသို့ ခရီးသွားသည့်အခါမျိုးတွင် အသက်ရှုမဝခြင်း၊ ချောင်းဆိုခြင်း (တစ်ခါတစ်ရံ ချွဲ သို့မဟုတ် သွေးများပါခြင်း)၊ ခေါင်းကိုက်ခြင်းတို့ကို ခံစားရတတ်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အဆုတ်တွင်းရေဝင်ခြင်းသည် အသက်သေနိုင်သည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အောက်ပါလက္ခဏာများကို သတိထားမိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန် လိုအပ်ပါသည်။

  • အသက်ရှုမဝခြင်း အထူးသဖြင့် ရုတ်တရတ် ဖြစ်လာလျှင်
  • အသက်ရှုရခက်ခြင်း သို့မဟုတ် မွန်းနေသလိုခံစားရခြင်း
  • ချောင်းဆိုးလျှင် အမြှုပ်ထပန်းရောင် သလိပ်များထွက်ခြင်း
  • အသက်ရှုရခက်ခြင်းနှင့်အတူ ချွေးအလွန်ထွက်ခြင်း
  • အသားအရေ အပြာရောင် သို့ မီးခိုးရောင် ထနေခြင်း
  • သွေးပေါင်သိသိသာသာ ကျသောကြောင့် မေ့လဲချသလိုလိုဖြစ်ခြင်း၊ ခေါင်းမူးခြင်း၊ အားနည်းခြင်း သို့မဟုတ် ချွေးထွက်ခြင်း
  • နာတာရှည် အဆုတ်တွင်းရေဝင်ခြင်း သို့မဟုတ် အမြင့်ဒေသသို့သွားလျှင်ဖြစ်သော အဆုတ်တွင်းရေဝင်ခြင်းတို့၏ လက္ခဏာများ ရတ်တရတ် ဆိုးဝါးလာခြင်း

အကြောင်းရင်းများ

Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဆုတ်တွင် အောက်စီဂျင်ကိုဆုတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်ပေးသော လေးအိတ်ငယ်လေးများ ပါ၏။ သင့်၌ အဆုတ်တွင်းရေဝင်ခြင်းဖြစ်လာသည့်အခါ ထိုအိတ်ငယ်များတွင် ရေများပြည့်ကုန်ပါသည်။ များသောအားဖြင့် နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းမှ ဖြစ်လာရခြင်းဖြစ်သည်။ ထိုအခြေအနေတွင် နှလုံးသည် ခန္ဓါကိုယ်လိုအပ်သည့် သွေးပမာဏကို ညှစ်ထုတ်မပေးနိုင်ပါ။ ထိုအခါ သွေးများသည် သွေးပြန်ကြောများအတွင်း စုပုံလာပြီး အဆုတ်ထဲတွင်လည်း ပိတ်မိကုန်ပါသည်။ နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းရင်းများစွာ ရှိပါသည်။ ဥပမာ-

  • နှလုံးသွေးကြောရောဂါ – နှလုံးကြွက်သားများကို ထောက်ပံ့ပေးသည့် သွေးလွှတ်ကြောများ အဆီများကြောင့် ကျဉ်းလာခြင်း။
  • နှလုံးကြွက်သားရောဂါ – နှလုံးကြွက်သားများ ထိခိုက်ခြင်း
  • နှလုံးအစို့ရှင်ပြဿနာများ – သွေးစီးဆင်းမှုကို ထိန်းညှိပေးသည့် အစို့ရှင်များ အလုပ်ကောင်းကောင်းမလုပ်တော့ခြင်း
  • သွေးတိုးခြင်း

အဆုတ်တွင်းရေဝင်ခြင်းသည် နှလုံးအလုပ်လုပ် မလုပ်နိုင်တော့ခြင်းကြောင့်မဟုတ်ပဲ ဆံချည်မျှင်သွေးကြောငယ်များ (အဆုတ်အတွင်းသို့ သွေးများသယ်ပေးသည့် သွေးကြောငယ်များ) အားနည်းပြီး အရည်စိမ့်ထွက်ရာမှလဲ ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်နိုင်လောက်သည့် အကြောင်းရင်းများမှာ –

  • Acute respiratory distress syndrome (ARDS): သင့်အဆုတ်များတွင် ရုတ်တရတ် အရည်များ၊ ရောင်းရမ်းစေသည့် သွေးဖြူဥများ ပြည့်လာခြင်း
  • တောင်တန်းဒေသများ – လေထုဖိအား ပြောင်းလဲသွားမှုကြောင့် အဆုတ်အတွင်းသို့ အရည်များစိမ့်ဝင်သွားခြင်းကို ဖြစ်စေနိုင်၏။
  • အာရုံကြောစနစ်အခြေအနေများ – ခေါင်းထိခိုက်ပြီးနောက်၊ အတက်ရောဂါ၊ ဆပ်အရခနွိုက်တွင် သွေးယိုခြင်း၊ သို့မဟုတ် ဦးနှောက်ခွဲစိတ်ထားခြင်းတို့ဆိုလျှင် အဆုတ်တွင်းရေဝင်ခြင်းဖြစ်လာနိုင်ပါသည်။
  • အဆုတ်သွေးခဲပိတ်ခြင်း – သွေးခဲများသည် အဆုတ်အတွင်း သွေးများပိတ်မိနေအောင် ပြုလုပ်နိုင်ပါသည်။
  • အဆုတ်ထိခိုက်မိခြင်း
  • တစ်ချို့သောအဆိပ်များနှင့်ထိတွေ့ခြင်း သို့မဟုတ် ဆေးများ၏ဘေးထွက်ဆိုးကျိုး
  • ဗိုင်းရပ်စ်ပိုးဝင်ခြင်း
  • ရေနစ်မလိုဖြစ်ခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အဆုတ်တွင်းရေဝင်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • အသက်အရွယ် – အသက်ကြီးသူများသည် အဆုတ်တွင်းရေဝင်ခြင်းဖြစ်နိုင်သည့် အခြေအနေများ ပိုဖြစ်နိုင်ပါသည်။
  • အထက်တွင်ပြောထားသည့် အခြေအနေများ ရှိသူများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ အဆုတ်တွင်းရေဝင်ခြင်းအတွက် လက္ခဏာများကို ရှာဖွေမည်ဖြစ်သည်။ ဥပမာ –

  • ခြေ သို့မဟုတ် ဝမ်းဗိုက်ဖောခြင်း
  • လည်ပင်းမှသွေး့ပြန်ကြောများ ပုံမှန်မဟုတ်ခြင်း
  • အရေပြား ဖျော့ခြင်း သို့မဟုတ် ပြာခြင်း

ထို့နောက် ဆရာဝန်သည် အဆုတ်နှင့် နှလုံးကို စစ်ဆေးကာ အဆုတ်တွင်းရေဝင်ခြင်းသည် နှလုံးကြောင့်ဟုတ်မဟုတ် သတ်မှတ်ပါလိမ့်မည်။

  • နှလုံခုန်သံမူမမှန်ခြင်းများ
  • အဆုတ်တွင် Rales ဟုခေါ်သော တဖြစ်ဖြစ်အသံအား နားထောင်ခြင်း
  • နှလုံးခုန်မြန်နေခြင်း
  • အသက်ရှုမြန်နေခြင်း

စမ်းသပ်ရာတွင် ပြုလုပ်နိုင်သော တခြားအရာများမှာ –

  • သွေးဓါတုဗေဒ
  • အောက်စီမက်ထရီ ကိုသုံးကာ သွေးအောက်စီဂျင်လယ်ဗယ် စောင့်ကြည့်ခြင်း။ ၎င်းသည် လက်ထိပ်တွင်စွပ်နိုင်သော အာရုံခံစက်တစ်မျိုး ဖြစ်ပါသည်။
  • ရင်တဘတ်ဓါတ်မှန် – နှလုံးအလုပ်မလုပ်နိုင်တော့ခြင်၏ လက္ခဏာများ သို့မဟုတ် အဆုတ်အတွင်း နမိုးနီယားလို တခြားအရာများကို ကြည့်နိုင်ပါသည်။
  • သွေးအရေအတွက်စစ်ခြင်း
  • ပဲ့တင်သံဖြင့်နှလုံးပုံရိပ်ဖော်ခြင်း – နှလုံးကြွက်သားများတွင် ပြဿနာရှိမရှိ (ဥပမာ အားနည်းခြင်း၊ ထူနေခြင်း၊ ပြေလျော့ဖို့ ပြဿနာရှိခြင်း၊ နှလုံးအစို့ရှင်များ ကျဉ်းခြင်း သို့ စိမ့်ထွက်နေခြင်း) များကို ကြည့်နိုင်ပါသည်။
  • အီးစီဂျီ – နှလုံးဖောက်ခြင်း သို့မဟုတ် နှလုံးစည်းချက်ဆိုင်ရာ ပြဿနာများ၏ လက္ခဏာများကို ရှာနိုင်ပါသည်။

Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အဆုတ်တွင်းရေဝင်ခြင်းရုတ်တရတ်ဖြစ်လာသော လူများတွင် ဆေးရုံချက်ချင်းတက်ရန် လိုအပ်ပါသည်။ အဆုတ်မှ ရေများကိုဖယ်ထုတ်ရန်နှင့် နှလုံးအလုပ်ကောင်းကောင်းလုပ်နိုင်စေရန်အတွက် အထူးကြပ်မတ်ကုသဆောင်သို့ တက်ရန်လိုကောင်း လိုနိုင်ပါသည်။ ကုသမှုတွင် အောက်စီဂျင်အား မျက်နှာအုပ်နှင့်ပေးခြင်း သို့မဟုတ် ပလက်စတ်ပိုက်ဖြသ့်ပေးခြင်း သို့မဟုတ် အသက်ရှုပိုက်နှင့်ပေးခြင်းများ ပါဝင်ပါသည်။

အဆုတ်တွင်းရေဝင်ခြင်းဖြစ်ရသည့် အကြောင်းရင်းကို သတ်မှတ်ပြီး မြန်မြန်ကုသရမည်ဖြစ်သည်။ ဥပမာအားဖြင့် နှလုံးဖောက်ခြင်းသည် အကြောင်းရင်းဆိုပါက ၎င်းကို ချက်ချင်းကုသရပါမည်။

အသုံးများသော ဆေးများ –

  • Preload ကိုလျော့ချပေးသည့်ဆေးများအား နှလုံးနှင့်အဆုတ်ဆီ အရည်များ မဝင်စေရန် ပေးပါသည်။ နိုက်ထရိုးဂလစ်စရင်းနှင့် ဖူရိုစီမိုက်လို ဆီးဆေးများအား အဆုတ်တွင်းရေဝင်ခြင်းကို ကုသရန် ပေးပါသည်။ နက်ဖီဒက်ပင်းကိုလည်း တစ်ခါတစ်ရန် ညွှန်လေ့ရှိသည်။
  • Morphine (Avinza, MS Contin) – ၎င်းနာကိုစ်ဆေးများကို အသက်ရှုမဝခြင်းနှင့် စိုးရိမ်စိတ်ထခြင်းတို့အတွက်ပေးပါသည်။
  • Afterload ချဆေးများ – ထိုဆေးများ ဥပမာ နိုက်ထရိုပရက်ဆိုဒ်သည် သွေးကြောများကို ကျယ်စေပြီး နှလုံးအတွင်းမှ ဖိအားကို လျော့ချပေးပါသည်။]

အဆုတ်တွင်းရေဝင်ခြင်းကို အမြင့်ဒေသများသို့ သွားရမှဖြစ်လာသည်ဆိုပါက ပထမအဆင့်မှာ အောက်စီဂျင်အိုး ရအောင်လုပ် သို့မဟုတ် အောက်စီဂျင်ပြည့်ဝသည့် အနိမ့်ပိုင်းဒေသများသို့ သွားရုံသာဖြစ်သည်။ ထို့နောက်မှ အစီတာဇိုလမိုက် သို့မဟုတ် နက်ဖီဒက်ပင်းဆေးများကိုသုံးပြီး လက္ခဏာများကို ကာကွယ်နိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဆုတ်တွင်းရေဝင်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အဆုတ်တွင်းရေဝင်ခြင်းကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • အောက်ခံရောဂါအား ဆရာဝန်ပေးသည့် ဆေးများကိုသုံးခြင်းဖြင့် ထိန်းချုပ်ပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းပါ။ လေ့ကျင့်ခန်းလုပ်ပါ။
  • ကျန်းမာရေးနှင့်ညီညွှတ်သည်များ စားသုံးပါ။
    • အသီးအရွက်၊ သစ်သီးနှင့် ဂျုံကြမ်းများစားပါ။
    • ဆားလျော့ပါ။
    • လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
    • ဆေးလိပ်သောက်လျှင် ဖြတ်ပါ။
    • ဝနေလျှင် ဝိတ်လျော့ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement