Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ကဘာလဲ။

အမျိုးသမီးတွေက တနှစ်မှာ ၁၁-၁၃ခါ ရာသီလာလေ့ ရှိပါတယ်။ တယောက်နဲ့ တယောက်မတူတဲ့အတွက် ပိုပြီးနည်းတာ များတာဖြစ်နိုင်ပါတယ်။ ဒါကို ရာသီမမှန်ခြင်း၊ ရာသီပျောက်ခြင်းလို့ ခေါ်ပါတယ်။

Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) က ဘယ်လောက်အဖြစ်များသလဲ

ရာသီသွေးမပေါ်တာက အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့ အချက်တွေကို လျှော့ချပြီး ရာသီသွေးမပေါ်တာကနေ ကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

လက္ခဏာများ

Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အမျိုးသမီးအများစုက ၂၈ရက်တခါရာသီသွေးဆင်းတယ်။ ဒါပေမယ့် ရာသီစက်ဝန်းတိုတာ၊ ရှည်တာမျိုးရှိနေနိုင်ပြီး ၂၄-၃၅ရက်တွင်းရာသီလာတတ်ကြတယ်။ တချို့အမျိုးသမီးတွေက ရာသီပုံမှန်မလာတတ်ကြပါဘူး။

သူတို့က ရာသီစောလာတတ်သလို နောက်ကျပြီးလည်းလာတတ်တယ်။ ရာသီပေါ်တဲ့ရက်လည်းအပြောင်းအလဲရှိသလို သွေးဆင်းတာအနည်းအများလည်း ရှိနိုင်ပါတယ်။

ဒီထဲမှာ မပါတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ ပြည့်စုံစွာသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ သင့်မှာ ဒီအခြေအနေတွေ ခံစားရလျှင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။

  • ဆီးစပ်ကိုက်ခြင်း
  • အိမ်မှာ ဆီးစစ်တန်နှင့် စစ်လို့ကိုယ်ဝန်ရှိကြောင်း သိခြင်း၊ ဆီးစစ်တန်မှာ မပေါ်သော်လည်း ကိုယ်ဝန်ရှိနေတယ်လို့ ထင်ခြင်း
  • အကြောင်းရင်းမသိရဘဲ ရာသီသွေး၂လ ဆက်တိုက်မပေါ်ခြင်း
  • တားဆေးပုံမှန်သောက်နေသော်လည်း ၂လဆက်တိုက် ရာသီသွေးမပေါ်ခြင်း
  • အသက် ၁၆နှစ်ပြည့်တဲ့အထိ ရာသီတစ်ခါမှ မပေါ်ခြင်း
  • အသက်၁၄နှစ်ပြည့်တဲ့အထိ ရင်သားမဖွံ့ဖြိုးခြင်း၊ ဆီးခုံမွှေး မပေါက်ခြင်း။

အကြောင်းရင်းများ

Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ကိုဘာတွေကဖြစ်စေသလဲ

ရာသီစလာလာခြင်းကာလတွေမှာ ရာသီသွေးမမှန်တာက ဖြစ်တတ်ပါတယ်။ ဟော်မုန်းတွေ ညီမျှဖို့က နှစ်အတော်ကြာအချိန်ယူရပါတယ်။

ရာသီသွေးက သွေးဆုံးခါနီးကာလတွေမှာလည်း အပြောင်းအလဲရှိတတ်ပါတယ်။ အမျိုးသမီးတွေက ဒါဟာ သွေးဆုံးကာလနီးလို့ ရာသီပုံမှန်လာနေရာကနေ မလာတော့တာလို့ သိကြပါတယ်။ ၁၂လဆက်တိုက် ရာသီသွေးမပေါ်လျှင် သွေးဆုံးပြီလို့ သတ်မှတ်နိုင်ပါတယ်။

ရာသီသွေးမပေါ်ခြင်းကို အဖြစ်များစေတဲ့အကြောင်းရင်းမှာ ကိုယ်ဝန်ရှိနေခြင်းကြောင့်ဖြစ်တယ်။ အိမ်မှာ ကိုယ်ဝန်ရှိ၊ မရှိသိနိုင်တဲ့ ဆီးစစ်တဲ့ပစ္စည်းကို သုံးပြီး ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။

ကိုယ်ဝန်မရှိလျှင် ရာသီသွေးမပေါ်ခြင်း၊ ရာသီသွေးမမှန်ခြင်းက တခြားအကြောင်းကြောင့် ဖြစ်စေနိုင်ပါတယ်။

  • ကိုယ်အလေးချိန် ကျသွားခြင်း သို့မဟုတ် တိုးလားခြင်း။ ကိုယ်အလေးချိန်ကျဆင်းခြင်းဟာ ရာသီမပေါ်ခြင်း သို့မဟုတ် ရာသီမမှန်ခြင်းရဲ့ အကြောင်းရင်းဖြစ်သော်လည်း အ၀လွန်ခြင်းကြောင့်လည်း ရာသီသွေးနဲ့ဆိုင်တဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
  • အစားအသောက်မမှန်ခြင်း။ ဥပမာ-အစားအသောက်မစားချင်ခြင်း၊ အစားအသောက် အလွန်အမင်းစားခြင်း။
  • လေ့ကျင့်ခန်းအလုပ်များခြင်း။ အားကစားသမားတွေမှာ တွေ့ရများပါတယ်။
  • စိတ်ဖိစိမှုများခြင်း
  • နာမကျန်းဖြစ်ခြင်း
  • ခရီးသွားခြင်း
  • တားဆေးကဲ့သို့ ဆေးများသောက်နေခြင်း
  • ဟော်မုန်းပြဿနာများ။ ရာသီလာဖို့လိုအပ်တဲ့ ဟော်မုန်းပမာဏ ပြောင်းလဲနေခြင်း။
  • မူးယစ်ဆေးသုံးခြင်း
  • အပျိုမှေးအပေါက်မပါခြင်၊ မျိုးဥအိမ်ပြဿနာများ သို့မဟုတ် Asherman’s syndrome လို ရောဂါများရှိခြင်း
  • ကလေးနို့တိုက်နေခြင်း

အရွယ်မတိုင်ခင် မျိုးဥပျက်စီးတဲ့အခါ အသက်၄၀မတိုင်ခင် ရာသီမလာခြင်း ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်ခြင်း၊ ကင်ဆာဆေးကုသမှုခံယူခြင်း နှင့် ၀မ်းဗိုက်ပိုင်းနှင့် ဆီးခုံပိုင်းကို ဓါတ်ရောင်ခြည်ကုသမှုခံယူထားခြင်းကြောင့် အရွယ်မတိုင်ခင် မျိုးဥပျက်ဆီးစေနိုင်ပါတယ်။

အူလမ်းကြောင်းပြဿနာများ၊ တီဘီရောဂါ၊ အသည်းရောဂါ နှင့် ဆီးချိုရောဂါကြောင့်လည်း ရာသီသွေးမပေါ်တာ၊ မမှန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဖြစ်နည်းပါတယ်။ ဒါပေမယ့် ဒီရောဂါတွေဖြစ်နေလျှင် ရာသီမမှန်တာအပြင် တခြားရောဂါလက္ခဏာတွေလည်း တွေ့ရနိုင်ပါတယ်။

ရာသီမလာလျှင် အနားယူပါ။ သင့်ရဲ့ စိတ်နဲ့ ကိုယ်ခန္ဓာကို ပုံမှန်အခြေအနေဖြစ်အောင် လုပ်ပါ။ အမျိုးသမီးအများစုဟာ ရာသီမမှန်တာ ယခုရော နောက်ရောဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်မရှိလျှင် ရာသီပြောင်းလဲပြီး နောက်လတွင် ပြန်ပေါ်ပါလိမ့်မယ်။

ဖြစ်နိုင်ခြေများ

Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ရာသီသွေးမပေါ်တာကို အဖြစ်များစေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။

  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • အစားအသောက်လျှော့စားခြင်း
  • လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါဖြစ်စေတဲ့ အကြောင်းရင်းကိုသိရန် ဆရာဝန်မှ ဆီးစပ်ပိုင်းကို တချက်စမ်းသပ်ပါလိမ့်မယ်။

သင်က အသက် ၁၈နှစ်ပြည့်ပြီး ရာသီတစ်ခါမှ မလာသေးပါက ထပ်ပြီးတော့ တခြားရောဂါရှာဖွေနည်းတွေကို ထပ်မံစစ်ဆေးပါလိမ့်မယ်။

Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ကို ဘယ်လိုကုသပါသလဲ

ဖြစ်စေတဲ့ အကြောင်းရင်းတွေကိုသိလျှင် အဲ့ဒါတွေကို ကုသနိုင်ပါတယ်။ ဒါပေမယ့် အကြောင်းရင်းမရှိဘဲ ရာသီသွေးမပေါ်လျှင် အောက်ပါတို့ကို သုံးနိုင်ပါတယ်။

  • ကျန်းမာတဲ့အစားအသောက်
  • ဗီတာမင်နှင့် သတ္တုဓါတ်

ရာသီသွေးမပေါ်တာအတွက် နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။

ဒီအောက်က အချက်တွေကို သုံးပြီး သင့်ရာသီစက်ဝန်းကို ပြုပြင်နိုင်ပါတယ်။

  • ကျန်းမာတဲ့ အစားအသောက်တွေစားပါ။
  • ဆေးလိပ်၊ ဆေးရွက်ကြီးတွေ မသုံးပါနဲ့။
  • အရက်နှင့် ဆေးဝါးများကို မသုံးပါနဲ့။
  • ကဖင်းဓါတ်ကို ရှောင်ပါ။ တနေ့ကို ကော်ဖီ ၊ လက်ဖက်ရည်ကို တခွက်ပဲသောက်ပါ။
  • Toxoplasmosis ပိုးမှကာကွယ်ရန် ကြောင်တွေမစင်စွန့်ထားတဲ့ နေရာကို သန့်ရှင်းရေးမလုပ်ပါနဲ့။
  • နေမကောင်းတဲ့လူနားမကပ်ပါနဲ့။
  • ဖောလစ်အက်ဆစ်နှင့် ဗီတာမင်များပါတဲ့ ဖြည့်စွက်စာစားပါ။

အိမ်မှာဆီးစစ်လို့ ကိုယ်ဝန်ရှိတယ်လို့မပြပေမယ့် သင့်မှာကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေပြလျှင် ဆရာဝန်နှင့် ပြပြီး အတည်ပြုချက်ယူသင့်ပါတယ်။ ဆရာဝန်နှင့် ပြသတဲ့အချိန်အထိ ကျန်းမာရေးအလေ့ကျင့်ကောင်းတွေကို လုပ်ဆောင်ပါ။

မေးမြန်းလိုတာရှိပါက ဆရာဝန်နှင့်တွေ့ဆုံမေးမြန်းပြီး သင့်အတွက် အကောင်းဆုံးအဖြေများကို ရယူလိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 1, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။