backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nosebleeds (နှာခေါင်းသွေးယိုခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Nosebleeds (နှာခေါင်းသွေးယိုခြင်း) ကဘာလဲ။

Nosebleeds (နှခေါင်းသွေးလျှံခြင်း) ဆိုသည်မှာ နှာခေါင်းတွင်း သွေးကြောများ ထိခိုက်မိခြင်းကြောင့် နှာခေါင်းမှ သွေးထွက်လာသည့် ဖြစ်စဉ်ကို ခေါ်ခြင်း ဖြစ်ပါသည်။ ပုံမှန်အားဖြင့် သွေးဟာ နှာပေါက်တစ်ခုတည်းကသာ စီးဆင်းပါတယ်။ လူတော်တော်များများ ဘဝမှာ တစ်ကြိမ်တော့ နှာခေါင်းသွေးလျှံတတ်ကြပါတယ်။ ကိစ္စတော်တော်များများမှာ သင်နှာခေါင်းကို ဖိလိုက်ခြင်းဖြင့် သွေးထွက်တာကို ရပ်စေပါတယ်။ သို့သော် တချို့လူတွေမှာတော့ ဆေးကုသမှု ခံယူဖို့လိုပါတယ်။

Nosebleeds (နှာခေါင်းသွေးယိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ

နှာခေါင်းသွေးထွက်တာဟာ တော်တော် အဖြစ်များတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ လူကြီးတွေမှာထက် ကလေးတွေမှာ ၂ ဆနီးပါး ရံဖန်ရံခါ အဖြစ်များတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Nosebleeds (နှာခေါင်းသွေးယိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာတွေ အနေနဲ့ နှခေါင်းပေါက်တစ်ဖက် သို့ နှစ်ဖက်လုံးမှ သွေးထွက်ခြင်း၊ သွေးက လည်ချောင်းထဲ နောက်ပြန် စီးဆင်းပြီး ချောင်းဆိုးခြင်း၊ ချောင်းဆိုးသွေးပါခြင်း သို့ သွေးအန်ခြင်းတို့ ဖြစ်တတ်ပါတယ်။ နှာခေါင်းသွေးအများကြီးသွားပြီးနောက် သင်နောက်ဖေးသွားတဲံအခါ ကတ္တရာကဲ့သို့ ဝမ်းမဲမဲတွေ တွေ့နိုင်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ သင် သွေးခဲ အကြီးကြီးတစ်ခု မျိုချမိထားခြင်းကြောင့် ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

• နှာခေါင်းမှ သွေးအများကြီး ပန်းထွက်နေတယ်လို့ ခံစားရခြင်း သို့ သွေးခဏခဏအန်ခြင်း

• သွေးတိုးရှိခြင်း သို့ hemophilia, leukemia ကဲ့သို့သွေးရောဂါတွေဟာလဲ နှာခေါင်းသွေးလျှံစေပါတယ်။

• သွေးခဲဆေးသောက်နေခြင်း (warfarin)

• အဖျား 38.90 ံCအထက်ရျိခြင်း အထူးသဖြင့်နှာခေါင်းသွေးတိတ်အောင်လုပ်ပြီးနောက် သို့ နှာခေါင်းတွင်း ဂွမ်းစို့ပြီးနောက် တက်လာခြင်း

• အသက်ရှူရခက်ခြင်း

• နှာခေါင်းဖိလိုက်ပြီးတောင် သွေးမှာ မိနစ် ၃၀ ခန့်ထိ ဆက်ထွက်နေခြင်း

• ကားမတော်တဆကဲသို့ ထိခိုက်မိပြီးနောက် နှာခေါင်းသွေးလျှံခြင်း

အကြောင်းရင်းများ

Nosebleeds (နှာခေါင်းသွေးယိုခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နှာခေါင်းနေရာက သွေးကြောပေါက်ခြင်း(နှာခေါင်းကို ရိုက်မိခြင်း)ကြောင့် နှာခေါင်းသွေးလျှံနိုင်ပါတယ်။ တခြားဖြစ်စေတာတွေကတော့ ဓါတုဗေဒပစ္စည်းတွေ၊ ရောဂါပိုး၊နှာခေါင်းတွင်း မူမမှန် သွေးကြောရှိနေခြင်း နှင့် သွေးခဲ သို့ သွေးတိုးရောဂါများရှိနေခြင်းတို့ ဖြစ်ပါတယ်။ အဖြစ်များဆုံးကတော့ ဆောင်းတွင်းမှာ အဖြစ်များတဲ့ ခြောက်သွေ့တဲ့ လေရှူမိရာက ဖြစ်လာတဲ့ နှာခေါင်းခြောက်ခြင်း ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ဘယ်အရာတွေက nosebleeds ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

nosebleeds ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

• ပူပြင်း၊ ခြောက်သွေ့ခြင်း – ဆောင်းတွင်းမှယ မီးပူလှုံခြင်းကြောင့် နှာခေါင်းသွေးထွက်နိုင်ပါတယ်။ ပတ်ဝန်းကျင်လေထု ပူပြင်းမှုဟာ ကွဲလွယ်၊အက်လွယ်တဲ့ ခြောက်သွေ့တဲ့ နှာခေါင်းအလွှာကို ဖြစ်စေပါတယ်။ ရာသီဥတု အပြောင်းအခဲမှာလည်း နှာခေါင်းသွေးထွက်တတ်ပါတယ်။

• Nasal septum – နှာခေါင်းပေါက်နှစ်ခုကြားက လျှိုမြောင်လေးဟာ တစ်ဖက်ဖက်ကို စောင်းသွားမယ်ဆိုလျှင် နှာခေါင်းတွင်းဝင်တဲ့ ဂတ်စ်စီးကြောင်းက မညီမျှတော့ပါဘူး။ ထိုအခါ လေထု ပြောင်းအလဲဖြစ်ပြီး နှာခေါင်းအလွှာနံရံတွေကို ခြောက်သွေ့ ကွဲအက်စေပြီး သွေးထွက်ခြင်းကို ဖြစ်စေပါတယ်။

• အအေးမိခြင်း နှင့် ဓါတ်မတည့်ခြင်း – အသက်ရှူလမ်းကြောင်းရောဂါများနှင့် ဓါတ်မတည့်ခြင်းတွေက နှာခေါင်းတွင်းမှာ ရောင်ခြင်းကို ဖြစ်စေပါတယ်။ သွေးကြောတွင် ကျဉ်းလာပြီး ထိခိုက်လွယ်လာပါတယ်။ ပြင်းထန်စွာ နှာညှစ်ထုတ်ခြင်းဟာလည်း သွေးထွက်စေ သို့ သွေးတိတ်နေတာ ကို ပြန်ထွက်စေပါတယ်။

• ဓါတုထိတွေ့မှု – အဓိကဖြစ်စေတာက ဆေးလိပ်သောက်ခြင်းဖြစ်ပြီး ဆေးလိပ်နံ့ရှူမိခြင်းလဲ ပါဝင်ပါတယ်။ sulfuric acid, ammonia, gasoline သို့ တခြားဓါတု အဆိပအတောက်တွေနဲ့ ထိတွေ့မှုရှိတဲ့ အလုပ်သမားတွေမှာလည်း နှာခေါင်းသွေးလျှံတတ်ပါတယ်။

• ရောဂါ – ဥပမာ ကျောက်ကပ်မကောင်းခြင်း၊ thrombocytopenia၊ သွေးတိုးနှင့် မွေးရာပါ သွေးခဲရောဂါ (ဥပမာ- hemophilia)။

• ယစ်ထုတ်ကြီး – အရက်ဟာ platelet လေးတွေရဲ့ ပုံမှန်သွေးခဲစေတဲ့ လုပ်ငန်းကိုထိခိုက်စေပြီး သွေးတိတ်မှုကို ြာ့မြင့်စေပါတယ်။ အရက်ဟာ အပါ်ရံသွေးကြောကို ကျဉ်းစေပြီး ထိခလွယ် သွေးထွက်လွယ်စေပါတယ်။

• သွေးတိတ်ခြင်း လုပ်ငန်းကို ထိခိုက်စေတဲ့ ဆေးများ- anticoagulant နှင့် non-steroidal anti-inflammatory drugs (NSAIDs), နှင့် aspirin, ibuprofen(Aleve, Motrin နှင့် တခြားဆေးများစွာ) ပါဝင်ပါတယ်။

• Homeopathic ဆေးတွေနှင့်အစာ ဖြည့်စွက်အားဆေးများ – တချို့အားဆေးတွေဟာ anticoagulants တွေလိုမျိုး သွေးထွက်မှုကို ကြာမြင့်စေတဲ့ ဓါတုပစ္စည်းတွေပါပါတယ်။ ဥပမာ – Dashen, dong quai, feverfew, ဂျင်း၊ ကြက်သွန်၊ Ginko biloba, ginseng နှင့် vitamin E တို့ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Nosebleeds (နှာခေါင်းသွေးယိုခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ကျန်းမာတဲ့ လူကြီးတွေဟာ အသေးအဖွဲနှာခေါင်းသွေးလျှံတာလောက်က ကိုယ့်ဖာသာအိမ်မှာ ကုလို့ ရပါတယ်။

ဆရာဝန်က သင့်သောက်နေတဲ့ဆေးတွေနဲ့ ကျန်းမာရေးဆိုင်ရာမေးခွန်းတွေ ၊ လက်တွေ့စမ်းသပ်မှုတွေကို မေးမြန်းစစ်ဆေးပါလိမ့်မယ်။ ရောဂါပိုးသို့ တခြားသွေးရောဂါတစ်ခုကြောင့် သွေးတွေအများကြီးထွက်နေတယ်ဆိုလျှင် သွေးစစ်မှုတွေပါလုပ်ရပါလိမ့်မယ်။

Nosebleeds (နှာခေါင်းသွေးယိုခြင်း) ကို ဘယ်လိုကုသပါသလဲ

ပထမဆုံး ကုထုံးကငတော့ နှာခေါင်းတွင်းသို့တိုက်ရိုက် ဖိထားဖို့ပါတယ်။ နှာခေါင်းကို လက်မ၊လက်ချောင်းတို့နဲ့ ညှပ်ထားပြီး သွေးတိတ်သွားတဲ့အထိ ၁၀ မိနစ် ကနေ မိနစ် ၃၀ လောက် ထားပါ။

လည်ပင်းပေါ် သို့ နှာခေါင်းပေါ်ရေခဲ အုပ်ခြင်းဖြင့်လဲ သွေးထွက်မှုကို လျှော့ချစေပါတယ်။ သွေးထွက်နေလျှင် ရှေ့သို့ ကိုင်းနေခြင်းက လည်ချောင်းတွင်းသွေးပြန်ဆင်းမှုကို မဖြစ်စေပဲ သွေးအန်ခြင်းမှ ကာကွယ်နိုင်ပါတယ်။saline nasal spray နဲ့ air humidifier တွေက နှာခေါင်းခြောက်သွေ့ခြင်းကို လျော့နည်းစေပါတယ်။

သွေးအများကြီး လျှံနေလျှင် ဆရာဝန်သွားပြသင့်ပါတယ်။

တခါတရံ နှာခေါင်းတွင်း ဂွမ်းဆို့ရနိုင်ပါတယ်။ ဆရာဝန်က သင့်နှာခေါင်းတွင်း ပေါက်နေတဲ့သွေးကြောလေးတွေကို အပူပေးခြင်းဖြင့် သွေးတိတ်စေပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက nosebleeds ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် nosebleeds ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• သွေးပေါင်ချိန်ကို ထိန်းပါ။

• နှာခေါင်းသွေးလျှံတတ်လျှင် aspirin ပါတဲ့ဆေးတွေကို ရှောင်ပါ။

• အိမ်နှင့် အလုပ်ကလေထုကို စိုစွတ်နေပါစေ။ ဖြစ်နိုင်ရင် petroleum jelly ကို နှာခေါင်းပေါက်မှာ အနည်းငယ်တို့ထားခြင်း နှင့် အေးခြင်း၊ခြောက်သွေ့ခြင်းနှင့် တွေ့လျှင် နှာခေါင်းစည်း စည်းထားခြင်းတို့ကို ပြုလုပ်ပါ။saline nasal sparys တွေကလည်း ခြောက်သွေ့ရာသီတွေမှာ နှာခေါင်းသွေးလျှံခြင်းကို ကုသရာမှာ အထောက်အကူပြုပါတယ်။

• ဓါတုအဆိပ်တွေ ဖုန်တွေကို ရှောင်ပါ သို့ filter mask သုံပါ။ သင့်မှာ ရောဂါပိုး သို့ ဓါတ်မတည့်တာရှိလျှင် ဆရာဝန်က steroid nasal spary ပေးပါလိမ့်မယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement