Pericarditis (နှလုံးကာ အမြှေးပါး ရောင်ရမ်းခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pericarditis (နှလုံးကာ အမြှေးပါး ရောင်ရမ်းခြင်း) ကဘာလဲ။

နှလုံးကာ အမြှေးပါးရောင်ရမ်းခြင်း ဆိုတာ နှလုံးကို ဖုံးကာထားသော အမြှေးပါး Pericardium မှာ ရောင်ရမ်းခြင်းကို ခေါ်ပါတယ်။ Pericardium ဆိုတာ နှလုံးကို အိတ်လေးတစ်ခုလိုမျိုး  ပတ်ပတ်လည်ကာထားပေးတဲ့ အလွှာပါးလေးဖြစ်ပါတယ်။ အဲဒီ အိတ်လို အလွှာပါးလေးက နှလုံးကို ရင်ဘတ်မှာ နေရာတကျဖြစ်အောင်လုပ်ပေးပြီး နှလုံးကို ချောမွေ့ စွာလှုပ်ရှားနိုင်ရန် ချောဆီကဲ့သို့  လုပ်ဆောင်ပေးပါတယ်။

ဒီ နှလုံးကာ အမြှေးပါးရောင်တဲ့ရောဂါဟာ ရုတ်တရက်ဖြစ်နိုင်သလို (သို့) နာတာရှည်လဲ ဖြစ်တတ်ပါတယ်။ ဒီရောင်ရမ်းမှုဟာ pericardium ကို  ထူပြီး အမာရွတ်ဖြစ်စေကာ နှလုံးကို ညှစ်ခံရပြီး ကျဉ်းစေပါတယ်( constrictive pericarditis )။ ၄င်းဟာ နှလုံးကနေ သွေးစီးမှုနှေးစေတဲ့ နောက်ဆက်တွဲရောဂါတစ်ခု ( cardiac temponade ) ကိုလည်းဖြစ်စေပါတယ်။

ဒီအခြေအနေက နှလုံးအကာထဲမှာ ရေတွေပြည့်လျှံလာပြီး နှလုံးကို ဖိအားပေးသောကြောင့် နှလုံးတွင်းလုံလောက်တဲ့ သွေးဖြည့်တင်းမှု မရရာကနေ ဖြစ်လာပါတယ်။ သွေးပေါင်နှင့် နှလုံးညှစ်အားတွေကလည်း အန္တရာယ်ရှိတဲ့ အဆင့်ကို ကျဆင်းလာနိုင်ပါတယ်။ မကုပဲထားလျှင် cardiac tamponade က သေစေသည်ထိ ဖြစ်နိုင်ပါတယ်။

Pericarditis (နှလုံးကာ အမြှေးပါး ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

နှလုံးကာ အမြှေးပါးရောင်ခြင်း က အသက်၂၀ နှင့် ၅၀တွင်း အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဖြစ်ပွားနိုင်ချေတွေကို လျှော့ချခြင်းဖြင့် ဒီရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။သိလိုသည်များကို ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Pericarditis (နှလုံးကာ အမြှေးပါး ရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဖြစ်လေ့ဖြစ်ထ ရှိတာကတော့ ရင်ညွန့် ရိုး အနောက်ဘက်(ရင်အုံရိုး)က စူးပြီးအောင့်ခြင်း ဖြစ်ကာ နောက်ပိုင်းမှာ ပုခုံးနှင့် လည်ပင်းတွေအထိပါ အောင့်ခြင်း၊နာလာခြင်းဖြစ်ပါတယ်။ တချို့လူတွေမှာတော့ ထုံပြင်းပြင်းနာခြင်း (သို)့ ဖိထားသလို ခံစားရနိုင်ပါတယ်။ ကိုယ်ဟန်အနေအထားပြောင်းလဲခြင်း (သို့ ) အသက်ပြင်းပြင်း ရှူလိုက်တဲ့ အခါမျိုးမှာ ပိုဆိုးပါတယ်။ ရှေ့ကို ကိုင်းပြီးထိုင်လိုက်လျှင် အနာ သက်သာသွားနိုင်ပါတယ်။

တခြားရောဂါလက္ခဏာတွေကတော့

  • ရောဂါပိုးကြောင့် ဖြစ်တာဆိုလျှင် ဖျားတတ်ပါတယ်။
  • ရင်တုန်ခြင်း (ရင်ခုန်နှုန်း မူမမှန် သို့ မြန်နေခြင်း)
  • အသက်ရှူမ၀ခြင်း၊ မောခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ်လို့ သင့်မှာ ရင်ဘတ်အောင့်ခြင်း လက္ခဏာအသစ်တွေဖြစ်လာလျှင် ချက်ချင်းဆေးကုသမှု ခံယူပါ။ အဘယ်ကြောင့်ဆိုလျှင် နှလုံးဖောက်ခြင်း (သို့) သွေးကင်ဆာရဲ့ လက္ခဏာတွေဖြစ်နေနိုင်လို့ပါ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Pericarditis (နှလုံးကာ အမြှေးပါး ရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဖြစ်များတဲ့ အရာကတော့ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်တာပဲ ဖြစ်ပါတယ်။ နှလုံးကာ အမြှေးပါးရောင်ခြင်းက အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ပြီးနောက်မှာ ဖြစ်တတ်ပါတယ်။ ထို့ပြင် ဘက်တီးရီးယား၊ မှို နှင့် တခြားရောဂါပိုး တွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။

နာတာရှည် သို့ ပြန်ဖြစ်တတ်တဲ့ နှလုံးကာ အမြှေးပါးရောင်ခြင်း အများစုကတော့ ကိုယ်ခံအားစနစ်က မိမိကိုယ်ကို ပြန်တိုက်တဲ့ရောဂါတွေကြောင့် ဖြစ်နိုင်တယ် လို့ ထင်ကြပါတယ်။ ကိုယ်ခံအားစနစ်က မိမိကိုယ်ကို ပြန်တိုက်တဲ့အခါ ခုခံပေးတဲ့ ဓါတ် အင်တီဘော်ဒီ (antibodies) တွေက ခန္ဓာကိုယ်ရှိ တစ်ရှူး၊ဆဲလ်တို့ကို တိုက်ခိုက်ပြီး ရောင်ခြင်းကို ဖြစ်စေပါတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

 Pericarditis (နှလုံးကာ အမြှေးပါး ရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှလုံးကာအမြှေးပါးရောင်ခြင်း ဖြစ်ပွားနိုင်ခြေ ကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • နှလုံးရုတ်တရက်ဖောက်ခြင်း နှင့် နှလုံးခွဲစိပ်ခြင်း
  • ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း၊ HIV/AIDS ၊ ကင်ဆာ၊တီဘီရောဂါ၊နှင့် တခြားရောဂါများ
  • မတော်တဆမှုတွေ နဲ့ ဓာတ်ရောင်ခြည် ကုသခြင်းတွေမှ ရသော ထိခိုက်မှုများ
  • ဆေးများ – phenytoin ( အတက်ကျဆေး)၊ warfarin နှင့် heparin (သွေးကျဲဆေး)၊ နှင့် procainamide (နှလုံးခုန်မမှန်ခြင်းတွေကို ကုသောဆေးများ)

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ နှလုံးကာအမြှေးပါးရောင်ခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pericarditis (နှလုံးကာ အမြှေးပါး ရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်တွေက သင့်ကို ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေ၊လက်တွေ့ စမ်းသပ်မှုတွေနဲ့ အောက်ပါစမ်းသပ်ခြင်းတွေလုပ်ပြီး ရောဂါကို အတည်ပြုနိုင်ပါတယ်။

  • EKG(electrocardiogram) ။   ။ဒီရိုးရှင်းတဲ့ စမ်းသပ်မှုကနေ သင့်နှလုံးရဲ့ လျှပ်စစ်လှိုင်းတွေကို ကြည့်လို့ရပါတယ်။ တိကျတဲ့ EKG အဖြေက နှလုံးကာအမြှေးပါး ရောင်ခြင်း  ကို ပြနိုင်ပါတယ်။
  • ရင်ဘတ်ဓာတ်မှန် ။  ။ ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်းဖြင့်သင်ရင်ဘတ်မှာရှိတဲ့ နှလုံး၊အဆုတ်နှင့် သွေးကြောတွေရဲ့ ပုံကို မြင်ရနိုင်ပါတယ်။ပုံတွေက သင့်ရဲ့ကြီးနေတဲ့ နှလုံးကို ပြနိုင်ပါတယ်။ဒီလိုပြခြင်းဟာ သင့်ရဲ့နှလုံးကာအခန်း ထဲမှာ ရေပြည့်နေခြင်းကို ဆိုလိုပါတယ်။
  • Echocardiography ။  ။ဒီနာကျင်မှုမရှိတဲ့ စမ်းသပ်ခြင်းဟာလည်း သင့်ရဲ့ နှလုံးပုံကို အသံလှိုင်းတွေ သုံးပြီး ပုံဖော်ပေးပါတယ်။ပုံတွေက သင့်ရဲ့ နှလုံးရဲ့ အရွယ်၊ပုံပန်းသဏ္ဍန်နှင့် နှလုံးကောင်းကောင်းအလုပ်လုပ်နေသလားဆိုတာ ပြပါတယ်။ဒီစမ်းသပ်မှုကလည်း နှလုံးခန်းအတွင်း ရေရှိမရှိပြနိုင်ပါတယ်။
  • Cardiac MRI (နှလုံးသံလိုက်ဓာတ်မှန်) ။  ။ဒီစမ်းသပ်မှုဟာ အားကောင်းတဲ့ သံလိုက်တွေနဲ့ ရေဒီယိုလှိုင်းတွေ သုံးပြီးသင့် အင်္ဂါအစိတ်အပိုင်းတွေကို ပုံဖော်ပေးပါတယ်။နှလုံးသံလိုက် ဓါတ်မှန် က သင့်နှလုံးခန်းအကာတွင်းပြောင်းလဲမှုတွေကို ပြနိုင်ပါတယ်။

သွေးစစ်ခြင်းဖြင့်လည်း သင့်မှာ ရောဂါပိုးရှိမရှိနှင့် ရောင်ရမ်းခြင်းရှိမရှိသိနိုင်ပါတယ်။

Pericarditis (နှလုံးကာ အမြှေးပါး ရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

နှလုံးကာအမြှေးပါးရောင်ခြင်း တော်တော်များများက မစိုးရိမ်ရပဲ နားလိုက်ရုံ၊သာမာန်ကုသမှုတွေလုပ်ရုံနဲ့ သူ့ဖာသာ သက်သာသွားနိုင်ပါတယ်။ အဓိကကုထုံးကတော့ ဆေးဝါးတွေဖြစ်ပြီး တချို့  ရှားရှားပါးပါးတွေမှာသာ ခွဲစိပ်ရန်လိုပါတယ်။

ပထမကုသမှုအနေနဲ့ ဆရာဝန်က သင့်ကို ကောင်းလာတဲ့ အထိ (သို့ ) အဖျားပျောက်တဲ့အထိ နားခိုင်းပါလိမ့်မယ်။ သင့်ကို ဆေးဆိုင်မှာဝယ်လို့ ရတဲ့  အနာသက်သာဆေး နဲ့  အရောင်ကျဆေးတွေကို ၀ယ်သောက်ဖို့ ပြောပါလိမ့်မယ်။ ဥပမာ aspirin နှင့် ibuprofen လိုဆေးမျိုးတွေဖြစ်ပါတယ်။

အကယ်လို့ ရောဂါပိုဆိုးလာလျှင် နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ cardiac tamponade နှင့် နာတာရှည် constrictive pericarditis တို့ကိုပါ ကုသဖို့ လိုလာပါလိမ့်မယ်။

Cardiac tamponade ကို pericardiocentesis လို့ခေါ်တဲ့ အပ် (သို့ ) ပိုက်နဲ့ နှလုံးကာ အမြှေးပါးခန်းထဲကို အရည်တွေကို ထုတ်တဲ့နည်းဖြင့် ကုသလို့ရပါတယ်။ ဒီကုသမှုက နှလုံးကို ဖိအားလျော့စေပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နှလုံးကာ အမြှေးပါး ရောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နှလုံးကာ အမြှေးပါးရောင်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
• ရက်ချိန်းမှန်မှန်ပြခြင်းဖြင့် သင့်ရောဂါသက်သာမှု နှင့် ကျန်းမာရေးအခြေအနေ တိုးတက်ပြောင်းလဲမှုရှိမရှိ သိနိုင်ပါတယ်။
• ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။
• ကောင်းကောင်းအနားယူ၊ လှုပ်ရှားမှု သိပ်မလုပ်နဲ့။ပြင်းထန်တဲ့ လှုပ်ရှားမှုတွေက သင့်ရဲ့ နှလုံးကာအမြှေးပါးရောင်ခြင်း ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 2, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။