Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) ကဘာလဲ။

လက်သည်းပိုးဝင်ခြင်းဆိုတာ လက်သည်းနဲ့ ခြေသည်းနားတစ်ဝိုက်က အရေပြားပိုးဝင်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ပိုးဝင်တဲ့လက်သည်းပန်းကုံးဟာ ရောင်လာမယ်၊ ဖောင်းလာမယ် ပြီးတော့ ထိရင်နာမယ်။ ယိ့စ်လို့ခေါ်တဲ့ မှိုနဲ့ တခြားမှိုတွေ၊ ဘတ်တီးရီးယားတွေဟာ ဖြစ်ပွားစေတဲ့ပိုးကောင်တွေပဲဖြစ်တယ်။ လက်သည်းပိုးဝင်ခြင်းဆိုတာ တစ်ဖြည်းဖြည်းချင်းဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာတယ်ပေမဲ့ တစ်ခါတစ်လေဗျုန်းစားကြီးပေါ်လာပြီး ၁ ရက် ၂ ရက်နဲ့ ပျောက်ကင်းသွားတတ်ပါတယ်။ ဆေးမကုပဲထားမယ်ဆိုရင်တော့ ပိုးဝင်တာဟာ ပိုဆိုးလာပြီးတော့ လက်သည်းကျွတ်တဲ့ထိဖြစ်နိုင်ပါတယ်။

Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) က ဘယ်လောက်အဖြစ်များသလဲ

အမေရိကနိုင်ငံမှာတော့ လက်ပိုးဝင်တဲ့ရောဂါတွေထဲက ၃၅% ဟာ လက်သည်းပိုးဝင်ခြင်းဖြစ်ပြီးတော့ အဖြစ်အများဆုံးလို့လည်း ပြောလို့ရပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပြီးတော့ အမျိုးသားတွေထက် ၃ ဆ လောက်ကို ပိုဖြစ်တတ်ပါတယ်။ အသက်ရွယ်မရွေးဖြစ်နိုင်ပြီးတော့ အန္တရာယ်ဖြစ်စေတဲ့ အချက်တွေကိုလည်း ရှောင်ရှားနိုင်ပါတယ်။

နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက်သည်းပိုးဝင်ခြင်းရဲ့ တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • လက်သည်းပြောင်းလဲခြင်း-ဥပမာ လက်သည်း နီခြင်း၊ရောင်ခြင်း၊ ကျွတ်ထွက်ခြင်း၊ ပုံစံမမှန်ခြင်း။
  • လက်သည်းပန်းကုံးတွင် ကွဲကြောင်းပေါ်ခြင်းနှင့် လက်သည်းကို ထိခိုက်ဒဏ်ရာရခြင်း။
  • လက်သည်းပတ်ပတ်လည်တွင် တစ်ဆစ်ဆစ်ကိုက်ခြင်းနှင့် ထိမရအောင် နာကျင်ခြင်း။
  • လက်သည်းပတ်လည်ရှိအရေပြား စိုစွတ်နေပြီး တစ်ခါတစ်ရံ အချွဲအကျိများထွက်ခြင်း။
  • ချမ်းတုန်ဖျားခြင်းနှင့် လူမလန်းခြင်း
  • အရိုးဆစ်နှင့် ကြွက်သားနာကျင်ခြင်းများ

မကုသပဲထားလျှင် ပိုးက လက်သည်းပတ်လည်က အရေပြားအလွှာအားလုံးကိုဝင်သွားပြီးတော့ လက်သည်းကွာကျလာပါလိမ့်မယ်။

အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နှင့်တစ်ယောက်ဟာ ခန္ဓာကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) ကိုဘာတွေကဖြစ်စေသလဲ

လက်သည်းပိုးဝင်စေတဲ့အကြောင်းအရာတွေကတော့ အများကြီးရှိပါတယ်။ အဖြစ်များတဲ့ အကြောင်းအရာတွေကတော့

  • ဘတ်တီးရီးယားကြောင့်ဖြစ်ရင်တော့ ရုတ်တရက်ဖြစ်ပြီးနာတတ်ပါတယ်။
  • ယိစ်လို့ခေါ်တဲ့မှိုကြောင့်ဖြစ်ရင်တော့ တဖြည်းဖြည်းဖြစ်လာပြီးတော့ အများအားဖြင့်အချွဲကျိထွက်လေ့မရှိပါဘူး
  • အခြားသော ဗိုင်းရက်စ်နဲ့ မှိုတွေကလည်း လက်သည်းပိုးဝင်ခြင်းကိုဖြစ်စေတတ်ပေမဲ့ အဖြစ်တော့နည်းပါတယ်။

တစ်ခါတစ်လေမှာတော့ သင့်ရဲ့ လက်သည်းက ပိုးဝင်စေနိုင်လောက်တဲ့ အခြေအနေမျိုးဖြစ်နေတာကြောင့်လည်း လက်သည်းပိုးဝင်တာမျိုးဖြစ်နိုင်ပါတယ်။ အထူးသဖြင့်

  • ရေ – သင့်ရဲ့လက်တွေက ရေတွေ ဆပ်ပြာတွေနဲ့ မကြာခဏထိနေတယ်ဆိုလျှင်
  • ထိခိုက်ဒဏ်ရာရ – ဥပမာ၊ လက်သည်းကိုက်ခြင်း၊ လက်သည်းကောင်းကောင်းမညပ်ခြင်း၊ လက်သည်းနဲ့ လက်သည်းပန်းကုံးများ ထိခိုက်ထားခြင်း၊ ရောဂါရှိနေခြင်း။
  • ကာထားခြင်း – ဥပမာ၊ လက်အိတ်များကို အချိန်ကြာရှည်စွာသုံးခြင်း နှင့် လက်သည်းတုများ အချိန်ကြာကြာသုံးခြင်း။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

လက်သည်းပိုးဝင်ခြင်းအန္တရာယ်ကိုဖြစ်စေနိုင်တဲ့ အချက်အများကြီးရှိပါတယ်။ ဥပမာ –

  • လက်သည်းကိုက်တတ်သူများနှင့် လက်သည်းအောက် အရေပြားကို ကလော်တတ်သူများ
  • လက်အိတ်ခဏခဏ ၀တ်ရသူများ

ထိုအချက်အလက်များနဲ့ ပတ်သတ်ပြီး သိချင်သည်များရှိပါက ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ကပိုးဝင်နေသော လက်သည်းကို ကြည့်ရုံနှင့်ပဲ ရောဂါကိုအတိအကျသိနိုင်ပါတယ်။ အကောင်းဆုံး ကုသမှုကို ပြုလုပ်နိုင်ရန် လိုအပ်ပါက ပိုးဝင်ထားသော လက်သည်းမှ ပြည်နှင့် အရည်များကို နမူနာထုတ်ယူပြီး စစ်ဆေးရန် ဆရာဝန်က ပြောပါလိမ့်မယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

 

Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) ကို ဘယ်လိုကုသပါသလဲ

လက်သည်းဝင်မှုက အစောပိုင်းအဆင့်သာဖြစ်ခဲံမယ်ဆိုရင်တော့ အိမ်မှာပဲကုသလို့ရပါတယ်။ အရောင်ကျစေဖို့နဲ့ အနာသက်သာစေဖို့ အတွက် ရေနွေးထဲမှာ တစ်ရက် ၂-၃ကြိမ်လောက် စိမ်ပေးပါ။ ပါရာစီတာမော၊ Ibuprofen တို့လို အကိုက်ခဲပျောက်ဆေးတွေကလည်း အနာသက်သာစေပါတယ်။ ပိုးဝင်တာက ဘတ်တီးရီးယားပိုးဖြစ်ခဲ့မယ်ဆိုရင်တော့ ရေစိမ်ပြီးရင်လျှင် ပိုးသတ်ဆေး လူးဆေးကို လူးပေးရပါမယ်။

လက်သည်းပိုးဝင်တဲ့နေရာက အချွဲတွေထွက်လာတယ်ဆိုရင်တော့ ဆရာဝန်က အချွဲတွေကို ဖောက်ထုတ်ပစ်ပြီးတော့ အိမ်မှာသောက်ဖို့ ပိုးသတ်ဆေးတွေပေးပါလိမ့်မယ်။ တစ်ခါတစ်လေမှာလည်း လက်သည်းတစ်ပိုင်းလောက်တော့ ဖယ်ပစ်ရတတ်ပါတယ်။

မှိုကြောင့်ဖြစ်တဲ့ လက်သည်းပိုးဝင်ခြင်းဆိုရင်တော့ ဆရာဝန်က သင့်ကို မှိုသတ်ဆေး သောက်ဆေးနဲ့ လိမ်းဆေးပေးပါလိမ့်မယ်။ လက်ကို ခြောက်သွေ့အောင်ထားပြီးတော့ လိုအပ်လျှင် အရေပြားကို ခြောက်သွေ့စေမဲ့ လိမ်းဆေးလိမ်းရပါမယ်။

 

လူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်ဆေးနည်းများ

လက်သည်းပိုးဝင်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

  • လက်သည်းမကိုက်ပါနှင့်။
  • လက်နှင့် ရေအချိန်ကြာသုံးခြင်းကိုလည်း ရှောင်ပါ။
  • ရေသုံးပြီး အလုပ်လုပ်ရမယ်ဆိုပါက အတွင်းတွင် ပိုးအနားသတ်ပါသည့် လက်အိတ်ကို ၀တ်ပါ။
  • လက်အိတ်နှင့် လက်သည်းတုများ အချိန်ကြာကြီး တပ်ခြင်းဝတ်ခြင်းမှ ရှောင်ကြဉ်ပါ။
  • အရေပြားနှင့် လက်သည်းခြေသည်းများကို ကောင်းကောင်းဂရုစိုက်ပါ။

သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 12, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။