backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mononucleosis (မိုနိုနူကလီရိုးစစ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Mononucleosis (မိုနိုနူကလီရိုးစစ်) ကဘာလဲ။

Mononucleosis သို့မဟုတ် Mono ဆိုသည်မှာ အဖျား တက်ခြင်း၊ လည်ချောင်းနာခြင်း နှင့် များသောအားဖြင့် လည်ပင်းရှိ ပြန်ရည်ကြော ဂရင်း များရောင်ခြင်းတို့ကို ဖြစ် စေသော ဗိုင်းရပ်စ်ကူးစက်မှုတစ်မျိုးဖြစ်ပါသည်။ ကူးစက် သော Mononucleosis (mono) ကို အနမ်းရောဂါ ဟု လည်းခေါ်ပါသည်။

mono ဖြစ်စေသော ဗိုင်းရပ်စ်သည် တံ တွေးမှတစ်ဆင့် ပျံ့နှံ့သောကြောင့် နမ်းခြင်းမှ ကူးစက်နိုင်ပါ သည်။ ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် mono ရှိသူ ဖြင့် ဖန်ခွက် မီးဖိုချောင်သုံးပစ္စည်းများ မျှဝေသုံးခြင်း တို့မှလည်း ကူးစက်နိုင်ပါသည်။ အဆိုးရွားဆုံး ဆိုးကျိုးမှာ ဘေလုံး ရောင်လာခြင်း ဖြစ်သည်။ သို့သော်လည်း ဤရောဂါသည် များသောအားဖြင့် အန္တရာယ်မရှိဘဲ သူ့အလိုလို ပျောက်ကင်း သွားတတ်ပါသည်။

Mononucleosis (မိုနိုနူကလီရိုးစစ်) က ဘယ်လောက်အဖြစ်များသလဲ

Mono သည် အသက် ၁၅-၁၇ အရွယ်လူများတွင် အများဆုံး ဖြစ်ပွားပါသည်။ သိုသော် ကူးစက်မှုသည် မည် သည့်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါသည်။ အန္တရာယ် ဖြစ်စေ သော အချက်များကို လျော့ချခြင်းဖြင့် ရောဂါ ဖြစ်ပွားခြင်းကို လျော့ချနိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Mononucleosis (မိုနိုနူကလီရိုးစစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

Mono ၏အဖြစ်များသော ရောဂါလက္ခဏာများမှာ-

  • လန်းဆန်းမှုမရှိခြင်း၊ ငိုက်မျဉ်းခြင်း
  • အဖျားတက်ခြင်း
  • အများအားဖြင့် သက်တောင့်သက်သာမရှိခြင်း၊ နေမ ကောင်းခြင်း
  • အစာစားချင်စိတ်ပျောက်ဆုံးခြင်း
  • ကြွက်သားများ နာကျင်ခြင်း၊ တောင့်တင်းခြင်း
  • အဖုအပိမ့်များထွက်ခြင်း
  • လည်ချောင်းနာခြင်း
  • ပြန်ရည်ကြော အဖုများရောင်ခြင်း၊ အများအားဖြင့် လည်ပင်းနှင့် ချိုင်းကြားတွင်။

တွေ့ရနည်းသော လက္ခဏာများမှာ

  • ရင်ဘတ်နာခြင်း
  • ချောင်းဆိုးခြင်း
  • မောပန်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ဇဝေဇဝါဖြစ်ခြင်း
  • အသားဝါခြင်း (မျက်လုံးဝါခြင်း)
  • ဇက်ကြောတက်ခြင်း
  • နှာခေါင်းသွေးယိုခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အလင်း အထိမခံနိုင်ခြင်း
  • အသက်ရှူမြန်ခြင်း

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ် တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေး ခြင်းသည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်း ဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Mononucleosis (မိုနိုနူကလီရိုးစစ်) ကိုဘာတွေကဖြစ်စေသလဲ

Mononucleosis သည် Epstein-Barr virus (EBV) ကြောင့်ဖြစ်ပွားပါသည်။ ဗိုင်းရပ်စ်သည် တံတွေးမှ ပျံ့နှံ့သော ကြောင့် နမ်းခြင်း၊ ချောင်းဆိုး နှာချေမိသည်ကို ခံရခြင်း၊ mono ရှိသူဖြင့် ဖန်ခွက် နှင့် မီးဖိုချောင်သုံး ပစ္စည်းများ မျှဝေသုံးခြင်း တို့မှ ကူးစက်နိုင်ပါသည်။

Risk factors

Mononucleosis (မိုနိုနူကလီရိုးစစ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

လက်ရှိတွင် Mononucleosis ဖြစ်နိုင်ချေကို မြင့်စေ သော အချက်များကို အတိအကျသတ်မှတ်ရန် လုံလောက် သော သတင်း အချက်အလက်များ မရှိသေးပါ။

အန္တရာယ်ရှိသော အချက်များ မရှိခြင်းသည် ရောဂါ မခံ စားရနိုင်ပါဟု မဆိုလိုပါ။ ဤ အချက်များသည် ကိုးကားချက် သာလျှင်ဖြစ်ပါသည်။ ပိုမိုသော အသေးစိတ် အချက်အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Mononucleosis (မိုနိုနူကလီရိုးစစ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်း နှင့် ကြည့်ရှုစစ် ဆေးခြင်းတို့ ပြုလုပ်ပါမည်။ လည်ပင်း၊လည်ချောင်း နှင့် ဝမ်း ဗိုက်တို့ကို အထူးပြု၍ ကြည့်ရှုပါမည်။ သွေးစစ်ခြင်း နှင့် လည်ချောင်းတွင် ပိုးမွေးခြင်း တို့ကို ရောဂါအဖြေရှာခြင်း သေချာစေရန် နှင့် အခြားရောဂါများမှ ခွဲထုတ်ဖယ်ရှားရန် အသုံးပြုနိုင်ပါသည်။

Mononucleosis (မိုနိုနူကလီရိုးစစ်) ကို ဘယ်လိုကုသပါသလဲ

ကုသမှု၏ ရည်ရွယ်ချက်သည် ရောဂါလက္ခဏာများ သက်သာစေရန်ဖြစ်သည်။ ရောဂါလက္ခဏများ ပြင်းထန်ပါက စတီးရွိုက်ဆေးများ (prednisone) အသုံးပြုနိုင်ပါသည်။

အဖြစ်များသော လက္ခဏာများကို သက်သာစေရန်-

  • အရည်များများသောက်ပါ။
  • လည်ချောင်းနာခြင်း သက်သာစေရန် ဆားရည်နွေး ဖြင့် ပလုတ်ကျင်းပါ။
  • လုံလောက်စွာ အနားယူပါ။
  • နာကျင်ခြင်းနှင့် အဖျားတက်ခြင်း သက်သာရန် acetaminophen သို့မဟုတ် ibuprofen သောက် ပါ။

ဘေလုံးရောင်နေပါက (ကွဲထွက်ခြင်းမှ ကာကွယ်နိုင်ရန်) ကိုယ်ထိ အားကစား များကစားခြင်း ရှောင်ပါ။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Mononucleosis ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Mononucleosis ကို ထိန်းချုပ်နိုင် ပါသည်။

  • လုံလောက်စွာအနားယူ၍ အရည်များများသောက်ပါ
  • သောက်သုံးရန် ညွှန်ကြားထားသည်များရော မညွှန် ကြားထားသည့် ဆေးများအကြောင်းပါ ဆရာဝန် ကို ပြောပြပါ။
  • အစာအိမ်အောင့်ခြင်း၊ ပခုံးနာခြင်းတို့ရှိပါက ဆရာ ဝန်နှင့်တိုင်ပင်ပါ။
  • ဖျားနာနေသူနှင့် အစားအစာများ သို့မဟုတ် မီးခို ချောင်သုံး ပစ္စည်းများ မျှဝေသုံးစွဲခြင်း၊ နမ်းခြင်း ရှောင်ကြဉ်ပါ။ မကြာခဏ လက်ဆေးပါ။
  • မကြာခဏ လက်ဆေးပါ။

လုံးဝပြန်လည်ကောင်းမွန်မလာမချင်း ကိုယ်ထိ အားကစား များ ကစားခြင်း ရှောင်ကြဉ်ပါ။ အကယ်၍ သင့်တွင် မေးခွန်း များရှိပါက သင့်အတွက် သင့်တော်သော အဖြေ ရှာဖွေနိုင် ရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement