Orchitis (ဝှေးစိယောင်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Orchitis (ဝှေးစိယောင်ခြင်း) ကဘာလဲ။

ဝှေးစိယောင်ခြင်းသည် တစ်ခု သို့မဟုတ် နှစ်ခုလုံးယောင်ခြင်းဖြစ်နိုင်သည်။ထိုရောဂါသည် များသောအားဖြင့် ရောဂါပိုးဝင်ခြင်း သို့မဟုတ် ဝှေးစိတွင် မန့်ဗိုင်းရပ်ဝင်ခြင်းတို့ကြောင့်ဖြစ်တတ်သည်။

ဝှေးစိယောင်ခြင်းသည် လိင်မှတစ်ဆင့်ဝင်သော ဘက်တီးရီးယားရောဂါပိုး များသောအားဖြင့် ဂနိုရီးယား သို့မဟုတ် ကလက်မိုင်းဒီးယားတို့ကြောင့်ဖြစ်နိုင်သည်။ ဘက်တီးရီးယားကြောင့် ဝှေးစိယောင်ခြင်းကြောင့် ဝှေးစိအညှာယောင်ခြင်းဖြစ်တတ်သည်။

ဝှေးစိယောင်ခြင်းဖြစ်ပါက နာခြင်း နှင့် ကလေးမွေးဖွားနိုင်နှုန်းကိုကျစေနိုင်သည်။သို့သော် ကံကောင်းစွာ ကောင်းမွန်စွာကုသမှုခံယူပါက အရှင်းပျောက်နိုင်ပြီး နောက်ဆက်တွဲပြသာနာများမကျန်ခဲ့နိုင်ပါ။ ကလေးမရတော့ခြင်းဖြစ်သည်ကရှားသည်။

Orchitis (ဝှေးစိယောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဝှေးစိယောင်ခြင်း သည် အသက်အရွယ်မျိုးစုံတွင်ဖြစ်နိုင်ပြီး များသောအားဖြင့် အသက် လေးဆယ့်ငါးကျော်ချိန် နှင့် လူနာတွင် မန့်ရောဂါဖြစ်နေပါက်ပိုဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Orchitis (ဝှေးစိယောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဝှေးစိယောင်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ကပ်ပယ်အိပ်မှ နာခြင်း နှင့် ယောင်ခြင်း၊ယောင်သောလက္ခဏာများက ပြန်ကောင်းပြီး အပါတ်အနည်းငယ်ထိရှိတတ်သည်။

ပျို့ခြင်း

ဖျားခြင်း

ဆီးသွားချိန်တွင်နာခြင်း

ဖြစ်သောအခြမ်းတွင်လေးနေခြင်း

သုတ်ရှည်တွင်သွေးပါခြင်း

ကပ်ပယ်အိတ်သည် ထိချိန် နှင့် လိင်ဆက်ဆံချိန်တွင်နာခြင်း

 

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Orchitis (ဝှေးစိယောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဝှေးစိယောင်ခြင်းအဓိကအကြောင်းအရင်းမှာ ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်သည်။ များသောအားဖြင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်ပိုးများကြောင့်ဖြစ်တတ်သည်။ အဖြစ်အများဆုံး ဗိုင်းရပ်ပိုးမှာ မန့် ဗိုင်းရပ်ဖြစ်သည်။ အရွယ်ရောက်ပြီး ယောကျာ်းလေးများတွင်ပိုဖြစ်တတ်သည်။ဝှေးစိယောင်ခြင်းက မန့်ဝင်ပြီး လေးရက်မှ ခြောက်ရက်အတွင်းဖြစ်တတ်သည်။

ဝှေးစိယောင်ခြင်း။သည် ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဝှေးစိအညှာယောင်ခြင်းတို့ကြောင့်လည်းဖြစ်နိုင်သည်။

ထိုအပြင် လိင်မှတစ်ဆင့် ကူးသောရောဂါ ဥပမာ ဂနိုရီးယားသို့မဟုတ် ကလက်မိုင်းဒီးယား မှလဲ ဝှေးစိအညှာယောင်ခြင်းကိုဖြစ်စေနိုင်သည်။

 

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Orchitis (ဝှေးစိယောင်ခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ဝှေးစိယောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

ကာကွယ်ဆေးမထိုးထားသော မန့်ရောဂါပိုး

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

လိင်ပိုင်းဆိုင်ရာသို့မဟုတ် ဆီးလမ်းကြောင်းဆိုင်ရာခွဲစိတ်ထားခြင်း

ဆီးလမ်းကြောင်းတွင်မွေးရာပါ ပုံမမှန်မှုရှိခြင်း

မလုံခြုံသောလိင်ဆက်ဆံမှုလုပ်ခြင်း

 

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Orchitis (ဝှေးစိယောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဖစ်စေသောအကြောင်းအရာအပေါ်မူတည်ပြီးကုသမှုပြောင်းလဲနိုင်သည်။ကုထုံးများတွင်

ပဋ္ဋိဇီဝပိုးသတ်ဆေး အကယ်၍ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပါက။(သင့်တွင် ဂနိုရီးယား သို့မဟုတ် ကလပ်မိုင်းဒီးယားရှိပါကသင့် အဖော်ကိုပါ စစ်ပြီးကုသသင့်သည်)

အယောင်ကျစေသောဆေးများ

အနာသက်သာစေသောဆေးများ

အနားယူခြင်း ရေခဲကပ်ခြင်းဖြင့် အနာသက်သာစေသည်။

Orchitis (ဝှေးစိယောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဝှေးစိယောင်းခြင်းသေချာရန် ဆရာဝန်မှစမ်းသက်ခြင်းများ လက္ခဏာမေးမြန်းခြင်းများလုပ်လိမ့်မည်။ဆရာဝန်မှ အချို့စမ်းသက်ချက်များ ဥပမာ

သွေးစစ်ခြင်း

ဝှေးစိအား တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း

ကလက်မိုင်းဒီးယား နှင့် ဂနိုရီးယားကိုစမ်းသောဆေးသုံးခြင်း

ဆီးစစ်ခြင်း

ဆီးတွင်းပရိုတင်းစစ်ခြင်း

ယောက်ျားလိင်အဂါင်္မှ အညစ်အကြေးရှိပါက ဆရာဝန်မှ နမူနာယူပြီးဓာတ်ခွဲခန်းပို့လေ့လာမှုများလုပ်လိမ့်မည်။ထိုစမ်းသက်မှုများမှ လိင်မှတစ်ဆင့်ကူးသောရောဂါဟုတ်မဟုတ်ကို သိနိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကဝှေးစိယောင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ဝှေးစိယောင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ကပ်ပယ်အိတ်အားရေခဲကပ်ခြင်းဖြင့် ယောင်ခြင်း နာခြင်းကိုသက်သာစေသည်။

အားကစားများအတွက် လန်ကွတ်တီဝတ်ပါ။

ရေများများသောက်ပါ။ ဆရာဝန်ညွန်ကြားချက်မလိုသောဆေးကိုအနာသက်သာရန်သောက်သုံးနိုင်သည်။ အကယ်၍ အနာပြင်းထန်ပါက ဆရာဝန်မှ ညွှန်ကြားချက်လိုသောပိုပြင်းသောဆေးပေးလိမ့်မည်။

အနာပြင်းထန်ခြင်း အဖျားတက်ခြင်း သို့မဟုတ် ဆီးသွားလျင်နာခြင်းတို့ရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

လင်မှတစ်ဆင့်ကူးသောရောဂါအတွက် ကွန်ဒုံးသုံးပါ။

ဆီးလမ်းကြောင်းဆိုင်ရာရောဂါဝင်လွယ်သူဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

ကာကွယ်ဆေးထိုးပါ။ကလေးများတွင် မန့်ဗိုင်းရပ်ကာကွယ်ဆေးထိုးထားပါက မန့်ကြောင့်ဖြစ်သော ဝှေးစိယောင်ခြင်းကိုကာကွယ်နိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ မတျ 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 15, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။