backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ)


Nadi မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကဘာလဲ။

အဝေးမှုန်ခြင်းသည် အဝေးမှအရာဝတ္ထုအားကောင်းမွန်စွာမမြင်နိုင်ခြင်းဖြစ်သည်။ သင့်တွင်အဝေးမှုန်ခြင်းရှိက အဝေးရှိအရာအားမြင်ရန်ခက်ခဲလိမ့်မည်။ဥပမာ အနည်းငယ်ကွာဝေးသောအဝေးပြေးလမ်းပြမှုများကိုမမြင်နိုင်ခြင်း။ဤအခြေအနေသည် ရုတ်ချည်းသို့မဟုတ် တဖြည်းဖြည်းချင်းဖြစ်တတ်သည်။ ကလေးငယ်နှင့် အရွယ်ရောက်ချိန်များတွင်ပို၍ဆိုးတတ်သည်။

Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ

ဤရောဂါသည် အသက် ရှစ်နှစ်နှင့် ဆယ့်နှစ်နှစ်ကြားပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဝေးမှုန်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • အဝေးရှိအရာကိုကြည့်ပါက ဝါးခြင်း
  • ရှင်းရှင်းလင်းလင်းမြင်နီုင်ရန် မျက်မှောင်ကျုတ်၍ကြည့်ရန်လိုအပ်ခြင်း
  • မျက်စိကိုက်ခြင်းကြောင့်ခေါင်းကိုက်လာခြင်း
  • ကားမောင်းချိန် များသောအားဖြင့်ညအချိန်များတွင်မြင်ရန်ခက်ခဲခြင်း

ကလေးတွင်ဖြစ်တတ်သောအဝေးမှုန်၏လက္ခဏာများမှာ

  • တောက်လျောက်မျက်မှောင်ကုတ်နေခြင်း
  • ရုပ်ရှင်ကြည့်ရာတွင် အနီးကပ်ကြည့်ရန်လိုအပ်ခြင်း သို့မဟုတ် စာသင်ချိန်တွင် ရှေ့ဆုံးတွင်ထိုင်ရန်လိုအပ်ခြင်း
  • အဝေးမှရှိသောပစ္စည်းများကိုသတိမထားမိခြင်း
  • မျက်တောင်ခဏခဏခတ်နေခြင်း
  • မျက်လုံးခဏခဏပွတ်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေများရှိပါကဆရာဝန်နှင့်ပြသပါ။

  • အဝေးကအရာကိုကောင်းမွန်စွာမမြင်နိုင်ခြင်းတို့ကြောင့် အလုပ်လုပ်ရန်ခက်ခဲခြင်း။
  • ပုံမှန်လှုပ်ရှားမှုကိုပါအနှောက်အယှက်ဖြစ်စေခြင်း။
  • သူ့မြင်ကွင်းအတွင်း အရိပ်တခုရုတ်တရက်ဖုံးလွမ်းသည်ခံစားရခြင်း။

အကြောင်းရင်းများ

Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ

အဝေးမှုန်သည် သင့်မျက်စံရှည်လွန်းခြင်း မျက်ကြည်လွှာကွေးလွန်းခြင်း တို့ကြောင့် ပုံရိပ်အားမျက်စိကြောပေါ်သို့မစုဆုံပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ပုံရိပ်အားမျက်စိကြောရှေ့တွင် စုဆုံစေပြီး ပုံရိပ်ဝါးခြင်းအားဖြစ်ပေါ်စေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အဝေးမှုန် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • မိသားစုမျိုးရိုးရှိခြင်း။ သင့်၏မိဘတစ်ယောက်ယောက်တွင် သို့မဟုတ် မိဘနှစ်ယောက်လုံးတွင် အဝေးမှုန်ရှိပါက သင့်တွင်ပိုဖြစ်နိုင်သည်။
  • စာအုပ်အများကြီးဖတ်ခြင်း
  • ပတ်ဝန်းကျင်အခြေအနေ။ ဥပမာ အပြင်သို့ထွက်ရန်အချိန်မရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်အားစမ်းသက်မှုအများအပြားလုပ်လိမ့်မယ်။ ဆရာဝန်မှပစ္စည်းမျိုးစုံနှင့်စမ်းသက်လိမ့်မည်။ အလင်းဖြင့် မျက်လုံးအားကြည့်ခြင်း နှင့် မှန်ဘီလူးအမျိုးမျိုးအားဖြတ်ကျော်၍ကြည့်စေခြင်းများပြုလုပ်လိမ့်မည်။ အကောင်းမွန်ဆုံးနည်းလမ်းများ သင့်၏မျက်လုံးအဘက်ဘက်မှလေ့လာခြင်းဖြင့် အမြင်ကြည်လင်စေရန် မျက်မှန်သို့မဟုတ်မျက်ကပ်မှန် လိုအပ်သည်ကိုလေ့လာခြင်းဖြစ်သည်။

Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကို ဘယ်လိုကုသပါသလဲ

မျက်မှန်သို့မဟုတ် ခွဲစိတ်မှုအကူအညီဖြင့် ပုံရိပ်အား မျက်စိကြောတွင်စုဆုံစေခြင်းဖြင့်ကုသနိုင်သည်။

မျက်မှန်ဝတ်ဖို့ဆုံးဖြတ်ထားပါက မျက်ခွံလွှာ၏ကောက်ပုံကိုများစေခြင်း သို့မဟုတ် မျက်စံအလျားအားရှည်စေခြင်းလုပ်ပေးခြင်းဖြင့်ကူညီပါလိမ့်မည်။ မျက်မှန်အမျိုးအစားအမျိုးမျိုး ဥပမာ အဝေးအနီးပါပါသောမျက်မှန် စာဖတ်မျက်မှန် မျက်ကပ်မှန်များကိုမျက်စိတွင် တတ်ဆင်နိုင်သည်။

အဝေးမှန်ခြင်းအတွက် မျက်စိအားမတပ်ဆင်လိုပါက ခွဲစိတ်ခြင်းကိုစဉ်းစားလိမ့်မည်။ ခွဲစိတ်လိုက်ခြင်းဖြင့် မျက်မှန်သို့မဟုတ် မျက်ကပ်မှန်အပါ်မူတည်နေရသောဒုက္ခအားသက်သာစေနိုင်သည်။ အသုံးများဆုံးနည်းလမ်းမှာ လေဆာဖြင့်မျက်ကြည်လွှာဖြတ်ထုတ်ခြင်း နှင့် လေဆာသို့မဟုတ် ကိရိယာအကူအညီဖြင့် မျက်ကြည်လွှာအားပုံသဏာန်ပြန်သွင်းခြင်းတို့ဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဝေးမှုန်ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်အဝးမှုန်ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

  • မျက်လုံးအားပုံမှန်စမ်းသက်ပါ။
  • နှာတာရှည်ရောဂါများအားထိန်းပါ။ ဥပမာ ဆီးချို သွေးတိုး
  • မျက်လုံးအားနေနှင့်တိုက်ရိုက်ထိခြင်းမှကာကွယ်ပါ။ ယူဗွီပါသောနေကာမျက်မှန်များသုံးပါ။
  • မျက်လုံးအားထိခိုက်ဒဏ်ရာရစေခြင်းမှကာကွယ်ပါ။ ဆိုလိုသည်မှာ မျက်လုံးအကာအကွယ်များအား အားကစားဆော့ချိန် မြက်ရိပ်ချိန် သို့မဟုတ် အဆိပ်ငွေ့နှင့်ထိနိုင်ချိန်တို့ တွင် ဝတ်ဆင်ပါ။
  • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ဖြတ်ခြင်းဖြင့် သင့်မျက်လုံးသာမက သင့်ခန္ဓါကိုယ်ကျန်းမာရေးကိုပိုကောင်းစေနိုင်သည်။
  • မှန်ကန်သောမျက်မှန်ကိုသုံးပါ
  • မျက်စိအားကြာရှည်စွာအသုံးပြုခြင်းမှရှောင်ကြည်ပါ။ ကွန်ပြူတာ သို့မဟုတ် စာဖတ်ပြီး ခဏတွင် အဝေးသို့ကြည့်ခြင်းဖြင့် မျက်လုံးအားအနားပေးပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Nadi မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement