backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Neuroblastoma ( အာရုံကြောကင်ဆာ )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Neuroblastoma ( အာရုံကြောကင်ဆာ ) ကဘာလဲ။

အာရုံကြောကင်ဆာ ဆိုသည်မှာ စိတ်တက်ကြွမှုကို ဖြစ်စေ သော အာရုံကြောထုံးနောက်တွင် ရှိသော အာရုံကြောဆဲလ် များ သာမန်ထက်ထူးခြားခြင်း ဖြစ်သည်။ ထိုဆဲလ်များသည် adrenal medullary ( adrenal ဂလန်း၏ အလယ်နေရာ) တွင် ကြီးထွား ဖွံ့ဖြိုးလာပါသည်။ အထူးသဖြင့် ထိုဆဲလ်များ သည် အဓိက မဟုတ်သော အာရုံကြောဆဲလ် များတွင် ကွဲပွား ကြပါသည်။

Neuroblastoma ( အာရုံကြောကင်ဆာ ) က ဘယ်လောက်အဖြစ်များသလဲ

ကလေးငယ်များသည် မွေးဖွားခါစမှစ၍ ထိုအကျိတ် ရှိနိုင်ပါသည်။ သို့သော် နောက်ကျမှ အကျိတ်ရှိမှန်း သိရှိကြပါ သည်။ အာရုံကြော ကင်ဆာသည် ကလေးများတွင် သွေးကင်ဆာနှင့် ဦးနှောက်ကင်ဆာ အပြီးနောက် အဖြစ် အများဆုံး ကင်ဆာဖြစ်ပါသည်။ ၎င်းသည် ကလေးများတွင် ဖြစ်သော အကျိတ်အခဲ၏ ၁၀ ရာခိုင်နှုန်းခန့်ဖြစ်ပါသည်။

လက္ခဏာများ

Neuroblastoma ( အာရုံကြောကင်ဆာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အကျိတ်၏ တည်နေရာပေါ်မူတည်၍ ရောဂါ လက္ခဏာ များသည် ကွဲပြားနိုင်ပါသည်။ ခန့်မှန်းခြေအားဖြင့် ရောဂါ လက္ခဏာများ၏ သုံးပုံ နှစ်ပုံသည် ဝမ်းဗိုက်နှင့် adrenal gland တွင် စတင်ပါသည်။ အားနည်းခြင်း၊ မောပန်းခြင်း၊ ကိုယ် အလေးချိန်ကျခြင်း နှင့် သွေးတွင်း သွေးနီဥ ပမာဏ နည်းခြင်း (သွေးအားနည်းခြင်း) တို့ဖြစ်နိုင်ပါသည်။

ကလေးငယ်များ သည် ဝမ်းဗိုက်၊ လည်ပင်းနှင့် ရင်အုပ်တွင် အကျိတ်များ ရှိနိုင်ပါ သည်။ ကျောရိုးအာရုံကြောမကို ဖိခြင်းသည် ကျောနာခြင်းနှင့် မူလဖြစ်သော နေရာတွင် ပြသာနာများ ဖြစ်စေနိုင်ပါသည်။ ရင် ဘတ်ရှိ အကျိတ်များသည် အသက်ရှူလမ်းကြောင်း နှင့် မြိုချရာတွင် ပြဿနာဖြစ်ခြင်း၊ ရောဂါပိုးကူးစက်ခြင်း နှင့် နာ တာရှည် ချောင်းဆိုးခြင်းတို့ကို ဖြစ်စေပါသည်။

ရောဂါ လက္ခဏာများသည် ပျံ့နှံ့ပြီး မောပန်းခြင်း၊ နာကျင် ခြင်း ( အရိုးနာခြင်း)၊ အစာစားချိန်စိတ် နည်းခြင်း နှင့် ကိုယ် အလေးချိန်ကျခြင်း တို့ ဖြစ်စေပါသည်။ အဖျားတက်ခြင်း၊ စိတ် လှုပ်ရှားခြင်း နှင့် အရေပြားအောက်တွင် အပြာရည် အခဲများ ဖြစ်ခြင်း တို့ဖြစ်နိုင်ပါသည်။ အာရုံကြောကင်ဆာသည် မျက်လုံး လှုပ်ရှားမှုများ ထိန်းချုပ်မှုကိုလည်း ထိခိုက်စေပါသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိပါက သို့မဟုတ် မေးလိုသည်များ ရှိပါက ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ။ အာရုံကြောကင်ဆာကို ကုသနေစဉ် အောက်ပါတို့ ဖြစ်ပွားပါက ဆရာဝန်ကို ခေါ်ပါ။

  • ကုသပြီးနောက် ရောဂါလက္ခဏာများ ပိုဆိုးလာပါက သို့မဟုတ် မသက်သာပါက။
  • ရောဂါ လက္ခဏာ အသစ်များ ပေါ်လာပါက

ရောဂါအခြေအနေသည် တစ်ယောက်နှင့် တစ်ယောက် ကွဲပြားနိုင်ပါသည်။ ကုသမှုများ နှင့် ရောဂါအဖြေရှာခြင်း များ ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ပြီး အကောင်းဆုံးကုသမှုများ ရယူပါ။

အကြောင်းရင်းများ

Neuroblastoma ( အာရုံကြောကင်ဆာ ) ကိုဘာတွေကဖြစ်စေသလဲ

အာရုံကြောဆဲလ်များ မရင့်ကျက်ခြင်း ကြောင့်ဖြစ်သော အာရုံကြောကင်ဆာသည် သန္ဓေသားဖွံ့ဖြိုးမှုတွင် ဖြစ်ပွားပါ သည်။ ကိုယ်ဝန်ရင့်လာသောအခါ အာရုံကြောကင်ဆာသည် အာရုံကြောဆဲလ်များ၊ အမျှင်များ နှင့် adrenal glands ရှိဆဲလ် များကို ပြောင်းလဲစေပါသည်။

ကလေးမွေးဖွားပြီးချိန်တွင် အာရုံကြောကင်ဆာ ဖြစ်ပွားပါ သည်။ ထိုရောဂါသည် အရိုးဆဲလ်များကို ရင့်မှည့် သို့မဟုတ် ပျောက်ကွယ်စေပါသည်။ အခြားဆဲလ်များသည် အာရုံကြော ကင်ဆာအကျိတ် အဖြစ်ပြောင်းလဲသွားပါသည်။ အကျိတ် သည် ထိန်းချုပ်မှုမရှိဘဲ ကွဲပွားကာ ကင်ဆာကိုဖြစ်စေပါသည်။ လက်ရှိတွင် သိပ္ပံပညာရှင်များသည် မျိုးဗီဇချို့ယွင်းမှုကြောင့် ဤရောဂါဖြစ်ပွားသည်ဟု ဆိုကြပါသည်။

Risk factors

Neuroblastoma ( အာရုံကြောကင်ဆာ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

မိသားစုတွင်းတွင် အာရုံကြောကင်ဆာ ဖြစ်ဖူးသော ကလေးများသည် ပို၍ဖြစ်နိုင်ပါသည်။ သို့သော်လည်း အာရုံကြော ကင်ဆာမျိုးဗီဇ ကြောင့် ရောဂါဖြစ်ခြင်းသည် ရာခိုင်နှုန်းနည်းပါသည်။ ဖြစ်စဉ် အများစု ၏ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ဆဲ ဖြစ်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Neuroblastoma ( အာရုံကြောကင်ဆာ ) ကို ဘယ်လိုအတည်ပြုပါသလဲ

မိသားစုတွင်းတွင် အာရုံကြောကင်ဆာ ဖြစ်ဖူးသော ကလေးများသည် ပို၍ဖြစ်နိုင်ပါသည်။ သို့သော်လည်း အာရုံကြော ကင်ဆာမျိုးဗီဇ ကြောင့် ရောဂါဖြစ်ခြင်းသည် ရာခိုင်နှုန်းနည်းပါသည်။ ဖြစ်စဉ် အများစု ၏ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ဆဲ ဖြစ်ပါသည်။

Neuroblastoma ( အာရုံကြောကင်ဆာ ) ကို ဘယ်လိုကုသပါသလဲ

အာရုံကြောကင်ဆာအကျိတ်၏ ကုသမှုသည် ရောဂါအဖြေ ရှာတွေ့သည့် အသက်အရွယ်၊ ရောဂါအဆင့်၊ အကျိတ်၏ တည်နေရာ၊ ပျံ့ပွားမှု နှင့် အကျိတ်၏ လှုပ်ရှားမှု အဆင့် တို့ ပေါ်မူတည်ပါသည်။ ကင်ဆာဆဲလ်များကို သတ်ရန် ဆေး သောက်ခြင်း (ဓါတုကုထုံး) ကို အသုံးပြုနိုင်ပါသည်။

ဓါတ် ရောင်ခြည်ကုထုံးကို အကျိတ်များ ကျုံ့သွားရန်နှင့် နာကျင်မှု လျော့နည်းစေရန် အသုံးပြုနိုင်ပါသည်။ ကုသမှုအတွက် ဆေး များ မသုံးနိုင်သောအခါ ဆရာဝန်သည် အကျိတ်ကို ဖယ်ရှား ရန် ခွဲစိတ်ကုသခြင်းကို ပြုလုပ်နိုင်ပါသည်။ အကျိတ်သည် မပျံ့ နှံ့တော့ဘဲ ရောဂါလက္ခဏာများ သက်သာသွားပါလိမ့်မည်။

ကလေးငယ်များကို မိသားစုမှ အာဟာရပိုင်းဆိုင်ရာရော စိတ်ခံစားမှုပိုင်းဆိုင်ရာပါ ထောက်ပံ့ပေးရန် လိုအပ်ပါသည်။ ရောဂါသည် ရိုးတွင်းခြင်ဆီ အထိ ပျံ့နှံ့ဖြစ်ပွားနိုင်ပါသည်။ ကိုယ်ခံအားကုထုံးဟုခေါ်သော ကုသနည်းအသစ် တစ်ခု လည်းရှိပါသည်။ Monoclonal antibodies ဟုခေါ်သော ပစ္စည်းများ နှင့် ကာကွယ်ဆေးကို အသုံးပြု၍ ကိုယ်ခံအားကို မြှင့်တင်နိုင်ပါသည်။

ထိုသို့ လုပ်ခြင်း သည် ခန္ဓါကိုယ်က ကင်ဆာကို တိုက်ထုတ်ရန် ကူညီပေးပါသည်။ ယေဘုယျ အားဖြင့် အသက်ရှင်နိုင်နှုန်း သည် ၄၀ ရာခိုင်နှုန်းထက် များပါ သည်။ အသက် ၁နှစ်အောက် ငယ်သော ကလေးများသည် ပျောက်ကင်းနိုင်နှုန်း ၉၀ ကျော်ရှိပါသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အာရုံကြောကင်ဆာ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အာရုံကြောကင်ဆာ ဖြစ်ခြင်း ကို ထိန်းချုပ်နိုင်ပါသည်။

  • အစားအသောက်နှင့် ကျန်းမာရေးကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပါ။
  • ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးသောက်ပါ။
  • ဆရာဝန်ချိန်းဆိုသည့်အတိုင်း ပြန်လည် ဆေးစစ်မှု များကိုပြုလုပ်ပါ။ ကလေးငယ်များသည် အခြား ကင်ဆာများ ဖြစ်နိုင်ချေပိုများပါသည်။ ဥပမာ- ကျောက်ကပ်ဆဲလ်ကင်ဆာ

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement