backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mental Retardation (ဉာဏ်ရည်နှောင့်နှေးခြင်း)


Dr. K Zin Thwe မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Mental Retardation (ဉာဏ်ရည်နှောင့်နှေးခြင်း) ကဘာလဲ။

လူတယောက်သည် သာမန်အသိဉာဏ်၊ စိတ်ပိုင်းဆိုင်ရာစွမ်းရည်နှင့် နေ့စဉ်လူနေမှုဘဝတွင် ရှိသင့်ရှိထိုက်သော အရည်အသွေးများ မရှိခြင်းသည် အသိဉာဏ်မစွမ်းခြင်း ခေါ် ဉာဏ်ရည်နှောင့်နှေးခြင်းဖြစ်သည်ဟုဆိုပါသည်။

ဉာဏ်ရည်နှောင့်နှေးခြင်းသူများသည် ပညာရပ်တခုကို ပုံမှန်သူများထက်ကျွမ်းကျင်ရန် ပိုနှေးပါသည်။ ဉာဏ်ရည်နှောင့်နှေးသူများတွင် အနုဆုံးအဆင့်မှ အဆိုးရွားဆုံးအဆင့်ဟူရှိပါသည်။

အလွမ်ပြင်းထန်သော အဆင့်များသည် မွေးကတည်းက ဉာဏ်နှေးကြောင်းသိရသည်။ သို့သော် အနုစားအဆင့်ရှိသော ကလေးများသည် သူတို့၏အရွယ်အလိုက် ဖွံ့ဖြိုးမှုမှတ်တိုင်များ မရောက်ရှိတော့မှသာ ဉာဏ်နှေးကြောင်းသိရပြီး အများစုသည် ၁၈ နှစ်ခန့်အရွယ်ရောက်မှသာ သိကြသည်။

ဉာဏ်ရည်နှေးသူများသည် အောက်ပါ ၂ချက်တွင်အားနည်းပါသည်။

  • အသိဉာဏ်ဆိုင်ရာလုပ်ဆောင်မှုများ
  • IQဟုသိကြသောအသိဉာဏ်ဆိုင်ရာလုပ်ဆောင်မှုများတွင် လေ့လာနိုင်စွမ်း၊ အကြောင်းပြချက်များပေးနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းနှင့် ပြသနာများ ဖြေရှင်းနိုင်စွမ်းတို့ပါဝင်သည်။

    • လိုက်လျောညီစွာနေထိုင်ပြုမူတတ်ခြင်း

    လိုက်လျောညီစွာနေထိုင်ပြုမူတတ်ခြင်းတွင် နေ့စဉ်ဘဝအတွက်လိုအပ်သော ကျွမ်းကျင်မှုများ၊ လူအချင်းချင်း အပြန်အလှန် အဆင်ပြေအောင်ဆက်ဆံမှုများ နှင့် တဦးကို တဦး အပြန်အလှန်ဂရုစိုက်မှုများပါဝင်သည်။

    Mental Retardation (ဉာဏ်ရည်နှောင့်နှေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

    ဉာဏ်ရည်နှောင့်နှေးခြင်းသည် မည်သည့်အရွယ်တွင်မဆိုဖြစ်နိုင်ပါသည်။ ထို့ကြောင့်ဖြစ်နိုင်ချေရှိသော အချက်များကို လျှော့ချရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

    လက္ခဏာများ

    Mental Retardation (ဉာဏ်ရည်နှောင့်နှေးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

    တွေ့ရများသော ရောဂါလက္ခဏာများမှာ

    • ဉာဏ်ရည်နှင့် ပက်သတ်သော စံသတ်မှတ်မှုများကို မမှီခြင်း
    • အခြားကလေးများထက် ထိုင်ခြင်း၊ တွားသွားခြင်း၊ လမ်းလျှောက်ခြင်း တို့နောက်ကျနေခြင်း
    • စကားပြောရန် မလေ့လာနိုင်ခြင်း၊ စကားကို ရှင်းလင်းစွာမပြောနိုင်ခြင်း
    • မှတ်ဉာဏ်ပြသနာများဖြစ်ခြင်း
    • အဖြစ်အပျက်များ၏ အကျိုးအကြောင်းကို နားလည်နိုင်စွမ်းမရှိခြင်း
    • အကျိုးသင့်အကြောင်းသင့် မတွေးခေါ်နိုင်ခြင်း
    • ကလေး၏အသက်အရွယ်နှင့်မဆီလျော်သော အပြုအမူများရှိနေခြင်း
    • စူးစမ်းလိုစိတ် လျော့နည်းခြင်း
    • လေ့လာသင်ယူနိုင်စွမ်းအားနည်းခြင်း
    • IO ၇၀ အောက်နိမ့်ခြင်း
    • လူအချင်းချင်း အပြန်အလှန် အဆင်ပြေအောင်ဆက်ဆံမှုများ နှင့် တဦးကို တဦး အပြန်အလှန်ဂရုစိုက်မှုများအားနည်းခြင်းကြောင့် နေ့စဉ်ဘဝကို မဖြတ်သန်းနိုင်ခြင်း တို့ဖြစ်သည်။

    ထို့ပြင် သင့်ကလေးသည် ဉာဏ်ရည်နှောင့်နှေးနေလျှင် အောက်ပါ အမူအကျင့်ဆိုင်ရာပြသနာများနှင့် ကြုံတွေ့ရနိုင်ပါသည်။

    • စိတ်တို ဒေါသကြီးခြင်း
    • သူတပါးအားမှီခိုခြင်း
    • လူမှုရေးအားနည်းခြင်း
    • သူတပါးက မိမိအားဂရုစိုက်စေရန် အကြောင်းဖန်တီးခြင်း
    • အရွယ်ရောက်ချိန်နှင့် ဆယ်ကျော်သက်များတွင် စိတ်ဓါတ်ကျခြင်း
    • စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်း
    • မတုန်မလှုပ်ခြင်း
    • မိမိကိုယ်မိမိ ထိခိုက်အောင်လုပ်ခြင်း
    • ခေါင်းမာခြင်း
    • မိမိကိုယ်ကို တန်ဖိုးမထားခြင်း
    • ဒေါသများကို ထိန်းချုပ်နိုင်စွမ်းနည်းခြင်း
    • စိတ်ပိုင်းဆိုင်ရာမူမမှန်မှုများဖြစ်ခြင်း
    • မည်သည့်ကိစ္စကို မှ အာရုံမထားခြင်း

    ပြင်းထန်စွာ ဉာဏ်ရည်နှောင့်နှေးသော ကလေးများသည် မတက်ရောဂါ၊ စိုးရိမ်ခြင်းနှင့် အောတစ်ဇင် စသည့် စိတ်ခံစားမှုများမူမမှန်ခြင်း၊ ကြွက်သားများ လှုပ်ရှားမှုအားနည်းခြင်း၊ အမြင်နှင့် အကြားအာရုံအားနည်းခြင်း စသည့်အခြားသော ကျန်းမာရေးပြသနာများနှင့် လည်းတွဲနေနိုင်ပါသည်။

    အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

    လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

    အကြောင်းရင်းများ

    Mental Retardation (ဉာဏ်ရည်နှောင့်နှေးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    အောက်ပါတို့သည် ဉာဏ်ရည်နှောင့်နှေးခြင်း ကိုအများဆုံး ဖြစ်စေသော အကြောင်းများဖြစ်သည်။

    • မျိုးရိုးဗီဇ အခြေအနေများ

    Down ရောဂါစု နှင့် Fragile X ရောဂါစုများဖြစ်ခြင်း

  • ကိုယ်ဝန်ဆောင်ချိန် ပြသနာများ
  • အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ အစာအဟုရချို့တဲ့ခြင်း နှင့် အချို့သောကူးစက်ရောဂါများသည် သနေ္ဓသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသည်။

    • ကလေးမွေးချိန် ပြသနာများ

    ကလေးမွေးချိန် အောက်ဆီဂျင်လုံလောက်စွာမရခြင်း၊ လမစေ့မီ မွေးဖွားခြင်း ဉာဏ်ရည်နှောင့်နှေးခြင်း ကိုဖြစ်စေသည်။

    • ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း

    ဦးနှောက် အမြှေးပါးရောင်ခြင်း၊ ကြက်ညှာချောင်းဆိုးဝက်သက်ပေါက်ခြင်း၊ ခေါင်းကို ပြင်းထန်စွာ ထိခိုက်မိခြင်း၊ ရေမွန်းခြင်း၊ လွန်စွာ အစာအာဟာရပြတ်ခြင်း၊ ဦနှောက်ပိုးဝင်ခြင်း နှင့် ခဲ စသည့်သတ္တုများ အဆိပ်သင့်ခြင်းနှင့် ၎င်းတို့ကို အလွဲသုံးစားလုပ်ခြင်း ဉာဏ်ရည်နှောင့်နှေးခြင်း ကိုဖြစ်စေသည်။

    အထက်ပါအကြောင်းအရင်းများကြောင့် မဟုတ်ဘဲ သုံးပုံနှစ်ပုံသော ကလေးများတွင် ဉာဏ်ရည်နှောင့်နှေးခြင်းဖြစ်နိုင်ပြီး အကြောင်းရင်းကို မသိရသေးပါ။

    ဖြစ်နိုင်ခြေများ

    Mental Retardation (ဉာဏ်ရည်နှောင့်နှေးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    ဉာဏ်ရည်နှောင့်နှေးခြင်း ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

    • မိဘ ညီကိုမောင်နှမဆွေမျိုးများတွင် စိတ်ရောဂါရှိခြင်း
    • စိတ်ဖိစီးမှုများသော အခြေအနေများ (ငွေရေးကြေးရေးပြသနာများ၊ ချစ်ရသောသူများ သေဆုံခြင်း၊ ကွာရှင်းခြင်း စသဖြင့်)
    • ဆီးချိုကဲ့သို့သော နာတာရှည်ရောဂါများ ခံစားရခြင်း
    • ခေါင်းကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဦးနှောက်ပျက်စီးသွားခြင်း
    • စစ်ဘက်ဆိုင်ရာ အကြမ်းဖက်မှုများ၊ အစော်ကားခံရမှုများနှင့် ရင်ဆိုင်ရခြင်း
    • အရက် နှင့် မူးယစ်ဆေးဝါးများသုံးစွဲခြင်း
    • ကလေးသူငယ်များသည် ညှင်းပန်းနှိပ်စက်ခံရခြင်း၊ လျစ်လျှူရှုခံရခြင်း
    • ယခင်က စိတ်ရောဂါ ဖြစ်ဖူးခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Mental Retardation (ဉာဏ်ရည်နှောင့်နှေးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ရှိသင့်ရှိထိုက်သော အရည်အသွေးများ မရှိခြင်းသည် အသိဉာဏ်မစွမ်းခြင်း ခေါ် ဉာဏ်ရည်နှောင့်နှေးခြင်းဖြစ်သည်ဟုဆိုပါသည်။

    ဉာဏ်ရည်နှောင့်နှေးခြင်း ကိုသိရန် ဆရာဝန်က

    • သင့်ကိုမေးမြန်းခြင်း
    • သင့်ကလေးကို လေ့လာခြင်း
    • စံသတ်မှတ်ထားသော စမ်းသပ်မှုများ ပြုလုပ်ခြင်း ဟူသော အချက်သုံးချက်ဖြင့် ဆုံးဖြတ်လိမ့်မည်။

    သင့်ကလေးကို Stanford-Binet Intelligence Test ကဲ့သို့သောစံသတ်မှတ်ထားသော စမ်းသပ်မှုများ ပြုလုပ်ပြီး သင့်ကလေး၏ IQ ကိုစစ်ဆေးလိမ့်မည်။

    Vineland Adaptive Behavior Scales ကဲ့သို့သော အတိုင်းအတာများဖြင့်လည်း သင့်ကလေး၏ အခြားရွယ်တူကလေးများနှင့် နှိုင်းစာထားသော နေ့စဉ်လုပ်ဆောင်မှုများနှင့် လူမှုဆက်ဆံမှုစွမ်းရည်များကို တိုင်းတာနိုင်သည်။

    သို့သော် ကလေးများသည် သူတို့ကြီးပြင်းရာဒေသပေါ်မူတည်ပြီးအမူအကျင့်များကွဲပြားခြင်း၊ မိသားစု တခုနှင့်တခုလူမှုစီးပွားရေးများ မတူညီခြင်း စသောအချက်များကြောင့် အဆိုပါစမ်းသပ်မှုများလည်း ကွာခြားမှုရှိနိုင်ပါသည်။

    ဓါတ်ခွဲစစ်ဆေးမှုများ နှင့် ပုံရိပ်များကို ရိုက်ခြင်းစသည့်စစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့်လည်း သင့်ကလေး၏ဦးနှောက်တွင် ထိခိုက်မှုများ ရှိမရှိ၊ မျိုးရိုးဗီဇနှင့် ဇီဝကမ္မပြောင်းလဲမှုများရှိမရှိကို သိနိုင်ပါသည်။

    နားမကြားခြင်း၊ လေ့လာနိုင်စွမ်းမရှိခြင်း၊ အာရုံကြောဆိုင်ရာပြသနာများနှင့် စိတ်ခံစားမှုများ မူမမှန်ခြင်းတို့ကြောင့်လည်း ဖွံ့ဖြိုးမှုနောက်ကျခြင်းတို့ဖြစ်နိုင်ပါသည်။

    ကလေးတယောက်တွင် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ၊ မျိုးရိုးဗီဇနှင့် ဇီဝကမ္မပြောင်းလဲမှုများကြောင့် ရုပ်ပိုင်းဆိုင်ရာမူမမှန်မှုများရှိနေလျှင် ရောဂါကို သိရှိရန် အမျိုးမျိုးသော စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

    ၎င်းတို့မှာ သွေး၊ ဆီးစစ်ခြင်း၊သင့်ကလေး၏ဦးနှောက်တွင် ထိခိုက်မှုများ ရှိမရှိပုံရိပ်များကို ရိုက်ခြင်း၊ အတက်ရောဂါများရှိမရှိ သိရန် EEG ရိုက်ခြင်း စသည်တို့ဖြစ်သည်။ ဆရာဝန်က သင့်ကလေး၏ရောဂါကို တိကျစွာသိရှိရန် အဆိုပါ စမ်းသပ်မှုများကို ပြုလုပ်မည်ဖြစ်ပါသည်။

    သင့်ကလေးတွင် နားမကြားခြင်း၊ အာရုံကြောပြသနာများရှိခြင်း စသည် ဖွံ့ဖြိုးမှုနောက်ကျစေသောအကြောင်းရင်များကို လည်းစမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။ ဖွံ့ဖြိုးမှုနောက်ကျစေသော အခြားသော အကြာင်းရင်းများမတွေ့ရှိပါမှ သမားရိုးကျစမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။

    Mental Retardation (ဉာဏ်ရည်နှောင့်နှေးခြင်း) ကို ဘယ်လိုကုသပါသလဲ

    သင့်ကလေးနှင့် ဆွေးနွေးတိုင်ပင်မှုများ လုပ်မှသာလျှင်ပြသနာကို ကိုင်တွယ်ရလွယ်ကူပေလိမ့်မည်။

    သင့်ကလေး၏ လိုအပ်ချက်များကို ဖော်ထုတ်ပေးနိုင်သော မိသားစုဝန်ဆောင်မှုများ၏ အကူအညီကို ယူနိုင်သည်။ ထိုအခါ သင့်ကလေးအား ပုံမှန်ဖွံ့ဖြိုးမှုဖြစ်စဉ်အတိုင်းဖြစ်ရန် လိုအပ်သော အစီအစဉ်များကို သိရှိနိုင်ပါသည်။ ထိုအစီအစဉ်များထဲတွင် သင့်မိသားစုတွင် လိုအပ်နေသည်များကိုပါ ထည့်သွင်းရေးဆွဲနိုင်ပါသည်။

    ကုသမှုခံယူရခြင်း၏အဓိကရည်ရွယ်ချက်မှာ သင့်ကလေးကို ပညာရေး၊ လူမှုဆက်ဆံရေး နှင့် လူနေမှုဘဝတွင်ရှိသင့်သော စွမ်းရည်များကို အပြည့်အဝရရှိစေရန်ဖြစ်ပါသည်။ ထိုကုသမှုတွင်အမူအကျင့်များကို သင်ပေးခြင်း၊ ရောဂါပျောက်ကင်းမှုကို အထောက်အကူပြုသည့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများ၊ ဆွေးနွေးမှုများ နှင့် ဆေးများ လိုအပ်သလိုပါဝင်သည်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ဉာဏ်ရည်နှောင့်နှေးသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

    အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

    • ဉာဏ်ရည်နှေးခြင်းနှင့် ပက်သတ်သော အရာများကို လေ့လာခြင်းဖြင့် သင်သည် သင့်ကလေးဘက်မှ ပိုပြီး ရပ်တည်မှုပေးနိုင်မည်ဖြစ်သည်။
    • သင့်ကလေးကို အမှီအခိုကင်းစေရန် အားပေးပါ။ သူလုပ်နိုင်သလောက် လုပ်စေပါ။ လိုအပ်လျှင် လမ်းညွှန်ပေးပါ။ အကောင်းမြင်စိတ်မွေးပါ။ အပြုအမူကောင်းများကို ချီးကျူးပါ။ အသစ်အဆန်းများပြူလုပ်တတ်ရန် သင်ပေးပါ။
    • သင့်ကလေးများ ပန်းချီအဖွဲ့ ကင်းထောက်လူငယ်အဖွဲ့များတွင်ပါဝင်စေခြင်း စသည့်လူမှုလှုပ်ရှားမှုများတွင် ပါဝင်စေခြင်းဖြင့် သူ၏ လူမှုဆက်ဆံရေးကောင်းမွန်လာစေသည်။
    • သင့်ကလေး၏ ဆရာများနှင့် အဆက်အသွယ်မပြတ်ပါစေနှင့်။ သို့မှသာ သင့်ကလေးငယ်၏ ကျောင်းနှင့် အိမ်တွင်လုပ်ဆောင်မှုများကို သိရှိနိုင်ပြီး ပိုမိုတိုးတက်အောင်လုပ်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။
    • သင့်နည်းတူ အခြားသော ဉာဏ်ရည်နိမ့်သည့်ကလေးများ၏ မိဘများထံမှ စိတ်ခွန်အားများနှင့် အကြံဉာဏ်များ ၇ယူပါ။

    သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement