Memory Disorders (မှတ်ဥာဏ် မူမမှန်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Memory Disorders (မှတ်ဥာဏ် မူမမှန်ခြင်း) ကဘာလဲ။

အာရုံကြော အဖွဲ့အစည်းများကို ထိခိုက်ခြင်းကြောင့် မှတ်ဥာဏ်ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်း နှင့် ပြန်လည် စဉ်းစားခြင်း စသည်တို့ပုံမှန်အတိုင်းမဖြစ်တော့ခြင်းကို မှတ်ဥာဏ် မူမမှန်ခြင်းဖြစ်စဉ်များဟု ခေါ်ပါသည်။

ထိုသို့ဖြစ်ပါက ဆေးကုသမှု မခံယူလျှင် မှတ်ဥာဏ်များ ပို ချွတ်ယွင်းလာစေသည်။ မှတ်ဥာဏ်ဆိုင်ရာ ပြသနာများသည် အသက်ကြီးသောကြောင့် ဖြစ်သည်ချည်းမဟုတ်ပါ။

သို့သော် အသက်ကြီးသောကြောင့် ပုံမှန်ဖြစ်စဉ်အရ မှတ်ဥာဏ်အားနည်းခြင်း နှင့် မှတ်ဥာဏ် မူမမှန်ခြင်းတို့တွင် ကွဲပြားမှုများရှိပါသည်။ အချို့သော မှတ်ဥာဏ်ပြသနာများသည် ကုသနိုင်သော ပြသနာများဖြစ်ကြောင်းတွေ့ရသည်။

Memory Disorders (မှတ်ဥာဏ် မူမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မှတ်ဥာဏ် မူမမှန်ခြင်းသည် အလွန်အဖြစ်များပြီး အသက်ကြီးသူများတွင် ပို အဖြစ်များပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Memory Disorders (မှတ်ဥာဏ် မူမမှန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများသော ရောဂါလက္ခဏာများမှာ

  • စကား ပလုံးပထွေးပြောခြင်း (မှတ်ဥာဏ်ထဲတွင် အမှန်တကယ်ဖြစ်သော၊ မဖြစ်သောအရာများ အစီအစဉ်မကျဖြစ်ကာ ပြောဆိုခြင်း)
  • စိတ်အာရုံရှုတ်ထွေးခြင်း
  • စိတ်ဓာတ်ကျခြင်း
  • နေ့စဉ်လုပ်ငန်းဆောင်တာများကို ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့လာခြင်း (စာရင်းစာအုပ် ကို မနိုင်နင်းခြင်း၊ ချိန်းဆိုမှုများ ပျက်ကွက်ခြင်း၊ အစားအစာများပြင်ဆင်ရာတွင် အဆင်မပြေဖြစ်ခြင်း)
  • ယခင်က ကောင်းမွန်စွာသိခဲ့သော လူများ၊ အဖြစ်အပျက်များနှင့် အချက်များကို မေ့လျော့ခြင်း
  • ယခင် ကရင်းနှီးပြီးသား ကိစ္စများကို လုပ်ဆောင်ရန် အဆင့်များမေ့လျော့ခြင်း
  • ပစ္စည်းများပျောက်ခြင်း၊ နေရာအထားမှားခြင်း
  • စိတ်တိုလွယ်ခြင်း
  • စကားပြောရာတွင် အခက်ကြုံခြင်း(စကားများရောသွားခြင်း၊ စကားလုံးများ မေ့ခြင်း)
  • ကတုန်ကယင်ဖြစ်ခြင်း၊ လှုပ်ရှားမှုများမူမမှန်ခြင်း စသည့် အာရုံကြောပြသနာများဖြစ်ခြင်း
  • မှတ်ဥာဏ်စမ်းသပ်မှုများ ပြုလုပ်ရာတွင် လုပ်ဆောင်မှုကျဆင်းခြင်း
  • အဖြစ်အပျက်၊ မေးခွန်းများကို ထပ်ခါတလဲလဲ မေးနေခြင်း စသည်တို့ဖြစ်သည်။

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Memory Disorders (မှတ်ဥာဏ် မူမမှန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အောက်ပါတို့သည် မှတ်ဥာဏ် မူမမှန်ခြင်းကို ဖြစ်စေသော အကြောင်းများဖြစ်သည်။

  • ဆေးများ
  • ခေါင်းကို အနာတရဖြစ်စေခြင်း၊ ဒဏ်ရာရခြင်း
  • စိတ်ဓာတ်ကျခြင်း၊ စိတ်ကျန်းမာရေးချို့ယွင်းခြင်း
  • အရက်စွဲခြင်း
  • Vitamin B 12 ဓာတ်ချို့တဲ့ခြင်း
  • သိုင်းရွိုက်ဟော်မုန်းအားနည်းခြင်း
  • အကြိတ်များဖြစ်ခြင်း

ဖြစ်နိုင်ခြေများ

 Memory Disorders (မှတ်ဥာဏ် မူမမှန်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

မှတ်ဥာဏ် မူမမှန်ခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • ဦးနှောက်ကို ထိခိုက်မိခြင်း (ခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ခြင်း)
  • လေဖြတ်ခြင်း
  • အရက် အလွန်အကျွံသောက်ခြင်း
  • သွေးတိုး၊ ဆီးချို စသည်တို့သည် မှတ်ဥာဏ်ချွတ်ယွင်းမှုကို ဖြစ်နိုင်ချေများစေသောရောဂါများဖြစ်သည်။
  • အတန်းပညာနိမ့်သောသူများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများ မလုပ်သော၊ လူမှုရေးဆိုင်ရာ တို့အားနည်းသောသူများ
  • APOE ဗီဇ ပျက်စီးနေသော သူများ စသည်တို့သည် မှတ်ဥာဏ်ပြသနာများကို ဖြစ်နိုင်စေသော အချက်များဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Memory Disorders (မှတ်ဥာဏ် မူမမှန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ပထမဦးစွာ သင့်ဆရာဝန်က သင်သောက်နေသော ဆေးအညွှန်းများ၊ ဆေးအမျိုးအစားများ၊ အစားအသောက်၊ ရောဂါအခံများ နှင့် အထွေထွေကျန်းမာရေး အခြေအနေများ စသည့် သင့်ကျန်းမာရေး ရာဇ၀င်ကို မေးမြန်းပါလိမ့်မည်။ ရောဂါခံစားရသူ၏ မိသားစုဝင်များကိုလည်း မေးမြန်းပါလိမ့်မည်။

ထိုသို့ အသေးစိတ်အချက်အလက်များကို တိကျစွာသိမှသာလျှင် ရောဂါကို မှန်ကန်စွာရှာဖွေနိုင်မည် ဖြစ်ပါသည်။

စိတ်စွမ်းဆောင်ရည်ကို စမ်းသပ်သော စမ်းသပ်မှုများ(မှတ်ဥာဏ်ကို စမ်းသပ်ခြင်း၊ ရေတွက်ခိုင်းခြင်း၊ ပြသနာများကို ဖြေရှင်းစေခြင်း နှင့် ဘာသာစကားများ)ကို လည်းပြုလုပ်ပါမည်။သွေး၊ ဆီး တို့ကိုစ်ဆေးခြင်းဖြင့်လည်း ရောဂါကိုသိရှိရန် အထောက်အကူပြုနိုင်ပါသည်။

ဦးနှောက်ကို ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း ဖြင့်လည်း ဦးနှောက်တွင် အသက်အရွယ်အလိုက်ပြောင်းလဲလာသော ဖြစ်စဉ်များကို သိနိုင်ပါသည်။ ထိုသို့ဓာတ်မှန်ရိုက်ပြီး နောက်ထပ်ရက်အနည်းငယ်အကြာတွင် ထပ်ရိုက်ခြင်းဖြင့် ဦးနှောက်ထဲတွင် ပြောင်းလဲမှုများရှိပါက သိနိုင်ပါသည်။

Memory Disorders (မှတ်ဥာဏ် မူမမှန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

မှတ်ဥာဏ် မူမမှန်ခြင်းကို တိကျသော၊ လိုအပ်သောကုသမှုများပြုလုပ်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် အယ်လ်ဇိုင်းမားရောဂါရှိသူများကို ဆေးပေးခြင်း၊ သွေးပေါင်တက်ခြင်းကြောင့် ဦးနှောက်ထိခိုက်နိုင်သော လူနာများကို သွေးပေါင်ကျဆေးပေးခြင်း စသည်တို့ဖြစ်သည်။

ရောဂါဖြစ်သော အကြောင်းအရင်းအပေါ်မူတည်ပြီး ကုသမှုများကွာခြားပြီး အချို့သောရောဂါများသည် ဆေးကုသမှု ခံယူလျှင်ပျောက်ကင်းနိုင်ပါသည်။

ဥပမာအားဖြင့် ဆေးတခုခုကြောင့် မှတ်ဥာဏ်ချွတ်ယွင်းပါက ထိုဆေးဖြတ်လိုက်လျှင် မှတ်ဥာဏ်ပြန်ကောင်းလာနိုင်ပါသည်။ အာအဟာရချို့တဲ့နေသူများတွင်လည်း အာဟာရဓာတ်များပြည့်ဝအောင် ကုသပေးသောအခါ မှတ်ဥာဏ်ပြန်ကောင်းလာပါသည်။

စိတ်ဓာတ်ကျသောရောဂါသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။

လေဖြတ်နေသောလူနာများသည်လည်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကုသမှုများပြုလုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်များပြန်ကောင်းလာစေပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် မှတ်ဥာဏ် မူမမှန်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • သင်စိတ်ဝင်စားသည့်အလုပ်များ၊ သင်ဝါသနာပါရာများလုပ်ခြင်း၊ စိတ်ရောကိုယ်ပါ တက်ကြွစေသော အားကစားများလုပ်ခြင်း
  • ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုဖြစ်စေသော လေ့ကျင့်ခန်းများကလည်း သင့်ကိုရေရှည်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာမှုများပေးနိုင်ပေလိမ့်မည်။
  • အရက်သေစာများ ကိုလျှော့ပါ။ ဖြစ်နိုင်လျှင် ရှောက်ကျဉ်ပါ။ အရက်အလွန်အကျွံသောက်ခြင်းသည် ပြန်မကောင်းနိုင်သော ဦးနှောက်ပျက်စီးမှုကို ဖြစ်စေပါသည်။
  • အလုပ်များကို စီစဉ်ထားခြင်း၊ စာရင်းလုပ်ထားခြင်း၊ မှတ်စုစာအုပ်များ ပြက္ခဒိန်များ၊ ဖုန်းများတွင်မှတ်ထားခြင်း သည်လည်း သင့်ကိုအထောက်အကူဖြစ်စေပါလိမ့်မည်။ရင်းနှီးသောနံမည်များ၊ သီချင်းများ နှင့် ကဗျာစာသားများနှင့် ချိတ်ဆက်ပြီး မှတ်ထားခြင်းမျိုးကလည်း သင့်အားမှတ်မိလွယ်စေပါလိမ့်မည်။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဥာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Read also:

တည်းဖြတ်သည့်နေ့ စကျတငျဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 12, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။