backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nail Fungus (လက်သည်းမှိုစွဲခြင်း)


Dr. Kaung Thar မှ ရေးသားသည်။ · 08/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Nail Fungus (လက်သည်းမှိုစွဲခြင်း) ကဘာလဲ။

အရေပြားမှိုစွဲရောဂါတွေက မှိုပိုး အမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး အရေပြားယားယံခြင်းရဲ့ အဖြစ်များတဲ့ တရားခံဖြစ်ပါတယ်။

မှိုတွေက သင့်ရဲ့ အရေပြား၊ အမွှေးနှင့် ခြေသည်းလက်သည်းတွေကို ဖြစ်စေတဲ့ အသားဓါတ်တစ်မျိုးဖြစ်တဲ့ keratin အသေမှာ ဝင်ရောက်ကျူးကျော်ကြီးထွားကြပါတယ်။

အောက်မှာ ပြထားတာကတော့ မှိုရောဂ့ အမျိုးအစား အချို့ပဲ ဖြစ်ကြပါတယ်။

Athlete’s foot (Tinea pedis)

ဒီရောဂါကတော့ နွေးပြီးချိုင့်တဲ့ အရေပြားနေရာ အထူးသဖြင့် ခြေချောင်းတွေကြားမှာ ကြီးထွားတဲ့ မှိုပိုးကြောင့် ဖြစ်ပါတယ်။ ဒီပိုးက သင့် အရေပြားကို ယားစေပြီး နီစေပါတယ်။ သင့်ရဲ့ ခြေဖဝါးကိုလည်း ခြောက်သွေ့ပြီး အရေခွံကွာစေနိုင်ပါတယ်။ အရေကြည်ဖုတွေ တောင်ဖြစ်လာနိုင်ပါတယ်။

Athele’s foot ရောဂါကို သင်ဟာ ခြေဗလာနှင့် ညစ်ပတ်တဲ့ စိုထိုင်းတဲ့နေရာတွေဖြစ်တဲ့ အများသုံးရေချိုးခန်း၊ ရေကူးကန် သို့ ရေနွေးကန်တွေမှာမှာ လမ်းလျှောက်ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ သင့်ခြေထောက်ကို ကိုင်ပြီးလငက်ပြန်မဆေးလျှင် athlete’s foot က တခြားကိုယ်ခန္ဒါအစိတ်အပိုင်းတွေကို ပါ ပြန့်နှံ့ သွားနိုင်ပါတယ်။

Nail infection ( Tinea unquium )

ခြေသည်းလက်သည်းမှိုရောဂါစွဲကပ်ခြင်းကတော့ သင့်ရဲ့ ခြေသည်းလက်သည်းတွေရဲ့ အစွန်းကနေစဖြစ်ပြီး အရင်းထိ ပြန့်နှံ့ သွားပါတယ်။ သူတို့ဟာ ဖွံ့ဖြိုးလာဖို့ အချိန်ယူရပါတယ်။ သူတို့တွေက သင့်ရဲ့ ခြေသည်းလက်သည်းတွေကို အရောင်ကျွတ်စေပြီး ကြေမွလွယ်စေနိုင်ပါတယ်။ ဘေးပတ်လည်က တစ်ရှူးတွေကလည်း တဖြည်းဖြည်းထူလာနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ သင့်ရဲ့ ခြေသည်းတွေလဲ ထူလာပြီး ရှူးဖိနပ်စီးလျှင် နာကျင်စေနိုင်ပါတယ်။ ခြေသည်းတွေက လက်သည်းတွေထက် ပို အဖြစ်များပါတယ်။

သင့်မှာ Athlete’s foot ရှိနေပြီး ခြေသည်းလက်သည်းတွေကို ပြန့်သွားလျှင် ခြေသည်းလက်သည်းမှိုစွဲရောဂါဖြစ်လာနိုင်ပါတယ်။ သင့်ခြေသည်းလက်သည်းတွေက ထိခိုက်မှုတစ်ခုကြောင့် အားနည်းနေလျှင်လည်း ဒီရောဂါဖြစ်နိုင်ပါတယ်။

Ringworm on the body ( Tinea corporis )

ခန္ဒါကိုယ်မှာ ရှိတဲ့ ringworm သန်ကောင်ဟာ ခန္ဒါကိုယ်၏ မည့်သည့်နေရာမှာ မဆို ဥပမာ လက်၊ ခြေထောက်နှင့် မျက်နှာတွေမှာ ကူးစက်မိလျှင် နီရဲပြီး အကွင်းပုံ အင်ပြင်များထလာစေနိုင်ပါတယ်။ Ringworm က အနီးကပ်ထိမိရာမှာ ကူးနိုင်ပါတယ်။ သင်ဟာ ringworm ကူးစက်နေတဲ့ လူ သို့ ပစ္စည်းဥပမာ အဝတ်အစား၊ အိပ်ရာခင်းနှင့် ထိတွေ့မိရာကနေ ရောဂါကူးစက်နိုင်ပါတယ်။ မွေးမြူးရေး တိရစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊ နှင့် သိုးတွေက ringworm ဖြစ်စေတဲ့ မှိုကို သယ်ထားနိုင်သလို အိမ်မွေးတိရာစ္ဆာန်တွေဖြစ်တဲ့ ခွေးနှင့် ကြောင်တွေကလဲ သယ်ထားနိုင်ပါတယ်။

Nail Fungus (လက်သည်းမှိုစွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Ringworm in your groin( Tinea cruris )

ဒီရောဂါကို ‘jock itch’ လို့လဲ ခေါ်ပါတယ်။ ဘာလို့လဲ ဆိုတော့ လူငယ်အမျိုးသားတွေမှာ အဖြစ်များလို့ပါ။ ဒီရောဂါဖြစ်ရခြင်းမှာ ဝှေးစေ့နှင့် ပေါင်တို့ နီးကပ်ခြင်းကြောင့် မှိုပိုးကို ကြီးထွားစေတဲ့ အခြေအနေဖြစ်ပေးစေပါတယ်။ ကိုယ်ကြပ် အဝတ်အစားတွေ ဝတ်ဆင်တဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။၎င်းက သင့်ရဲ့ ပေါင်ခြံ နှင့် ခြေထောက်အပေါ်ပိုင်းတွေမှာ အနီကွက်တွေထပြီး ယားစေနိုင်ပါတယ်။

Ringworm on your body လိုပဲ ringworm in your groin ကလည်း အနီးကပ်ထိတွေ့စေခြင်းကြောင့် ကူးစက်နိုင်ပါတယ်။ သင့်မှာ athlete’s foot ရောဂါ ရှိနေပြီး ခြေထောက်ကို ကိုင်ပြီး လက်မဆေးပဲ ပေါင်ကြားကို ကိုင်မိလျှင်လည်း ဖြစ်နိုင်ပါတယ်။

ကိုင်မိလျှင်လည်း ဖြစ်နိုင်ပါတယ်။

လက္ခဏာများ

Nail Fungus (လက်သည်းမှိုစွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Ringworm on your scalp ( Tinea captis )

ဒီရောဂါကို အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ သို့သော် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ringworm သန်ကောင်က သင့်ရဲ့ ဦးရေပြားနေရာ အနှံ့မှာ ဖြစ်နိုင်သော်လည်း ပုံမှန်အားဖြင့်တော့ အကွက်လိုက်ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အပေါ်က ringworm ရောဂါတွေ ကဲ့သို့ ဦးရေပြားနီပြီး ယားပါလိမ့်မယ်။ Kerion လို့ခေါ်တဲ့ ပြည်တွေပြည့်နေတဲ့နေရာတွေလဲ ဖြစ်လာနိုင်ပါတယ်။ ဒီရောဂါပိုးဖြစ်နေစဉ်မှာ သင့်ဆံပင်တွေကျွတ်နိုင်သာ်လည်း ပုံမှန်အားဖြင့် ကုသပြီးလျှင် ပြန်ပေါက်လာနိုင်ပါတယ်။

Ringworm on your scalp ကို မသန့်ရှင်းတဲ့ ဘီး သို့ ရောဂါရှိတဲ့ လူရဲ့ အဝတ်တို့ကို လဲလှယ်သုံးစွဲခြင်းဖြင့် ကူးစက်နိုင်ပါတယ်။

Intertrigo

တချို့မှိုရောဂါတွေက yeast ကြောင့်ဖြစ်နိုင်ပါတယ်။ Intertrigo က သင့်အရေပြား အခေါက်ကြား ဥပမာ ကိုယ်အလေးချိန်များလိုထွက်နေတဲ့ ဗိုက်ခေါက်ကြားတွေမှာ ဖြစ်တဲ့ yeast infection ဖြစ်ပါတယ်။ Candida albicans ဆိုတဲ့ yeast အမျိုးအစားကြောင့် အဖြစ်များပါတယ်။ သင့်အရေပြားတစ်ခုနှင့် တစ်ခုကပ်ပြီး ပွတ်တိုက်မိတဲ့ နေရာမှာဖြစ်နိုင်ပြီး ပွန်းရှနိုင်ပါတယ်။ Intertrigo ဖြစ်လျှင် သင့်အရေပြားက နီပြီး သို့ ညိုပြီး စိုစွတ်တဲ့ အခါ ပြိုကွဲလာနိုင်ပါတယ်။

Pityriasis versicolor ( Tinea versicolor )

ဒီရောဂါကိုတော့ Malasseazia ဆိုတဲ့ မှိုကြောင့်ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါက အဖြစ်များပြီး လူငယ်အမျိုးသားတွေမှာ ဖြစ်စေနိုင်ပါတယ်။ Pityriasis versicolor ဖြစ်လျှင် သင့် အရေပြားမှာ အရေခွံကွာ၊ ယားယံပြီး အရောင်မရှိတဲ့ အရေပြားတွေကို ကျောဘက်နှင့် ကိုယ်လုံးပေါ်မှာ တွေ့ရတတ်ပါတယ်။ ပုံမှန်အားဖြင့် ပန်းရောင် သို့ အညိုရောင်ရှိတတ်ပါတယ်။ အသားမဲတယ်ဆိုလျှင် တချိုပအရောင်တွေက ပျောက်နေနိုင်ပါတယ်။

Thrush ( Candida albicans )

C.albicans တွေက သင့်ပါးစပ်၊ အစာအိမ်၊ အရေပြား နှင့် မန်းမကိုယ်တွေမှာ နေထိုင်တဲ့ အဖြစ်များတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ၎င်းက ဘာပြသနာမှတော့ မဖြစ်စေနိုင်ပါတယ်။ သို့သော် အခြေအနေပေးလျှင် ၎င်းမှိုက ပွားများလာပြီး ရောဂါလက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။

အကြောင်းရင်းများ

Nail Fungus (လက်သည်းမှိုစွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဒီရောဂါက သင်အောက်ပါတို့ကို ပြုလုပ်လျှင် ဖြစ်နိုင်ပါတယ်။

  • ကြပ်တဲ့ အဝတ်အစားများ ဝတ်ခြင်း
  • နေ့စဉ် သန့်စဉ်မှုမပြုခြင်း
  • ပဋိဇီဝဆေးများ သောက်နေရခြင်း
  • သင့်မှာ ကိုယ်ဝန် သို့ ဆီးချိုရောဂါ အခံရှိခြင်းကြောင့် သင့်ခုခံအားစနစ်က ပုံမှန်ကဲ့သို့ ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်း

Risk factors

Nail Fungus (လက်သည်းမှိုစွဲခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဒီ Thrush ရောဂါက တစ်ခါတစ်ရံ အကွက်ဖြူတွေ သို့ အရေပြားအနီကွက်တွေကဲ့သို့ တွေ့ရနိုင်ပါတယ်။ အမျိုးသမီးတွေမှာ vaginal thrush ကယားယံစေပြီး အဖြူရည်တွေ ဆင်းစေနိုင်ပါတယ်။ ပါးစပ်ထဲမှာ လည်း Thrush ဖြစ်နိုင်ပါတယ် – ကလေးတွေနှင့် သက်ကြီးရွယ်အိုတွေ ( အထူးသဖြင့် သွားတုတပ်ထားလျှင်) မှာ အဖြစ်များပါတယ်။ ပွတ်လိုက်လျှင် နီသွားတဲ့ အဖြူကွက် လေးတွေနဲ့ တူပါတယ်။ Oral thrush က အစာစားသောက်ခြင်း ခက်ခဲအောင် နာကျင်စေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Nail Fungus (လက်သည်းမှိုစွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အကောင်းဆုံးနည်းလမ်းကတော့ ဆရာဝန်ကို မေးကြည့်ခြင်း ဖြစ်ပါတယ်။ ဆရာဝန်က သင့်ရဲ့ ရောဂါလက္ခဏာတွေ မေးမြန်းပြီး စမ်းသပ်မှုတွေလဲ ပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း မေးမြန်းနိုင်ပါတယ်။

Nail Fungus (လက်သည်းမှိုစွဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်က သင့်အရေပြား နှင့် အင်ပြင်ထတဲ့ နေရာကို ကြည့်ပြီး ရောဂါကို အတည်ပြုနိုင်ပါတယ်။ သင့်အရေပြား အစ သို့ လည်သည်း သို့ အမွှေးအနည်းငယ်ကို ယူပြီး ဓါတ်ခွဲခန်းကို စစ်ဆေးစေခြင်းဖြင့် လည်း သိနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 08/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement