Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) ကဘာလဲ။

နယူရုန်းသည် အာရုံကြောစနစ်တွင်ပါသော အပိုင်အစတစ်ခုဖြစ်ပြီး စဉ်းစားခြင်း မြင်ခြင်း ကြားခြင်း စကားပြောခြင်း ခံစားခြင်း နှင့် လှုပ်ရှားခြင်းတို့လုပ်နိုင်သည်။ နယူရုန်းတခုတွင် ဆဲလ်ခန္ဓါကိုယ်နှင့် အိတ်ဇွန်တစ်ခုပါဝင်သည်။ များသောအားဖြင့် အိတ်ဇွန် အား မိုင်လင် အဆီအရာများနှင့် ပရိုတင်းများဖြင့်ပြုလုပ်ထားသည်။ မိုင်လင်က အချက်ပြမှုများအား အာရုံကြောတစ်လျောက်ပို့ပေးသည်။

မိုင်လင်အလွှာပျက်သောရောဂါသည် ဘဝတလျောက် တဖြည်းဖြည်းချင်းဆိုးလာသောရောဂါဖြစ်ပြီး ဦးနှောက်နှင့် ကျောရိုးအာရုံကြောအားထိခိုက်စေတတ်သည်။ မိုင်လင်အလွှာပျက်သောရောဂါတွင် မိုင်လင်များပျက်စီး ခြင်းသို့မဟုတ် ယောင်ခြင်းဖြစ်ပြီး အာရုံကြော အချက်ပြမှုအားအနှောက်အယှက်ပေးသည်။ ထိုကြောင့် အာရုံကြောအမျှင်များပျက်စီးခြင်း နှင့် အခြားလက္ခဏာများပေါ်လာစေသည်။ အချို့သူများတွင် ရောဂါမပြင်းပဲ လက္ခဏာနည်းနည်းသာ သို့မဟုတ် ပြင်းထန်သောလက္ခဏာများ ဥပမာ အာရုံကြောပျက်ဆီးခြင်းအား သံလိုက်ပဲ့တင်ပုံရိပ်စမ်းသက်ခြင်းမှတွေ့နိုင်ခြင်း သို့မဟုတ် အာရုံကြော ဆက်စံမှုနည်းခြင်းတို့ဖြစ်တတ်သည်။

Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အေးသောရာသီတွင် ပိုဖြစ်တတ်သည်။ အသက် ၁၅ နှစ်နှင့် ၆၀ ကြား အသက်ငယ်သူတွင်ပိုဖြစ်နိုင်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများဆိုးလာခြင်း နှင့် ပြန်ကောင်းခြင်းအချိန်များရှိတတ်သည်။ ရောဂါလက္ခဏာသည် ဦးနှောက်နှင့် အာရုံကြောထိခိုက်မှုအပေါ်မူတည်ပြီး ဖြစ်သောနေရာပေါ်တွင်လည်းမူတည်သည်။ဦးနှောက်ထိမိသောရောဂါလက္ခဏာများမှာ

  • မျက်စိဝါးခြင်း သို့မဟုတ် နှစ်ထက်မြင်ခြင်း
  • စဉ်းစားမှုဆိုင်ရာပြဿနာများ
  • ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိခြင်း
  • ညီမျှမှုမထိန်းနိုင်ခြင်း
  • ထုံခြင်း
  • ကျဉ်ခြင်း
  • လက်သို့မဟုတ် ခြေထောက်များအားနည်းခြင်း
  • ဆီးမထိန်းနိုင်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

များသောအားဖြင့် သင့်အခြားနေရာတွင်ရှိနေသောထိခိုက်မှု သို့မဟုတ် ရောဂါပိုးဝင်ခြင်းကြောင့် ပယ်ရီတိုးနီးယန်းယောင်ခြင်းတို့ဖြစ်တတ်သည်။ဥပမာ

  • အစာအိမ်အနာမှပေါက်ထွက်ခြင်း။
  • အူအတတ်ပေါက်ခြင်း
  • အစာချေစနစ်မမှန်ခြင်း ဥပမာ ကုန်းရောဂါနှင့် အူရှိအိတ်ငယ်လေးယောင်ခြင်း

ပယ်ရီတိုးနီးယန်းတွင်ရောဂါပိုးဖြစ်ခြင်းကားရှားသည်။ အောက်ပါအကြောင်းအရာများကြောင့်ဖြစ်နိုင်သည်။

  • အသဲခြောက်ခြင်း။ အသဲတွင်အမာရွတ်ထင်ခြင်းကြောင့် အသဲပျက်ခြင်းတို့ဖြစ်နိုင်သည်။
  • ပယ်လီတိုးနီးယန်းဆေးခြင်း။ ကျောက်ကပ်ပျက်သောသူများတွင်အများဆုံးသုံးသောကုသမှုတစ်ခုဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

မိုင်လင်အလွှာပျက်သောရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • မျိုးရိုးဗီဇ
  • မြောက်ဘက်လက်တီကျူ့တွင်နေထိုင်သူများ( များသောအားဖြင့် ဥရောပ မြောက်ပိုင်းနိုင်ငံများ) တွင် ဖြစ်နှုန်းများသည်ဟုမကြာခင်ကရှာဖွေတွေ့ရှိထားသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအတည်ပြုနိုင်သော တိကျသောစမ်းသက်မှုမရှိပါ။ ဆရာဝန်မှ အာရုံကြောဆိုင်ရာ အထူးကုနှင့်တွေ့ရန်အကြံပေးလိမ့်မည်။ သံလိုက်တုံပြန်အားအသုံးပြု၍ပုံရိပ်ဖော်သောနည်းလမ်း၊ ကျောရိုးအာရုံကြောစစ်ဆေးခြင်းနှင့် အမြင်စမ်းသက်ခြင်းတို့လုပ်နိုင်သည်။

သံလိုက်တုံပြန်အားအသုံးပြု၍ပုံရိပ်ဖော်ခြင်းဖြင့် ယောင်နေသော သို့မဟုတ် ပျက်ဆီးနေသော မိုင်လင်အလွာကိုသိနိုင်သည်။ ကျောရိုးစစ်ဆေးခြင်းသည် ဆရာဝန်မှ ကျောရိုးမှအရည်ကြည် ကိုယူ၍စမ်းသက်မှုများပြုလုပ်သည်။

Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) ကို ဘယ်လိုကုသပါသလဲ

မိုင်လင်အလွှာပျက်သောရောဂါသည် ကုသလို့မရနိုင်သော်လည်း ရောဂါလက္ခဏာများသက်သာနိုင်ရန် နှင့် ရောဂါပိုမဆိုးနိုင်ရန် ကုသမှုများတော့ရှိသည်။ ရောဂါနှင့် ရောဂါနောက်ဆက်တွဲများ(ဥပမာ လှုပ်ရှားမှုများတောင့်တင်းနေခြင်း အားအင်နည်းခြင်း နာခြင်း စဉ်းစားခြင်းနှင့်ဆိုင်သောပြသာနာများ နှင့် ဆီးအိတ်နှင့် ဝမ်းဆိုင်ရာပြသာနာများ)အားကုသနိုင်သည်။

ကောတီကိုစတီးရွိုက်သည် ရောဂါလက္ခဏာသက်သာရန် အဓိကကုသမှုမဖြစ်သည်။ ဆေးများ အင်တာဖရွန် ဘီတာ ဝမ်းအေ နှင့် ဝမ်းဘီ နှင့် ဂလာတီရာမာသည် မိုင်လင်အလွှာပျက်သောရောဂါပိုဆိုးခြင်းနှင့် ပြန်ဖြစ်ခြင်းအားသက်သာစေသည်။

နောက်ဆက်တွဲပြဿနာများအတွက်ဆေးများ အမန်တထင်း၊ ဘကလိုဖန်၊ဂါဘာပန်တင်၊အောက်စီဗျူတိုင်နင်၊ပရိုပန်သလင်း၊ဝမ်းပျော့ဆေး၊ ဆိုင်လီယန်အမျှင၊် စတီးရွိုက်မပါသောအယောင်ကျဆေး နှင့် အစီတာမီနိုဖန်တို့ပါဝင်သည်။

ကျန်းမာသောပုံစံထိန်းသိမ်းနိုင်ရန် လုံလောက်သောအနားယူခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်း ကိုယ်ခန္ဓါအလေးချိန်ထိန်းခြင်းတို့သည်လည်းအရေးပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မိုင်လင်အလွှာပျက်သောရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် မိုင်လင်အလွှာပျက်သောရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

  • အနားလုံလောက်စွာယူပါ။
  • လေ့ကျင့်ခန်းလုပ်ပါ။ အကယ်၍ ရောဂါဖျော့ခြင်း သိပ်မပြင်းပါက လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် ခွန်အား ကြွက်သားတင်းအား ထိန်းညှိနိုင်မှုနှင့် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတို့အားတတ်စေသည်။ အပူမကြိုက်ပါက ရေကူးခြင်းသို့မဟုတ် အခြားရေနှင့်ပတ်သတ်ကောလေ့ကျင့်ခန်းများက ိုလုပ်နိုင်သည်။ အခြားလေ့ကျငိ့်ခန်းများ ဥပမာ လမ်းလျောက်ခြင်း အယ်ရိုးဗစ် စက်ဘီးစီးခြင်း ယောဂကစားခြင်းနှင့် ထိုက်ချကစားနည်းတို့ရှိသည်။
  • ခန္ဓါကိုယ်ကိုအေးအောင်ထားပါ။ ခန္ဓါကိုယ်အပူချိန်များခြင်းကရောဂါပိုဆိုးစေနိုင်သည်။ အပူနှင့်ထိတွေ့ခြင်း နှု့် အခြားကိရိယာများ ဥပမာ အအေးခံစက်များကအသုံးဝင်နိုင်သည်။
  • အစားအသောက်မျှတစွာစားပါ။ ပြည့်ဝဆီနည်းသောအဆီ သိုသော် အိုမီဂါ တရွီး ဖက်တီးအက်စစ်သည်ဥပမာ ငါးဆီ သံလွင်ဆီ များမှလွဲ၍ အသုံးဝင်နိုင်သည်။ ဆက်လက်လေ့လာရန်လိုလေးသည်။ ဗီတာမင် ဒီသည် အကျိုးပြုနိုင်သည်ဟုအချို့လေ့လာချက်များကဆိုသည်။
  • စိတ်ဖိစီးမှုလျော့ချပါ။ စိတ်ဖိစီးမှုကြောင့်ရောဂါလက္ခဏာအားပိုဆိုးလာစေသည်။ ယောဂ ထိုက်ချိ အနှိပ်ခံခြင်း တရားထိုင်ခြင်း သို့မဟုတ် အသက်ပြင်းပြင်းရူခြင်းတို့ကအကူအညီဖြစ်နိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 13, 2019

ပုံစံတူသောဆောင်းပါးများ
လေ့လာမည်, သူများကိုကူညီမည်
Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း )
လေ့လာမည်, သူများကိုကူညီမည်
Stye (မျက်စိစွံခြင်း)
eye floaters (မျက်လုံးတွင်းရေမြှုပ်များ)
လေ့လာမည်, သူများကိုကူညီမည်
eye floaters (မျက်လုံးတွင်းရေမြှုပ်များ)
Pterygium (မျက်သားတက်ခြင်း)
လေ့လာမည်, သူများကိုကူညီမည်
Pterygium (မျက်သားတက်ခြင်း)
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။
မျက်စိစွံတာ မြန်မြန်သက်သာစေဖို့
လေ့လာမည်, သူများကိုကူညီမည်
မျက်စိစွံတာ မြန်မြန်သက်သာစေဖို့
Nearsighted (အဝေးမှုန်ခြင်း)
လေ့လာမည်, သူများကိုကူညီမည်
Nearsighted (အဝေးမှုန်ခြင်း)