Molar Pregnancy (စပျစ်သီးကိုယ်ဝန်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Molar Pregnancy (စပျစ်သီးကိုယ်ဝန်) ကဘာလဲ။

စပျစ်သီးကိုယ်ဝန် သို့မဟုတ် hydatidiform mole ဆိုသည်မှာ သားအိမ်တွင်ဖြစ်ပေါ်လာသော ကင်ဆာမဟုတ် သော အကျိတ်တစ်ခု ဖြစ်သည်။ မျိုးအောင်သော ဥသည် ပုံမှန် အားဖြင့် သန္ဓေသားဖြစ်လာရမည့်အစား သားအိမ်တွင် ပုံမှန် မဟုတ်သော အိတ်ဖြစ်လာသည်။ ၎င်းသည် သန္ဓေသား မဟုတ်သော်လည်း ကိုယ်ဝန်ဆောင်ခြင်း၏ လက္ခဏာများကို ဖြစ်ပေါ်စေသည်။ ဤအခြေအနေသည် သေစေနိုင်ပြီး အချိန်မီ ကုသမှု လိုအပ်သည်။

Molar Pregnancy (စပျစ်သီးကိုယ်ဝန်) က ဘယ်လောက်အဖြစ်များသလဲ

စပျစ်သီးကိုယ်ဝန် ဖြစ်နိုင်မှုသည် နေထိုင်ရာနေရာနှင့် လူမျိုးအပေါ်မူတည်ပြီး ကွဲပြားသည်။ အမေရိကန် ပြည်ထောင် စုတွင် ကိုယ်ဝန် ၁၂၀၀ တွင် ၁ယောက် ဖြစ်နိုင်သည်ဟု သတ်မှတ်ထားသည်။ အမျိုးသမီးကိုယ်ဝန်ဆောင် အသက်၏ အစွန်းများတွင် ဖြစ်နိုင်ချေ မြင့်သည်။ ထို့ကြောင့် ဆယ်ကျော် သက် အစောပိုင်းနှင့် သွေးဆုံးခါနီးကိုယ်ဝန် များသည် ဖြစ်နိုင် ချေ အများဆုံးဖြစ်သည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Molar Pregnancy (စပျစ်သီးကိုယ်ဝန်) ရဲ့လက္ခဏာတွေကဘာတွေလဲ

စပျစ်သီးကိုယ်ဝန်၏ အဖြစ်များသော ရောဂါလက္ခဏာများ မှာ

  • ကိုယ်ဝန် ပထမသုံးလတွင် မိန်းမကိုယ်မှ အညိုရင့် ရောင်မှ အနီရောင်တောက်တောက် သွေးထွက်ခြင်း
  • ပြင်းထန်စွာ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း
  • တစ်ခါတစ်ရံ တင်ပါးဆုံ နာခြင်း
  • သားအိမ် ပုံမှန်ထက်ကြီးခြင်း
  • သိုင်းရွိုက်ဟော်မုန်းများသည့် လက္ခဏာများ။ မောပန်း ခြင်း၊ နှလုံးခုန်သံ မြန်ခြင်း သို့မဟုတ် မမှန်ခြင်း၊ ချွေး အလွန်ထွက်ခြင်းတို့ ပါဝင်သည်။
  • စပျစ်သီးကဲ့သို့ အရေအိတ်များ မိန်းမကိုယ်မှ ထွက်ခြင်း

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ဆက်သွယ်သင့် သည်။

  • သားအိမ် အမြန်ကြီးထွားလာခြင်း။ သားအိမ်သည် ကိုယ်ဝန်ဆောင် သည့် အဆင့်ထက်ပို၍ အလွန် ကြီးလာခြင်း
  • ပုံမှန်မဟုတ်ဘဲ သွေးပေါင်တက်ခြင်း
  • ကိုယ်ဝန် ၂၀ ပတ်ပြီးနောက် ဆီးတွင် ပရိုတိန်းများ ပါခြင်း
  • သားဥအိမ် အိတ်များ
  • သွေးအားနည်းခြင်း
  • သိုင်းရွိုက်ဟော်မုန်းများခြင်း။ အလွန်မောပန်းခြင်း၊ ချွေးအလွန်ထွက်ခြင်း၊ ခန္ဓာကိုယ်တွင် ဇီဝကမ္မဖြစ်စဉ် မြန်ခြင်း

အကြောင်းရင်းများ

Molar Pregnancy (စပျစ်သီးကိုယ်ဝန်) ကိုဘာတွေကဖြစ်စေသလဲ

စပျစ်သီးကိုယ်ဝန်သည် သန္ဓေသားဖြစ်ရမည့်အစား hydatidiform mole ဖြစ်ပေါ်လာသော ပုံမှန်မဟုတ်သည့် မျိုးအောင်ဥကြောင့် ဖြစ်သည်။ စပျစ်သီးကိုယ်ဝန် အမျိုးအစား ၂မျိုးရှိသည်။ အပြည့်နှင့် တစ်ဝက်ဖြစ်သည်။

  • အပြည့် စပျစ်သီးကိုယ်ဝန်။ မျိုးဗီဇ အချက်အလက် မပါသော ဥသည် သုတ်ကောင်နှင့် မျိုးအောင်သည်။ ၎င်းသည် မျိုးဗီဇ စနစ် အပြည့် ပါမလာသောကြောင့် သန္ဓေသား ဖြစ်မလာပါ။ သို့သော် ပုံမှန်မဟုတ်သော တစ်ရှူးအဖြစ် ဆက်လက်ကြီးလာပြီး စပျစ်သီး အပြွတ် ကဲ့သို့ ပုံပေါ်လာသည်။ သားအိမ်အတွင်း ပြည့်လာသည်။
  • တစ်ဝက် စပျစ်သီးကိုယ်ဝန်။ ဥကို သုတ်ကောင် ၂ ကောင်မှ မျိုးအောင်သည်။ မျိုးဗီဇ အချက်အလက် ၂ ခြမ်းပါသော်လည်း ပုံမှန်မဟုတ်ပါ။ ဖြစ်ပေါ်လာသော သန္ဓေသား တစ်ရှူးများသည် ဆိုးရွားသော ချို့ယွင်းမှု များ ရှိနိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Molar Pregnancy (စပျစ်သီးကိုယ်ဝန်) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသ

စပျစ်သီးကိုယ်ဝန် ဖြစ်နိုင်ချေကို မြင့်စေသော အချက်များ စွာ ရှိပါသည်။ ဥပမာ-

  • မိခင်အသက်။ စပျစ်သီးကိုယ်ဝန်သည် အသက် ၃၅ ထက်ကြီးသော သို့မဟုတ် အသက် ၂၀ ထက်ငယ် သော အမျိုးသမီးများတွင် ပိုဖြစ်လေ့ ရှိသည်။
  • အရင်က စပျစ်သီးကိုယ်ဝန် ရဖူးခြင်း။ စပျစ်သီး ကိုယ်ဝန် တစ်ခါ ရဖူးပါက နောက်တစ်ခါထပ်ရ ရန် ပိုလွယ်သည်။ အမျိုးသမီး အယောက် ၁၀၀ တွင် ၁ယောက် ၂ယောက်သည် ထပ်ခါထပ်ခါ စပျစ်သီး ကိုယ်ဝန် ရနိုင်သည်။
  • ကိုယ်ဝန်ပျက်ကျဖူးခြင်း
  • Carotene မလုံလောက်ခြင်း။ Carotene သည် ဗီတာမင် အေ၏ ပုံစံတစ်မျိုး ဖြစ်သည်။ ဤ ဗီတာမင် လုံလောက်စွာ မရသော အမျိုးသမီးသည် အပြည့် စပျစ်သီးကိုယ်ဝန် ရနိုင်ချေ ပိုမြင့်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Molar Pregnancy (စပျစ်သီးကိုယ်ဝန်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် အောက်ပါတို့ဖြင့် စပျစ်သီးကိုယ်ဝန်ကို အတည်ပြုနိုင်သည်။

  • တင်ပဆုံအား စစ်ဆေးခြင်း
  • ကိုယ်ဝန် ဟော်မုန်းကို တိုင်းတာသော သွေးစစ်မှု
  • ဝမ်းဗိုက်နှင့် တင်ပဆုံနေရာရှိ တစ်ရှူးများအား ultrasound ရိုက်ခြင်း

Molar Pregnancy (စပျစ်သီးကိုယ်ဝန်) ကို ဘယ်လိုကုသပါသလဲ

စပျစ်သီးကိုယ်ဝန်ကို လုံးဝဖယ်ရှားပစ်ရန် လိုအပ်သည်။ ပထမဆုံး vacuum device ဖြင့် သားအိမ်ခြစ်ခြင်း ပြုလုပ်ရ မည်။

စပျစ်သီးတစ်ရှူးများသည် ပျံ့နှံ့နေပြီး နောက်ထပ် ကိုယ်ဝန် ယူရန် စိတ်ကူးမရှိပါက သားအိမ်အား ဖယ်ရှားခြင်းကို ပြုလုပ် သင့်သည်။ ခွဲစိတ်ပြီးနောက် စပျစ်သီးကိုယ်ဝန် အပြည့် ဖယ်ရှားပြီးသလား သိစေရန် သွေးတွင်း human chorionic gonadotropin ပမာဏကို တိုင်းတာသည်။ နောက်ဆက်တွဲ စောင့်ကြည့်မှုကို ၆လမှ တစ်နှစ်အထိ ပြုလုပ်ပါ။ နောက်တစ် ဖန် ကိုယ်ဝန်ယူရန် စီစဉ်ပါက မယူမီ ဆရာဝန်နှင့် သေချာ တိုင်ပင် ဆွေးနွေးပါ။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

စပျစ်သီးကိုယ်ဝန် ရဖူးပါက နောက်တစ်ခါ ကိုယ်ဝန် ထပ်မယူမီ ဆရာဝန် သို့မဟုတ် ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်သူနှင့် တိုင်ပင်ပါ။ သူတို့သည် ကိုယ်ဝန်ထပ်မယူ မီ ၆လမှ တစ်နှစ်အထိ စောင့်ရန် အကြံပြုနိုင်သည်။

နောက်ကျသော ကိုယ်ဝန်များတွင် ကျန်းမာရေး စောင့်ရှောက်သူသည် သင့်အခြေအနေကို စောင့်ကြည့်ရန် ultrasound စောစောရိုက်နိုင်သည်။ ပုံမှန်ဖွံဖြိုးမှု ရရန် ကြိုးစားလိမ့်မည်။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 16, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။