Memory Loss (မှတ်ဥာဏ်ပျောက်ဆုံခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Memory Loss (မှတ်ဥာဏ်ပျောက်ဆုံခြင်း) ကဘာလဲ။

မှတ်ဥာဏ်ပျောက်ဆုံးခြင်းဆိုသည်မှာ အချက်အလက်၊ အကြောင်းအရာ၊ အတွေ့အကြုံ၊များကဲ့သိုသော မှတ်ဥာဏ်များပျောက်ဆုံးခြင်းဖြစ်သည်။ မှတ်ဥာဏ်ပျောက်တတ်သောသူများသည် များသောအားဖြင့် အချိန်အတိုင်းအတာတစ်ခုတွင် ဖြစ်ပေါ်သည်။ သူတို့ကိုယ်သူတို့လည်း မှတ်မိပြီး၊ အသစ်သင်ယူခြင်းနှင့် မှတ်ဥာဏ်အသစ်ပြုလုပ်ခြင်းများတွင် အခက်အခဲရှိနိုင်သည်။

Memory Loss (မှတ်ဥာဏ်ပျောက်ဆုံခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မှတ်ဥာဏ်ပျောက်ဆုံးခြင်းသည် အလွန်အဖြစ်များသော ကျန်းမာရေးအခြအနေဖြစ်သည်။ ငယ်ရွယ်သူများထက် အသက်ကြီးသူများတွင်ပိုဖြစ်သည်။ သို့သော် အသက်အရွယ်မရွေးတွင် ဖြစ်နိုင်ပါသည်။ ၎င်းကို အဖြစ်များစေနိုင်သော အချက်များကို ရှောင်ခြင်းဖြင့် ဖြစ်ပွားခြင်းကိုထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Memory Loss (မှတ်ဥာဏ်ပျောက်ဆုံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသော လက္ခဏာများမှာအောက်ပါအတိုင်းဖြစ်သည်။

–      မှတ်ဥာဏ်အသစ်များကို မမှတ်မိခြင်း

–      ယခင်က အဖြစ်အပျက်များကိုမမှတ်မိခြင်း၊

–      မမှန်ကန်သော မှတ်ဥာဏ်အသစ်များ ဖန်တီးခြင်း၊ သို့မဟုတ် အသိမှားယွင်းနေခြင်း။

–      စိတ်ရှုပ်ထွေးခြင်း၊ သေချာစွာမသိခြင်း။

အထက်တွင်ဖော်ပြထားသော အချက်များမဟုတ်ပဲ အခြားသော လက္ခဏာများလည်း ရှိနိုင်သည်။ သင့်တွင်ရောဂါလက္ခဏာနှင့် ပတ်သတ်၍စိတ်ပူနေသည်များရှိလျင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသောလက္ခဏာများရှိလျင်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓာကိုယ်သည် တုံ့ပြန်မှုမတူညီကြသည့်အတွက်သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Memory Loss (မှတ်ဥာဏ်ပျောက်ဆုံခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သတိမေ့ခြင်းသည် စိတ်ခံစားမှုနှင့် မှတ်ဥာဏ်ကိုထိန်းချုပ်သော ဦးနှောက် ဖွဲ့စည်းပုံပျက်စီးခြင်းကြောင့်ဖြစ်သည်။ ထိုဖွဲ့စည်းပုံများတွင်  သင့်ဦးနှောက်၏ အတွင်းဘက် အလယ်တွင် နက်ရှိုင်းစွာတည်ရှိသည့် Thalamus နှင့်ဘေးဘက်တွင် တည်ရှိသော Hippocampal ဖြစ်ပေါ်ခြင်းများ ပါဝင်သည်။

ဖြစ်နိုင်ခြေများ

 Memory Loss (မှတ်ဥာဏ်ပျောက်ဆုံခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါတို့သည် မှတ်ဥာဏ်ပျောက်ဆုံးခြင်းကို အဖြစ်များစေသောအကြောင်းရင်းများဖြစ်သည်။

-ဦးခေါင်းကိုထိခိုက်ဒဏ်ရာရပြီး ခွဲစိတ်မှုပြုလုပ်ထားခြင်း

-လေဖြတ်ထားခြင်း

-အရက်အရမ်းသောက်ခြင်း

-အတက်ရောဂါရှိခြင်း

-စိတ်ကျဆေးများ၊ အိပ်ဆေးများကဲ့သို့သော ဆေးဝါးများ သုံးစွဲခြင်း

-စိတ်ဖိစီးမှုနှင့်စိတ်ဓာတ်ကျရောဂါ

-ဗီတာမင် B1 B12 ချို့တဲ့ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Memory Loss (မှတ်ဥာဏ်ပျောက်ဆုံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

မှတ်ဥာဏ်ပျောက်ဆုံးခြင်းကို စစ်ဆေးရန် သင့်ဆရာဝန်မှ ဆေးပညာရာဇ၀င်နောက်ကြောင်းကိုမေးမြန်းပြီး၊ ကိုယ်ကာယစစ်ဆေးဆေးခြင်း ပြုလုပ်နိုင်သည်။ စိတ်ပိုင်းဆိုင်ရာ မေးခွန်းများလည်း မေးနိုင်သည်။ အဖြေပေါ်မူတည်၍ အခြားလိုအပ်သော စစ်ဆေးချက်များဖြစ်သော သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ အာရုံကြောစနစ်စစ်ဆေးခြင်း နှင့် CT, MRI စက်များကို အသုံးပြု၍ ဦးနှောက်ကိုစစ်ဆေးခြင်းများကို ပြုလုပ်နိုင်သည်။

Memory Loss (မှတ်ဥာဏ်ပျောက်ဆုံခြင်း) ကို ဘယ်လိုကုသပါသလဲ

မှတ်ဥာဏ်ပျောက်ဆုံးခြင်းကို ကုသရန်သည် ဖြစ်သော အကြောင်းရင်းပေါ်တွင် မူတည်သည်။ မှတ်ဥာဏ်ပျောက်ဆုံးခြင်း၏ အကြောင်းရင်းအများစုအတွက် ယခုအချိန်တွင် ဆေးမရှိသေးပါ။ အာဟာရချို့တဲ့သည့်အကြောင်းရင်းအတွက်မူ သင့်တော်သော အာဟာရနှင့်ဖြည့်စွက် ဗီတာမင်များပေးနိုင်သည်။

မှတ်ဥာဏ်ပျောက်ဆုံးနေသောသူသည် အလုပ်ပိုင်းဆိုင်ရာကုသရေးပညာရှင်နှင့် တိုင်ပင်ပြီး ပျောက်ဆုံးနေသော မှတ်ဥာဏ်နေရာတွင် မှတ်ဥာဏ်အသစ်များကို အစားထိုးခြင်း၊ အရေးကြီးသော မှတ်ဥာဏ်များပြန်ရစေရန် နည်းပညာအသစ်များကို သုံးခြင်း သိုမဟုတ် ဆေးသောက်ခြင်း အားဖြင့် ကုသနိုင်သည်။

ဘ၀နေထိုင်နည်းပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

အောက်ပါတို့သည် သင့်ကို မှတ်ဥာဏ်ပျောက်ဆုံးခြင်းနှင့် ပတ်သတ်ပြီး အကူအညီဖြစ်စေရန် နည်းလမ်းများဖြစ်ပါသည်။

–      အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။

–      ကိုယ်ကာယကြံ့ခိုင်ရေးကို ပြုလုပ်ပါ။

–      လေ့လာသင်ယူခြင်းကို စဉ်ဆက်မပြတ်လုပ်ပါ။

–      ဆေးလိပ်မသောက်ပါနှင့်။

–      ကျန်းမာသော အာဟာရပုံစံကို ထိန်းသိမ်းပါ။

–      ညဘက် အိပ်ရေး၀၀အိပ်ပါ။

သင့်တွင်မေးမြန်းလိုသည်များရှိလျင် သင့်အတွက် အကောင်းဆုံး အကြံဥာဏ်ကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ