backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ)


Phyo Wai Yan မှ ရေးသားသည်။ · 20/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) ကဘာလဲ။

ကြွက်သားများရောင်ရမ်းခြင်းဆိုသည်မှာသင့်ခန္ဓါကိုယ်ကိုလှုပ်ရှားရာတွင်အသုံးပြုသောကြွက်သားများ ရောင်ရမ်းခြင်းကိုဆိုလိုပါသည် ။ ဒဏ်ရာရခြင်း ၊ ပိုးဝင်ခြင်းနဲ့မိမိကိုယ်ကိုပြန်တိုက်သောခုခံအားစနစ်.. စသည်တို့ကြောင့် ကြွက်သားရောင်ရမ်းခြင်းများဖြစ်ပေါ်လာရပါတယ် ။ ကြွက်သားနာကျင်ခြင်းတွင် polymyositis နှင့်dermatomyositis ဟူ၍နှစ်မျိုးရှိပါတယ် ။ polymyositis ဆိုသည်မှာခန္ဓါကိုယ်နှင့်အနီးဆုံးကြွက်သားများ အားအင်ချည့်နဲ့ခြင်းဖြစ်ပါတယ် ။ dermatomyositis ဆိုသည်မှာကြွက်သားများအားနည်းသည့်အပြင် အရေပြားတွင်အနီကွက်များပါပေါ်လာခြင်းမျိုးဖြစ်ပါတယ် ။

Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ

များသောအားဖြင့် ကြွက်သားရောင်ရမ်းခြင်းဟာ ဖြစ်ခဲပါတယ် ။ အမျိုးသားများထက်အမျိုးသမီများတွင်ပို၍အဖြစ်များပါတယ် ။ အန္တရာယ်ရှိသည့်အရာများကိုရှောင်ရှား၍ ရောဂါကိုသက်သာအောင်စီစဉ်နိုင်ပါတယ် ။ အသေးစိတ်သိရှိရဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။

လက္ခဏာများ

Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးလက္ခဏာကတော့ ကြွက်သားများအားနည်းခြင်းပဲဖြစ်ပါတယ် ။ ဒီလိုအားနည်းခြင်းဟာ သတိထားမိကောင်းထားမိနိုင်၍ စမ်းသပ်ကြည့်မှသိရှိရသည်မျိုးလည်း ရှိပါတယ် ။ ကြွက်သားနာကျင်ခြင်းကတော့ ရှိချင်လည်းရှိပါမယ် ..မရှိတာမျိုးလည်းရှိပါတယ် ။ ကြွက်သားများအားနည်းခြင်းဟာ လဲကျစေနိုင်ပြီး လဲကျပြီးတဲ့အခါပြန်ထရန် သို့ ကုလားထိုင်မှပြန်ထရန်ခက်ခဲစေပါတယ် ။ ကြွက်သားရောင်ရမ်းခြင်းနဲ့ဆက်စပ်နေတဲ့အခြားလက္ခဏာတွေကတော့… အနီကွက်များထွက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ လက်များတွင်အရေပြားများထူလာခြင်း ၊ မျိုချရခက်ခဲခြင်း ၊ အသက်ရှူရခက်ခဲခြင်းတို့ပဲဖြစ်ပါတယ် ။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရ၍ဖြစ်တဲ့ကြွက်သားရောင်ရမ်းခြင်းများတွင် ဗိုင်းရပ်စ်ကူးစက်ခံရသည့်လက္ခဏာများဖြစ်သည့် နှာစေးခြင်း ၊ခေါင်းဆိုးခြင်း ၊ ဖျားခြင်း ၊ လည်ချောင်းနာခြင်း ၊ ပျို့ချင်အန်ချင်ခြင်းနှင့် ဝမ်းသွားခြင်းတို့ကိုဖြစ်စေနိုင်ပါတယ် ။ သို့သော်လည်း ဒိလက္ခဏာတွေဟာ ကြွက်သားရောင်ရမ်းခြင်းရဲ့လက္ခဏာတွေမစမီ မှာပဲပျောက်သွားတတ်ပါတယ်။

ကြွက်သားရောင်ရမ်းတဲ့လူအချို့ဟာတော့ကြွက်သားများနာကျင်ခြင်းပါရှိကြပါတယ် ။ အများစုကတော့မနာကျင်ကြပါဘူး ။ ကြွက်သားများနာကျင်ခြင်းသည် ကြွက်သားရောင်ရမ်းခြင်းကြောင့်ဖြစ်တာမဟုတ်ပဲ ဒဏ်ရာရခြင်း သို့ သာမာန်တုတ်ကွေးကဲ့သို့ဖျားနာခြင်းများကြောင့်ဖြစ်တာဖြစ်ပါတယ် ။

အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ် ။ အသေးစိတ်သိရဖို့အတွက်တော့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါစာရင်းထဲမှာပါတဲ့ လက္ခဏာတွေကိုခံစားနေရပြီဆိုရင်တော့ဆရာဝန်နဲ့ပြသသင့်ပါပြီ ။ လူတစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး ။ သင့်အခြေအနေအတွက်အကောင်းဆုံးအဖြေကိုရဖို့အတွက်ဆရာဝန်နဲ့ဆွေးနွေးတာအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ

ကြွက်သားရောင်ရမ်းခြင်းကိုဖြစ်စေနိုင်တဲ့မည်သည့်အကြောင်းအရာကြောင့်မဆို ကြွက်သားရောင်ရမ်းခြင်းဖြစ်ပေါ်လာရပါတယ် ။ ကြွက်သားရောင်ရမ်းခြင်းများကို အမျိုးအစားများစွာခွဲခြားနိုင်ပါတယ် ။

ရောင်ရမ်းစေသောအခြေအနေများ – ခန္ဓါကိုယ်အနှံ့ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့အခြေအနေတွေဟာ ကြွက်သားတွေကိုလည်းရောင်ရမ်းခြင်းဖြစ်စေနိုင်ပါတယ် ။ အများဆုံးဖြစ်စေတာတွေကတော့…မိမိကိုယ်ကိုပြန်တိုက်သောခုခံအားစနစ်ရောဂါများ ကြောင့်ဖြစ်ပါတယ် ။ ပြင်းပြင်းထန်ထန်ကြွက်သားများရောင်ရမ်းခြင်းကိုဖြစ်စေတဲ့အခြေအနေတွေကတော့..

– dermatomyositosis( ကြွက်သားများအားအင်ချည့်နဲ့ခြင်းနှင့် အနီကွက်များထခြင်း)

– polymyositosis ( ခန္ဓါကိုယ်နှင့်အနီးဆုံးကြွက်သားများ အားအင်ချည့်နဲ့ခြင်း)

– inclusion body myositosis ( ခြေ လက်ရှိကြွက်သားများအားအင်ချည့်နဲ့ခြင်း)

တစ်ခြားအပျော့စားကြွက်သားများရောင်ရမ်းခြင်းကိုဖြစ်စေတာတွေကတော့…

– သွေးလေးဘက်နာရောဂါများ ၊

– lupus ( ခုခံအားစနစ်ကမိမိတစ်ရှူးများ ၊အင်္ဂါများကို ပြန်လည်ဖျက်ဆီးသော နာတာရှည်ရောင်ရမ်းမှုရောဂါတစ်မျိုး)

– scleroderma ( ခုခံအားစနစ်ကြောင့် အရေပြားများ ၊ ကြွက်သားများတွင်ပြောင်းလဲမှုများဖြစ်ပေါ်လာခြင်း)

ရောင်ရမ်းစေတဲ့ရောဂါတွေဟာ ကြွက်သားများရောင်ရမ်းခြင်းကိုအများဆုံးဖြစ်စေပြီး ရေရှည်ကုသမှုကို ခံယူရန်လိုအပ်ပါတယ် ။

ကူးစက်ရောဂါများ – ဗိုင်းရပ်စ်ပိုးကူစက်ခြင်းဟာလည်း ကြွက်သားရောင်ရမ်းခြင်းကိုအဖြစ်စေဆုံး ကူးစက်ရောဂါပဲဖြစ်ပါတယ် ။ ဘတ်တီးရီးယားများ ၊ မှိုများနှင့် အခြား အကောင်များဟာလည်း ရှားပါပေမယ့် ကြွက်သားရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ် ။ ဗိုင်းရပ်စ်များ ၊ ဘတ်တီးရီးယားများဟာကြွက်သားထဲကိုဝင်လာပြီး ကြွက်သားအမျှင်များကိုပျက်စီးစေတဲ့အရာများကိုထုတ်ပါတယ် ။ အအေးမိခြင်း ၊ တုတ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးနှင့် HIV ပိုးတွေဟာလည်း ကြွက်သားရောင်ရမ်းခြင်းများကို ဖြစ်စေတဲ့ဗိုင်းရပ်စ်တွေထဲကအနည်းငယ်ပဲဖြစ်ပါတယ် ။

ဆေးများ ။

ဆေးဝါးတွေနဲ့ကျန်းမာရေးကုထုံးတွေဟာလည်းကြွက်သားတွေကိုယာယီထိခိုက်နာကျင်စေပါတယ် ။ ကြွက်သားများသည်အမြဲတမ်းရောင်ရမ်းမှုဖြစ်တာမဟုတ်သောကြောင့် ကြွက်သားရောင်ရမ်းခြင်းထက် ကြွက်သားဆိုင်ရာပြဿနာများဟုပဲ ခေါ်ကြပါတယ် ။ ကြွက်သားပြဿနာများကိုဖြစ်စေတဲ့ဆေးတွေကတော့…

– statin ( ကိုလက်စ်ထရောကျဆေး)

– colchicine ( ဂေါက်ရောဂါတွင်သောက်သောဆေး)

– plaquenil

– alpha – interferon

– cocaine နဲ့ alcohol တို့ပဲဖြစ်ပါတယ် ။

ကြွက်သားပြဿနာများဟာ ဆေးသောက်ပြီးပြီးချင်းမှာတန်းဖြစ်နိုင်သလို ဆေးသောက်ပြီးနှစ် ၊ လ တွေကြာမှဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ် ။ တစ်ခါတစ်ရံမှာတော့မတူညီတဲ့ဆေးကုသမှုနှစ်မျိုး ဓါတ်ပြုပြီးဖြစ်တာမျိုးလည်းရှိပါတယ် ။ ဆေးဝါးတွေကြောင့် ပြင်းပြင်းထန်ထန်ကြွက်သားရောင်ရမ်းခြင်းဖြစ်တာမျိုးတော့ရှားပါတယ် ။

ဒဏ်ရာရခြင်း ။

လေ့ကျင့်ခန်းများပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အခါမှာလည်းကြွက်သားများ နာကျင်ခြင်း ၊ ရောင်ရမ်းခြင်းနဲ့အားနည်းခြင်းတို့ဟာလေ့ကျင့်ခန်းလုပ်အပြီး နာရီပိုင်းမှရက်ပိုင်းအထိရှိနိုင်ပါတယ် ။ ဒီလိုရောင်ရမ်းတာတွေကတော့ကြွက်သားများရောင်ရမ်းခြင်းရဲ့လက္ခဏာတွေဖြစ်ပြီး လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ဒီလိုလက္ခဏာတွေဟာအနားယူလိုက်တဲ့အခါမှာလုံးဝပြန်လည်းကောင်းမွန်သွားပါတယ်။

Rhabdomyolysis

Rhabdomyolysis ဆိုတာကတော့ကြွက်သားများဟာ လျှင်လျှင်မြန်မြန်ပြိုကွဲနေခြင်းဖြစ်ပြီး ကြွက်သားများ ရောင်ရမ်းခြင်း ၊ နာကျင်ခြင်း နဲ့အားအင်ချည့်နဲ့ခြင်း စသည့်လက္ခဏာများဖြစ်တတ်ပါတယ် ။ ဆီးအရောင်ဟာလည်း အနီရောင် သို့ အညိုရင့်ရောင်ဖြစ်နေတတ်ပါတယ် ။

ဖြစ်နိုင်ခြေများ

Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကြွက်သားရောင်ရမ်းခြင်းကိုပိုဆိုးစေတာတွေကတော့..

မျိုးရိုးဗီဇနှင့် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ခြင်းတို့ပဲဖြစ်ပါတယ် ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ လူနာရဲ့ကြွက်သားအားနည်းနေသည့်ရောဂါလက္ခဏာ သို့ အ ကြွက်သားရောင်ရမ်းခြင်းရဲ့အခြားသက်သေများကိုကြည့်၍ကြွက်သားရောင်ရမ်းနေနိုင်သည်ဟု ယူဆပါသည် ။ ကြွက်သားရောင်ရမ်းခြင်းအတွက်စမ်းသပ်တဲ့စမ်းသပ်မှုတွေကတော့..

– သွေးစစ်ခြင်း ။

ကြွက်သားအင်ဇိုင်းတစ်မျိုးဖြစ်သည့် creatine kinase ဟာ သွေးထဲတွင်ပမာဏများနေပြီးဆိုလျှင် ကြွက်သားရောင်ရမ်းနေပြီဟုသိရှိနိုင်ပါတယ် ။ အခြား ပဋိပစ္စည်းဓါတ်ပြုမှုတေရှိမရှိသိရရန်လည်းသွေးစစ်ပါတယ် ။

– MRI scan ရိုက်ခြင်း ။

အားကောင်းတသြံလိုက်နဲ့ကွန်ပြူတာတို့ကိုပေါင်းစပ်ထားတဲ့ scan ဟာ ကြွက်သားတွေရဲ့ပုံကိုပေါ်လာစေပြီး ကြွက်သားရောင်ရမ်းသောနေရာနှင့် အချိန်ကြာလာသည်နှင့်အမျှ ကြွက်သားများပြောင်းလဲလာခြင်းတို့ကို ပြသပေးပါတယ် ။

– EMG ။

EMG ဟာဆိုရင်တော့ ကြွက်သားထဲကို လျှပ်စစ်ဓါတ်ပါတဲ့အပ်သေးသေးလေးတွေထည့်ပြီး ကြွက်သားရဲ့တုံ့ပြန်မှုကိုစမ်းသပ်ခြင်းပဲဖြစ်ပါတယ် ။ ဒါကတော့ ကြွက်သားရောင်ရမ်းမှုကြောင့် ကြွက်သားများ အားနည်းနေခြင်းနဲ့ပျက်ဆီးနေခြင်းတို့ကိုပြသပေးနိုင်ပါတယ် ။

– ကြွက်သားစယူ၍ စမ်းသပ်စစ်ဆေးခြင်း ။

ဒါဟာအရေးအကြီးဆုံးစမ်းသပ်မှုတစ်ခုပဲဖြစ်ပါတယ် ။ ဆရာဝန်ဟာအားနည်းနေသောကြွက်သားနေရာကိုရှာ၍ အသားစသေးသေးလေး ဖြတ်ထုတ်ယူပြီး စမ်းသပ်စစ်ဆေးပါတယ်။ ဒီလိုစစ်ဆေးခြငးဟာ ကြွက်သားရောင်ရမ်းခြင်းရှိတဲ့လူအများစုမှာနောက်ဆုံးကောက်ချက်ချချက်ကိုပေးနိုင်ပါတယ် ။

ကြွက်သားရောင်ရမ်းခြင်းကြောင့်ဖြစ်တာထက် အခြားအကြောင်းများကြောင့် ကြွက်သားများအားနည်းခြင်း ၊နာကျင်ခြင်းတွေအဖြစ်များပါတယ် ။ ဒါကြောင့် ကြွက်သားရောင်ရမ်းခြင်းကိုရှာဖွေစမ်းသပ်တဲ့စမ်းသပ်မှုတွေနဲ့ အချိန်ဟာလည်း ကြာနိုင်ပါတယ် ။

Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) ကို ဘယ်လိုကုသပါသလဲ

ကြွက်သားရောင်ရမ်းခြင်းကိုကုသရာတွင် ဖြစ်စေသောအကြောင်းအရာပေါ်မူတည်၍ ကုသမှုဟာလည်းကွဲပြားကြပါတယ် ။

– ရောင်ရမ်းခြင်းများကြောင့်ဖြစ်သော ကြွက်သားရောင်ရမ်းမှုတွင် ခုခံအားကိုနှိမ့်ချပေးသောဆေးများကိုပေးရပါတယ် ။ ဥပမာ..Prednisone , Azathioprine (Imuran) ,Methotrexate တို့ပဲဖြစ်ပါတယ် ။

– ကူးစက်ရောဂါများကြောင့်ဖြစ်သောကြွက်သားရောင်ရမ်းခြင်းများတွင်( အထူးသဖြင့် ဗိုင်းရပ်စ်) အထူးကုသမှုမလိုပါဘူး ။ ဘတ်တီးရီးယားကြောင့်ကြွက်သားရောင်ရမ်းမှုဖြစ်ခဲ့လျှင်တော့ ပဋိဇီဝပိုးသတ်ဆေးများကို ဘတ်တီးရီးယားပျံပွားမှုကိုထိန်းချုပ်ဖို့အတွက်ပေးရပါမယ် ။

– rhabdomyolysis ရောဂါကြောင့် ကြွက်သားနာကျင်မှုဖြစ်တာရှားပေမယ့် ကြွက်သားများပျက်ဆီး၍ ကျောက်ကပ်ကိုပါပျက်ဆီးစေနိုင်သောကြောင့် လူနာကိုဆေးရုံတင်ပြီး လိုအပ်သောအရည်များသွေးပြန်ကြောမှတစ်ဆင့်သွင်းရန်လိုအပ်ပါတယ်။

– ဆေးဝါးများကြောင့်ဖြစ်သောကြွက်သားနာကျင်မှုများတွင်တော့ ဆေးဝါးကိုရပ်တန့်လိုက်ရန်သာလိုပါတယ် ။ Statinဆေးဝါးများကြောင့်ဖြစ်တဲ့ကြွက်သားနာကျင်မှုများကတော့ ဆေးရပ်ပြီး တစ်ပါတ်ကျော်အထိ နာကျင်မှုတွေကျန်ရှိနေနိုင်ပါသေးတယ် ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ ။

ဘယ်လိုနေထိုင်မှုပုံစံတွေနဲ့အိမ်တွင်းကုသမှုတွေကကြွက်သားနာကျင်ခြင်းကိုသက်သာစေသလဲ။

လေ့ကျင့်ခန်းလုပ်ခြင်းဟာကြွက်သားရောင်ရမ်းမှုအတွက်အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေကိုကြံခိုင်ပြီးပျော့ပျောင်းနေစေပါတယ် ။ ဒါ့အပြင် ကြွက်သားများသေးသွားခြင်းမှကာကွယ်ပေးနိုင်ပြီး သန်မာမှုနဲ့လုပ်ရှားနိုင်မှုတို့ကိုလည်း ပြန်လည်ရရှိနိုင်ပါတယ် ။ ဆရာဝန်တွေဟာကြွက်သားသန်မာမှုကိုအားပေးတဲ့ဖြည့်စွက်စာတွေကိုလည်းညွှန်းလေ့ရှိကြပါတယ် ။

အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့အကောင်းဆုံးအဖြေကိုရရှိရန် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 20/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement