backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ )


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ ) ကဘာလဲ။

ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများသည် သင်တွေးပုံ လုပ်ကိုင်ပုံများအား ထိခိုက်သော ရောဂါများကို ဆိုလိုပါသည်။ ကိုယ်ရည်ကိုယ်သွေးဆိုသည်မှ လူတစ်ဦး၏ သိသာထင်ရှားသော စရိုက်၊ အမူအကျင့်ပုံစံနှင့် တစ်ဦးစီ၏ကိုယ်ပိုင်စရိုက်လက္ခဏာများကို ဖန်တီးပေးသော ပုံစံများကို ဆိုလို၏။ ၎င်းသည် ကျွန်တော်တို့၏ လောကအပေါ် လက်ခံလေ့လာပုံ၊ ကျွန်တော်တို့၏ စိတ်ထား၊ အတွေးနှင့် ခံစားမှုများအပေါ် ထိခိုက်စေခြင်းဖြစ်သည်။ ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများသည် မိသားစု၊ သူငယ်ချင်းများနှင့်တောင်မှ လူမှုဆက်ဆံရေး ခက်ခဲစေနိုင်သည်။ ထိုသူများတွင် ဘယ်လိုအပြုအမူက ပုံမှန်၊ ဘယ်လိုက မူမမှန်ဆိုသည်ကိုလည်း ခွဲခြားရခက်၏။

ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများကို အုပ်စုခွဲများအဖြစ်ခွဲနိုင်ပြီး အမူအကျင့်တူရာများကို စုထားခြင်းဖြစ်သည်။

  • အဖွဲ့အေ – စိတ်ကစဉ့်ကလျားနှင့်တူသော၊ သံသယလွန်ကဲသော၊ စိတ်ကစဉ့်ကလျား ကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ
  • အဖွဲ့ဘီ – လူမှုရေးခေါင်းပါးသော၊ မရေမရာသော၊ အတ္တပေမ ကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ
  • အဖွဲ့စီ – တစ်ခုခုကို ရှောင်သော၊ တစ်ခုခုကို မှီခိုသော၊ တစ်ခုခုကို စွဲလမ်းသော ကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ

Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများသည် မြီးကောင်ပေါက်စတွင် စတင်ဖြစ်ပွားတတ်ပြီး နောက်ပိုင်းဘဝတစ်လျှောက်လုံး ဖြစ်နေတတ်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • ပူပင်သောက၊ စိုးရိမ်စိတ်၊ အသုံးမကျသလို ခံစားရခြင်း နှင့် ဒေါသတို့လို အပျက်သဘောဆောင်သော အတွေးများဖြင့် ဖိစီးနေခြင်း။
  • တခြားလူများကိုရှောင်ခြင်း၊ ခံစားမှုမဲ့နေခြင်း၊ စိတ်ခံစားမှုများ အဆက်အစပ်မရှိခြင်း
  • ကိုယ့်ကိုယ်ကို အန္တရာယ်မပြုပဲနဲ့ အပျက်သဘောဆောင်သော အတွေးများကို မစီမံနိုင်ခြင်း (ဥပမာ – တားမြစ်ဆေးများ၊ အရက်များသုံးခြင်း သို့မဟုတ် ဆေးလွန်အောင်သောက်ခြင်း)၊ ရှားပါးသော ဖြစ်ရပ်များတွင် တခြားသူများအား ခြိမ်းခြောက် ရန်ပြုခြင်း
  • အူကြောင်ကြောင်အမူအရာများ
  • ဆက်ဆံရေးတည်ငြိမ်အောင်၊ အဆင်ပြေအောင် မစီမံနိုင်ခြင်း အထူးသဖြင့် ကိုယ့်ပါတနာများ၊ ကလေးများနှင့် ကိုယ့်ကိုစောင့်ရှောက်သူများ
  • တစ်ခါတစ်ရံတွင် လက်တွေ့လောကနှင့် အဆက်ပြတ်သွားသည့်အချိန်များ ရှိခြင်း

ဖြစ်နေသော ကမောက်မကရောဂါအမျိုးအစား၊ သက်ဆိုင်ရာ ရောဂါအဖွဲ့ပေါ်လိုက်ပြီး လက္ခဏာများ ကွားခြားနိုင်ပါသည်။

  • အဖွဲ့အေလူနာတွင် ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါတစ်ခုသည် တခြားသူများနှင့် မဆက်ဆံလိုခြင်း၊ လူအများစုမှ ရူးသည် ကြောင်သည်ဟု လက်ခံထားသော အပြုအမူများ ပြုလုပ်ခြင်းတို့ကို ပြသပါလိမ့်မည်။
  • အဖွဲ့ဘီတွင်မူ တခြားသူများနှင့် ဆက်ဆံရန် ကြိုးစားရုန်းကန်နေရခြင်းဖြင့် ပြသသည်။ ရလဒ်အနေဖြင့် အများမှလက်ခံထားသော ဒရာမာဆန်ဆန်၊ မတည်ငြိမ်သော အပြုအမူ၊ ခြိမ်းခြောက်သော၊ အနှောက်အယှက် ဖြစ်စေသော ပုံစံများကို ပြသလာပါမည်။
  • အဖွဲ့စီမှဆိုလျှင် ပုဂ္ဂိုလ်ရေးရာ ဆက်ဆံမှုများကို ကြောက်ခြင်း၊ တခြားလူများကြားတွင် စိုးရိမ်သော ကြောက်ရွံ့နေသော အပြုအမူများဖြင့် ပြသတတ်သည်။ တစ်ချို့တွင် လူအများဆီမှ ရှောင်ခွာနေတတ်ပြီး လူမှုရေးရာများကို တွန့်ဆုတ်နေတတ်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ ) ကိုဘာတွေကဖြစ်စေသလဲ

ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများကို ဖြစ်စေရသည့် အကြောင်းရင်းများစွာရှိပါသည်။ ထိခိုက်မှု သို့မဟုတ် ပြင်းထန်သော ဒရာမာဆန်ဆန် ဖြစ်ရပ်များမှ ဖြစ်ပေါ်လာတ်ပါသည်။ တစ်ချို့သိပ္ပံပညာရှင်များက ဦးနှောက်မှ ဓါတုပစ္စည်းများ မညီမျှကြောင့် ဖြစ်နိုင်ကြောင်း၊ ပါတ်ဝန်းကျင်အခြေအနေများမှ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲမှု စဖြစ်လာစေကြောင်း ယူဆထားကြ၏။ လက္ခဏာများသည် ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါအလိုက် ကွြဲုပါးပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ဒရာမာဆန်သော ဖြစ်ရပ်များကို ကြုံဖူးခြင်း
  • အဆင်မပြေသော ကလေးဘ၀ ဥပမာ အလွဲသုံးစားလုပ်ခံရခြင်း၊ လျစ်လျူရှုခံရခြင်း
  • ဦးနှောက်ထိခိုက်ဖူးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ သင်၏အပြုအမူများကိုသိရန်နှင့် ၎င်းတို့ကို ရောဂါအမျိုးအစားတစ်ခုစီနှင့် တိုက်ကြည့်ခြင်းများ ပြုလုပ်နိုင်ရန် သင်နှင့် သင့်မိသားစုကို မေးခွန်းများ မေးပါလိမ့်မည်။ သင့်အတွက်အရေးကြီးသော စိတ်ပိုင်းဆိုင်ရာကို ထိခိုက်သွားသော လတ်တလေဖြစ်ရပ်များ ရှိမရှိလည်း မေးနိုင်ပါသည်။ သင်၏ကျန်းမာရေးရာဇဝင်နှင့် နေထိုင်ရာ ပါတ်ဝန်းကျင်ကို ရောဂါအမည်တပ်ရာတွင် ထည့်သွင်းစဉ်းစားပါလိမ့်မည်။

Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုသည် သင့်၌ရှိသော ရောဂါအမျိုးအစားပေါ် မူတည်ပါသည်။ သို့သော ယေဘုယျအားဖြင့် တူညီသော ကုသမှုပုံစံ အနည်းငယ်ရှိပါသည်။

  • စိတ်ကုထုံး – စိတ်ခံစားချက်များကို စီမံနိုင်ရန် ကူညီပေးသော ကုထုံးများစွာရှိပါသည်။ (စကားပြောကုထုံး၊ အလင်းကုထုံး၊ အုပ်စုလိုက် ကုသခြင်း အစရှိသည်များ)
  • ဆေးဝါးများ – ဦးနှောက်ဓါတုပစ္စည်များ၊ ဟော်မုန်းများ ပြန်လည်ညီမျှစေရန်အတွက် တစ်ချို့သောဆေးများကို လိုကောင်းလိုနိုင်ပါသည်။ အပေးများသော ဆေးများမှာ –
  • စိတ်ကျကုဆေးများ – ၎င်းတို့သည် စိတ်ဓါတ်ကျခြင်း၊ ဒေါသထွက်ခြင်းနှင့် စိတ်လိုက်မာန်ပါလုပ်ခြင်းတို့အတွက် အထောက်အကူရ၏။
  • စိတ်အခြေအနေတည်ငြိမ်ဆေးများ – ၎င်းတို့သည် စိတ်အခြေအနေ ပြောင်းလဲခြင်းများကို ကာကွယ်ပေးပြီး ဂဏာမငြိမ်ခြင်းနှင့် ရန်လိုခြင်းများကို လျော့ချပေးပါသည်။
  • စိတ်ဝေဒနာပျောက်ဆေးများ – Neuroleptics ဟုလည်းခေါ်ပြီး လက်တွေ့လောကနှင့် ခဏခဏ အဆက်ပြတ်သွားသူများအတွက် အကျိုးရှိ၏။
  • စိုးရိမ်စိတ်ဖြေဆေးများ – ၎င်းတို့သည် စိုးရိမ်စိတ်၊ ကြောင့်ကြစိတ်နှင့် ညအိပ်မပျော်ခြင်းများကို အကူအညီပေးပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • ဆရာဝန်ညွှန်သည့်အတိုင်းသောက်ပါ။
  • သင့်အခြေအနေကို လေ့လာပါ
  • သင့်မိသားစုနှင့် သူငယ်ချင်းများကို သင့်အခြေအနေအကြောင်း ပြောပြပါ။ ထိုမှသာ သင့်ကို သူတို့ပိုနားလည်နိုင်ပါလိမ့်မည်။
  • နေ့စဉ် ပြီးမြောက်ရမည့် ပန်းတိုင်လေးများကို ချပေးပါ။ ဥပမာ ဖုန်းခေါ်ဆိုတာမျိုး အားကစားခန်းမသွားတာမျိုး
  • သင့်ကုထုံးတွင် တခြားတစ်ယောက်ကို ပါဝင်ခိုင်းပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement