Obesity (အဝလွန်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

Obesity (အဝလွန်ခြင်း) ကဘာလဲ။

အဝလွန်ခြင်း ဆိုတာ ခန္ဓါကိုယ်တွင်း အဆီဓါတ်အလွန်များတဲ့ အခြေအနေပါဝင်တဲ့ သွင်ပြင်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပါတယ်။ အဝလွန်ခြင်းဟာ လူနာရဲ့ ခန္ဓါကိုယ်ပိုင်းထိခိုက်စေရုံသာမက တခြားသော ရောဂါများ ဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုသွေးချို နှင့် သွေးထိုးခြင်းတို့လဲ ဖြစ်နိုင်စေပါတယ်။

အဝလွန်ခြင်း နှင့် ကိုယ်အလေးချိန်များခြင်းဟာ မတူညီတဲ့ သဘောတရားနှစ်မျိုးဖြစ်ပါတယ်။ ကိုယ်အလေးချိန်များတာဟာ အရပ်အမြင့်ကိုလိုက်ပြီး ဖြစ်နိုင်ပြီး အဆီများခြင်းကြောင့်သာမက ကြွက်သားကြီးထွားခြင်း နှင့် ခန္ဓါတွင်း ရေများနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေနှစ်ရပ်လုံးက ကျန်းမာရေးအခြေအနေပေါ် ဆိုးရွားတဲ့ သက်ရောက်မှူတွေ ဖြစ်နိုင်ပါတယ်။

Obesity (အဝလွန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

လူတိုင်းဟာ အစားလျှော့မစားလျှင် သို့ မဟုတ် လေ့ကျင့်ခန်းမလုပ်လျှင် အဝလွန်ခြင်း ဖြစ်နိုင်ပါတယ်။ အဝလွန်ခြင်းကို စီမံခန့်ခွဲခြင်း အလုပ်လုပ်ကိုင်သူများ၊ ရုံးဝန်ထမ်းများ နှင့် လစ အရမ်းမများ အသင့်အတင့် ရရှိသူတွေမှာ တွေ့ရတတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Obesity (အဝလွန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

BMI 25 ထက်များတဲ့ လူတွေကို ကိုယ်အလေးချိန်များသူများ၊ 30 နှင့် အထက်ကို ဝသော သူများ နှင့် 40 သို့ 40 ထက်များသူတွေကို အဝလွန်သူများလို့ခေါ်ပါတယ်။ BMI ဆိုတာ လူတစ်ယောက် ကိုယ်အလေးချိန်များနေလား ဆိုတာ သိအောင် တိုင်းတာနည်းတစ်မျိုး ဖြစ်ပါတယ်။

BMI = ကိုယ်အလေးချိန် (kg) / (အရပ်အမြင့်(m) x အရပ်အမြင့် (m))

လူအများစုအတွက် ခန္ဓါတွင်း အဆီပို ဘယ်လောက် ရှိလဲ ဆိုတာကို သိရှိရန် BMI က ကူညီပေးပါတယ်။ သို့သော် BMI က အဆီကို တိုက်ရိုက်တွက်ပေးတာ မဟုတ်ပါဘူး။ ဥပမာ တချို့လူတွေမှာ အထူးသဖြင့် ကိုယ်ကာယ ကြံ့ခိုင်အောင် ကစားနေသော အားကစားသမားတွေရဲ့ BMI က အဆီပို မရှိသော်လည်း သူတို့ရဲ့ ကြီးထွားနေတဲ့ ကြွက်သား အလေးချိန်ကြောင့် ဝတဲ့ အထဲ ရောက်နေတတ်ပါတယ်။ ထို့ကြောင့် BMI ကို အားကိုးနေရုံနဲ့ သင့်ရဲ့ အဝလွန်နေမှုကို မသိရှိနိုင်ပါ။ သင့် BMI နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ရှိလျှင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

အဝလွန်ခြင်းကြောင့် ဆိုးရွားတဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ သွေးတိုးခြင်း၊ ဆီးချိုသွေးချို နှင့် နှလုံးရောဂါတွေပဲ ဖြစ်ကြပါတယ်။ ဒီအခြေအနေဟာ အဆစ်ရောင်ခြင်း၊ အသက်ရှူထုတ်ချိန်တွင် မောခြင်း၊ အိပ်ရင်း အသက်ရှူမဝခြင်း၊ နှင့် ပင်ပန်းနွမ်းနယ်ခြင်းတွေကို လည်း ဖြစ်စေပါတယ်။

အထက်မှာဖော်ပြထားတဲ့ အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင် ဝနေပြီလို့ထင်လျှင် အထူးသဖြင့် ကိုယ်အလေးချိန်နှင့် ပတ်သက်ပြီး စိုးရိမ်နေလျှင် ဆရာဝန်နဲ့ ချက်ချင်းသွား ပြသင့်ပါတယ်။ သင်နဲ့ သင့်ဆရာဝန်က ဖြစ်လာနိုင်တဲ့ ရောဂါအခြေအနေတွေနဲ့ ကိုယ်အလေးချိန်လျှော့ချရန် အတူ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Obesity (အဝလွန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဝလွန်ခြင်းက ကယ်လိုရီတွေ အများကြီး စုပ်ယူခြင်းကြောင့် ဖြစ်ရပါတယ်။ တချို့လူတွေမှာ အကြောင်းအရင်း သေချာမရျိပဲ အဝလွန်လာတတ်ပါတယ်။ မျိုးရိုးဗီဇကြောင့် ( မိဘနှစ်ပါးဆီမှ ကလေးအတွက် ကိုယ်အလေးချိန်များစေတဲ့ မျိုးရိုးဗီဇများ ပါလာခြင်း)၊ စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်များ( စိတ်ဖိစီးလျှင် စားခြင်း) သို့ လူမှု ယဉ်ကျေးမှု ပြောင်းလဲလာခြင်း(လူတွေကို ပိုစားလာစေခြင်း) တို့ကြောင့် လဲ ဖြစ်နိုင်ပါတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Obesity (အဝလွန်ခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • မျိုးရိုးဗီဇ
  • မိသားစု နေထိုင်မှု ပုံစံ
  • မကောင်းသော စားသောက်တတ်တဲ့ အကျင့်
  • ဆေးလိပ်ဖြတ်ခြင်း
  • အအိပ်နည်းခြင်း
  • တချို့ဆေးဝါးများ
  • အသက်အရွယ်
  • လူမှု နှင့် စီးပွားရေး ပြသနာများ
  • ကျန်းမာရေး ပြသနာများ

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ obesity မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Obesity (အဝလွန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အဝလွန်ခြင်းကို အတည်ပြူနိုင်ရန် ဆရာဝန်က လက်တွေ့စမ်းသပ်ခြင်း၊ ကျန်းမာရေး၊ စားသောက်မှု ပုံစံ နှင့် လေ့ကျင်းခန်းလုပ်မှု အတိုင်းအတာ တို့ကို မေးမြန်းပါလိမ့်မယ်။

ထို့နောက် ဆရာဝန်က သင့်ရဲ့ ကိုယ်အလေးချိန်နှင့် ဆက်နွယ်တဲ့ ရောဂါများ ရှိနိုင် မရှိနိုင်အား သိနိုင်ရန် အသုံးအများဆုံးသော နည်းလမ်းနှစ်ခုနှင့် သင့် ရဲ့ ကိုယ်အလေးချိန်ကို တွက်ပါမယ်။

  • သင့် အရပ်အမြင့် နှင့် ကိုယ်အလေးချိန်ကိုသုံးပြီး အောက်ပါတွက်နည်းနှင့် BMI တွက်ပါမယ်။ BMI = weight (kg) / (height (m) x height (m))။ ထုံးစံအရ BMI 25 ထက်များတဲ့ လူတွေကို ကိုယ်အလေးချိန်များသူများ၊ 30 နှင့် အထက်ကို ဝသော သူများ နှင့် 40 သို့ 40 ထက်များသူတွေကို အဝလွန်သူများလို့သတ်မှတ်ပါတယ်။
  • ခါးအတိုင်း ( သင့်ရဲ့ ခါးပတ်ပတ်လည်ကို ပေကြိုးနှင့် ဘယ်နှလက်မရှိလဲ တိုင်းပါတယ်။) ခါးအတိုင်းတိုင်း ခြင်းဖြင့် သင့်ရဲ့ ခန္ဓါတွင်း အဆီဘယ်လောက်ရှိလဲ သိနိုင်ပါတယ်။

Obesity (အဝလွန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အစားလျှော့စားခြင်း၊ လေ့ကျင့်ခန်းနှင့် ခွဲစိတ်မှု အကုန်ကြိုက်တာ လုပ်နိုင်ပါတယ်။ စားသောက်မှု ကျွမ်းကျင်နှင့် ဆရာဝန်တွေက သင့် အစားအသောက်ထဲမှအဆီနှင့် ကယ်လိုရီနည်းအောင် ချိန်ဆပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းကတော့ အကောင်းဆုံးနည်းလမ်းပါပဲ၊ တခြားနောက်ဆက်တွဲ ရောဂါတွေ မဖြစ်လာဖို့ ကိုယ်ပိုင် စောင့်ကြည့်တဲ့ အစီအစဉ် တစ်ခု ရှိသင့်ပါတယ်။ တချို့ ဆေးတွေက ကိုယ်အလေးချိန်ကျအောင် လှူံ့ဆော်ပေးသော်လည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ အစားအသောက်နှင့် လေ့ကျင့်ခန်းလုပ်ပြီးမှသာ ဆရာဝန် ညွှန်ကြားချက်နှင့်ဆေး သောက်သင့်ပါတယ်။

တက်ကြွတဲ့ လူနေမှု ဘဝပုံစံ ဖြစ်တဲ့ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာတဲ့ စားသောက်မှု ပုံစံကို ပြုကျင့်နိုင်မှ သာကိုယ်အလေးချိန်ကျပြီး ကျန်းမာလာနိုင်ပါတယ်။ ဆရာဝန်နှင့် အစားအသောက်ကျွမ်းကျင်တွေနဲ့ ပူးပေါင်းပြီး သင့်အတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏ ကို တွက်ချက်စားသောက်ခြင်းဖြင့် ကိုယ်အလေးချိန်ကျလာပြီး ကျန်းမာရေးလဲ ပိုကောင်းလာနိုင်ပါတယ်။ ကိုယ်အလေးချိန်အား ဖြည်းဖြည်းမှန်မှန် ချခြင်းဟာ ကိုယ်အလေးချိန်ပြန်တက်ခြင်းကိုလည်း ရှောင်ကြဉ်ရာရောက်ပါတယ်။ အစားအသောက် ကျွမ်းကျင်က သင့်ကို အောက်ပါနည်းလမ်းတွေ သင်ပေးပါလိမ့်မယ်။

  • ကျန်းမာတဲ့ အစားအသောက်တွေကို ဘယ်လိုရွေးစားမလဲ
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်များ
  • မသုံးခင် အာဟာရပါဝင်မှုတံဆိပ်ကို ဖတ်ပါ။
  • အစာပြုလုပ်ခြင်း နည်းလမ်းသစ်များ
  • အစာစားချိန်

စိတ်ဖိစီးလျှင် လမ်းဘေးစာ မစားမိအောင် စိတ်ဖိစီးမှု လျှော့ချပေးတဲ့ ယောဂ၊ လေ့ကျင့်ခန်းနှင့် တရားထိုင်ခြင်းနည်းလမ်းတွေ လည်း သိထားသင့်ပါတယ်။ ဆိုးရွားတဲ့ စိတ်ကျခြင်း သို့ စိတ်ဖိစီးခြင်းရှိနေလျှင် ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

တချို့ဆေးတွေကတော့ ကိုယ်အလေးချိန်ကျစေနိုင်သလို ဘေးထွက်ဆိုးကျိုးတွေလဲ ရှိပါတယ်။ အစားအသောက်နှင့် လေ့ကျင့်ခန်းလုပ်ပြီးမှသာ ဆရာဝန် ညွှန်ကြားချက်နှင့်ဆေး သောက်သင့်ပါတယ်။

တကယ်လို့ သင်ဟာ ဝနေလျှင် ( စံကိုယ်အလေးချိန် ၁၀၀ ရာခိုင်နှုန်း ထက်များနေလျှင် သို့ BMI 45 ထက်များနေလျှင် ) နှင့် တခြား ကိုယ်အလေးချိန်ချတဲ့ နည်းလမ်းများ အသုံးမဝင်လျှင် ခွဲစိတ်ကုရန် စဉ်းစားရပါတော့မယ် ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဝလွန်ခြင်း ကို ကုသရာမှာ ဘယ်လို အထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အဝလွန်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
• သင့်ကျန်းမာရေး အခြေအနေကို ဆရာဝန်ကို ပြောပြပါ။
• သင်သုံးတဲ့ ဆေးတွေ အကုန် ဆရာဝန်ကို ပြောပြပါ။ ဆေးတစ်မျိုးရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားနေရလျှင် ဆရာဝန် ခေါ်ပါ။
• ကိုယ်အလေးချိန်ချတဲ့ အဖွဲ့ထဲ ပါဝင်ပါ။
• သင့် လက်ရှိ ကိုယ်အလေးချိန် နှင့် BMI နှင့် ခန္ဓါကိုယ်အဆီတို့ကို နားလည် သိရှိထားပါ။
• သင် အစားအသောက်လျှော့ လေ့ကျင့်ခန်း လုပ်နေတာတောင်မှ ကိုယ်အလေးချိန်တက်နေသေးလျှင် ဆရာဝန် ခေါ်ပါ။
• ခွဲစိတ်မှု အပြီး ဝမ်းလျှောခြင်း နှင့် ပြင်းထန်စွာ သကြားဓါတ်ကျဆင်းလျှင် ဆရာဝန်ကို ပြောပြပါ။
• ကိုယ့်အခြေအနေကိုယ် လေ့လာနားလည်ခြင်းဖြင့် ဘယ်အရာတွေကို လုပ်ဆောင်သင့်တယ် ၊ ထိန်းချုပ်သင့်တယ်ကို သိလာနိုင်ပါတယ်။
• ဖြစ်နိုင်တဲ့ ရည်မှန်းချက်မျိုးထားပါ။ ။ ကိုယ်အလေးချိန်ကျရန် အများကြီး မျှော်မှန်းထားလျှင် လွယ်လွယ်ကူကူ စိတ်ပျက် အားလျော့ သွားတတ်ပါတယ်။
• ကုသမှု အစီအစဉ်ကို စဉ်ဆက်မပြတ် လုပ်ဆောင်ပါ။
• ကုသမှု တစ်လျှောက်ပြောင်းလဲမှု ကို မှတ်သားထားပါ။ ။ သင်လုပ်ဆောင်ခဲ့တဲ့ လေ့ကျင့်ခန်းနှင့် သုံးခဲ့တဲ့ အစားအသောက်တွေကို မှတ်သားထားပါ။ ဒီလို မှတ်ထားခြင်းဖြင့် စားသောက်ခြင်း နဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ဖြစ်ပါလိမ့်မယ်။ သင်ဘယ်အစားအစာတွေ ရှောင်ရမယ် ဘယ်လိုလှုပ်ရှားမှုမျိုး မလုပ်သင့်ဘူးဆိုတာလည်း သိလာပါလိမ့်မယ်။ သင့်စားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ အစားအသောက်တွေကို မှတ်ထားပြီး ရှောင်ကြဉ်ပါ။ တကယ်ဗိုက်ဆာမှသာ စားပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇူလိုင် 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုင် 18, 2017

ရင်းမြစ်များ