Narcolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Narcolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) ကဘာလဲ။

ရုတ်တရက် အိပ်ပျော်သွားတတ်သော ရောဂါဆိုသည်မှာ နာတာရှည် ရောဂါတစ်ခုဖြစ်သည်။ ထိုရောဂါတွင် လူနာသည် ဘယ်လောက်ပဲ အိပ်ထားအိပ်ထား အချိန်မရွေး၊ နေရာမရွေး အထိန်းအချုပ်မရှိ အိပ်မောကျသွားနိုင်သည်။ ထိုလူနာသည် ၁၀-၁၅ မိနစ်လောက် အိပ်မောကျသွားပြီးနောက် ပြန်ကောင်းသွားသည်။

သို့သော် ထို နေကောင်းခြင်းသည်လည်း သိပ်မကြာလိုက် နောက်တစ်ကြိမ် ထပ် အိပ်မောကျသွားနိုင်ပါသည်။ ရုတ်တရက်အိပ်ပျော်သွားတတ်သောရောဂါသည် ကားမောင်းနေစဉ် ၊ အလုပ်လုပ်နေစဉ် (သို့) စကားပြောနေစဉ်များတွင်လည်း ဖြစ်နိုင်သည်။ ဘ၀တစ်လျှောက်လုံးဖြစ်နေသည့် ရောဂါဖြစ်ပြီး ကုသနိုင်သော နည်းလမ်းမရှိပါ။ သို့သော် ကောင်းကောင်းမွန်မွန် ကုသမှုခံယူပြီး ကျန်းမာသော ဘ၀နေထိုင်မှုပုံစံအတိုင်း နေထိုင်လျှင် ထိုအခြေအနေကို ထိန်းချုပ်နိုင်ပါသည်။

Narcolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

မည်သူမဆို ဤရောဂါဖြစ်နိုင်ပါသည်။ အသက်အရွယ်အားလုံးတွင် အထင်ရှားဆုံးအရွယ်မှာ ၁၅ နှစ် နှင့် ၃၀ ကြားဖြစ်သည်။ ဖြစ်နိုင်ချေ မြင့်မားစေသော အန္တရာယ်များကို လျော့နည်းစေခြင်းအားဖြင့် ရောဂါကို ကာကွယ်နိုင်သည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။

လက္ခဏာများ

Narcolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများမှာ

  • နေ့ခင်းဖက်တွင် အိပ်ငိုက်နေခြင်း ။ ။ ထိုအခြေအနေသည် စက္ကန့်အနည်းငယ်မှ မိနစ်များစွာ အထိကြာနိုင်ပြီး အစာစားပြီးချိန်၊ စကားပြောနေချိန် နှင့် အခြေအနေများစွာတွင် ဖြစ်ပွားနိုင်ပါသည်။
  • တစ်ပိုင်းတစ်စ (သို့) အပြည့်အ၀ ကြွက်သား အားနည်းခြင်း ။ ။ လက် နှင့် ခြေထောက် လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဖြစ်တတ်သည်။ အချို့ ဆိုးရွားသော အခြေအနေများတွင် မိနစ်ပိုင်းအတွင်း လဲကျသွားနိုင်ပြီး မလှုပ်ရှားနိုင်ဖြစ်တတ်သည်။
  • ထင်ယောင်ထင်မှားဖြစ်ခြင်း။ ။ အမှန်တကယ် မရှိသော အရာများကို မြင်ခြင်း ၊ ကြားခြင်း ရှိတတ်သည်။ ထိုအခြေအနေသည် အိပ်ပျော်နေစဉ် (သို့) နိုးနေစဉ်တွင် ဖြစ်နိုင်သည်။

အထက်တွင် ဖော်ပြထားသည့်အထဲ၌ မပါဝင်သော အခြား ရောဂါလက္ခဏာများလည်း ရှိနိုင်သည်။ အကယ်၍ သင်သည် ရောဂါလက္ခာနှင့် ပတ်သက်ပြီး စိုးရိမ်စိတ်ရှိနေလျှင် သင့်ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ်၍ ထိုအခြေအနေသည် သင့်နေ့စဉ် ဘ၀ နှင့် အလုပ်ကို ထိခိုက်လာလျှင် ဆရာဝန်နဲ့ ပြသပါ။ တစ်ယောက်နှင့် တစ်ယောက် ခံစားရသော အခြေအနေခြင်း ကွာခြားနိုင်သည်။ သင့်အတွက် အကောင်းဆုံး စစ်ဆေးခြင်း နှင့် ကုသခြင်းကို ခံယူနိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အကြောင်းရင်းများ

Narcolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ထိုရောဂါ ဖြစ်စေသော အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရပါ။ သို့သော် ထိုရောဂါရှိသောသူ အများစုသည် Hypocretin ပမာဏ နည်းကြသည်။ ထို အရာသည် သင့်အား နိုးစေရန် ကူညီပေးရာ၌ အရေးကြီးသည်။ သို့သော် ဦးနှောက်တွင် Hypocretin ထုတ်လုပ်သော ဆဲလ် နည်းရခြင်းအကြောင်းရင်းကို တိတိကျကျမသိရှိပါ။ ကျွမ်းကျင်သူများကတော့ ကိုယ်ခံအားစနစ် ကမောက်ကမ ဖြစ်မှုဟု သံသယရှိသည်။ ထို့ပြင် ထိုရောဂါသည် မျိုးရိုးလိုက်တတ်သည်။ သိပ္ပံပညာရှင်များက ထိုရောဂါတွင် ပါဝင်ပတ်သက်နေသော မျိုးဗီဇ သည် နောက်မျိုးဆက်ဆီ ပေးစွမ်းနိုင်ကြောင်း ရှာဖွေတွေ့ရှိထားပါသည်။

ဖြစ်နိုင်ခြေများ

 Narcolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ရုတ်တရက် အိပ်ပျော်သွားစေတတ်သော အန္တရာယ်ကို မြင့်မားစေသော အကြောင်းအရာများစွာ ရှိပါသည်။

ဥပမာ ။  ။

  • ဦးခေါင်း ထိခိုက်ဒဏ်ရာ
  • အာရုံကြော ရောဂါ
  • မျိုးဗီဇ

အထက်ပါ အန္တရာယ်များ မရှိရုံနှင့် သင့်တွင် ထိုရောဂါ မဖြစ်နိုင်ဟု မဆိုလိုပါ။ ထိုအချက်များသည် အညွှန်းသက်သက် ဖြစ်သည်။ ပိုအသေးစိတ် သိရှိလိုပါက သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Narcolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မည်။ သင့်ကို ရောဂါဖြစ်ပွားသည့် ပုံစံကိုလည်း မေးမြန်းလိမ့်မည်။

အခြား အတည်ပြုနိုင်သော နည်းလမ်းများလည်း ရှိပါသည်။

  • သွေးစစ်ဆေးခြင်း ။ ။ သင့်အိပ်စက်ခြင်းကို နှောင့်ယှက်နေသော အခြား ရောဂါ ရှိမရှိ ဆုံးဖြတ်ရန်
  • နှလုံး အီးစီဂျီ ဆွဲခြင်း ၊ ဦးနှောက်လှိုင်း EEG ဆွဲခြင်း
  • မျိုးဗီဇ စစ်ဆေးခြင်း ။ ။ ရောဂါ ဖြစ်ပွားစေသော မျိုးဗီဇ ရှိမရှိစစ်ဆေးသည်။

Narcolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) ကို ဘယ်လိုကုသပါသလဲ

လက်ရှိတွင် အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်သော နည်းလမ်း နှင့် ရောဂါကို ထိန်းချုပ်နိုင်သော တစ်ခုတည်းသော ကုထုံး မရှိသေးပါ။ သင့်ဆရာဝန်က နေ့ခင်းပိုင်း အိပ်မောကျချိန်ကို လျော့နည်းစေသော ဆေးများ နှင့် ညဖက် ပို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသော ဆေးများကို ပေးလိမ့်မည်။ သင့်ဆရာဝန်သည် ထင်ယောင်ထင်မှားဖြစ်ခြင်း ကဲ့သို့သော လက္ခဏာများကို သက်သာစေဖို့ ဆေးများကိုလည်း အသုံးပြုပါလိမ့်မည်။

ထို့ပြင် လေ့ကျင့်ခန်းလုပ်ခြင်း၊ ကဖင်းဓါတ် နှင့် အရက် ရှောင်ခြင်းတို့သည်လည်း ရောဂါအပျော့စားတွင် သက်သာစေသည်။

 

 လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရုတ်တရက် အိပ်ပျော်သွားတတ်သော ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရုတ်တရက် အိပ်ပျော်သွားတတ်သော ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ဆရာဝန်ညွှန်ကြားသော ဆေးများသောက်သုံးခြင်း
  • နေ့ခင်းပိုင်းတွင် တတ်နိုင်သလောက် ပုံမှန်အနားယူခြင်း
  • အချိန်မှန် အိပ်ပြီး အချိန်မှန် ထခြင်း ။ ညတွင် အနည်းဆုံး ၈ နာရီ အိပ်နိုင်ရန် ကြိုးစားပါ။
  • လေ့ကျင့်ခန်းလုပ်ပါ။
  • ဆေးလိပ်၊ အရက်၊ ကဖင်း ရှောင်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။