Parkinson's Disease (ပါကင်ဆန်ရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Parkinson’s Disease (ပါကင်ဆန်ရောဂါ) ကဘာလဲ။

Parkinson ရောဂါဆိုသည်မှာ dopamine ဟုခေါ်သည့် အာရုံကြောများအတွင်းပို့ဆောင်ဆက်သွယ်ပေးနေသည့် ပစ္စည်းထုတ်လုပ်သည့် ဆဲလ်များ ထိခိုက်မှုခံရတဲ့အာရုံကြောရောဂါတစ်မျိုးဖြစ်ပါတယ် ။ Dopamine နည်းလာသည်နှင့်အမျှ လူတစ်ယောက်ရဲ့လှုပ်ရှားမှုများ ၊ စိတ်နှင့် ကိုယ်ခန္ဓာညီညွတ်မျှတအောင်ထိန်းချုပ်ရခြင်းတို့တွင် အားနည်းပျက်စီးလာပါတယ်။

Parkinson’s Disease (ပါကင်ဆန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အသက်၆၀ အထက်အသက်အရွယ်များဟာ ရောဂါဖြစ်နိုင်ချေပိုများပါတယ် ။ သို့သော်လူငယ်တွေမှာလည်းဖြစ်တတ်ပါတယ်။ယောက်ျားလေးများဟာမိန်းကလေးများထက်ပိုပြီး အဖြစ်များပါတယ် ။ အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်သိရဖို့ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

လက္ခဏာများ

Parkinson’s Disease (ပါကင်ဆန်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများဟာ တစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ပါဘူး။ သတိမပြုနိုင်တဲ့အစောပိုင်းလက္ခဏာတွေလည်းရှိပါတယ်။ လက္ခဏာတွေကတော့..

– သင့်ရဲ့လက်များနဲ့လက်ချောင်းများဟာ ငြိမ်နေတဲ့အခါ တုန်နေခြင်း ။

– parkinson ရောဂါဟာ သင့်ရဲ့လှုပ်ရှားမှုတွေကိုနှေးကွေးစေပြီး သာမာန်အလုပ်များကိုပင် ခက်ခဲစေ၍အချိန်ကြာစေပါတယ်။ လမ်းလျှောက်တဲ့အခါခြေလှမ်းများစိတ်နေခြင်း သို့ ထိုင်ခံမှထရာတွင်ခက်ခဲနေခြင်း ၊

– ခန္ဓာကိုယ်၏မည်သည့်နေရာတွင်မဆိုကြွက်သားများတောင့်တင်းနေ၍ လှုပ်ရှားရန်ခက်ခြင်း ၊ နာကျင်နေခြင်း၊

– ခန္ဓာကိုယ်ပုံစံအနေအထားမညီမျှခြင်း၊

– စိတ်မှထိန်းချုပ်စရာမလိုသော လှုပ်ရှားမှုများဖြစ်သည့် မျက်တောင်ခတ်ခြင်း ၊ ပြုံးခြင်း၊ လမ်းလျှောက်ရာတွင်လက်လွှဲခြင်း ၊

– စကားပြောရာတွင်ပျော့ပျောင်းနေခြင်း၊လျှင်မြန်နေခြင်း၊ စကားမပြောခင် တုံ့ဆိုင်းနေတတ်ခြင်း ၊ စကားပြောသည့်အခါ အသံနေအထားတစ်ပုံစံတည်းဖြစ်နေခြင်း၊

– စာရေးရာတွင်အခက်အခဲရှိခြင်း၊

အထက်တွင်ဖော်ပြမထားတဲ့လက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး အသေးစိတ်သိရဖို့အတွက်ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါလက္ခဏာတွေကြုံတွေ့နေရပြီဆိုလျှင်တော့ ဆရာဝန်နှင့် ပြသသင့်ပါပြီ။လူတစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ပါဘူး။ အကောင်းဆုံးအဖြေကိုရရှိဖို့ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ် ။

အကြောင်းရင်းများ

Parkinson’s Disease (ပါကင်ဆန်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

Parkinson ရောဂါဖြစ်စေတဲ့အကြောင်းအရာကိုမသိရှိရသေးပါဘူး။လေ့လာစမ်းသပ်မှုများလုပ်နေကြတုန်းပါပဲ။ဖြစ်နိုင်တဲ့အကြောင်းအရာတွေကတော့..

– မျိုးရိုးဗီဇ ။ လေ့လာနေသူများကတော့ မျိုးရိုးဗီဇပြောင်းလဲမှုများဟာ parkinsonရောဂါကိုဖြစ်စေပါတယ်။ Parkinson ရောဂါဖြစ်ဖို့အလားအလာများစေတဲ့မျိုးရိုးဗီဇပြောင်းလဲမှုများစွာရှိပါတယ်။

– အဆိပ်တွေနဲ့အခြားပတ်ဝန်းကျင် အခြေအနေများစွာက ရောဂါဖြစ်နိုင်ချေကိုများစေပါတယ်။ ဖြစ်တဲ့နှုန်းကတော့နည်းပါတယ်။

– ဦးနှောက်ဆဲလ်များထဲတွင်ရောဂါဖြစ်စေတဲ့lewy bodies နဲံ A- synuclein ဆိုသောအရာများ ရှိနေခြင်း၊

ဖြစ်နိုင်ခြေများ

 Parkinson’s Disease (ပါကင်ဆန်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Parkinson ရောဂါကိုပိုဆိုးစေတဲ့အရာတွေကတော့..

– အသက်အရွယ်။ လူငယ်တွေကတော့ရောဂါဖြစ်နိုင်ချေနည်းပါတယ်။ အသက်အလတ်ပိုင်း သို့ အသက်ကြီးပိုင်းမှစပြီးရောဂါဖြစ်နိုင်ချေများလာပါတယ်။ အသက်၆၀ သို့ ၆၀ နှင့်အထက်လူများတွင်ရောဂါစပြီး ဖြစ်ပွားလာတတ်ကြပါတယ်။

– မျိုးရိုးဗီဇ။ သင်ဟာ parkinson ရောဂါရှိသူနှင့် အမျိုးဖြစ်နေလျှင်တော့ ရောဂါဖြစ်နိုင်ချေပိုများများပါတယ်။ သင့်ရဲ့ဆွေးမျိုးတွေမှာ parkinson ရောဂါရှိသူတွေများပေမယ့်လည်း သင့်တွင်တော့ ရောဂါဖြစ်နိုင်ချေနည်းပါတယ်။

– ယောက်ျားတွေဟာ အမျိုးသမီးတွေထက်ရောဂါဖြစ်နိုင်ချေပိုများပါတယ်။

– ပိုးသတ်ဆေး ၊ပေါင်းသတ်ဆေးများနှင့် ထိတွေ့မိခြင်းဟာလည်းရောဂါဖြစ်နိုင်ချေကိုပိုပြီးများစေပါတယ်။

အထက်ဖော်ပြပါအချက်တွေမရှိတာနဲ့သင့်မှာဒီရောဂါမရှိဘူးလို့မပြောနိုင်ပါဘူး။ အထက်ဖော်ပြပါအချက်များဟာ ကိုးကားချက်များသာဖြစ်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်တာအကောင်းဆုံးပါပဲ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Parkinson’s Disease (ပါကင်ဆန်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါကိုရှာဖွေစမ်းသပ်ဖို့အသေးစိတ်စမ်းသပ်မှုတွေမရှိပါဘူး။ သင့်ရဲ့ကျန်းမာရေးမှတ်တမ်း၊ ရောဂါလက္ခဏာများ အပေါ်မှာမူတည်ပြီးဆရာဝန်ဟာ အာရုံကြော နှင့် ကိုယ်ပိုင်းဆိုင်ရာစမ်းသပ်ပါလိမ့်မယ်။

သင့်ရောဂါလက္ခဏာတွေကိုဖြစ်စေတဲ့အခြေအနေတွေကိုသိရဖို့ သွေးစစ်ခြင်းကဲ့သို့စမ်းသပ်မှုတွေကိုလည်းလုပ်ပါလိမ့်မယ်။ MRI ရိုက်ခြင်း ၊ ဦးနှောက်ကို အယ်ထရာစောင်းရိုက်ခြင်း ၊ SPETC နှင့် PET scan ရိုက်ခြင်းတို့ကို အခြားရောဂါများကို ရှာဖွေနိုင်ရန်အတွက် အသုံးပြုပါလိမ့်မည်။

ဆရာဝန်ဟာ သင့်ကို parkinson ရောဂါကုသရာတွင်သုံးသည့် carbidopa – levodopa ဆေးကိုပေးပါလိမ့်မယ်။ တစ်ရက် နှစ် ရက်စာ ပေးခြင်းဟာ မသက်သာစေတဲ့အတွက် ဆေးရဲ့အာနိသင်ရဖို့ ဆေးပမာဏလုံလုံလောက်လောက်ပေးပါလိမ့်မယ်။ ဒီဆေးသောက်သုံး၍ သက်သာလာခြင်းဟာ parkinson ရောဂါဟု အတည်ပြုရာတွင် အသုံးဝင်ပါတယ်။

တစ်ခါတစ်ရံမှာparkinsonရောဂါကို ရှာဖွေစမ်းသပ်ခြင်းသည်အချိန်ကြာမြင့်ပါတယ် ။ ဆရာဝန်များဟာ ဦးနှောက်နှင့်အာရုံကြောဆရာဝန်များနှင့် မှန်မှန်တွေ့စေပြီး သင့်အခြေအနေနှင့် ရောဂါလက္ခဏာများကို ရှာဖွေပြီး parkinson ရောဂါဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြပါတယ် ။

Parkinson’s Disease (ပါကင်ဆန်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

Parkinson ရောဂါဟာ ကုသ၍မရနိုင်ပါဘူး။ သို့သော်လည်း ဆေးဝါးများဟာတော့ သင့်ရဲ့ရောဂါလက္ခဏာများကိုသက်သာစေပါတယ် ။ နောက်ပိုင်းကိစ္စများတွင်ခွဲစိတ်ရန်အကြံပေးကြပါတယ် ။ဆေးဝါးကာသမှုတွေဟာ သင့်ရဲ့လမ်းလျှောက်ခြင်း၊ လှုပ်ရှားခြင်း နဲ့ခြေ ၊ လက်များတုန်ခြင်း စတဲ့ပြဿနာတွေကိုသက်သာစေပါလိမ့်မယ်။ဒီလိုကုသမှုတွေဟာ dopamine ကိုများလာစေပါတယ် ။

ကုသမှုခံယူပြီးတဲ့နောက်မှာသင့်ရဲ့ရောဂါလက္ခဏာတွေဟာ သိသိသာသာ ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။တစ်ခါတစ်ရံမှာရောဂါလက္ခဏာတွေကိုကောင်းကောင်းထိန်းချုပ်နိုင်နေပေမယ့် ဆေးအာနိသင်မပြတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဆေးဝါးကုသမှုတွေကတော့..

– Carbidopa-levodopa ။ levodopa ဆေးဟာ parkinson ရောဂါကိုကုသရာတွင်အထိရောက်ဆုံးဆေးဖြစ်ပါတယ်။ သူဟာ ဦးနှောက်ကိုဖြတ်ပြီး dopamine အဖြစ်သို့ပြောင်းနိုင်တဲ့သဘာဝ ဓာတုပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ levodopa ကို carbidopa နှင့်တွဲပေးရခြင်းဟာ carbidopa ဟာ levodopa ဦးနှောက်ဆီသို့မရောက်မီdopamine အဖြစ်သို့ပြောင်းခြင်းမှကာကွယ်ပေးပြီး ပျို့အန်ခြင်းကဲသို့သောဆိုးကျိုးများကိုပါကာကွယ်ပေးပါတယ်။အချိန်တွေကြာလာရင်တော့ဆေးရဲ့အာနိသင်ဟာလျော့သွားတတ်ပါတယ်။ဆေးပမာဏအများကြီးသောက်ပြီးတဲ့အခါမှာလှုပ်ရှားမှုတွေမညီမညွတ်ဖြစ်တတ်ပါတယ်။ ဒီလိုဆိုးကျိုးတွေကိုကာကွယ်နိုင်ဖို့ ဆရာဝန်ဟာဆေးပမာဏကိုလျှော့ချခြင်းဖြစ်စေ ဆေးသောက်ချိန်များကို ညှိ၍ဖြစ်စေ ပြုလုပ်ပါလိမ့်မယ်

– Carbidopa-levodopa သွင်းဆေး။ ဒါဟာ carbidopa နှင့် levodopa ပေါင်းစပ်ပြုလုပ်ထားပြီး အစာအိမ်နှင်ဆက်သွယ်ထားသောပြွန်မှထည့်သွင်းရပါတယ်။ ဒီလိုထည့်သွင်းခြင်းဟာ အူသိမ်ဆီသို့ဆေးကို gel ပုံစံဖြင့်ရောက်ရှိစေ

ပါတယ် ။

ဒီလိုထည့်သွင်းခြင်းကို carbidopa-levodoap ကိုတုံ့ပြန်နေသေးသော၊ တုံ့ပြန်မှုအတက်အကျများစွာရှိသော၊ ပိုဆိုးသောအခြေအနေများတွင်အသုံးပြုပါတယ်။ပြွန်ထည့်သွင်းရာမှာတော့အနည်းငယ်ခွဲစိတ်ရန်လိုအပ်ပါတယ်။ပြွန်ထည့်တာနဲ့ပတ်သတ်ပြီးဘေးထွက်ဆိုးကျိုးတွေကတော့ပြွန်ထွက်သွားတဲ့အခါ ထိုနေရာတွင်ပိုးဝင်ခြင်းပဲဖြစ်ပါတယ်။

– Dopamine agonist ။ levodopaနှင့် carbidopa ကဲ့သို့ dopaminebအဖြစ်သို့မပြောင်းပဲdopamine ရဲ့အာနိသင်များကိုလုပ်ဆောင်ပါတယ်။levodopa ကဲ့သို့အာနိသင်မကောင်းလှသော်လည်းဆေးရဲ့ကြာမြင့်ချိန်ကိုပိုမိုကြာစေပြီး levodopa ပေးလိုက်၊ ရပ်လိုက်အာနိသင်ကိုချောမွေ့ကောင်းမွန်စေပါတယ်။

– dopamine agonist များတွင်pramipexole (Mirapex), ropinirole (Requip) and rotigotine (given as a patch, Neupro) စသည်ဖြင့်ရှိပါတယ်။ ခဏတာသာအာနိသင်ရှိတဲ့dopamine agonist ထိုးဆေးapomorpine ကို ရောဂါလက္ခဏာများချက်ချင်းသက်သာစေရန်အတွက်အသုံးပြုပါတယ်။

– MAO-B inhibitors ။ ဆေးတွေကတော့ selegiline (Eldepryl, Zelapar) and rasagiline (Azilect) တို့ဖြစ်ပြီး dopamine ကိုချေဖျက်တဲ့အင်ဇိုင်းmonoamine oxidase ကိုပိတ်ခြင်းဖြင့် dopamine များကိုများစေပါတယ်။ carbidopa ၊ levodopa ဆေးများနှင့်တွဲပေးတဲ့အခါ ထင်ရောင်ထင်မှားဖြစ်မှုကိုပိုဆိုးစေပါတယ်။ဒီလိုဆေးတွေကို ရှားပါးပေမယ့် ပြင်းထန်တဲ့ဓာတ်ပြုမှုတွေကြောင့် စိတ်ကျဆေးတွေနဲ့တွဲမပေးပါဘူး။MAO b inhibitor ဆေးသုံးစွဲနေစဉ်အခြားဆေးများသုံးစွဲမည်ဆိုပါကဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။

– COMT inhibitor ။ entacapone ဟာဒီအုပ်စုရဲ့အဓိကဆေးဖြစ်ပြီး dopamine ကိုဖျက်စီးတဲ့အင်ဇိုင်းကိုပိတ်ခြင်းဖြင့် levodopa ရဲ့အာနိသင်ကိုကြာမြင့်စေပါတယ်။ tolacapone ဆေးဟာအခြား COMT inhibitor ဖြစ်ပြီး အသည်းပျက်စီးစေနိုင်သောကြောင့် ညွှန်ကြားခြင်းနည်းပါတယ် ။

– Anticholenergic ။ parkinsonရောဂါတွင်လက်များခြေများတုန်ခြင်းကိုသက်သာစေရန်အသုံးပြုကြပါတယ် ။ anticholenergic ဆေးများစွာရှိပြီး benztropine သို့ trihexyphenidyl ဆေးများပါဝင်ပါတယ် ။

– Amantadine ။ parkinsonရောဂါဖြစ်တာမကြာသေးသူများတွင်levodopa carbidopa ကြောင့်ဖြစ်သော အလိုအလျှောက်လှုပ်ရှားသည့် ရောဂါလက္ခဏာများခဏတာသက်သာစေရန် amantadine ဆေးတစ်မျိုးတည်းပေးပါတယ် ။

မတည်ငြိမ်တဲ့တုံ့ပြန်မှုတွေရနေတဲ့ ပိုဆိုးတဲ့parkinsonရောဂါသည်များအတွက်ဦးနှောက်ကိုခွဲစိတ်ရန်လိုအပ်ပါတယ်။ခွဲစိတ်ရာတွင် ခွဲစိတ်ဆရာဝန်များသည် ဦနှောက်ရဲ့အရေးကြီးသောအစိတ်အပိုင်းများထဲသို့ electrodes များထည့်ပေးပါတယ်။ electrodes များဟာ သင့်ရင်ဘတ်ညှပ်ရိုးနားမှာထည့်ထားတဲ့generator နဲ့ဆက်သွယ်ပေးထားပါတယ်။သူဟာဦးနှောက်ကိုလျှပ်စစ်ဓာတ်များထုတ်လွှတ်ပေးပြီးရောဂါလက္ခဏာများကိုသက်သာစေပါတယ်။levodopa ကိုတုံတာသက်သာခြင်းမှလွဲ၍ တုံ့ပြန်မှုမရှိတဲ့လူတွေမှာတော့ဒီလိုကုသခြင်းဟာအာနိသင်မရှိပါဘူး။ levodopa ကြောင့် ခြေ၊လက်များတုန်ခြင်းအရမ်းမသက်သာလျှင်တောင် ဒီခွဲစိတ်နည်းဖြင့်ကုသနိုင်ပါတယ် ။ ဒီနည်းလမ်းဟာရောဂါလက္ခဏာတွေကိုသက်သာစေသော်လည်းparkinson ရောဂါဆက်လက်မဖြစ်ပွားအောင်တော့မတားဆီးနိုင်ပါဘူး ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ။

ဘယ်လိုနေထိုင်မှုပုံစံတွေနဲ့အိမ်တွင်းကုသမှုတွေက ရောဂါကိုသက်သာစေသလဲ။

– ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာ ။အချို့အစားအစာတွေဟာရောဂါလက္ခဏာများကို သက်သာစေပါတယ် ။ ဥပမာအားဖြင့် အမျှင်ဓာတ်များစွာပါဝင်တဲ့အစားအစာတွေနဲ့ရေအလုံအလောက်သောက်သုံးခြင်းဟာparkinsonရောဂါမှာအဖြစ်များတဲ့ဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ သင့်တင့်ညီညွတ်တဲ့အစားအစာများဟာ Omega 3 ဟုခေါ်သည့်အဆီဓာတ်ကိုပေးပြီး ထိုဓာတ်ဟာ parknsonရောဂါရှိသူတွေအတွက်အကျိုးပြုပါတယ်။

– လေ့ကျင့်ခန်းများလုပ်ခြင်းဟာလည်း ကြွက်သားများကို သန်မာ ပျော့ပြောင်းစေ၍ ဟန်ချက်ညီစေပါတယ်။parkinsonရောဂါဟာ ကြွက်သားများကိုဟန်ချက်မညီစေ၍ လမ်းလျှောက်ရာတွင်ခက်ခဲစေပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့စိတ်ကိုလည်းဟိုးရိမ်မှုများ ၊ စိတ်ဓာတ်ကျမှုများမှကင်းဝေးစေပါတယ်။

– ပြုတ်ကျခြင်းမှကာကွယ်နိုင်ရန် သင့်ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုခြေထောက်နှစ်ဖက်ပေါ်တွင်ညီညီမျှမျှရပ်ရပါမယ်။ လမ်းလျှောက်နေစဉ်ပစ္စည်းများသယ်ခြင်း၊နောက်ပြန်လမ်းလျှောက်ခြင်းတို့ကိုမပြုလုပ်ရပါဘူး။

– နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် အဝတ်အစားဝတ်ခြင်း ၊အစာစားခြင်း ၊ ရေချိုးခြင်း နှင့် စာရေးခြင်းတွေဟာ ရောဂါရှိသူများအတွက်ခက်ခဲနေနိုင်ပါတယ် ။နေထိုင်မှုပုံစံကုသသူတွေဟာ သင့်ရဲ့နေ့စဉ်လုပ်ငန်းများကို အဆင်ပြေချောမွေ့စေမယ့်နည်းလမ်းများကိုသင်ကြားပြသပေးပါလိမ့်မယ်။

အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ သင့်အတွက်အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 17, 2018