backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Oculomycosis (မျက်စိမှိုစွဲခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Oculomycosis (မျက်စိမှိုစွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Oculomycosis (မျက်စိမှိုစွဲခြင်း) ကဘာလဲ။

မျက်စိမှိုစွဲခြင်းသည် မျက်စိတွင်မှိုရောဂါပိုးဝင်ခြင်းဖြစ်ပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ အမီးပါး နှင့်မှိုတို့ကူးစက်ဝင်ရောက်သောကြောင့်ဖြစ်ရသည်။

သို့သော် ထိုရောဂါသည် အင်မတန်ရှားပါးပြီး ဖြစ်လာပါကလည်း အလွန်ပြင်းထန်ပါသည်။ မျက်စိမှုစွဲရောဂါသည် မျက်လုံး၏မည်သည့်အစိတ်အပိုင်းတွင်မဆိုဖြစ်နိုင်ပါသည်။

မျက်စိမှိုစွဲခြင်းတွင် အောက်ပါအတိုင်း ၂ မျိုးရှိပါသည်။

  • မျက်စိရှေ့လွှာ(cornea)ရောင်ခြင်း

ယင်းသည် မျက်စိအရှေ့ဘက်တွင်ကာထားသော မျက်ကြည်လွှာရောင်ခြင်းဖြစ်သည်။

  • မျက်စိအတွင်းပိုင်းရောင်ခြင်း

ယင်းသည် မျက်စိအတွင်းပိုင်း အရည်ရှိသောနေရာများတွင်ဖြစ်ခြင်းဖြစ်ပြီး အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ ၂ မျိုးရှိပါသည်။

အပြင်ပိုင်းတွင် မှိုစွဲခြင်း သည်မျက်လုံးအပြင်ဘက်မှ မှိုများဝင်ရောက်လာခြင်းကြောင့်ဖြစ်ပြီး အတွင်းပိုင်းတွင် မှိုစွဲခြင်း သည် သွေးကြောများမှတဆင့်မှိုရောဂါများပြန့်နှံ့ကာ မျက်စိတဖက်/ နှစ်ဖက်လုံးကွယ်သည်အထိဖြစ်နိုင်ပါသည်။

Oculomycosis (မျက်စိမှိုစွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မျက်စိမှိုစွဲခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက် ၅၀ ကျော်များတွင် ပိုအဖြစ်များကြောင်းတွေ့ရသည်။ သို့သော်

ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Oculomycosis (မျက်စိမှိုစွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မှိုရောဂါပိုးများနှင့် မျက်လုံးကို ထိတွေ့မိလျှင် ရောဂါဖြစ်နိင်ပြီး မှိုများမျက်လုံးထဲဝင်ရောက်ပြီး နေ့ရက်များ၊ အပတ်များ အတော်ကြာမှ ရောဂါလက္ခဏာများတွေ့ရသည်။

မှိုကြောင့်ဖြစ်သော မျက်စိပိုးဝင်လက္ခဏာများသည် ဘက်တီးရီးယားကြောင့်ဖြစ်သော မျက်စိပိုးဝင်လက္ခဏာများနှင့် ဆင်တူပြီး အောက်ပါတို့ကို ခံစားရသည်။

  • မျက်လုံနာခြင်း၊၊ နီခြင်း
  • မျက်စိမှုန်ခြင်း
  • အလင်းရောင်မခံနိုင်ခြင်း
  • မျက်ရည်များ အလွန်ထွက်ခြင်း
  • မျက်ဝပ်များထွက်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Oculomycosis (မျက်စိမှိုစွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အမျိုးမျိုးသော မှိုများကြောင့ ရောဂါဖြစ်နိုင်သော်လည်း အောက်ပါတို့သည် အဖြစ်များစေသော အကောင်များဖြစ်သည်။

  • Fusarium:

ထိုအကောင်များသည် ပတ်ဝန်းကျင်ရှိ မြေကြီးနှင့် အပင်များတွင်တွယ်ကပ်နေနိုင်သည်။

  • Aspergillus:

ထိုအကောင်းများသည် အိမ်ခန်းများ၏ အတွင်း အပြင်တွင်ရှိတတ်သည်။

  • Candida:

ထိုအကောင်များ သည် yeast မှိုအမျိုးအစားများဖြစ်ပြီး လူခန္ဓာကိုယ် နှင့် ကိုယ်ထဲတွင်ကာထားသော ချွဲအလွှာ များတွင် တွယ်ကပ်နိုင်သည်။

ဖြစ်နိုင်ခြေများ

Oculomycosis (မျက်စိမှိုစွဲခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • မျက်စိကို ဆူးများ၊ သစ်ကိုင်းများဖြင့် ထိခိုက်ဒဏ်ရာရစေခြင်း
  • မျက်စိခွဲစိတ်ခြင်း (အဖြစ်များဆုံးများ မျက်လုံးတိမ်ခွဲစိတ်မှုများဖြစ်သည်။)
  • မျက်လုံးမျက်နှာပြင်ပေါ်တွင်ဖြစ်သော နာတာရှည်မျက်စိရောဂါများ
  • မျက်ကပ်မှန်များ တပ်ခြင်း
  • ရောဂါပိုးပါသော ဆေးပစ္စည်းများနှင့် မျက်လုံးကို ထိတွေ့ခြင်း
  • သွေးထဲတွင် မှိုရောဂါများပြန့်နှံ့ခြင်း

အထက်ဖော်ပြပါ အချက်များအပြင် ဆီးချိုရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများ နှင့် စတီးရွိုက်ဆေးမှီဝဲနေရသူများသည် သာမန်လူများထက် မျက်စိမှိုစွဲရောဂါဖြစ်နိုင်ချေပိုများပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Oculomycosis (မျက်စိမှိုစွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်တွင်မျက်စိမှိုစွဲခြင်း ဖြစ်နေပြီဟု သံသယရှိပါက-

ပထမဦးစွာ သင့်ဆရာဝန်က သင့်ကို ကစစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။ ထို့နောက် တိကျသော ကုသမှုလုပ်ရန် အတွက် မျက်စိဆရာဝန်က သင့်မျက်လုံးထဲရှိ တစ်သျူးစ သို့မဟုတ် အရည်ကိုယူပြီး ဓါတ်ခွဲခန်းတွင် မှန်ဘီလူးဖြင့် ကြည့်ခြင်း၊ ပိုးကောင်မွေးခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် မှိုအမျိုးအစားကို သိနိုင်ပါသည်။

နောက်ပိုင်းတွင် PCR ဖြင့်စစ်ခြင်း၊ Confocal မှန်ဘီလူးဖြင့်ကြည့်ခြင်းအားဖြင့် ပိုမိုလျှင်မြန်စွာရောဂါကို သိနိုင်ပါသည်။

သို့သော် ပိုးကောင်မွေးခြင်းသည် မျက်စိမှိုစွဲခြင်းကို သိရန်အသုံးပြုသော စံ စစ်ဆေးမှုဖြစ်ပါသည်။

Oculomycosis (မျက်စိမှိုစွဲခြင်း) ကို ဘယ်လိုကုသပါသလဲ

အောက်ဖော်ပြပါ အချက်များအပေါ်မူတည်ပြီး ကုသမှုများကို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မည်။

  • ရောဂါဖြစ်စေသော မှိုအမျိုးအစား
  • ရောဂါ၏ ပြင်းထန်မှုအခြေအနေ
  • ရောဂါဖြစ်သော မျက်လုံး၏အစိတ်အပိုင်း

ကုသနိုင်သော နည်းလမ်းများမှာ

  • မှိုသတ်ဆေး (မျက်စဉ်းဆေး)
  • မှိုသတ်ဆေး ( စားဆေး၊ အကြောထိုးဆေး)
  • မျက်စိထဲသို့ တိုက်ရိုက်ထိုးသွင်းသော ထိုးဆေး
  • မျက်စိခွဲစိတ်မှု တို့ဖြစ်သည်။
  • မျက်စိမှိုရောဂါများအားလုံးကို ညွှန်ကြားထားသောဆေးများဖြင့် ကုသရာတွင် ရက်သတ္တပတ်များ မှ လအတန်အထိကြာနိုင်သည်။ Natamycin မှိုသတ်ဆေးသည် Aspergillus နှင့် Fusarium ကြောင့်ဖြစ်သောမျက်စိအပြင်လွှာရှိမှိုများကို သေစေသည်။

    ပိုပြီးအတွင်းပိုင်းကျပြင်းထန်သော ရောဂါများကိုမူ amphotericin B, fluconazole, or voriconazole စသည့်ဆေးများနှင့် ကုသရသည်။ ထိုဆေးများကို စားဆေး၊ အကြောထိုးဆေးနှင့် မျက်စိထဲသို့ တိုက်ရိုက်ထိုးသွင်းသော ထိုးဆေးအနေနှင့် ပေးနိုင်ပါသည်။

    အထက်ပါကုသမှုများနှင့် မသက်သာပါက ခွဲစိတ်ခြင်း၊ မျက်ကြည်လွှာ အစားထိုးခြင်း၊ မျကစိအတွင်းပိုင်းရှိ အရည်များကို ဖယ်ရှားခြင်း နှင့် အဆိုးရွားဆုံးဖြစ်လျှင် မျက်စိတခုလုံးကို ထုတ်ပစ်လိုက်ခြင်းတို့ပြုလုပ်နိုင်ပါသည်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် မျက်စိမှိုစွဲသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

    အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

    • မျက်စိကို အပင်များနှင့် ထိခိုက်နိုင်ချေရှိသူများ၊ စိုက်ပျိုးရေးလုပ်သားများသည် အကာအကွယ်အနေနှင့် မျက်မှန်တပ်သင့်သည်။
    • မျက်ကပ်မှန် တပ်သူများကလည်း မျက်ကပ်မှန်နှင့် ပက်သက်သည့် ဂရုပြုစရာများကို စနစ်တကျလိုက်နာသင့်သည်။

    သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement