backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hormone Inhibin-A Test (ဟော်မုန်း အင်ဟတ်ဘင် အေ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hormone Inhibin A ဆိုတာဘာလဲ။

Hormone Inhibin A test ဟာ ကလေးငယ်မှာ Down syndrome ရှိမရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ သွေးထဲမှာပါတဲ့ ဟော်မုန်းကို စစ်ဆေးတဲ့ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ Hormone Inhibin A ကို ကိုယ်ဝန်ဆောင်စဉ်မှာ အချင်းက ပြုလုပ်တာဖြစ်ပါတယ်။

သွေးအတွင်းမှာရှိတဲ့ Hormone Inhibin A ပမာဏကို maternal serum quadruple screening test ပြုလုပ်စဉ်မှာ အသုံးပြုနိုင်ပါတယ်။ ယေဘုယျအားဖြင့် ၁၅ ပတ်ကနေ ၂၀ ပတ်အတွင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ သွေးအတွင်းက ပစ္စည်းလေးခုရဲ့ ပမာဏကို တိုင်းတာဖို့ အသုံးပြုပါတယ်။

Quad screen test ဟာ alpha-fetoprotein (AFP), human chorionic gonadotropin (hCG), a type of estrogen (unconjugated estriol, or uE3), နဲ့ the hormone inhibin A လေးမျိုးကို တိုင်းတာပါတယ်။ ဒီသုံးမျိုးရဲ့ ပမာဏကို အမျိုးသမီးရဲ့ အသက်နဲ့ အခြားအချက်အလက်တွေပေါ် ပေါင်းစပ်ပီး ဆရာဝန်က မွေးကင်းစကလေးမှာ အခြားအခြေအနေတွေ ပြဿနာတွေ ရှိမရှိဆိုတာ ခန့်မှန်းနိုင်ပါတယ်။

Hormone Inhibin A တွေကို ဘာကြောင့် လုပ်ကြတာလဲ။

Hormone Inhibin A စစ်ဆေးမှုကို Down syndrome လိုမျိုး chromosome ပုံမမှန်တဲ့ အခြေအနေတွေ ရှိမရှိ သိရှိဖို့ အသုံးပြုကြပါတယ်။။

ရောဂါလက္ခဏာများ

Hormone Inhibin A ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

ဆေးလိပ်သောက်ခြင်းဟာ သွေးအတွင်း Hormone Inhibin A ပမာဏကို များစေနိုင်ပါတယ်။

အဝလွန်ခြင်းဟာ သွေးအတွင်း Hormone Inhibin A ပမာဏကို နည်းစေနိုင်ပါတယ်။

Hormone Inhibin A ပမာဏ အပါအဝင် Quad screen ရဲ့ အဖြေတွေကို အမျိုးသမီးရဲ့ အသက်၊ လူမျိုး၊ ကိုယ်အလေးချိန်နဲ့ ဆီးချိုရှိမရှိ ဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားပါတယ်။

ဒီစစ်ဆေးမှုရဲ့ အဖြေဟာ ကလေးမှာ Down syndrome ရှိမှုနဲ့ ပတ်သက်ပြီး တိကျတဲ့ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတဲ့ အဖြေတွေကို ပေးနိုင်ခြင်းမရှိဘူးဆိုတာ သိထားဖို့လိုအပ်ပါတယ်။ တကယ်လို့ ဒီစစ်ဆေးမှုက သင့်ကလေးမှာ Down syndrome ဖြစ်ဖို့ ရာနှုန်းများတယ်လို့ ဖေါ်ပြခဲ့ရင် အခြားသေချာတဲ့ စစ်ဆေးမှုတစ်ခုကို ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒီသေချာတဲ့ စစ်ဆေးမှုကတော့ ကလေးမှာ တကယ်ပဲ Down syndrome ဖြစ်၊ မဖြစ် စစ်ဆေးနိုင်ပါတယ်။ ဒီလို စစ်ဆေးမှု အမျိုးအစား နှစ်မျိုးရှိပြီး amniocentesis နဲ့ chorionic villus sampling တို့ပဲ ဖြစ်ပါတယ်

အကြောင်းရင်းကိုသိရှိခြင်း

Hormone Inhibin A တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

Hormone Inhibin A ကို မစစ်ဆေးခင် အထူးတလည် ပြင်ဆင်ဖို့ မလိုအပ်ပါဘူး

Hormone Inhibin A နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သင့်ဆရာဝန်ဟာ လက်မောင်း (သို့) တံတောင်ဆစ်နားက နေရာကို ပိုးသတ်ဆေးနဲ့ သန့်စင်မှာ ဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ လက်မောင်းအပေါ်မှာ သားရေကြိုးကိုချည်နှောင်ပြီး သွေးစီးဆင်းမှုကို တိုးမြှင့်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သွေးပြန်ကြောတွေကနေ သွေးယူဖို့ လွယ်ကူစေပါတယ်။

သင့်လက်မောင်းကို အပ်နဲ့ဖေါက်ပြီး သွေးပြန်ကြောထဲကို အပ်ထည့်လိုက်မှာ ဖြစ်ပါတယ်။ သွေးယူမယ့် ဖန်ချောင်းကိုတော့ အပ်ရဲ့ အခြားထိပ်တစ်ခုမှာ ဆက်လိုက်မြှ ဖြစ်ပါတယ်။

သွေးအလုံအလောက်ရသွားရင်တော့ ဆရာဝန်ဟာ အပ်ကိုဖယ်လိုက်မှာ ဖြစ်ပြီး အပ်ဖေါက်ထားတဲ့နေရာကို ဂွမ်းနဲ့ သွေးတိတ်သွားအောင် ဖိထားမှာ ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

Hormone Inhibin A လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

စစ်ဆေးမှု ပြုလုပ်ပြီးရင် ပုံမှန်အလုပ်တွေကို ပြန်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ သင့်ဆရာဝန်က ဒီအဖြေတွေက ဘာကို ဆိုလိုလဲဆိုတာ ရှင်းပြ ပေးနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။

အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Hormone Inhibin A ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ပုံမှန်အဖြေဟာ Hormone Inhibin A ပမာဏ နည်းပါးခြင်း (သို့) negative ဖြစ်ခြင်းကို ဖေါ်ပြပါတယ်။ ပုံမှန်မဟုတ်တဲ့ အဖြေကတော့ Hormone Inhibin A ပမာဏ များခြင်း (သို့) positive ဖြစ်ခြင်းကို ဖေါ်ပြပါတယ်။ ဟော်မုန်းပမာဏကို quad screen blood tests တွေနဲ့ ပြန်လည် စစ်ဆေးသင့်ပါတယ်။

ပုံမှန်မဟုတ်တဲ့ အဖြေတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement