Multiple Myeloma (သွေးကင်ဆာ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Multiple Myeloma (သွေးကင်ဆာ) ကဘာလဲ။

Multiple myeloma သည် သွေးရည်ကြည်ဆဲလ်များတွင်ဖြစ်သော ကင်ဆာတစ်မျိုး ဖြစ်ပါသည်။ သွေးရည်ကြည်ဆဲလ်များ (အင်မျူနိုဂလိုဗျူလင်) များသည် ရောဂါပိုးများကို တိုက်ခိုက် သတ်ဖြတ်ရန်အတွက် ပဋိပစ္စည်းများကိုထုတ်ပေးသည်။ ပုံမှန်သွေးရည်ကြည်ဆဲလ်များကို ရိုးတွင်းခြင်ဆီတွင် တွေ့ရပြီး ကိုယ်ခံအားစနစ်တွင်း အရေ့းကြီးသော အပိုင်းများဖြစ်ကြ၏။ ရိုးတွင်းချဉ်ဆီဆိုသည်မှာ အရိုးခေါင်းများအတွင်းရှိသော တစ်ရှူးအပျော့များ ဖြစ်၏။ သွေးရည်ကြည်ဆဲလ်များအပြင် ချဉ်ဆီသည်လည်း တခြားသောသွေးဆဲလ် အမျိုးအစားများဖြင့် ဖွဲ့စည်းထားပါသည်။ ကင်ဆာဆိုသည်မှာ ကိုယ်ခန္ဓာအတွင်းမှ ဆဲလ်များ ထိန်းချုပ်မှုမရှိပဲ ပွားလာသည့်အခါတွင် စဖြစ်လာခြင်းဖြစ်၏။ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းနီးပါး ကင်ဆာဖြစ်လာနိုင်ပြီး တခြားသော အစိတ်အပိုင်းများဆီသို့လည်း ပျံ့နှံ့နိုင်ပါသည်။

Multiple Myeloma (သွေးကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

Multiple myeloma သည် ဒုတိယအဖြစ်များဆုံး သွေးကင်းဆာ ဖြစ်ပါသည်။ ကုသ၍မရနိုင်ဟုယူဆခဲ့ကြသော်လည်း မကြာသေးမှီက ကင်ဆာသုတေသနများအရ ကုသရနိုင်ကြောင်း သိလာရပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Multiple Myeloma (သွေးကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Multiple myeloma ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • သွေးအားနည်းခြင်း
  • ကျောက်ကပ်ရောဂါဖြစ်ခြင်း
  • သွေးတွင်းကယ်လ်စီယမ်များခြင်း
  • အာရုံကြောပျက်စီးခြင်း
  • အရေပြားတွင် ပြဿနာဖြစ်ခြင်း
  • ပိုးဝင်ခြင်း
  • လျှာထူခြင်း
  • အရိုးများနာခြင်း
  • မောပန်းလွယ်ခြင်း
  • အရိုးများကျိုးလွယ်ခြင်း
  • ကျောအောင့်ခြင်း
  • ခါရိုးအာရုံကြောမဖိမိခြင်း
  • ကျောက်ကပ်အလုပ်ကောင်းကောင်း မလုပ်နိုင်ခြင်း သို့မဟုတ် ပျက်စီးခြင်း
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်း
  • ၀မ်းချုပ်ခြင်း
  • ခြေထောက်ဖောခြင်း

Multiple myeloma သည် ကိုယ်ခံအားကိုထိခိုက်သောကြောင့် ခန္ဓာကိုယ်တွင် လက္ခဏာအများအပြားကို ဖြစ်ပေါ်စေနိုင်ပါသည်။ သို့သော်လည်း အဓိကလက္ခဏာလေးခု ရှိသည်။

သွေးဆဲလ်ပမာဏနည်းခြင်း

Multiple myeloma တွင် သွေးရည်ကြည်ဆဲလ်များကို အလျင်အမြန်ထုတ်လုပ်၏။ ထိုကင်ဆာဆဲလ်များသည် ချဉ်ဆီအတွင်းရှိ ပုံမှန်သွေးဆဲလ်များနှင့် ယှဉ်လျှင် များလာရာမှ သွေးဆဲလ်ပမာဏ နည်းလာခြင်း ဖြစ်ရပါသည်။ ထိုအခြေအနေမှ နောက်ဆက်တွဲပြဿနာနှစ်ခု ဖြစ်လာနိုင်သည်။ ပထမတစ်ခုမှာ သွေးအားနည်းခြင်းဖြစ်သည်။ သွေးဆဲလ်များ နည်းပါးသွားခြင်းကြောင့် ဖြစ်ရသည်။ သွေးအားနည်းခြင်းကြောင့် ဖြူဖျော့ခြင်းနှင့် မောပန်းလွယ်ခြင်းတို့ဖြစ်နိုင်သည်။ ဒုတိယတစ်ခုမှာ သွေးထဲ၌ သွေးမွှားဥများ နည်းပါးလာခြင်းဖြစ်သည်။ သွေးမွှားဥများသည် ခန္ဓာကိုယ်အတွင်း၌ အနာကျက်စေသည့်ဆဲလ်များဖြစ်ပြီး ဘယ်လိုအနာမျိုးမဆို အနာကျက်မြန်အောင် ကူညီပေး၏။ သွေးမွှားနည်းလျှင် သွေးထွက်လွယ်ခြင်း အညိုအမည်းစွဲလွယ်ခြင်း ဖြစ်လာပါမည်။ နောက်ထက် နောက်ဆက်တွဲပြဿနာတစ်မျိုးမှာ သွေးဖြူဥနည်းခြင်း – ပုံမှန်သွေးဖြူဥများ နည်းပါးသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်သည် ပိုးမွှားအန္တရာယ်များကို ခုခံနိုင်တော့မည်မဟုတ်ပါ။

အရိုးနှင့် ကယ်လ်စီယမ် ပြဿနာများ

Myeloma ဆဲလ်များသည် အရိုးဆဲလ်စနစ်ကိုပါ ထိခိုက်စေနိုင်သည်။ Myeloma ဆဲလ်များသည် အရိုးဆဲလ်(Osteoclasts)များအား ပျော်ဝင်ပျက်စီးနှုန်းကိုမြင့်စေပြီး ဆဲလ်အသစ် (osteoblasts) များ ဖြစ်ပေါ်ခြင်းကို တားဆီးသည့် ပစ္စည်းများကို ထုတ်လုတ်နိုင်၏။ ထိုအခါတွင် အရိုးများအားနည်းလာကာ အလွယ်တကူ ကျိုးနိုင်ပါလိမ့်မည်။ Multiple myeloma ရောဂါရှင်များတွင် အရိုးကျိုးခြင်းသည် အဓိကပြဿနာပင်ဖြစ်သည်။ အရိုးဆဲလ်အသစ် ဖြစ်စေမည့် လှုံ့စော်မှုမရှိတော့သည့်အခါ  ကိုယ်တွင်းမှ ကယ်လ်စီယမ်လယ်ဗယ်တိုးလားပြီး အမြင့်ဆုံးထိတိုးလာနိုင်ပါသည်။

ပိုးကူးစက်ခြင်း

ခန္ဓာကိုယ်မှ သွေးရည်ကြည်ဆဲလ်များ၏ အဓိကလုပ်ငန်းမှာ ကူးစက်ပိုးများအား တိုက်ရန်ဖြစ်သည်။ သို့သော် ကင်ဆာဖြစ်နေသော သွေးရည်ကြည်ဆဲလ်များသည် ခန္ဓာကိုယ်အား ပိုးကူးစက်မှုမှ ကာကွယ်နိုင်တော့မည် မဟုတ်ပါ။ ထိုကြောင့် ပိုးများ ခန္ဓာကိုယ်အတွင်းသို့ အလွယ်တကူ ၀င်ရောက်လာစေနိုင်ပါသည်။

ကျောက်ကပ်ပြဿနာများ

Myeloma ဆဲလ်များမှထုတ်သော ပဋိပစ္စည်းများသည် ကျောက်ကပ်ကို ထိခိုက်စေနိုင်သည်။ ထိုကြောင့် ကျောက်ကပ်ကိုပျက်စီးစေပြီး ကျောက်ကပ်ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ခြင်း ဖြစ်လာစေနိုင်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Multiple Myeloma (သွေးကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

Multiple myeloma သည် သွေးကင်ဆာတစ်မျိုးဖြစ်သည်။ ရိုးတွင်းချဉ်ဆီများရှိ သွေးရည်ကြည်ဆဲလ်များ အထိန်းမဲ့စွာ ကြီးထွားလာပြီး ကင်ဆာဖြစ်လာခြင်း ဖြစ်ပါသည်။ ကြီးထွားလွန်သော ဆဲလ်များသည် ချဉ်ဆီအတွင်း၌ အကျိတ်များကို ဖြစ်စေ၏။ ခန္ဓာကိုယ်မှ တခြားနေရာများကိုလည်း မကျန်းမမာဖြစ်စေ၏။ အကျိတ်တစ်ခုတည်းသာ ဖြစ်နေပါက ထိုရောဂါကို isolated (solitary) plasmacytoma ဟုခေါ်သည်။ တစ်ခုထက်ပိုသော plasmacytoma ဆိုပါက Multiple myeloma ဟု ခေါ်ပါသည်။

Multiple myeloma ကိုဖြစ်စေရသည့်အကြောင်းရင်းများကို သိပ္ပံပညာရှင်များ တိတိကျကျ မသိရသေးပါ။ DNA အတွင်းပြောင်းလဲမှုမှ ကင်ဆာသွေးရည်ကြည်ဆဲလ်များ ဖြစ်လာသည်ဟု သံသယရှိထား၏။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Multiple Myeloma (သွေးကင်ဆာ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

Multiple myeloma ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • အသက်အရွယ် – Multiple myeloma ဖြစ်နိုင်ချေသည် အသက်ကြီးလေလေ မြင့်လေလေဖြစ်သည်။ လူအများစု၌ Multiple myeloma ကို အသက် ၆၅ နှစ်တွင် သိကြရ၏။
  • လိင် – အမျိုးသားများသည် အမျိုးသမီးများထက် Multiple myeloma ဖြစ်နိုင်ချေ အနည်းငယ်မြင့်သည်။
  • လူမျိုး – Multiple myeloma သည် လူဖြူအမေရိကန်များထက် အာဖရိကန်အမေရိကန်များတွင် ၂ ဆ ပိုများ၏။
  • ဓာတ်ရောင်ခြည် – ပြင်းအားများသော (အဏုမြူဗုံး) ဓာတ်ရောင်ခြည်များနှင့် ထိတွေမိသူများ သို့မဟုတ် ပြင်းအားနည်း ဓာတ်ရောင်ခြည်အား (ဓာတ်မှန်) အချိန်အတော်ကြာ ထိတွေ့ရသူများ
  • မိသားစုရာဇ၀င် – Multiple myeloma သည် မျိုးရိုးလိုက်တတ်သည်။
  • အ၀လွန်ခြင်း – အမေရိကန် ကင်ဆာလေ့လာရေးအဖွဲ့၏ လေ့လာချက်အရ အ၀လွန်ခြင်းသည် Multiple myeloma ဖြစ်နိုင်ချေကိုများစေကြောင်း တွေ့ရှိပါသည်။
  • တခြားသော ကင်ဆာများ သို့မဟုတ် သွေးရည်ကြည်ဆဲလ်ရောဂါများရှိနေခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Multiple Myeloma (သွေးကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

Multiple myeloma ကို ပုံမှန်သွေးစစ်နည်းများမှ ဆုံးဖြတ်နိုင်၏။ သင့်၌ ထိုရောဂါရှိနေလျှင် သွေးတွင်းမှ ပရိုတင်းများ ပုံမှန်မဟုတ်ပါ။ သွေး၏ ပျစ်ချွဲမှုများနေခြင်းကိုလည်း သတိထားမိနိုင်သည်။ ပုံမှမဟုတ်သည့် သွေးနီဥဆဲလ်များ ဖြစ်ပေါ်ခြင်းမှ သွေးပျစ်နှုန်းကို ပိုများစေခြင်းဖြစ်သည်။

ဆရာဝန်မှ Multiple myeloma ၏ ရောဂါရာဇ၀င်မေးခြင်း လက္ခဏာများကို စမ်းသပ်ခြင်းတို့ ပြုလုပ်ပါလိမ့်မည်။ Multiple myeloma ကို သံသယရှိပါက ရိုးတွင်းချဉ်ဆီဖောက်ခြင်း သို့မဟုတ် နမူနာယူပြီး ကင်ဆာဆဲလ်များရှိမရှိ စစ်ဆေးခြင်းတို့ ပြုလုပ်ပါလိမ့်မည်။ တခြားသောစစ်ဆေးမှုများ – blood monoclonal immunoglobulin နှင့် radiology tests များပြုလုပ်ပြီး အရိုးကိုထိသည့်ပမာဏကို ဆုံးဖြတ်နိုင်ပါသည်။

Multiple Myeloma (သွေးကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

Multiple myeloma ကုသမှု၏ပထမအဆင့်မှာ ကိုယ်ခံအားစနစ်ကိုမျှတအောင် ထောက်ပံ့ပေးမည့် ဆေးများဖြစ်ပါသည်။ ထို့နောက် ဆေးများကိုပေါင်းပေးခြင်း၊ ကင်ဆာဆေးများ၊ ဓာတ်ရောင်ခြည်ကုထုံးများ၊ ပင်မဆဲလ်အစားထိုး ကုသခြင်းများနှင့် တချို့လူနာများတွင် ခွဲစိတ်ခြင်းများ စသည်တို့ကို အခြေအနေအဆိုးအကောင်းပေါ် မူတည်ပြီး အကြံပြုမည်ဖြစ်သည်။

Multiple myeloma အားကုသည့် ဆေးများစွာရှိသည်။ အောက်ပါဆေးများအား များသောအားဖြင့် Dexamethasone နှင့် တွဲသုံးပြီး တစ်ခါတစ်ရံ သောက်ဆေး သို့မဟုတ် ထိုးဆေးများအား လူနာအခြေအနေပေါ်မူတည်ပြီး ပေးပါသည်။

  • Dexamethasone (Decadron) – ကိုယ်ခံအားဆဲလ်များအား ပြုပြင်ပေးခြင်း;
  • Bortezomib (Velcade) – protease inhibitor;
  • Lenalidomide (Revlimid) – ကိုယ်ခံအားဆဲလ်များအား ပြုပြင်ပေးခြင်း;
  • Pamidronic acid (Aredia) – အရိုးပါးခြင်းအား တားဆီးပေးခြင်း
  • Zoledronic acid (Zometa) – အရိုးပါးခြင်းအား တားဆီးပေးခြင်း
  • Melphalan (Alkeran) – Myeloma ဆဲလ်များကို အဆိပ်ဖြစ်စေသည့် alkylating agent

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Multiple myeloma ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Multiple myeloma ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • ကိုယ့်အခြေအနေကို ကိုယ်သိထားပါ။ ရောဂါလက္ခဏာများသာမက ဆေး၏ဘေးထွက်ဆိုးကျိုးများအတွက်ပါ မည်သို့ကိုင်တွယ်ရမည်ကို သိထားပါ။
  • သင့်မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် တို့နှင့် အထောက်အပံ့ပေးသည့်စနစ်ကို ကျင့်သုံးပါ။
  • အနားကောင်းကောင်းယူပါ။ ကောင်းကောင်းစားပြီး လေ့ကျင့်ခန်း ကောင်းကောင်းလုပ်ပါ။ အစာစားရခက်နေလျှင် အစားများကို နည်းနည်းစီနှင့် အကြိမ်ရေများများစားပါ။
  • ကုသမှုခံယူနေစဉ် အလုပ်၊ ကျောင်းသွားရမည်ဆိုပါက အလုပ်ရှင်၊ ကျောင်းနှင့် ဆွေးနွေးသင့်ပါသည်။ လက်တွေ့ကျသည့် ရည်မှန်းချက်ကိုသာ ချထားပေးပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။