backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Menopause (သွေးဆုံးခြင်း)


Hello Sayarwon မှ ရေးသားသည်။ · 22/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Menopause (သွေးဆုံးခြင်း) ကဘာလဲ။

တစ်ဆယ့်နှစ်လကြာအောင် ရာသီလာခြင်းမရှိတော့ပါက ရာသီသွေးဆုံးသည်ဟုခေါ်သည်။ သွေးဆုံးကာလ သည် မျိုးပွားခြင်းရပ်တန့်သောအချိန်(ကလေးမရနိုင်တော့သောကာလ) ဖြစ်သည်။ သို့သော် သင်သည် ကျန်းမာစွာနေနိုင်သည်။ လိင်ဆက်ဆံမှုများလည်းလုပ်ဆောင်နိုင်သေးသည်။ သွေးဆုံးခြင်းကာလသည် သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်သဖြင့်စိတ်ပူစရာမလိုအပ်ပါ။

Menopause (သွေးဆုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မိန်းကလေးတိုင်းသည် သွေးဆုံးခြင်းကာလကိုတွေ့ကြုံရမည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲမရသော သဘာဝဖြစ်စဉ်တခုဖြစ်သောကြောင့်ဖြစ်သည်။ သွေးဆုံးကာလသည်တစ်ဉ်းနှင့်တစ်ဦးမတူနိုင်ပါ။ ထပ်မံသိရှိလိုသည်များအတွက်သင်၏ဆရာဝန်ဖြင့်တိုင်ပင်ပါ။

လက္ခဏာများ

Menopause (သွေးဆုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွေးဆုံးခြင်းတွင်များသောအားဖြင့်တွေ့ရသောလက္ခဏာများမှာ

  • မျက်နှာနီမြန်းခြင်း(အဖြစ်အများဆုံး)
  • ပုံမှန်မဟုတ်ပဲရာသီသွေးဆင်းခြင်း
  • ညဘက်ချွေးစီးများထွက်ခြင်း
  • ညဘက်အိပ်မပျော်ခြင်း
  • စိတ်အပြောင်းအလဲမြန်ခြင်း
  • ဝလာခြင်း နှင့်အထိုင်အထခက်ခြင်း
  • ဆံပင်များပါးခြင်း အသားအရည်ခြောက်သွေ့ခြင်း
  • စိတ်ဓါတ်ကျခြင်း ဒေါသထွကလွယ်ခြင်း ခေါင်းကိုက်ခြင်းတို့ဖြစ်သည်။

အထက်တွင်မဖော်ပြထားသောရောဂါလက္ခဏာများရှိ၍ ဆရာဝန်ဖြင့်တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင်အောက်ပါအချက်အလက်များရှိနေပါကဆရာဝန်ဖြင့်တိုင်ပင်ပါ

  • ရာသီသွေးမဆုံးမီမှ သွေးဆုံးသည်အထိ ဆရာဝန်ဖြင့်ပြလေ့ရှိသော အချိန်ဇယားရှိလျင်
  • သွေးမဆုံးမီ ကျန်းမာရေးဂရုစိုက်မှုလိုအပ်သူဖြစ်လျင်
  • နောက်ဆက်တွဲပြဿနာများ ဥပမာ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်းများရှိသော် ဆရာဝန်ဖြင့်တိုင်ပင်ပါ။

အကြောင်းရင်းများ

Menopause (သွေးဆုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သွေးဆုံးခြင်းဖြစ်စေသောအကြောင်းအရာထဲမှတခုမှာ မျိုးပွားဟော်မှန်းများ သဘာဝအလျောက်ကျဆင်းလာခြင်းကြောင်ဖြစ်သည်။ အသက်ကြီးလာချိန်( အသက်၃၀နှောင်းပိုင်း) တွင် သင်၏သားဥအိမ်မှထုတ်သော ဟော်မှန်းများကျဆင်းလာသည်။ ထိုဟော်မှန်းများက ရာသီသွေးလာမှုကိုပုံမှန်စေသည်။ ဟော်မှန်းနည်းသွားသောကြောင့် မျိုးပွားနိုင်နှုန်းများလဲကျလာသည်။ အသက်လေးဆယ်နှောင်းပိုင်းတွင် ရာသီသွေးလာချိန်သည် ရှည်လာခြင်းသို့မဟုတ် တိုသွားခြင်း ရာသီသွေးနည်းခြင်းများခြင်းများဖြစ်လာနိုင်သည်။ အသက် ၅၁ တွင် သွေးဆုံးခြင်းများဖြစ်လာသည်။

သားအိမ်ထုတ်ထားခြင်းသည်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်။ သားဥအိမ်ကျန်သေးသဖြင့် သွေးဆုံးခြင်းတော့မဖြစ်စေပါ။ သားအိမ်ထုတ်တားသဖြင့်ရာသီသွေးမပေါ်တော့သည်တိုင် သင့်သားဥအိမ်မှ သားလောင်းနှင့် ဟော်မှန်းများဆက်လက်ထုတ်နေသေးသည်။ သို့သော် သားဥအိမ်ပါထုတ်လိုက်သော ကိစ္စများတွင်သွေးဆုံးခြင်းဖြစ်စေသသည်။

ဓါတ်ကင်ခြင်း ရောင်ခြည်ပြခြင်းတို့မှလဲသွေးဆုံးခြင်းကိုဖြစ်စေတတ်သည်။ ထိုသို့ကုသပြီးနောက် သွေးဆုံးခြင်းရောဂါလက္ခဏာများခံစားရတတ်သည်။

အခြားဖြစ်စေတတ်သောအခြေအနေမှာ သားဥအိမ်မှ ပုံမှန်မလုပ်ဆောင်နိုင်တော့ခြင်းကြောင့်ဖြစ်သည်။ အသက်၄၀မတိုင်မီ သွေးဆုံးခြင်း (စောစီးစွာသွေးဆုံးခြင်း) သည် မိန်းကလေးအားလုံး၏ တစ်%သာဖြစ်တတ်သည်။ သားဥအိမ်မှပုံမှန် မျိုးပွားဟော်မှန်းများမထုတ်နိုင်တော့ခြင်း သည် မျိုးရိုးကြောင့် သို့မဟုတ် ကိုယ်ပိုင်တစ်သျူးနှင့်ဓါတ်မတည့်သောရောဂါများကြောင့်ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါကလဲ သွေးဆုံးခြင်းကိုဖြစ်စေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Menopause (သွေးဆုံးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

သွေးဆုံးခြင်းသည် ရှောင်ရှား၍မရသောသဘာဝဖြစ်စဉ်ဖြစ်သော်လည်း အောက်ပါအခြေအနေများကြောင့်စောစီးစွာသွေးဆုံးခြင်းကိုဖြစ်စေသည်။

  • ဆေးလိပ်သောက်ခြင်း ဆေးလိပ်သောက်သောမိန်းမများတွင် တစ်နှစ် နှစ်နှစ်စော၍ ရာသီသွေးဆုံးနိုင်သည်။
  • မိသားစုမျိုးရိုးရှိခြင်း ဥပမာ မျိုးရိုးအလိုက် သွေးစောဆုံးတတ်ခြင်း။ X gene သယ်ဆောင်သူ စသည့်အခြေအနေများဖြင့်ဆက်စပ်မှုရှိနိုင်သည်။
  • ကင်ဆာကုသမှုများ ကင်ဆာဆေးသွင်းခြင်း ဓါတ်ရောင်ခြည်ပြခြင်းတို့မှလဲ သွေးဆုံးခြင်း နှင့် အခြားဆိုးကျိုးများရှိတတ်သည်။
  • သားအိမ်နှင့်သားဥအိမ်ထုတ်ထားခြင်း သားအိမ်ထုတ်ခြင်းမှ သွေးဆုံးခြင်းကိုမဖြစ်တတ်သော်လည်း ပုံမှန်ထက်ပို၍ သွေးစောဆုံးတတ်သည်။ သားဥအိမ် တစ်လုံး ထုတ်ထားပါက ကျန်သားဥအိမ်မှ ပုံမှန်ထက်စော၍ အလုပ်မလုပ်တော့ခြင်းများဖြစ်တတ်သည်။
  • ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Menopause (သွေးဆုံးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ရောဂါလက္ခဏာအားကြည့်၍ ဆရာဝန်မှ သွေးဆုံးခြင်းဟုတ်မဟုတ်ကို စဉ်းစားမည်။ အကယ်၍ သင်သည် ပုံမှန်မဟုတ်သော ရာသီသွေးလာခြင်းများ ပူခြင်းများကို စိတ်ပူပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ အချို့ကိစ္ခများသည် ထပ်မံစမ်းသက်ဖို့လိုအပ်တတ်သည်။

    သွေးစစ်ပြီး ဟော်မှန်းများ (FSH TSH oestrogen) ကိုစစ်ဖို့လိုအပ်သည်။ FSH တက်၍estradiol ကျပါက သွေးဆုံးခြင်းဖြစ်နိုင်သည်။ တိုင်းရှိုက် (လည်ပင်းရှိ အဂါၤတစ်ခု) အလုပ်လုပ်မှုနည်းခြင်းတို့ကလဲ သွေးဆုံးခြင်းလက္ခဏာများခံစားရတတ်သည်။

    Menopause (သွေးဆုံးခြင်း) ကို ဘယ်လိုကုသပါသလဲ

    သွေးဆုံးခြင်းအားကုသရန်မလိုပါ။ ကုသမှုမှာ ရောဂါလက္ခဏာသက်သာစေရန်နှင့် အသက်ကြီး၍ ဖြစ်သော အခြေအနေများအားကာကွယ်ရန်အတွက်သာဖြစ်သည်။

    ဟော်မှန်းဖြင့်ကုသခြင်းက ကုသခြင်းများထဲကတစ်ခုဖြစ်သည်။ ရောဂါလက္ခဏာများသက်သာစေသောအကောင်းဆုံးနည်းလမ်းဖြစ်သည်။ မိမိအခြေအနေနဲ့ မိသားစု အခြေအနေပေါ်မူတည်၍ estrogen ခေါ် မဟော်မုန်းကို လိုအပ်သည့် အနည်းဆုံးပမာဏကို ပေးလိမ့်မည်။

    မအဂါၤ ခြောက်သွေ့ခြင်းအတွက် မအဂါ်လိမ်းestrogenပါဆေးက အထောက်အကူပြုပါလိမ့်မည်။ လိမ်းဆေး အတောင့် လက်စွပ်ပုံသဏာန်များရှိသည်။

    စိတ်ကျဝေဒနာကုဆေးဝါးများကို ပမာဏ အနည်းငယ်ပေးခြင်းဖြင့်လည်း သွေးဆုံးခြင်းအချို့လက္ခဏာများကိုသက်သာစေနိုင်သည်။ ဟော်မှန်းသောက်ရန်သင့်ကျန်းမာရေးက မကောင်းလျင် စိတ်ကျဝေဒနာဆေးဝါးများက အထောက်အကူပေးပါမည်။

    အရိုးပွခြင်းအားသက်သာစေရန် ဆေးပေးပါလိမ့်မည်။ သင်လိုချင်သော သင်လိုအပ်သောပုံကိုမူတည်၍ ဆရာဝန်မှအကောင်းဆုံးဆုံးဖြတ်ချက်ပေးပါလိမ့်မည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကသွေးဆုံးခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် သွေးဆုံးခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

    • ရေခဲကပ်ပါ။ အဝတ်အစားရွေးချယ်ဝတ်ဆင်ပါ။ ရေအေးသောက်ပါ အေးသောနေရာတွင်နေပါ။ သင့်အားပူစေသော အရာများကိုရှောင်ပါ။
    • အိပ်ရေးဝအောင်အိပ်ပါ။
    • စိတ်အပန်းဖြေပါ ဥပမာ အသက်ပြင်းပြင်းရူခြင်း နှိပ်နယ်ပေးခြင်း ကြွပ်သားများအားအနားပေးခြင်းတို့ပြုလုပ်သင့်ပါတယ်။
    • တင်ပါးစုံရိုးကြွပ်သားများသန်မာအောင် လေ့ကျင့်ခန်းလုပ်ပါ။
    • အစားအသောက်မျှတအောင်စားပါ။ ကျန်းမာရေးနှင့်မညီသော အဆီများရှောင်၍ အသီးအရွက် ငါးနှင့် ဂျုံ မျှတအောင်စားပါ။
    • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နှလုံးရောဂါ ဆီးချို အရိုးပွခြင်းနှင့် အခြားအသက်ကြီးခြင်းကြောင့်ဖြစ်သော ရောဂါများအားကာကွယ်နိုင်ပါသည်။

    အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 22/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement