backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း )

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ) ကဘာလဲ။

ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ဟာ အိပ်စက်စဉ် ကြုံတွေ့ရတဲ့ပြသနာဖြစ်ပြီး အိပ်နေရာကနေ လန့်နိုးလာတတ်ပါတယ်။ ဒီပြသနာခံစားနေရသူများဟာ ခုခံမလား ထွက်ပြေးမလား စတဲ့စနစ် ဖြစ်ပေါ်လာခြင်းကို ကြုံတွေ့ရပါတယ်။ ကလေးတွေဆိုရင် ငိုယိုအော်ဟစ်ပြီး နိုးလာတတ်ပါတယ်။

ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်းဟာ အိပ်မောအကျဆုံး အချိန်မှာဖြစ်ပြီး အိပ်စက်မှုစက်ဝန်းရဲ့ ပထမတပိုင်းမှာ ဖြစ်တတ်ပါတယ်။ သူဟာ အိပ်မက်ဆိုးများမက်ခြင်းနဲ့ မတူပါဘူး။ ဘီလူးစီးခံရချိန်မှာ လူဟာ အိပ်တဝက်နိုးတဝက်ဖြစ်နေပြီး ပတ်ဝန်းကျင်ကို မသိဘဲ ရှိတတ်ပါတယ်။ နိုးလာရင်လည်း ဘာဖြစ်ခဲ့တယ်ဆိုတာ မမှတ်မိပါဘူး။

Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

သိပ်တော့မတွေ့ရပါဘူး။ အသက် ၁၂နှစ်အောက် ကလေးတွေမှာတော့ အဓိကဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့ကလေးတွေမှာ အိပ်နေစဉ်ယောင်ပြီး လမ်းလျှောက်တတ်တာမျိုးလည်း တွေ့ရတတ်ပါတယ်။ ကလေးတွေမှာ ၆.၅%လောက် ဖြစ်တတ်ပြီး လူကြီးတွေမှာ ၂.၂%ခန့် တွေ့ရတတ်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အိပ်နေစဉ် ထထိုင်ခြင်း
  • ကန်ကြောက်လှုပ်ရှားခြင်း
  • ချွေးထွက်ခြင်း၊ အသက်ရှူပြင်းခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း
  • နိုးရန်ခက်ခဲခြင်း၊ နိုးလျှင်လည်း စိတ်ရှုပ်ထွေးနေခြင်း
  • မသက်မသာခံစားရခြင်း
  • မျက်လုံးပြူးနေခြင်း
  • အိပ်ရာမှ ထပြေးနေတတ်ခြင်း
  • စိတ်တိုသော အမူအရများပေါ်နေခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

  • အိပ်ရေးပျက်လွန်းပြီး ပင်ပန်းခြင်း
  • စိတ်ဖိစီးခြင်း
  • ဖျားခြင်း (ကလေးများ)
  • နေရာသစ်တွင် အိပ်စက်ခြင်း
  • အလင်းရောင်နှင့်ဆူညံခြင်း
  • ဆီးအိမ်ပြည့်လာခြင်း

တခါတရံမှာ ဘီလူးစီးခြင်းဟာ အောက်ပါအကြောင်းအရာတွေနဲ့ ဆက်စပ်နေပါတယ်။

  • အိပ်စက်ချိန် အသက်၇ှူခက်ခြင်းပြသနာ။ အိပ်စက်ချိန်မှာ အသက်ရှူပုံ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်ပါတယ်။
  • ခြေထောက်များကနာမငြိမ်ခြင်း လက္ခဏာစု
  • ခေါင်းတခြမ်းကိုက်ခြင်း
  • ဦးခေါင်းဒဏ်ရာရခြင်း
  • အချို့ဆေးဝါးများ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

မိသားစုရာဇဝင်ရှိခြင်း၊ စိတ်ကျ စိတ်ပူပန်ခြင်း ရာဇဝင်ရှိခြင်း စတာတွေက ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေနဲ့ အခြားစစ်ဆေးမှုတွေ အသေးစိတ် ပြုလုပ်ပါလိမ့်မယ်။

အိပ်စက်မုလေ့လာခြင်းဟာ အသုံးအဝင်ဆုံး စမ်းသပ်မှု ဖြစ်ပါတယ်။

Polysomnography လို့ခေါ်ပြီး အိပ်စက်ချိန်ကြုံတွေ့ရတဲ့ ပြသနာများ၊ ဘီလူးစီးခြင်း ဖြစ်စေတဲ့ အကြောင်းအရာများကု ရောဂါရှာဖွေပေးပါတယ်။ စမ်းသပ်တဲ့ ဓါတ်ခွဲခန်းထဲမှာ အိပ်စက်ရပါတယ်။

စမ်းသပ်စဉ်မှာ ခေါင်းနဲ့ တကိုယ်လုံးမှာ အာရုံခံကိရိယာတွေ တပ်ထားပြီး ဦးနှောက်လှိုင်းတွေ၊ အောက်ဆီဂျင်ရရှိနှုန်း၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ မျက်လုံးနဲ့ ခြေထောက်လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပါတယ်။ ဗီဒီယိုနဲ့လည်း မှတ်တမ်းတင်ပါတယ်။ ဆရာဝန်ဟာ တွေ့ရှိချက်တွေကို စစ်ဆေးပြီး အိပ်စက်စဉ် ပြသနာရှိမရှိ သုံးသပ်ပါတယ်။

Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ) ကို ဘယ်လိုကုသပါသလဲ

သင့်ကလေး ဒီဖြစ်ရပ်ကို ကြုံနေချိန်မှာ စောင့်ကြည့်ရုံပါပဲ။ အန္တရာယ်မဖြစ်စေပါဘူး။ ပြီးရင် ပြန်အိပ်ပျော်အောင် ညင်သာစွာ သိပ်ပေးပါ။ ဖြေးဆေးသက်သာစွာ ပြောဆိုပါ။ ကိုင်လှုပ်ခြင်း၊ အော်ဟစ်ခြင်းဟာ ပိုဆိုးစေပါတယ်။ များသောအားဖြင့် သူတို့ဖာသာ ရပ်တန့်သွားပါတယ်။

အိပ်ပျော်စဉ် ဘီလူးစီးခြင်းကြောင့် နေ့လယ်ပိုင်း လှုပ်ရှားမှုတွေ ထိခိုက်စေလာရင် ကုသမှု လိုအပ်ပါတယ်။

အောက်ပါကုသမှုတွေ ပါဝင်ပါတယ်။

နောက်ခံအခြေအနေကို ကုသခြင်း

ရောါတခုခု (သို့) စိတ်ကျန်းမာရေးပြသနာ၊ အိပ်စက်ချိန် အသက်ရှူရခက်ခြင်း စတာတွေကြောင့်ဖြစ်နိုင်ပြီး အဲဒီပြသနာတွေကို ကုသရပါမယ်။

အိပ်စက်ခြင်းအလေ့အကျင့်ကို တိုးတက်စေခြင်း

အိပ်ရေးပျက်လွန်းတဲ့ ပြသနာကို ဖြေရှင်းခြင်းဟာ ဘီလူးစီးခံရခြင်းကို လျော့နည်းစေနိုင်ပါတယ်။

စိတ်ဖိစီးမှုများကို ဖြေရှင်းခြင်း

စိတ်ဖိစီးခြင်း၊ စိတ်ပူပန်ခြင်းများဟာ ဘီလူးစီးခြင်းကို ဖြစ်စေတာမို့ ကုထုံးပညာရှင်တွေနဲ့ ပြသရပါမယ်။ သိမှုဆိုင်ရာ အမူအကျင့်ကုထုံး၊ အိပ်မွေ့ချခြင်း၊ ဇီဝတုံ့ပြန်ချက်ပေးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။

ဆေးဝါးကုသခြင်း

ဒီနည်းကတော့ ရှားပါးပါတယ်။ လိုအပ်ရင် ဘင်ဇိုဒိုင်ယာဆီပင်နဲ့ ကုသနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

ဘေးကင်းသော ပတ်ဝန်းကျင်ဖန်တီးခြင်း

ညအချိန် ထိခိုက်ဒဏ်ရာတွေမရအောင် တံခါးတွေကို ပိတ်ထားသင့်ပါတယ်။ အတွင်းပိုင်းတံခါးတွေ ပိတ်ထားပြီး အချက်ပေးကိရိယာတွေ တပ်ထားနိုင်ပါတယ်။

အိပ်ရေးဝအောင်အိပ်ခြင်း

ပင်ပန်းနွမ်းနယ်ခြင်းဟာ ဘီလူးစီးခြင်း ဖြစ်စေနိုင်ပါတယ်။ စောစောအိပ်ရာဝင်ပြီး အိပ်ရေးဝအောင်အိပ်ပါ။ တခါတရံ နေ့လယ် တရေးတမောအိပ်ပါ။

အိပ်ရာမဝင်မီ ပုံမှန်အနားယူချိန်ထားပါ

တိတ်ဆိတ်ပြီး ငြိမ်သက်တဲ့ လှုပ်ရှားမှုတွေ ဥပမာ စာဖတ်ခြင်း၊ ပဟေဠိဂိမ်းဆော့ခြင်း၊ ရေနွေးနွေးစိမ်ခြင်း၊ တရားထိုင်ခြင်း စတာတွေ ပြုလုပ်ပါ။

စိတ်ဖိစီးမှုဖြေဖျောက်ပါ

စိတ်ဖိစီးစေတဲ့ အကြောင်းအရာတွေ ဖော်ထုတ်ပြီး ဖြေရှင်းပါ။ သင့်ကလေးမှာ စိတ်ပူပန်ဖိစီးတဲ့ အခြေအနေတွေ့ရင် မေးမြန်းပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement