Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား)) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား)) ကဘာလဲ။

သွေးဖြူဥနည်းတယ်ဆိုတာ နူထရိုဖေးလ်လို့ခေါ်တဲ့ သွေးဖြူဥများ ရှိသင့်တာထက် ပိုနည်းနေတာကို ခေါ်တာပါ။ သွေးဖြူဥတော်တော်များများဟာ နူထရိုဖေးလ်တွေဖြစ်ပါတယ်။

ရိုးတွင်းခြင်ဆီမှာ ဖြစ်တည်ကာ သွေးအတွင်းတွင် ခရီးနှင်ပြီး ရောဂါဖြစ်ပွားရာ နေရာသို့ ရောက်ရှိသွားကြပါတယ်။ ထိုးဖောက်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို သတ်ဖို့ ဓာတုပစ္စည်းတွေ ထုတ်ပေးပါတယ်။ ဘက်တီးရီးယားကြောင့် အဓိကဖြစ်တဲ့ ရောဂါတွေကို တိုက်ခိုက်သော နေရာတွင် အလွန်အရေးပါပါတယ်။

လူကြီးတစ်ယောက်အနေဖြင့်ဆိုရင် သွေး၁မိုက်ခရိုလီတာတွင် နူထရိုဖေးလ် အရေအတွက် ၁၅၀၀ထက် နည်းနေပြီဆိုရင် နူထရိုပန်းနီးရားလို့ ပြောလို့ရပါတယ်။ ကလေးတွေ အတွက် ဆိုရင်တော့ နူထရိုပန်းနီးယား ရှိလားဆိုတာ အတည်ပြုဖို့က အသက်အရွယ်လိုက် ကွဲပြားပါတယ်။

နူထရိုဖေးလ် အရေအတွက်ဟာ တစ်ချို့လူတွေမှာ သာမန်ထက် လျော့နည်းနိုင်သော်လည်း ရောဂါဝင်နိုင်ခြေတော့ မနည်းသွားကြပါဘူး။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့ရဲ့ နူထရိုပန်းနီးယားဟာ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး။

သွေး၁မိုက်ခရိုလီတာမှာ နူထရိုဖေးလ်အရေအတွက် ၁၀၀၀ အထူးသဖြင့် ၅၀၀ အောက် ရောက်နေပြီဆိုရင်တော့ နူထရိုပန်းနီးယားလို့ အမြဲတစေ ယူဆနိုင်ပါတယ်။ ထိုအခါ ခံတွင်းနဲ့ အစာအိမ်အူလမ်းကြောင်းမှာ ရှိတဲ့ သာမန်ဘက်တီးရီးယားတွေတောင်မှ ဒုက္ခပေးနိုင်သွားပါပြီ။

နူထရိုပန်းနီးယားအမျိုးအစား ၄မျိုးရှိပါတယ်။

  • မွေးရာပါနည်းခြင်း။

ထိုအမျိုးအစားဟာ မွေးကနည်းက နူထရိုပန်းနီးယားဖြစ်လာတာပါ။ ပြင်းထန်သော နူထရိုပန်းနီးယားကို Kostmann Syndrome လို့ ခေါ်ပါတယ်။ နူထရိုဖေးလ်သွေးဖြူဥဟာ တော်တော်လေးကို နည်းပါးသွားတာပါ။ တချို့အခြေအနေတွေမှာတော့ နူထရိုဖေးလ်ရှိကို မရှိတာပါ။ ယင်းက မွေးကင်းစကလေးငယ်တွေကို ရောဂါပိုးဝင်နိုင်ခြေ အလွန်အမင်း မြင့်မားစေပါတယ်။

  • သံသရာ စက်ဝန်းဖြင့် ပြောင်းလဲခြင်း။

ထိုအခြေအနေကလည်း မွေးရာပါပဲ ဖြစ်ပါတယ်။ နူထရိုဖေးလ်အရေအတွက်တွေဟာ ၂၁ရက် စက်ဝန်းဖြင့်လိုက်ကာ ပြောင်းလဲနေပါတယ်။ ရှိသင့်တဲ့ အရေအတွက်ထက် နည်းပါးသွားပါတယ်။ နူထရိုဖေးလ်နည်းပါးသွားခြင်းက ရက်အနည်းငယ်ခန့် ကြာမြင်နိုင်ပါတယ်။ စက်ဝန်းရဲ့ ကျန်တဲ့ အချိန်တွေမှာတော့ ပုံမှန် အရေအတွက် ရှိနေမှာပါ။ ထိုသံသရာ စက်ဝန်းဟာ ထပ်ကာ ထပ်ကာ ဖြစ်နေမှာပါ။

  • မိမိကိုယ်အား မှားယွင်းကာ တိုက်ခိုက်မိခြင်း။

ယင်းအခြေအနေမှာ ခန္ဓာကိုယ်က နူထရိုဖေးလ်တွေကို တိုက်ခိုက်ဖို့ ပဋိပစ္စည်းတွေ ထုတ်ပေးပါတယ်။ ထို့နောက် နူထရိုဖေးလ်များကို သတ်ပြစ်လိုက်ပါတယ်။ ထို့ကြောင့် နူထရိုပန်းနီးယား ဖြစ်ပေါ်လာပါတယ်။ ထိုရောဂါဟာ မွေးပြီးနောက်မှ ဖြစ်တတ်တာပါ။

  • ရောဂါရင်းမြစ်မရှိသော နူထရိုဖေးလ် နည်းပါးခြင်း။

မည်သူမဆို၊ မည်သည့်အချိန်တွင်မဆို ဖြစ်ပေါ်နိုင်ပါတယ်။ ဘာကြောင့်ရယ်လို့ တိတိကျကျမသိပါဘူး။

Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား)) က ဘယ်လောက်အဖြစ်များသလဲ

နူထရိုပန်းနီးယားဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရှောင်သင့်သည်များကိုရှောင်၊ ဆောင်သင့်သည်များကို ဆောင်ကာ ဖြစ်နိုင်ခြေကို လျော့ချနိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား)) ရဲ့လက္ခဏာတွေကဘာတွေလဲ

သူတစ်ခုတည်းဆိုရင်တော့ လက္ခဏာ မပြပါဘူး။ တစ်ချို့အခြေအနေတွေမှာ အကြောင်းကြောင်းကြောင့် သွေးစစ်ကြည့်မှ နူထရိုပန်းနီးယားရှိမှန်း သိကြတာပါ။

ဒါပေမဲ့ နူထရိုဖေးလ် နည်းစေတဲ့ အကြောင်းအရင်းတွေ၊ ရောဂါရင်းမြစ်တွေကနေတော့ လက္ခဏာတွေ ပြနိုင်ပါတယ်။

နူထရိုပန်းနီးယားကြောင့် ရောဂါတွေဖြစ်နိုင်ပါတယ်။ အများစုကတော့ ခံတွင်းနဲ့ အရေပြားတို့လို့ အကျိအချွဲ အကာအရံတွေမှာ ဖြစ်တတ်ကြပါတယ်။

ထိုရောဂါများက အောက်ပါများကဲ့သို့ ဖြစ်တတ်ပါတယ်။

  • အနာများ
  • ပြည်တည်နာများ
  • အဖုအပိမ့်များ
  • ပျောက်ကင်းရန် ကြာမြင့်သော အနာများ
  • ဖျားနာခြင်းဟာ ပိုးဝင်ခြင်း၏ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ

အောက်ပါတို့ကြောင့် စိုးရိမ်ရသောပိုးဝင်နိုင်ခြေ မြင့်မားသွားနိုင်ပါတယ်။

  • နူထရိုဖေးလ် အရေအတွက် နည်းသွားခြင်း
  • နူထရိုပန်းနီးယား ကြာချိန်ကြာမြင့်သွားခြင်း

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်ဖြင့် ပြသပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေပြီဆိုရင်တော့ ဆရာဝန်ဖြင့် ပြပေးရပါမယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ချင်း မတူပါဘူး။ သင့်တော်တဲ့ ဖြေရှင်းနည်း ရရှိဖို့ ဆရာဝန် ဖြင့် ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါ။

အကြောင်းရင်းများ

Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား)) ကိုဘာတွေကဖြစ်စေသလဲ

နူထရိုပန်းနီးယားဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ရိုးတွင်းခြင်ဆီမှ နူထရိုဖေးလ်ထုတ်လုပ်မှုတွင် ပြဿနာရှိနေခြင်း
  • ရိုးတွင်းခြင်ဆီပြင်ပတွင် နူထရိုဖေးလ်များအား ဖျက်ဆီးပြစ်ခြင်း
  • ရောဂါပိုးဝင်ရောက်ခြင်း
  • အာဟာရ ချို့တဲ့ခြင်း

နူထရိုဖေးလ်ထုတ်လုပ်မှုနည်းပါးသွားစေသော အကြောင်းအရင်းများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • မွေးရာပါရိုးတွင်းခြင်ဆီ မူမမှန်ခြင်း
  • သွေးကင်ဆာနဲ့ ရိုးတွင်းခြင်ဆီကို ထိခိုက်ပျက်စီးစေသော အခြားအခြေအနေများ
  • ဓာတ်ရောင်ခြည်သင့်မှုများ
  • ဓာတုကုထုံးများ

နူထရိုပန်းနီးယားဖြစ်စေသော ရောဂါပိုးဝင်ခြင်းများကတော့ အောက်ပါတို့ပဲ ဖြစ်ပါတယ်။

  • တီဘီပိုးဝင်ရောက်ခြင်း
  • တုတ်ကွေးကြီးပိုး ၀င်ရောက်ခြင်း
  • Epstein-Barr ဗိုင်းရပ်စ်၊ ရေယုန် ဗိုင်းရပ်စ်၊ HIV ဗိုင်းရပ်စ်နှင့် အသည်းရောင် ဗိုင်းရပ်စ်တို့ကဲသို့ ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ရောဂါများခံစားရခြင်း

နူထရိုဖေးလ်ပျက်စီးမှု များပြားခြင်းသည် ခန္ဓာကိုယ်ရှိ ခုခံကာကွယ်ရေးစနစ်က တိုက်ခိုက်ပြစ်လို့ ဖြစ်ပါတယ်။ ထိုအခြေအနေသည် အောက်ပါကဲ့သို့သော မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်ခြင်း အခြေအနေများဖြင့် ဆက်စပ်နေပါတယ်။

  • Crohn’s disease (အူရောဂါတစ်မျိုး)
  • လေးဖက်နာရောဂါ
  • ကိုယ်ပိုင်ခုခံအားရှိသော အရေပြားရောင်ရောဂါ (Lupus)

နူထရိုပန်းနီးယားဟာ  ဆေးဝါးအချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

  • ပဋိဇီဝဆေးဝါးများ
  • သွေးပေါင်ချိန်နှင့်ဆိုင်သော ဆေးဝါးများ
  • စိတ်ရောဂါနှင့်ဆိုင်သော ဆေးဝါးများ
  • ၀က်ရူးပြန်ရောဂါနှင့်ဆိုင်သော ဆေးဝါးများ

ဖြစ်နိုင်ခြေများ

 Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား)) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နူထရိုပန်းနီးယား အတွက် အန္တရယ်ရှိစေတဲ့ အရာများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကင်ဆာ
  • လူကီးမီးယား
  • ကိုယ်ခံအား မကောင်းခြင်း
  • ဓာတ်ကင်ကုထုံးများနှင့် ဓာတုကုထုံးများ ခံယူထားခြင်း
  • အသက်၇၀နှင့်အထက် လူကြီးများတွင် အန္တရယ်များပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား)) ကို ဘယ်လိုအတည်ပြုပါသလဲ

  • အောက်ပါစစ်ဆေးချက်များဖြင့် နူထရိုပန်းနီးယားအား စစ်ဆေးတွေ့ရှိနိုင်ပါသည်။
  • နူထရိုဖေးလ်အရေအတွက်ကို တိုင်းတာနိုင်သော အလုံးစုံ သွေးဆဲလ်ရေတွက်ခြင်း (CBC)
  • ခြောက်ပတ်ခန့် တစ်ပတ်ကို သုံးကြိမ် နူထရိုဖေးလ် အရေအတွက်အား intermittent CBC test ဖြင့် ရှာဖွေပေးခြင်း
  • မိမိ နူထရိုဖေးလ်အား ကိုယ်ကိုယ်တိုင် ဖျက်ဆီးခြင်းကို စစ်ဆေးနိုင်သော သွေးထဲရှိ ပဋိပစ္စည်းစမ်းသပ်ခြင်း
  • ရိုးတွင်းခြင်ဆီဆဲလ်များအား ခြင်ဆီဖောက်စစ်ဆေးခြင်း
  • ခြင်ဆီ၏ အရိုးအစိတ်အပိုင်းအား ထုတ်ယူစစ်ဆေးခြင်း (Bone Marrow Trephine Biopsy Tests)
  • ဆဲလ်၏တည်ဆောက်ပုံလေ့လာရန် ဆဲလ်နှင့် မော်လီကြူးးများ စစ်ဆေးခြင်း

Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား)) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကို ဆုံးဖြတ်တဲ့ အခါမှာ နူထရိုပန်းနီးယားရဲ့ ပြင်းထန်မှုနဲ့ ရောဂါရင်းမြင်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ပါတယ်။ မပြင်းထန်တဲ့ အခြေအနေမျိုးမှာ ကုသစရာမလိုပါဘူး။

အခြေအနေတော်တော်များများမှာ ခြင်ဆီဟာက သူ့ဘာသာ ပြန်ကောင်းသွားပြီ သွေးဖြူဥတွေကိုလည်း အလုံအလောက် ပြန်လည်ထုတ်လုပ်လာနိုင်တာကြောင့် နူထရိုပန်းနီးယားဟာ သူ့ဘာသာ သက်သာသွားမှာပါ။

နူထရိုပန်းနီးယားအတွက် ကုသနည်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးဝါးများ
  • သွေးဖြူဥလှုံ့ဆော်ပေးသော (G-CSF) ဖြင့် ကုသခြင်း။ ယင်းက ခြင်ဆီကို လှုံ့ဆော်ပေးခြင်းအားဖြင့် သွေးဖြူဥထုတ်လုပ်မှုကို များစေပါတယ်။ မွေးရာပါ နူထရိုပန်းနီးယား အပါအ၀င် နူထရိုပန်းနီးယား အမျိုးအစားများစွာ အတွက် အသုံးပြုပါတယ်။ ထိုကုသမှုသည် အသက်ကယ်နည်း တစ်ခုပဲဖြစ်ပါတယ်။
  • ဆေးကြောင့်ဖြစ်သော နူထရိုပန်းနီးယားများတွင် ဖြစ်နိုင်လျှင် ဆေးဝါးများ ပြောင်းလဲခြင်း။
  • သွေးဖြူဥများ သွင်းပေးခြင်း
  • ခြင်ဆီမူမမှန်ခြင်းကြောင့် ဖြစ်သော နူထရိုပန်းနီးယား အပါအ၀င် နူထရိုပန်းနီးယား အချို့အမျိုးအစားများတွင် မူလရင်းမြစ်ဆဲလ်အစားထိုး ကုသခြင်းသည် အသုံးဝင်နိုင်ပါတယ်။

လူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

နူထရိုပန်းနီးယားကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘ၀ပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘ၀ပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများက နူထရိုပန်းနီးယား အား ရင်ဆိုင်နိုင်စေရန် ကူညီပေးပါလိမ့်မယ်။

  • ခံတွင်း သန့်ရှင်းကျန်းမာရေးကို ထိန်းသိမ်းပါ။ သွားကျန်းမာရေးကို ပုံမှန်စစ်ဆေးပြီး ပိုးသေစေသော ပလုတ်ကျင်းရည်အသုံးပြုပေးပါ။
  • ကာကွယ်ဆေးပုံမှန်ထိုးပါ။
  • အဖျား ၁၀၀ကျော်လျင် ဆေးရုံ၊ဆေးခန်းသို့သွားပေးပါ။
  • လက်ကို သေချာစွာ ဆေးပါ။
  • ကုတ်ရာ၊ခြစ်ရာ၊ ရှရာများအား ဂရုပြုပေးပါ။
  • ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ညွှန်ကြားချက်အတိုင်း အသုံးပြုပေးပါ။
  • ဆရာဝန်၊ ဆေးရုံတို့အား မည်သို့ ဆက်သွယ်ရမည်ကို သိအောင် လုပ်ပေးပါ။
  • နယ်ဝေးရပ်ခြားသို့ ခရီးမထွက်ခင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

မေးစရာများရှိပါက ပိုမိုနားလည်ပြီး အကောင်းဆုံးဖြေရှင်းနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 12, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ