Narcotic abuse (မူးယစ်ဆေးအလွဲသုံးခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Narcotic abuse (မူးယစ်ဆေးအလွဲသုံးခြင်း) ကဘာလဲ။

မိမိကိုယ်ကို သို့မဟုတ် သူတပါးကို ထိခိုက်စေသည့်တိုင် မူးယစ်ဆေးကို ဆက်လက်အသုံးပြုနေခြင်းကို ဆိုလိုသည်။ မူးယစ်ဆေးများကို ပြင်းထန်ဆိုးရွားသော နာကျင်မှုများအတွက် အနာပျောက်ဆေးအဖြစ် အသုံးပြုသည်။ မူးယစ်ဆေးဆိုသည်မှာ ဘိန်းအနွယ်ဝင်ဆေးများကို ဆိုလိုသည်။ မူးယစ်ဆေးအလွဲသုံးသူတွင် အောက်ပါပြဿနာများ ရှိနေနိင်သည်။

အလုပ်ပျက်ခြင်း၊ ကျောင်းပျက်ခြင်း၊ မိမိကလေးကို ဂရုစိုက်ခြင်းစသည့် အိမ်အလုပ်များပါမလုပ်နိုင်တော့ခြင်း

ဥပဒေနှင့် ငြိစွန်းခြင်း၊ မူးယစ်ဆေးအရှိန်မပျယ်ခင် အဖမ်းခံရနိုင်ခြင်း

မိသားစု၊ မိတ်ဆွေတို့နှင့် မူးယစ်ဆေးကြောင်ြ့ပဿနာဖြစ်ခြင်း၊ ဖြစ်နေသောပြဿနာများ ပိုဆိုးသွားခြင်း။

Narcotic abuse (မူးယစ်ဆေးအလွဲသုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Narcotic abuse (မူးယစ်ဆေးအလွဲသုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

နာကျင်ခြင်းကို မခံစားရခြင်း

အိပ်ခြင်း

ဆေးရှိန်ကြောင့် ပျော်မွေ့နေခြင်း

အသက်ရှူနှေးခြင်း၊ တိမ်ခြင်း

မျက်စိသူငယ်အိမ် ကျဥ်းခြင်း

ပျို့ခြင်း၊ အန်ခြင်း

အရေပြားနီရဲ ယားယံခြင်း

ဝမ်းချုပ်ခြင်း

စကားပြောလေးလာခြင်း

သတိမကောင်းခြင်း၊ ဆုံးဖြတ်နိုင်စွမ်းမရှိခြင်း တို့ဖြစ်ကြသည်။

မူးယစ်ဆေးကို အချိန်ကြာမြင့်စွာ အသုံးပြုသူသည် ခန္ဓာကိုယ်ကဆေးကို တောင့်တခြင်း၊ ဆေးယဉ်ခြင်းတို့ ဖြစ်လာမည်။ ဆေးကြောင့် သာယာသည့်ခံစားချက်ကို ရဖို့ ဆေးပမာဏကို ပိုသုံးဖို့ လိုလာတတ်သည်။ ခန္ဓာကိုယ်ကဆေးကို တောင့်တသည့်အဆင့်တွင် ဆေးသုံးခြင်းကို ရပ်လိုက်ပါက ဆေးပြတ်ဝေဒနာများ ခံစားလာရမည်။

မူးယစ်ဆေးဖြတ်သူများ ခံစားရလေ့ရှိသည့် လက္ခဏာများမှာ

စိုးရိမ်ပူပန်ခြင်း

စိတ်တိုလွယ်ခြင်း

ဆေးကိုတောင့်တခြင်း

အသက်ရှူမြန်ခြင်း

သမ်းဝေခြင်း

နှာရည်ယိုခြင်း

တံတွေးထွက်ခြင်း

ကြက်သီးထခြင်း

နှာခေါင်းပိတ်ခြင်း

ကြွက်သားများနာကျင်ကိုက်ခဲခြင်း

အန်ခြင်း

ဗိုက်နာခြင်း

ဝမ်းလျှောခြင်း

ချွေးထွက်ခြင်း

သတိမကောင်းခြင်း

မျက်စိသူငယ်အိမ်ကျယ်ခြင်း

ခြေတုန်လက်တုန်ဖြစ်ခြင်း

အစားအသောက်ပျက်ခြင်း တို့ဖြစ်ကြသည်။

မူးယစ်ဆေးဖြတ်သူများ ခံစားရလေ့ရှိသည့် လက္ခဏာများမှာ ဆေးပညာအရ အန္တရာယ်မရှိသော်လည်း အခံရခက်ပြီး ဆိုးရွားလှသဖြင့် ဆေးပြန်သုံးခြင်းကို ဦးတည်စေသည်။  ခြုံပြောရလျှင် ဆေးဖြတ်ဝေဒနာ ဘယ်လောက်ဆိုးသလဲ၊ ဘယ်လောက်ကြာကြာခံရသလဲဆိုသည်မှာ မူးယစ်ဆေး ဘယ်လောက်ကြာကြာနှင့် ဘယ်လောက်များများသုံးထားသလဲအပေါ် မူတည်နေသည်။

မူးယစ်ဆေးမသုံးတော့သည်နှင့် ဆေးဖြတ်ဝေဒနာများ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်သော ဆေးအမျိုးမျိုးဖြင့် အဆိပ်အတောက်ဖြေနိုင်သည်။ Methadoneသည် ဆေးဖြတ်ဝေဒနာ သက်သာစေရုံသာမက ကြာရှည်သုံးနိုင်သောကြောင့် ထိုသို့ပြန်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ Buprenorphineကိုလည်း မူးယစ်ဆေး၏ အဆိပ်အတောက်ကို ဖြေရန် methadone အစားသုံးနိုင်သည်။ Naloxoneနှင့်ပေါင်းပြီး suboxone အမည်ဖြင့် ဆေးဖြတ်ဝေဒနာများ ကုသရာတွင်လည်း သုံးနိုင်သည်။ ဆေးဖြတ်ဝေဒနာအတွက် သုံးသောအခြားဆေးတစ်မျိုးမှာ သွေးတိုးအတွက်သုံးသော clonidine ဖြစ်သည်။ Naltrexone ဟုခေါ်သောဆေးသည် မူးယစ်ဆေးကိုလက်ခံသည့်နေရာတွင် ၀င်ပေါင်းပေးသဖြင့် အထူးကုသမှုစင်တာများတွင် မေ့ဆေးပေးပြီး အမြန်အဆိပ်ဖြေခြင်း ပြုလုပ်နိုင်သည်။ သို့ရာတွင် ရလာဒ်မှာ ရိုးရိုးအဆိပ်ဖြေခြင်းထက် ထူးခြားကောင်းမွန်မှုတော့ မရှိလှပါ။

ဆေးဖြတ်သင့်အဆင့်ပြီးပါက ခန္ဓာကိုယ်ကဆေးကို မတောင့်တတော့သော်လည်း စိတ်ကတော့ဆေးကို စွဲလန်းနေနိုင်သည်။ ဆေးစွဲဖူးသူအချို့သည် စိတ်ဖိစီးမှု သို့မဟုတ် အခြားလွှမ်းမိုးနိုင်သော အကြောင်းများကြောင့် ဆေးပြန်သုံးနိုင်သည်။

 

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Narcotic abuse (မူးယစ်ဆေးအလွဲသုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မူးယစ်ဆေးကို လက်ခံသည့်နေရာများတွင် ပူးပေါင်းလှုံ့ဆော်ခြင်းဖြင့် အစွမ်းပြသည်။

မူးယစ်ဆေးက ဗဟိုအာရုံကြောစနစ်တွင်း ထုတ်လုပ်သော သာယာပျော်ရွှင်စေခြင်းနှင့် အိပ်ပျော်စေခြင်းအကျိုးကြောင့် မူးယစ်ဆေးအလွဲသုံးခြင်းများ ဖြစ်လာသည်။ အကြောထဲ ဘိန်းဖြူထိုးသွင်းသူများက ဆေးသုံးရသည့်ခံစားချက်ကို စိတ်ဆန္ဒပြည့်ဝခြင်းနောက်မှ ပျော်ရွှင်ခြင်း၊ အပန်းပြေခြင်းတို့လိုက်လာပြီး နောက်ဆုံး ငိုက်မြည်းပြီး အိပ်ပျော်ခြင်းနှင့် အဆုံးသတ်သည်ဟု ဆိုကြသည်။

မူးယစ်ဆေးကို ယာယီဆေးဝါးအဖြစ်သုံးပါက အချိန်တိုအတွင်းဆေးကိုရပ်လိုက်လျှင် ဆိုးကျိုးမဖြစ်နိုင်သောကြောင့် မျှဉ်းပြီး ဖြတ်ရန်လိုခဲပါသည်။ မူးယစ်ဆေးကို ဆေးဝါးအဖြစ်ရေရှည်သုံးရသူများတွင်တော့ ဆေးပြတ်ဝေဒနာများ မခံစားရစေရန် အခြေအနေပေးလျှင် ဆေးပမာဏကို ရက်သတ္တပါတ်အနည်းငယ်အတွင်း တဖြည်းဖြည်းလျှော့၍ ဖြတ်ရမည်။ လူနာများ အနာသက်သာပြီး သိပ်မပြင်းသော မူးယစ်ဆေးမပါသည့် အကိုက်အခဲပျောက်ဆေးကို သုံးနိုင်ရန် ရည်၇ွယ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Narcotic abuse (မူးယစ်ဆေးအလွဲသုံးခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

မူးယစ်ဆေးအလွဲသုံးခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

မြီးကောင်ပေါက်အရွယ်တွင် ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ခြင်း၊ စမ်းသပ်လုပ်ဆောင်ချင်စိတ်ရှိခြင်း

ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းများ

မိသားစုပြဿနာများ

လူဆိုးဂိုဏ်းဝင်ဖြစ်ခြင်း

မြို့နေပညာမဲ့လူတန်းစားဖြစ်ခြင်း

ဆင်းရဲခြင်း

ချမ်းသာခြင်း၊ သုံးဖြုန်းနိုင်ခြင်း

မိသားစုတွင် ဆေးစွဲသည့် ရာဇ၀င်ရှိခြင်း

မိမိကိုယ်ကို ယုံကြည်မှုအားနည်းခြင်း

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ မူးယစ်ဆေးအလွဲသုံးခြင်းမဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Narcotic abuse (မူးယစ်ဆေးအလွဲသုံးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အရေးပေါ်ဌာနတွင် ရောဂါရာဇ၀င်ယူခြင်း၊ လူနာခံစားနေရသည့် လက္ခဏာများကို ထည့်သွင်းစဉ်းစားခြင်းတို့ဖြင့် ဆေးလွန်လာကြောင်း ကနဦးအတည်ပြုမှု ပြုလုပ်သည်။ သတိလစ်နေသော လူနာအားလုံးနီးပါးကို naloxone ဟုခေါ်သည့် မူးယစ်ဆန့်ကျင်ဖြေဆေးပေးသည်။ ထိုဆေးသည် မူးယစ်ဆေး၏ သက်ရောက်မှုများကို ပိတ်ပင်ပေးပြီး ပြောင်းပြန်ပြန်လုပ်ပေးသည်။ ရှေးဦးအသက်ကယ်ခြင်းအပြီးတွင် မူးယစ်ဆေးကို ပုံမှန်ဆီးစစ်ခြင်းမှ အလွယ်တကူတွေ့နိုင်သည်။ မိသားစု၊ သူငယ်ချင်းများ၏ ပြောပြချက်များ၊ ဆေးပုလင်း၊ ဆေးသုံးသည့် အသုံးအဆောင်များမှ ဆရာဝန်ကို လူနာ၏ဆေးသုံးခြင်း/အလွဲသုံးခြင်းအကြောင်း အရေးကြီးသော သဲလွန်စများပေးနိုင်သည်။

 

Narcotic abuse (မူးယစ်ဆေးအလွဲသုံးခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆေးလွန်ခြင်း။ ဆေးလွန်နေသည်ဟု ထင်ရသော သတိလစ်လူနာကို naloxone မူးယစ်ဆန့်ကျင်ဖြေဆေး ပေးသည်။ အကြောဆေးအဖြစ်ပေးပါက တစ်မိနစ်၊ နှစ်မိနစ်အတွင်း မူးယစ်ဆေးကြောင့်ဖြစ်သည့် သတိလစ်ခြင်း၊ အသက်မရှူနိုင်ခြင်းတို့မှ ပြန်ကောင်းလာစေသည်။

ဆေးပြတ်ဝေဒနာ။ မူးယစ်ဆေးစွဲနေသူများကို ကုသရခက်သည်။ ဆေးပြတ်ဝေဒနာအတွက် အသုံးအများဆုံးရေရှည်ကုသမှုမှာ မူးယစ်ဆေးနေရာတွင် methadoneကို အစားထိုးပြီး methadoneကို ဖြည်းဖြည်းမျှဉ်း၍ ဖြတ်ခြင်းဖြစ်သည်။ Buprenorphine ကိုလည်း ပထမမူးယစ်ဆေးနေရာတွင် အစားထိုးပြီး ဒုတိယမူးယစ်ဆေးကို မျှဉ်းဖြတ်သည့်သဘောဖြင့် သုံးနိုင်သည်။

Clonidineဆေးသည် တံတွေးထွက်ခြင်း၊ နှာရည်ယိုခြင်း၊ ချွေးထွက်ခြင်း၊ ဗိုက်နာခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်းစသည့် ဆေးပြတ်ဝေဒနာများကို သက်သာစေသည်။ ထိုဆေးကို ကြာရှည်ခံမူးယစ်ဆန့်ကျင်ဆေးဖြစ်သော naltrexoneနှင့် တွဲသုံးပါက ပိုမိုမြန်ဆန်စွာ အဆိပ်အတောက်ဖြေနိုင်မည်။ Buprenorphine ကိုလည်း ဆေးပြတ်လကဏာများကို ကုသရန်သုံးနိုင်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 23, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 15, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။