backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Periostitis


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Periostitis ဆိုတာဘာလဲ။

Periostitis ဆိုတာက ကြွက်သားနဲ့အရိုးကို တွယ်ဆက်ပေးပြီး အကာအကွယ်ပေးတဲ့ Periosteum ဆိုတဲ့တစ်ရှူးတွေရောင်ရမ်းတာဖြစ်ပါတယ်။ ဒါ့အပြင် လူနာက အရိုးတစ်ချောင်းနဲ့အထက်မှာ ထိရင်နာတာ၊ ဖောင်းတာ၊ ရောင်တာတွေကိုပါ ခံစားရတတ်တယ်။ များသောအားဖြင့် Periostitis ဖြစ်ရတာတွေက ထိခိုက်မိခြင်း၊ ပြင်းထန်သော ပိုးဝင်ခြင်း၊ ကင်ဆာ ဒါမှမဟုတ် ပယ်ရီအော့စတီနမ်အလွှာကို ထိခိုက်စေတဲ့ ကိုယ်ခံအားမှကိုယ့်ကိုပြန်တိုက်တဲ့ ရောဂါတွေကြောင့်ပါပဲ။ Periostitis က များသောအားဖြင့် မဆိုးဝါးပဲ ပျောက်လွယ်ပါတယ်။ တခြားပုံစံကြောင့် ဖြစ်လာနိုင်ပါတယ်။ ဥပမာ ပြင်းပြင်းထန်ထန်ကုသဖို့ လိုအပ်နိုင်တဲ့ အလွန်ပြင်းထန်တဲ့ရောဂါပိုးကူးခြင်းမျိုး။

Periostitis ပုံစံအမျိုးမျိုးကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။

  • ရိုးရှင်းသော Periostitis – ဒီပုံစံက အရိုးကျိုးတာ၊ ပွန်းတိုက်မိတာတို့ကနေ ဖြစ်လာပြီး ရောင်ရမ်းတာကိုလည်း ပယ်ရီအော့စတီနမ်အနားမှာသာ တွေ့ရမှာပါ။ ဖောင်းခြင်းနာခြင်းတို့က ကနဦးလက္ခဏာတွေပါပဲ။
  • ရိုးရှင်းသောအမျှင်ဖြစ် Periostitis – ဒါကတော့ အချိန်ကြာသွားတာကြောင့် ပယ်ရီအော့စတီနမ်မှာ ထူလာတာကိုကြည့်ပြီး ခွဲနိုင်ပါတယ်။
  • ပြည်တည်သော Periostitis – ဒီအမျိုးအစားက အနီးအနားက ထိခိုက်ဒဏ်ရာကိုပိုးဝင်ရာကနေ ပယ်ရီအော့စတီနမ်ဆီ ဖောက်ဝင်လာတာပါ။ ဖျားခြင်း၊ ဖောင်းလာခြင်း၊ နာခြင်း စတာတွေက ပြည်တည်သော Periostitis ရဲ့ အဖြစ်များတဲ့လက္ခဏာတစ်ချို့ပါပဲ။
  • Albuminozy Periostitis – Periostitis ရဲ့ ပြည်တွေက နာတာရှည်ဖြစ်လာတဲ့အခါ ပယ်ရီအော့စတီနမ်ထဲမှာရှိတဲ့ ပျစ်ချွဲအရည်တွေကို အိုင်လာစေပါတယ်။ ဒါကို Albuminozy Periostitis လို့ခေါ်တယ်။
  • Periostitis အရိုးတက် – နာတာရှည် ဖြစ်တဲ့အခါမှာ ပယ်ရီအော့စတီနမ်ကို တောက်လျှောက်လှုံ့စော်နေတာကြောင့် အနီးကအရိုးမှာ အတက်တွေအများကြီး ထွက်လာပါတယ်။ ဒါကို Periostitis အရိုးတက်ဖြစ်ခြင်းလို့ခေါ်တယ်။

Periostitis ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ရောဂါလက္ခဏာများ

Periostitis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Periostitis ရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့

  • ဖြစ်နေသောခြေလက်မှ ကိုယ်အလေးချိန်ကို မထိန်းနိုင်ခြင်း
  • ပြည်တည်ခြင်း
  • ဖြစ်သောနေရာတွင် ပြင်းထန်စွာနာခြင်း
  • ဖျားခြင်း
  • ချမ်းတုန်ခြင်း
  • အရိုးပတ်လည်၌ တစ်ရှူးများဖောင်းခြင်း
  • ညို့သကျည်းနာခြင်း
  • အရိုးနာခြင်း
  • တောင့်ခြင်း အထူးသဖြင့် မနက် အိပ်ယာထထချင်း

အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက Periostitis ဖြစ်ပွားစေသလဲ။

အခြေအနေက ရုတ်တရတ်ပြင်းထန်လား နာတာရှည်လားပေါ်မူတည်ပြီး Periostitis ဖြစ်ရတဲ့ အကြောင်းရင်းတွေ ကွဲသွားပါတယ်။

ရုတ်တရတ်ပြင်းထန် Periostitis

ရုတ်တရတ်ပြင်းထန် Periostitis က ခန္ဓါကိုယ်ရဲ့ ဘယ်နေရာကိုပိုးဝင်ပါစေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ဆစ်ဖလစ်တို့လို လိင်ကနေကူးတဲ့ကူးစက်ရောဂါတွေက Periostitis ဖြစ်အောင် ဦးတည်သွားနိုင်ပါတယ်။ ကောင်းကောင်း အနာမကျက်ပဲ အထဲကိုလှိုက်စားပြီး အရိုးထိရောက်တဲ့ ပြတ်ရှဒဏ်ရာတွေကလည်း ထိုနည်း၎င်းပါပဲ။

နာတာရှည်အနာဖြစ်နေသူတွေ ဥပမာ ဆီးချိုသမား၊ မလှုပ်ရှားနိုင်ပဲ အိပ်ယာနာဖြစ်နေသူတွေမှာ Periostitis ဖြစ်နိုင်ချေ ပိုများနိုင်ပါတယ်။ အနာကောင်းကောင်း မကျက်ပဲ ဆက်နက်သွားတဲ့လူနာတွေမှာ အထူးသဖြင့် အဖြစ်များပါတယ်။ တစ်ချို့ ကိုယ်ခံအားကပြန်တိုက်တဲ့ ရောဂါတွေကလည်း Periostitis ဆီ ဦးတည်သွားနိုင်ပါတယ်။ လူကီးမီးယာသွေးကင်ဆာနဲ့ ကင်ဆာအမျိုးမျိုး၊ သွေးရောဂါအမျိုးမျိုးကလည်း ပြင်းထန်တဲ့အရိုးပိုးဝင်ခြင်းတွေဆီ ဦးတည်နိုင်ပါတယ်။

Proliferative periostitis ဒါမှမဟုတ် Osteomyelitis ဆိုတာက အရိုးပိုးဝင်ခြင်းတစ်မျိုးပါ။ စတေဖိုင်လိုကော့ကပ် နဲ့ တခြားမျိုးတူဘက်တီးရီးယားတွေက ဒီပြဿနာရဲ့ အကြာင်းရင်းဖြစ်ပါတယ်။ စတေဖိုင်လိုကော့ကပ် ဘက်တီးရီးယားတွေကို ကျန်းမာနေတဲ့သူမှာတောင် တွေ့ရပါသည်။ သည်အကောင်တွေကို အရေပြားနဲ့ နှာခေါင်းမှာနေထိုင်ကြတဲ့ ပုံမှန်ဘက်တီးရီးယားလို့ ယူဆနိုင်တယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းသူတွေ၊ နာတာရှာရောဂါရှိသူတွေမှာပေါ့။ စတေဖိုင်လိုကော့ကပ်နဲ့ မျိုးတူဘက်တီးရီးယားတွေက ရောဂါပေးလာတဲ့အခါ မကုသပဲထားလိုက်ရင် Osteomyelitis ဖြစ်လာပါမယ်။ Osteomyelitis ဆိုတာက အရိုးကိုသွားတဲ့ ပိုးဝင်ခြင်းပဲမဟုတ်လား။

နာတာရှည် Periostitis

မကြာခဏ အရိုးပေါ်ကိုဖိစီးမှုတွေပေးနေတာက နာတာရှည် Periostitis ဆီ ဦးတည်သွားနိုင်ပါတယ်။ အားကစားသမားတွေနဲ့ မကြာခဏ ခုန်ပျံကျော်လွှား၊ အလေးမသူတွေမှာ ညို့သကျည်းလွဲနိုင်ချေ များပါတယ်။ သည်လိုလှုပ်ရှားတွေကနေ အရိုးပေါ်ကိုပေးတဲ့ ဖိစီးမှုတွေက အရိုးတွေမှာ ရောင်ရမ်းတဲ့ဓါတ်ပြုမှုတွေဖြစ်လာစေပြီး Periostitis ကို ဖြစ်လာပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

ဘယ်အရာတွေက Periostitis ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Periostitis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းများစွာထဲမှာ ကူးစက်ရောဂါဝင်ခြင်း၊ အဆစ်အစားထိုးခွဲစိတ်ခြင်းနဲ့ အရိုးကျိုးပြီး အသားကိုဖောက်ခြင်းတို့ ပါဝင်ပါတယ်။

နာတာရှည် Periostitis ဖြစ်နိုင်ချေကို မြင့်စေတာတွေက အားကစားသမား၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်သူ၊ ကြီးကောင်ပေါက်များတွင် အဖြစ်များသော Osgood-Schlatter ရောဂါရှိသူ စတာတွေပါပဲ။ Osgood-Schlatter ရောဂါဆိုတာ ဒူးဆစ်ရောင်ရမ်းပြီး ဖောင်းလာတာ၊ နာတာမျိုးတွေ လက္ခဏာပြပါတယ်။

ထပ်ပြီးသိလိုတဲ့အချက်အလက်တွေရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါ။

ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။

Periostitis ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

Periostitis ကို အတည်ပြုနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဆရာဝန်က စမ်းသပ်ကြည့်ရှူ့ပြီး ကျိုးတာ၊ Lyme disease, အဆစ်ရောင်ခြင်း၊ Hypertrophic Pulmonary Osteoarthropathy, Caffey’s disease နဲ့တခြားရောဂါတွေမရှိကြောင်း အတည်ပြုပါလိမ့်မယ်။ သင့်မှာ Periostitis ရောဂါ ရှိလာပြီးဆိုရင် လုပ်ရနိုင်တဲ့ လုပ်ထုံးအမျိုးမျိုးကို ဖော်ပြပေးပါမယ်။

  • ဓါတ်မှန် – ဒါက ဖိစီးမှုကြောင့်ဖြစ်တဲ့ အရိုးကျိုးနိုင်ချေကို တွက်ချက်နိုင်ပါမယ်။
  • MRI – ဒါကတော့ ဖိစီးမှုကြောင့်အရိုးကျိုးတာ အပြင် အရိုးနဲ့ကြွက်သားတွယ်တဲ့နေရာမှာ ဖောရောင်တာမျိုးရှိမရှိ သိနိုင်ပါတယ်။
  • အရိုးစကန် – ဒါကတော့ ညို့သကျည်းရိုးမှာ မြင့်မားသောသွေးစီးဆင်းမှုနဲ့ ဆောက်ရွက်နိုင်သောလယ်ဗယ်ကို ပြနိုင်ပါတယ်။ Periostitis ကိုအတည်ပြုရင် အတော်အသုံးဝင်ပါတယ်။

သမားတော်က အတည်ပြုစစ်ဆေးခြင်းတွေနဲ့တွဲပြီး ထိရင်နာတာ၊ ဖောင်းတာ၊ နီမြန်းတာများရှိမရှိ ကြည့်ပါလိမ့်မယ်။ လူနာရဲ့ရောဂါရာဇဝင်အပြည့်အစုံက နောက်ဆုံးရောဂါအမည်တပ်တဲ့အခါမှ အထောက်အကူဖြစ်ပါတယ်။

Periostitis ကို ဘယ်လိုကုသလဲ။

ကုသမှုပုံစံမှာ Periostitis အမျိုးအစားပေါ် မူတည်ပါတယ်။

ရုတ်တရတ်ပြင်းထန် Periostitis

ရုတ်တရတ်ပြင်းထန် Periostitis ဖြစ်ရတဲ့ အောက်ခံရောဂါပိုးကို ဆရာဝန်တွေက ပဋိဇီဝဆေးသုံးပြီး ကုသပါလိမ့်မယ်။ ကူးစက်ရောဂါက ပြည်ဖြစ်လာလျှင် အရည်တည်လာလျှင် ဆရာဝန်က ခွဲစိတ်ဖယ်ရှာဖို့ လိုပါလိမ့်မယ်။

ပုပ်နေတဲ့ပိုးဝင်နေတဲ့အရိုးစတွေကိုပါ ထုတ်ပစ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။

ဒီလိုလုပ်ပေးခြင်းက ပိုးမပျံ့အောင ကာကွယ်ပြီးဖြစ်သွားစေပါတယ်။ ဒီလိုနည်းကို ခွဲစိတ်နည်းအရ အနာရှင်းခြင်းလို့ခေါ်တယ်။

နာတာရှည် Periositis အတွက်ကုသမှု

ညို့သကျည်းချောခြင်းနဲ့ အလားတူ ဖိစီမှုကြောင့် ထိခိုက်မှုတွေဖြစ်လာတဲ့အခါ အနာယူပြီး ရေခဲအုပ်ပါ။ ပြေးတာ၊ ခုန်တာစတဲ့လှုပ်ရှားမှုတွေကနေ ခဏအနားယူလိုက်ပါ။ ရေကူး စက်ဘီးစီးတို့လို ထိခိုက်မှုနည်းတာတွေ ပြောင်းလုပ်ပေးနိုင်ပါတယ်။

ရေခဲကပ်တာက ဖောင်းတာနဲ့ရောင်တာကို ကျစေပါတယ်။ Ibuprofen လို အရောင်ကျဆေးတွေကလည်း အကူအညီ ဖြစ်ပါလိမ့်မယ်။

သည်လိုအိမ်တွင်းကုထုံးက အလုပ်မဖြစ်တဲ့အခါ လှုပ်ရှားမှုကုထုံးလိုအပ်နိုင်တဲ့ အောက်ခံအကြောင်းရင်း ရှိလို့ဖြစ်ပါလိမ့်မယ်။ ဒူးနဲ့ တခြားအဆစ်တွေမှာ ရောင်ရမ်းတာကျစေဖို့အတွက် စတီးရွိုက်ထိုးဆေး လိုအပ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဖြစ်နေတဲ့ဖက်ကို အနာပေးလိုက်တာနဲ့ သက်သာပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Periostitis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေပြည့်ဝတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက ညို့သကျည်းချောနေတဲ့ သူတွေအတွက် ကောင်းမွန်ပါတယ်။ ဗီတာမင် အီး၊ အိုမီဂါ ၃ နဲ့ ဆယ်လီနီယမ်တို့က ခန္ဓါကိုယ်နဲ့အတူ ရောင်ရမ်းမှုကိုတိုက်ထုတ်ပေးပါတယ်။ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ မာတီဗီတာမင်တွေ သောက်ဖို့လည်း စဉ်းစားနိုင်ပါတယ်။ Periostitis က နာပါတယ်။ ဒါပေမယ့်ဖြစ်ရပ်အများစုမှာ ကောင်းကောင်းကုသရင် ပျောက်ပါတယ်။ ကုသမှုပြီးပြီးချင် ပုံမှန်အလုပ်တွေ ပြန်လုပ်ရင် အရိုးကျိုးနိုင်ချေ များပါမယ်။ ဒါကြောင့် ဆရာဝန်ကိုမေးပါ။ မှတ်ထားရမှာက ကောင်းပြီဆိုတာနဲ့ အလုပ်တွေကို ဖြည်းဖြည်းချင်းပဲ တိုးသွားပြီးလုပ်ရမှာပါပဲ။

တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement