Nursemaid's Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) ကဘာလဲ။

  • Nursemaid’s Elbow ဆိုတာ မူလနေရာကနေ တံတောင်ဆစ်အရိုးများ ချော်ထွက်သွားခြင်းကို ခေါ်ပါတယ်။
  • လက်ဖံရိုး (Radius) နဲ့ လက်မောင်းရိုး (Ulna) တို့ကို ကြုံ့နိုင်ဆန့်နိုင်သော အရွတ်တို့ဖြင့် တွယ်ဆက်ထားပါတယ်။ ထိုအရွတ်တို့က အသက်ကြီးလာတာနဲ့ အမျှ ပိုမိုခိုင်ခန့်လာပါတယ်။ ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ မွေးကင်းစလေးတွေမှာ အရွတ်များဟာ လျော့ရဲစွာ တွယ်ဆက်ထားကြပါတယ်။ ထိုသို့ဖြစ်နေခြင်းက တံတောင်ဆစ်လွဲဖို့ လွယ်ကူသွားစေပါတယ်။
  • Nursemaid’s Elbow ဖြစ်သွားတဲ့ ကလေးတစ်ယောက်ဟာ လက်နာကျင်ခြင်းကို ခံစားရမှာပါ။ ဒါပေမယ့်လည်း ရေရှည်ထိခိုက်မှုတွေတော့ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဆေးခန်းတို့ အရေးပေါ်ခန်းတို့မှာပဲ ကျွမ်းကျင်သူတွေက တံတောင်ဆစ်ကို ပြန်တည့်ပေးနိုင်ပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ ပြီးသွားမှာပါ။

Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ကလေးငယ်ငယ်လေးတွေနဲ့ မူကြိုအရွယ်လေးတွေမှာ အဖြစ်များပါတယ်။ ၁နှစ်ကနေ ၄နှစ်အတွင်း ကလေးတွေမှာ အရွတ်များလျော့ရဲစွာတွယ်ဆက်နေပြီး အရိုးများကလည်း အပြည့်အ၀ မဖွံ့ဖြိုးသေးတာကြောင့် Nursemaid’s Elbow ဖြစ်နိုင်ခြေ များပြားပါတယ်။

ထိုအခြေအနေက အရိုးအချို့တို့ကို မူလနေရာကနေ ချော်ထွက်သွားစေဖို့ လွယ်ကူသွားစေပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ အရွတ်တွေ ပိုမိုခိုင်ခံ့ထူထဲလာပါပြီး အရိုးများ ကြီးမားခိုင်ခံ့လာပါတယ်။

ဒါကြောင့်လည်း Nursemaid’s Elbow ဖြစ်နိုင်ခြေ လျော့နည်းသွားပါတယ်။ ယင်းအခြေအနေကို ရှောင်သင့်သည်များကိုရှောင်၊ ဆောင်သင့်သည်များကိုဆောင်ပြီး ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Nursemaid’s Elbow ၏ ရောဂါလက္ခဏာများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အလွန်အမင်း နာကျင်ခြင်း
  • အဆစ်တို့ သိသိသာသာ ပုံပျက်သွားခြင်း
  • Nursemaid’s Elbow ဖြစ်နေတဲ့ ကလေးငယ်တွေများသည် တံတောင်ဆစ်လှုပ်မှသာ နာကျင်ကြပါတယ်။ ထိုသို့ဖြင့် အဆစ်လွဲသော တံတောင်ဆစ်အား သိပ်အသုံးမပြုတော့ဘဲ ကိုယ်နဲ့ကပ်ထားပြီး လက်ကိုကွေးကွေးလေးထားဖြစ်သွားပါတယ်။
  • တစ်ခါတစ်ရံမှာ တစ်စိတ်တစ်ပိုင်းမျှသာ အဆစ်လွဲတတ်ပါတယ်။ ထိုအခါ အရွတ်တို့ စုတ်ပြဲသွားသော နေရာမှာ အညိုအမဲစွဲကာ နာကျင်လာပါတယ်။
  • ရောင်ရမ်းခြင်းမရှိသလို ပုံစံပျက်သွားခြင်းလည်း မရှိပါဘူး။ Nursemaid’s Elbow ဟာ သိသိသာသာပုံပျက်သွားခြင်းမရှိသလို ရောင်ရမ်းခြင်းတွေလည်းမရှိတာကြောင့်  ဒဏ်ရာရနေတယ်လို့ကို မထင်ရပါဘူး။

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်ဖြင့် ပြသပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင် ဖော်ပြထားသော လက္ခဏာများ ရှိနေမယ် သို့မဟုတ် မေးစရာများ ရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓာကိုယ်တွေ မတူကြပါဘူး။ ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်။

အကြောင်းရင်းများ

Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လူကြီးများတွင် တံတောင်ဆစ်လွဲခြင်း ဖြစ်စေတတ်သော အကြောင်းအရင်းများက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • ပြုတ်ကျခြင်း၊ ချော်လဲခြင်း။ လက်ဆန့်လျက် ချော်လဲပါက လက်မောင်းရိုးက တံဆောင်ဆစ်ကနေ အံလွဲပါတယ်။
  • မတော်တဆမှုများ။ အက်စီးဒင့်ဖြစ်တဲ့အခါမှာ မတိုက်မိခင် လက်တောင့်ထားတာကြောင့် အထက်ပါအတိုင်း တူညီတဲ့ ထိခိုက်မှုမျိုးဖြစ်လာပါတယ်။

ကလေးများနဲ့ ဆယ်ကျော်သက်များတွင် လက်ဆန့်လျက်လဲတာကြောင့် တံဆောင်ဆစ်လွဲခြင်း အဖြစ်များပါတယ်။

နို့တိုက်အရွယ်လေးတွေမှာ ဆန့်တန်းထားတဲ့ လက်ကို ဆွဲဆောင့်လိုက်တာမျိုးကြောင့် Nursemaid’s Elbow ဖြစ်သွားတတ်ပါတယ်။ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • နည်းလမ်းမှန်ဖြင့် မချီခြင်း။ လက်ကနေကိုင်ပြီး ကလေးကို ချီခြင်း၊လွှဲခြင်းက တံတောင်ဆစ်လွဲစေတတ်ပါတယ်။
  • ဆွဲဆောင့်ခြင်း။ လက်ကနေကိုင်ပြီး ပလက်ဖောင်းပေါ် ဆွဲတင်လိုက်တာမျိုး၊ လှေကားပေါ် ဆွဲတင်လိုက်တာမျိုးက တံတောင်ဆစ်လွဲစေတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

 Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Nursemaid’s Elbow ဖြစ်နိုင်ခြေ မြင့်မားစေသော အချက်များစွာရှိပါတယ်။ အောက်ပါတို့ပဲ ဖြစ်ပါတယ်။

  • ကလေးကို လက်ကနေကိုင်ပြီး ဆွဲမခြင်း။ လက်တို့၊ လက်ဖျံတို့ကနေ ဆွဲမထားခြင်းက တံတောင်ဆစ်ကို တောင်တော်လေးအလုပ်ပေးပါတယ်။ နို့တိုက်အရွယ်ကလေးများကို ဘယ်တော့မှ လက်ကနေမမပါနှင့်။ ချိုင်းကြားကနေမခြင်းက အန္တရယ်အကင်းဆုံးနည်းလမ်းပါပဲ။
  • နို့တိုက်အရွယ်ကလေးများကို လက်ကနေကိုင်လွှဲခြင်း။ လက်ကနေကိုင်လွဲခြင်းမျိုးက တံတောင်ဆစ်ကို ထိခိုက်စေပါတယ်။
  • ကလေးကို လက်ကနေ ဆောင့်ဆွဲခြင်း။ လမ်းလျောက်နေစဉ် လက်ဆွဲထားခြင်း၊ ဖြတ်ကနဲ ဆွဲကိုင်လိုက်ခြင်းမျိုးက ဆောင့်ဆွဲသလို ဖြစ်သွားပြီး အန်နျူလာအရွတ်ကို ချော်သွားစေပါတယ်။
  • လက်ထောက်ရ်ျ ချော်လဲခြင်း။ လက်ဆန့်တန်းလိုက်ခြင်းက ချော်လဲခြင်းအား သဘာဝအရတုံ့ပြန်ခြင်းပါပဲ။ ထိုအခါ တံတောင်ဆစ်လန်သွားပြီး အန်နျူလာအရွတ်ကနေ ချော်ထွက်သွားပါတယ်။
  • ပေါက်ကရပုံစံဖြင့် လူးလှိမ့်ခြင်း။ ပုခက်၊ အိပ်ရာနဲ့ ကြမ်းပြင်ပေါ်တို့မှာ လူးလှိမ့်ခြင်းက ကလေးငယ်ငယ်လေးများတွင်  Nursemaid’s Elbow ဖြစ်စေတတ်ပါတယ်။
  • အသက်ငယ်ခြင်း။ ကလေးငယ်ငယ်လေးတွေဟာ လူကြီးတွေထက် ပိုပျော့ပြောင်းပါတယ်။ ဒါကြောင့်လည်း အဆစ်လွဲနိုင်ခြေများတာပါ။
  • မျိုးရိုး။ အချို့သော လူတွေဟာ သာမန်ထက် လျော့ရဲသော တံတောင်ဆစ်အရွတ်တို့ဖြင့် မွေးဖွားလာရပါတယ်။
  • အားကစားပြုလုပ်ခြင်း။ တံတောင်ဆစ်လွဲခြင်း တော်တော်များများက အားကစားပြုလုပ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဂျင်ဆော့ခြင်းလိုမျိုး လက်ဖြင့် အလေးမရတဲ့ အားကစားတွေဆိုလျင် အဖြစ်များပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ဒဏ်ရာရတဲ့ အဆစ်ကို သေချာဂရုတစိုက် စစ်ဆေးပါလိမ့်မယ်။ ပြီးနောက် သွေးကြောတွေ၊ အာရုံကြောတွေထိလား၊ မထိဘူးလား သိဖို့ လက်ကို အေးနေလား၊ ထုံနေလား စစ်ဆေးမှာပါ။ တံတောင်ဆစ်အရိုးကျိုးနေခြင်းကို စစ်ဆေးဖို့ X-ray (ဓာတ်မှန်) ရိုက်ပါလိမ့်မယ်။

Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ပုံမှန် မတော်တဆမှုလေးတွေနဲ့တောင် အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ ဒါကြောင့်လည်း လွယ်လွယ်နဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။

ဆေးပေးခြင်း

  • အရိုးပြန်မတည့်ခင်မှာ အနာသက်သာစေဖို့နဲ့  ကြွက်သားများ လျော့ရဲနေစေဖို့ ဆေးများ ပေးပါလိမ့်မယ်။

ကုသခြင်း

  • အရိုးများပြန်တည့်သွားပြီးတဲ့ နောက်မှာ ရက်သတ္တပတ်အနည်းငယ်ခန့် ကျပ်စီးပြီး သိုင်းကြိုးစွဲထားဖို့ လိုအပ်ပါတယ်။ ပြန်တည့်ထားသော အဆစ်ရဲ့ လှုပ်ရှားနိုင်မှု၊ ကြံ့ခိုင်မှုတိုးတက်စေရန် လေ့ကျင့်ခန်းအသေးစားလေးများ လုပ်ပေးဖို့လိုနိုင်ပါတယ်။

ခွဲစိတ်ကုသခြင်း

အောက်ပါတို့ ဖြစ်နေပါက ခွဲစိတ်ကုသခြင်း လိုအပ်နိုင်ပါတယ်။

  • အဆစ်လွဲသွားသော အရိုးများအားလုံး ကျိုးပဲ့ကုန်ခြင်း
  • အရွတ်စုတ်ပြဲသွားခြင်းကြောင့် ပြန်လည်တွယ်ဆက်ဖို့ လိုအပ်ခြင်း
  • အာရုံကြောတို့၊ သွေးကြောတို့ ထိခိုက်ပျက်စီးသွားခြင်းကြောင့် ပြန်လည်ပြုပြင်ရန် လိုအပ်ခြင်း

လူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

ဘယ်လိုလူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက Nursemaid’s Elbow အား ရင်ဆိုင်နိုင်စေဖို့ ကူညီပေးနိုင်မှာလဲ။

အောက်ပါလူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက Nursemaid’s Elbow အား ရင်ဆိုင်နိုင်စေရန်ကူညီပေးပါလိမ့်မယ်။

  • ကလေးများကို လက်မှ မြောက်ကာ မချီပါနှင့်။ ထိုအစား ချိုင်းကြားမှ ချီပါ။
  • ကလေးလက်ကို ဆောင့်မဆွဲပါနှင့်။
  • ကလေးကို ဘယ်တော့မှ လက်မှကိုင်ပြီး မလွှဲပါနှင့်။

မေးစရာများ ရှိသေးသည်ဆိုပါ ပိုမိုနားလည်ပြီး အကောင်းဆုံးဖြေရှင်းနည်းရရှိနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 18, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။