မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
နှလုံးအဆို့ရှင်ပြားကပ်ခြင်းဆိုတာ နှလုံးဘယ်ဘက်ခြမ်းမှာရှိတဲ့ အဆို့ရှင်အဖက်၂ခုက သေချာမပိတ်နိုင်တော့ဖြစ်ပြီး တချို့မှာပြားကပ်ပြီး နှလုံးရဲ့ ဘယ်ဘက်သွေးလွှတ်ခန်းနံရံကို ကပ်နေလေ့ရှိတယ်။ နှလုံးသွေးကြောမကြီးရဲ့ အဆို့ရှင်ပြားကပ်ခြင်းကို Click-murmur Syndrome (နှလုံးငြီးသံ) ၊ Barlow’s Syndrome? Floppy valve syndrome လို့ခေါ်ကြတယ်။
နှလုံးအဆို့ရှင်ပြားကပ်ခြင်းသဟာ အဖြစ်များတဲ့ပြဿနာဖြစ်ပြီး လူဦးရေရဲ့ ၂-၃%မှာ ဖြစ်တတ်တယ်။ နှလုံးသွေးကြောမကြီးရဲ့ အဆို့ရှင်ပြားကပ်ခြင်းရဲ့ ၂-၃%ဟာ အမေရိကန်နိုင်ငံက လူဦးရေ ၇.၈သန်းမှာဖြစ်နိုင်ပြီး တကမ္ဘာလုံးမှာ ၁၇၆သန်းဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နှလုံးအဆို့ရှင်ပြားကပ်ခြင်းကို အသက် ၅၀ကျော်အမျိုးသားတွေမှာ အတွေ့ရများပါတယ်။ တွယ်ဆက်တစ်ရှူး(ကော်လာဂျင်၊ အရွတ်များ၊ တွယ်ဆက်တဲ့ Ligment များ)ပုံမမှန်တဲ့ရောဂါနဲ့ မွေးလာတဲ့လူတွေမှာ ဒီရောဂါကို တွေ့ရများပါတယ်။
သို့သော် အဖြစ်များစေတဲ့အကြောင်းတွေကို လျှော့ချပြီး ရောဂါကိုကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးမေးမြန်းပါ။
နှလုံးအဆို့ရှင်ပြားကပ်ခြင်းဟာ မပျောက်ကင်းနိုင်တဲ့ရောဂါဖြစ်သော်လည်း လူတော်တော်များများမှာ ရောဂါလက္ခဏာခံစားရလေ့ မရှိပါဘူး။ ရောဂါရှာတွေ့လျှင် လူတွေက သူတို့မှာ နှလုံးရောဂါဖြစ်နေတယ်လို့ ထင်တတ်ကြတယ်။
ရောဂါရဲ့ လက္ခဏာတွေပြလာလျှင် နှလုံးကသွေးတွေက အဆို့ရှင်ကနေတဆင့် နောက်ပြန်စိးဆင်းနေတာကို တွေ့ရပါတယ်။ နှလုံးအဆို့ရှင်ပြားကပ်ခြင်းရဲ့ လက္ခဏာဟာ တယောက်နဲ့တယောက် မတူနိုင်ပါဘူး။ ရောဂါက ဖြစ်ဖြစ်ချင်းသိပ်မဆိုးဘဲ တဖြည်းဖြည်းချင်း ဖြစ်လာတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ –
အပေါ်မှာပြထားတဲ့ လက္ခဏာတွေဖြစ်လျှင် ဆရာဝန်နှင့်ပြသပါ။
တခြားရောဂါအခြေအနေတွေကလည်း နှလုံးအဆို့ရှင်ပြားကပ်တာနဲ့ လက္ခဏာတူနိုင်တဲ့အတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းဖြင့်သာ သေချာသိနိုင်ပါတယ်။ သင်ဟာရင်ဘက်အောင့်နေပြီး နှလုံးတိုက်ခိုက်ခံရတာလို့ထင်လျှင် ကျန်းမာရေးစောင့်ရှောက်မှုကို အမြန်ရယူပါ။
သင်မှာ နှလုံးအဆို့ရှင်ပြားကပ်တဲ့ရောဂါ ရှိတယ်လို့ သိထားလျှင် ရောဂါလက္ခဏာမဆိုးခင် ဆရာဝန်နှင့် ပြသပါ။
တကယ်လို့ မေးမြန်းလိုတာရှိလျှင် ဆရာဝန်နှင့် ပြသပါ။ လူတိုင်းရဲ့ကိုယ်ခန္ဓါဟာ တုံ့ပြန်မှုမတူတတ်ကြပါဘူး။ သင့်အခြေအနေကို ဆရာဝန်နှင့်ဆွေးနွေးခြင်းဟာ အကောင်းဆုံးပါ။
နှလုံးအဆို့ရှင်ပြားကပ်ခြင်းကို အဖြစ်များစေတဲ့အကြောင်းမှာ အဆို့ရှင်ရဲ့ အဖက်တွေက ပုံမှန်မဟုတ်ဘဲ ဆန့်ထွက်နေလို့ ဖြစ်တယ်။ နှလုံးအဆို့ရှင်ပြားကပ်ခြင်းက လူဦးရေရဲ့ ၂%မှာ ဖြစ်တတ်ပါတယ်။ လူတစ်ယောက်ဟာ နှလုံးအဆို့ရှင်ပြားကပ်ပြီး မွေးလာနိုင်ပါတယ်။ တခြားကျန်းမာရေးပြဿနာ( ဥပမာ- တွယ်ဆက်တစ်ရှူးရောဂါ) များကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။
သင့်နှလုံးက အလုပ်လုပ်သောပြီး နှလုံးရဲ့ ဘယ်ဘက်သွေးလွှတ်ခန်းကညှစ်စောအခါ နှလုံးသွေးတွေ ဘယ်လက်အပေါ်ခန်းကို ပြန်မရောက်စေရန် အဆို့ရှင်က ကာပေးထားပါတယ်။
အဆို့ရှင်ပြားကပ်နေတဲ့အခါ ပိတ်တဲ့နေရာမှာ တင်းတင်းကြပ်ကြပ်မရှိတော့ပါဘူး။ ဒါ့ကြောင့်သွေးတွေက နောက်ပြန်စီးဆင်းပါတယ်။
သွေးအနည်းငယ်သာ နှလုံးသွေးလွှတ်ခန်းဆီ နောက်ကိုပြန်စီးဆင်းခြင်းက ပြဿနာမဟုတ်ပါဘူး။ ဆိုးရွားပြင်းထန်တဲ့ အခြေအနေမှာ အသက်ရှူမဝခြင်း၊ မောပန်းခြင်း၊ ခေါင်းအနည်းငယ်ကိုက်ခြင်း ဖြစ်စေနိုင်ပါတယ်။
နှလုံးအဆို့ရှင်ပြားကပ်ခြင်းကို တခြားခေါ်တဲ့နာမည်များမှာ-
အဖြစ်များစေတဲ့ အချက်များမှာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
များသောအားဖြင့် ဆရာဝန်က သင့်နှလုံးခုန်သံကို နားထောင်ပြီး သိနိုင်ပါတယ်။ သင့်မှာ နှလုံးအဆို့ရှင်ပြားကပ်ခြင်းရှိလျှင် သင့်နှလုံးခုန်သံမှာ ကလစ်အသံကြာရနိင်ပါတယ်။ မတ်တပ်ရပ်နေချိန်မှာ ပိုသိသာပါတယ်။ ဒီအသံကြားပါက ဆရာဝန်က တခြားစစ်ဆေးမှုတွေကို လုပ်ပါလိမ့်မယ်။
ရောဂါနာမည်မတပ်ခင် ဆရာဝန်မှ သင့်နှလုံးအခြေအနေကို ပိုသိရန် စစ်ဆေးမှုတွေများစွာ လုပ်ပါလိမ့်မယ်။ ဒါတွေကတော့-
နှလုံးအဆို့ရှင်ပြားကပ်ခြင်းက လူနာတော်တော်များများမှာ တွေ့ရတဲ့ ပြဿနာဖြစ်ပြီး ပုံမှန်အားဖြင့် ကုသမှုခံယူဖို့ မလိုအပ်ပါဘူး။
နှလုံးအဆို့ရှင်ပြားကပ်ခြင်းကြောင့် နှလုံးသွေးတွေ ပြင်းပြင်းထန်ထန်ကျန်နေတဲ့ လူနာတွေမှာ မလုံတဲ့အဆို့ရှင်ကို ခွဲစိတ်ပြီး ပြုပြင်ခြင်း ၊ အစားထိုးခြင်းပြုလုပ်နိုင်ပါတယ်။ နှလုံးအဆို့ရှင် ပြားကပ်ခြင်းကြောင့် နှလုံးသွေးတွေကျန်ပြီး နှလုံးကြပ်ခြင်းဖြစ်နေတဲ့လူနာတွေမှာ ခွဲစိတ်တာက အကောင်းဆုံးနည်းလမ်းပါ။
Echo မှာ နှလုံးသွေးကျန်မှု မရှိတဲ့လူနာတွေမှာ နှလုံးအဆို့ရှင်ပြားကပ်ခြင်းဟာ ဘာမှမဖြစ်စေနိုင်ပါဘူး။ လူတိုင်းအတွက် ကုသမှုကမတူနိုင်ပါဘူး။ ပါဝင်နိုင်တာတွေကတော့-
နှလုံးအဆို့ရှင်ပြားကပ်ခြင်းကြောင့် ရင်အရမ်းတုန်တဲ့လူနာတွေမှာ နှလုံးခုန်နှေးအောင် Beta blocker ဆေးပေးနိုင်ပါတယ်။
နှလုံးအဆို့ရှင်ပြားကပ်ခြင်းအတွက် နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။
နှလုံးအဆို့ရှင်ပြားကပ်ခြင်းကို ခံစားနေရတဲ့ လူတော်တော်မျာများမှာ ရောဂါလက္ခဏာမတွေ့ရဘဲ သာမန်အတိုင်းပဲ နေနိုင်ပါတယ်။
ဆရာဝန်တွေက သင့်နေထိုင်မှုနဲ့ အစားအသောက်တွေကို ပြောင်းလဲကန့်သတ်ခြင်း မရှိပါဘူး။ သို့သော် လူနာက ပြောင်းလဲဖို့ ဆန္ဒရှိလျှင် ဆရာဝန်ကိုမေးပါ။ တကယ်လို့သင့်မှာ နှလုံးသွေးကျန်တာက ဆိုးရွားလျှင် အခြေအနေပိုမဆိုးအောင် ဝိတ်မခြင်းကဲ့သို့ လေ့ကျင့်ခန်းတွေမလုပ်ဖို့ လိုပါတယ်။
သင့်အခြေအနေကိုသိရန် ဆရာဝန်က ပုံမှန်ပြန်ပြဖို့ ညွှန်းဆိုပါလိမ့်မယ်။
မေးမြန်းလိုတာရှိပါက ဆရာဝန်နှင့်တွေ့ဆုံမေးမြန်းပြီး သင့်အတွက် အကောင်းဆုံးအဖြေများကို ရယူလိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။