backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Oral Cancer (ခံတွင်းကင်ဆာ)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Oral Cancer (ခံတွင်းကင်ဆာ) ကဘာလဲ။

ခံတွင်းကင်ဆာဆိုသည်မှာ ခံတွင်းတစ်ရှူးများတွင်ဖြစ်ပေါ်လာသောကင်ဆာဖြစ်ပါတယ်။ သင့်ခံတွင်းရှိမည်သည့်နေရာတွင်မဆိုဥပမာ နှုတ်ခမ်း၊ပါးစောင်၊သွားဖုံး၊အာခေါင်၊အာသီးအမာနှင့်အပျော့၊နှာခေါင်းလျှိုပေါက်များနှင့်လည်ပင်းတွင်ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ပါးစပ်၊လျှာနှင့် နှုတ်ခမ်းတို့မှာပိုအဖြစ်များပါတယ်။

ရောဂါကနဦးပိုင်းမှာ လက္ခဏာအနည်းငယ်သာပြခြင်း (သို့)လက္ခဏာမပြခြင်းတို့ဖြစ်တတ်ပါတယ်။ ခံတွင်းကင်ဆာသည် လည်ပင်းနှင့် ပြန်ရည်ကြောအိမ်များသို့ပြန့်နှံ့သွား၍ ရောင်ရမ်းလာစေသောအခါ(သို့) သင့်သွားဆရာဝန်မှ စမ်းသပ်တွေ့ရှိသောအခါ ခံတွင်းကင်ဆာဖြစ်နေမှန်းသိရှိနိုင်ပါတယ်။

Oral Cancer (ခံတွင်းကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Oral Cancer (ခံတွင်းကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခံတွင်းကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကအခြား

သောအန္တာရာယ်နည်းသည့် ခံတွင်းရောဂါအချို့နှင့် အလွန်ဆင်တူနေပါတယ်။ ထို့ကြောင့် ခံတွင်းကင်ဆာကို သင့်ဘာသာဆုံးဖြတ်နိုင်ရန်ခက်ခဲပါတယ်။ အကောင်းဆုံးကတော့ သွားဆရာဝန်(သို့)ဆရာဝန်တစ်ဦးဆီတွင် အောက်ပါလက္ခဏာများရှိပါက အစစ်ဆေးခံကြည့်ခြင်းဖြစ်ပါတယ်။

  • နှုတ်ခမ်း(သို့) ခံတွင်း၏အတွင်းပိုင်းအခြားနေရာများတွင် ရောင်ရမ်းခြင်း၊ထူထဲလာခြင်း၊အကျိတ်(သို့)အဖုများပေါက်လာခြင်း၊ကြမ်းတမ်းမာကျောသော အစက်အပြောက်များ၊အသားစများ(သို့)အနာများဖြစ်

ပေါ်လာခြင်း (သို့) 2ပတ်အတွင်း အနာကျက်မသွားခြင်း

  • အကြောင်းအရင်းမသိရသော ခံတွင်းသွေးယိုခြင်း
  • မျက်နှာ၊မေးစေ့(သို့) လည်ပင်းနှင့် အောက်နှုတ်ခမ်း၏ မည်သည့်နေရာတွင်မဆို အကြောင်းအရင်းမသိရသော ထုံကျဉ်ခြင်း၊ထိတွေ့ခံစားမှုအာရုံပျောက်သွားခြင်း(သို့)

နာကျင်ကိုက်ခဲခြင်း(သို့)ထိလိုက်လျှင်နာကျင်နေခြင်း

  • သွားကျဲလာခြင်း
  • လည်ပင်းအနောက်ဘက်တွင် နာကျင်ခြင်း(သို့)တစ်စုံတစ်ခုရှိနေသည်ဟုခံစားရခြင်း
  • အစာမျိုရခက်ခြင်း(သို့)မျိုလျှင်နာကျင်ခြင်း
  • အံတုများဝတ်ဆင်ရခက်ခဲခြင်း
  • လည်ပင်းတွင် ရောင်ရမ်းဖုဖောင်းလာခြင်း
  • ပျောက်မသွားနိုင်သည့် နားကိုက်ခြင်းဝေဒနာဖြစ်ပေါ်နေခြင်း
  • ကိုယ်အလေးအချိန်အလွန်အမင်းကျဆင်းသွားခြင်း
  • အသံပြောင်းသွားခြင်း(သို့) အသံအောသွားခြင်း၊နာတာရှည် လည်ချောင်းနာနေခြင်း စသည်ဖြင့်ဖြစ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Oral Cancer (ခံတွင်းကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

ခံတွင်းကင်ဆာသည် သင့်မျိုးရိုးဗီဇ၏ ပုံပြောင်းလဲခြင်းမှ တဆင့်ဆဲလ်များကို ထိန်းမရနိုင်အောင် ပွားများကြီးထွားလာစေခြင်းကြောင့်ဖြစ်သည်။ ထိုဆဲလ်အသစ်များသည် ပုံမှန်မဟုတ်သော များပြားပြွတ်သိပ်နေလှသည့် ဆဲလ်အကောင်းများဖြစ်သည်။ အချိန်ကြာလာသောအခါ ထိုဆဲလ်များက သင့်ခံတွင်းတွင် အသားလုံးတခုဖြစ်လာစေပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Oral Cancer (ခံတွင်းကင်ဆာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ခံတွင်းကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဆေးလိပ်သောက်ခြင်း (စီးကရက်သောက်ခြင်း၊ဆီကာ၊ပိုက်သောက်ခြင်း သို့ ဆေးလိပ်ဖက်ကြမ်းအားဝါးခြင်း)
  • အရက်သောက်ခြင်း
  • သားအိမ်ခေါင်းကင်ဆာပိုးရှိခြင်း
  • ကာလကြာရှည်စွာ မျက်နှာအား နေရောင်ထိတွေ့မှုရှိနေခြင်း
  • ခံတွင်းကင်ဆာဖြစ်ဖူးခြင်း
  • ခံတွင်းကင်ဆာ(သို့) အခြားသောကင်ဆာမျိုးရိုးရှိခြင်း စသည်ဖြင့်ဖြစ်သည်။

25ရာခိုင်နှုန်းအထက်ရှိသော ခံတွင်းကင်ဆာအားလုံးသည် ဆေးလိပ်မသောက်သောသူများနှင့် အရက်တခါတရံသာသောက်သုံးတတ်သောသူများတွင်ဖြစ်ပွားလေ့ရှိကြောင်းကို သိရှိရန်အရေးကြီးသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Oral Cancer (ခံတွင်းကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်သည်ရှေးဦးစွာ ရောဂါလက္ခဏာများကို စစ်ဆေးအတည်ပြုပါတယ်။ သင့်လည်ပင်းရှိပြန်ရည်ကြောကျိတ်များ၊လျှာ၊လည်ပင်းအနောက်ပိုင်း၊ပါးစောင်၊အာခေါင်နှင့် အာခံတွင်းအတွင်းတို့အားသေချာအနီးကပ်ကြည့်ရှူစစ်ဆေးခြင်းဖြစ်သည်။ သင့်၏ရောဂါလက္ခဏာများကို မေးမြန်းတတ်သည်။ဥပမာ မည်သည့်အချိန်တွင် အနာစဖြစ်လာသည်နှင့် နာကျင်မှုရှိမရှိ စသည်ဖြင့်ဖြစ်သည်။ ရရှိလာသောအဖြေအား စစ်ဆေးမှုအချို့နှင့် အတည်ပြုရန် လိုအပ်တတ်သည်။

  • ဓါတ်မှန်စစ်ဆေးမှုများ X ray ဓါတ်မှန်၊ကွန်ပြူတာဓါတ်မှန်၊သံလိုက်ဓါတ်မှန်၊ကိုယ်တွင်းအပေါက်ဖောက်ကာကြည့်ရှူခြင်း(သို့)အရေပြားမှ တဆင့်ပြွန်ထိုးသွားကာ ကိုယ်တွင်းသို့ကြည့်ရှူစစ်ဆေးမှုများ
  • အသားစယူ၍စစ်ဆေးခြင်း – အနာရှိတစ်ရှူး စနမူနာကို ယူ၍ ဓါတ်ခွဲခန်းတွင် စစ်ဆေးကြည့်ခြင်းဖြစ်သည်။

Oral Cancer (ခံတွင်းကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

သင့်ကင်ဆာအဆင့်ပေါ်မူတည်ပြီး သင့်တော်သော ကုသမှုကို ရယူရပါမည်။ ရောဂါအစောပိုင်းအဆင့်များတွင် ကင်ဆာအသားလုံးနှင့် ကင်ဆာဆဲလ်ပြန့်သွား

သော ပြန်ရည်ကြောအကျိတ်များအားခွဲစိတ်ဖြတ်ထုတ်ခြင်းတို့သာ

ပြုလုပ်ရသည်။ သင့်ကင်ဆာသည်အဆင့်မြင့်နေပါကပို၍ ပြင်းထန်သောကုသမှုကို ခံယူရတတ်သည်။ ထိုကုသမှုများကို

သီးခြားဖြစ်စေ တွဲဖက်၍ဖြစ်စေ ပေးတတ်သည်။

  • ဓါတ်ရောင်ခြည်ကုသမှု – ကင်ဆာအသားလုံးဆဲလ်များအား ဓါတ်ရောင်ခြည်ဖြင့် ဖျက်ဆီးခြင်းဖြစ်သည်။
  • ကင်ဆာအကြောဆေးများသွင်းခြင်း – သွေးကြောမှတဆင့် သို့ သောက်ဆေးများဖြင့် ကင်ဆာဆဲလ်များကို တိုက်ခိုက်ခြင်းဖြစ်သည်။ ကုသမှု၏ ရည်ရွယ်ချက်မှာ ကင်ဆာဆဲလ်များပွားလာခြင်းကို ကာ
  • ကွယ်ရန်ဖြစ်သည်။

    အထက်ပါ ကုသမှုများသည် အချို့သောဘေး

    ထွက်ဆိုးကျိုးများကို ပေးစွမ်းနိုင်ပါသည်။ အောက်ပါအတိုင်းဖြစ်ပါသည်။

    ဓါတ်ရောင်ခြည်ကုသမှု

    • လည်ချောင်းနာခြင်း (သို့)ခံတွင်းတွင် အနာဖြစ်ခြင်း
    • ခံတွင်းခြောက်ခြင်း
    • သွားများပျက်စီးခြင်း
    • ပျို့ခြင်း၊အန်ခြင်း
    • သွားဖုံးသွေးယိုခြင်း(သို့)သွားဖုံးတွင် အနာဖြစ်ခြင်း
    • ရောဂါပိုးပေါင်းစုံဝင်ခြင်း
    • သွားဘက်ဆိုင်ရာကုသမှုများပြုလုပ်ပြီးသောအခါ ကာလကြာမြင့်မှ သာ အနာကျက်ခြင်း
    • မေးရိုးခိုင်ခြင်းနှင့် နာကျင်ခြင်း
    • အံစွတ်အတုများဝတ်ဆင်ရခက်ခြင်း
    • မောပန်းနွမ်းနယ်ခြင်း
    • သင့်၏ အရသာနှင့် အနံ့ခံအာရုံပြောင်းလဲခြင်း
    • အရေပြားပေါ်တွင် ပြောင်းလဲမှုများဖြစ်ခြင်း ဥပမာ ခြောက်ကပ်ခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်း
    • ကိုယ်အလေးချိန်ကျခြင်း
    • လည်ပင်းကျိတ်တွင် ပြောင်းလဲမှုများဖြစ်ခြင်း

    ကင်ဆာဆေးများဖြင့် ကုသမှု

    • ဆံပင်ကျွတ်ခြင်း
    • ခံတွင်းနှင့် သွားဖုံးများနာကျင်ကိုက်ခဲခြင်း
    • ခံတွင်းမှ သွေးယိုခြင်း
    • ပြင်းထန်သောသွေးအားနည်းရောဂါဖြစ်ခြင်း
    • အားနည်းနေခြင်း
    • အစာစားချင်စိတ်မရှိခြင်း
    • ပျို့ခြင်း
    • အန်ခြင်း
    • ဝမ်းလျှောခြင်း
    • ခံတွင်းနှင့် နှုတ်ခမ်းတွင် အနာများဖြစ်ခြင်း
    • လက်နှင့် ခြေထောက်များတွင် ထုံကျဉ်ခြင်း

    ပစ်မှတ်ထား၍ကုသမှုများ

    • အဖျားတက်ခြင်း
    • ခေါင်းကိုက်ခြင်း
    • အန်ခြင်း
    • ဝမ်းလျှောခြင်း

    ဆေးမတည့်သည့် တုံ့ပြန်မှုများဖြစ်ပေါ်ခြင်း

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခံတွင်းကင်ဆာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခံတွင်းကင်ဆာ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • သင့်ဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံထားရှိပါ။
    • နာလန်ပြန်ထူစတွင် သင့်ခံတွင်းအား စိုစွတ်သန့်ရှင်းအောင်ထားပါ။
    • အကယ်၍ ကုသမှု၏ဘေးထွက်ဆိုးကျိုးများက သင့်အား စနိုးစနောင့် ဖြစ်နေစေပါက သက်သာအောင်လုပ်နည်းများကို သင့်ဆရာဝန်အားမေးမြန်း၍ ပြုလုပ်ပါ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement