backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Glycohemoglobin Test (ဟေမိုဂလိုဘင်ကို ပေါင်းစည်းထားသော သကြားဓါတ်ပမာဏ စစ်ဆေးခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Glycohemoglobin Test (ဟေမိုဂလိုဘင်ကို ပေါင်းစည်းထားသော သကြားဓါတ်ပမာဏ စစ်ဆေးခြင်း) ကဘာလဲ။

glycohemoglobin test သို့ hemoglobin A1c စစ်ဆေးမှုဟာ သွေးနီဥထဲမှာ ရှိတဲ့ ဟေမိုဂလိုဘင် ကို ပေါင်းစည်းထားတဲ့ သကြားပမာဏကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဟေမိုဂလိုဘင် နဲ့ ဂလူးကိုစ့် ပေါင်းတဲ့အခါမှာ ဟေမိုဂလိုဘင် ပေါ်မှာ သကြားတစ်ထပ် ဖြစ်ပေါ်လာပါတယ်။ ဒီအထပ်ဟာ သွေးသကြားဓါတ်များလေလ ပိုထူလာလေလေ ဖြစ်ပါတယ်။ A1c tests ဟာ ဒီသကြားထပ်ထားတဲ့ အလွှာ သုံးလအတွင်းမှာ ဘယ်လောက်ထူလဲဆိုတာ တိုင်းတာခြင်းဖြစ်ပြီး သွေးနီဥတွေ ဘယ်လောက်အသက်ရှင်လဲဆိုတာဖေါ်ပြခြင်း ဖြစ်ပါတယ်။ ဆီးချို (သို့) အခြားသွေးတွင်း ဂလူးကိုစ့် ပမာဏ တက်စေတဲ့ အခြေအနေတွေမှာ Glycohemoglobin ပမာဏ ပုံမှန်ထက် များတတ်ပါတယ်။

A1c test ဟာ ဆီးချို (သို့) ဆီးချို မဖြစ်ခင် အခြေအနေတွေကို တိုင်းတာဖို့ အသုံးပြုပါတယ်။ A1c test ကို ဆီးချိုရှိတဲ့ လူနာတွေမှာ သွေးသကြားဓါတ်ထိန်းချုပ်မှုကို သိရှိဖို့ အသုံးပြုပါတယ်။ ဆရာဝန် အများစုက A1c test စစ်ဆေးခြင်းဟာ လူနာတစ်ယောက် ဆီးချိုကို ဘယ်လောက် ကောင်းကောင်းထိန်းချုပ်နိုင်လဲဆိုတာ သိရှိဖို့ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုကြပါတယ်။

အိမ်မှာ တိုင်းတာတဲ့ စစ်ဆေးမှုဟာ သွေးသကြားဓါတ်ကို အဲဒီအချိန်အတွက်သာ တိုင်းတာနိုင်တာဖြစ်ပါတယ်။ သွေး သကြားဓါတ်ပမာဏဟာ တစ်နေ့တာအတွင်းမှာ အကြောင်းရင်းမျိုးစုံအတွက် ပြောင်းလဲခြင်း ရှိနိုင်ပါတယ်။ (ဆေး၊ အစားအသောက်၊ လေ့ကျင့်ခန်း၊ သွေးအတွင်း အင်ဆူလင် ပမာဏ)

ဂလူးကိုစ့် ဟာ သွေးနီဥအတွင်းမှာ ရှိတဲ့ ဟေမိုဂလိုဘင် ကို ဖြည်းညှင်းစွာ ပေါင်းလိုက်ပါတယ်။ သွေးနီဥတွေရဲ့ သက်တမ်းဟာ ၃-၄ လကြာမြင့်တာကြောင့် A1c test ဟာ သွေးရည်ကြည်ပိုင်းမှာ ဂလူးကိုစ့် ဘယ်လောက်ရှိလဲဆိုတာ ဖေါ်ပြပါတယ်။ ဒီစစ်ဆေးမှုဟာ လွန်ခဲ့တဲ့ ၂-၃ လမှာ ဆီးချို ဘယ်လောက် ကောင်းစွာ ထိန်းချုပ်နိုင်သလဲဆိုတာနဲ့ ကုသမှု အစီအစဉ် ပြောင်းလဲဖို့ လိုလားဆိုတာတွေကို ဖေါ်ပြပေးပါတယ်။

A1c test ဟာ သင့်ဆရာဝန်ကို သင့်မှာ ဆီးချို၊ ကျောက်ကပ်ရောဂါ၊ အမြင်အာရုံရောဂါ၊ ခြေထောက်၊ ခြေဖဝါးထုံကျင်ခြင်း အစရှိတာတွေဖြစ်ပွားနှုန်း ဘယ်လောက်များလဲဆိုတာ သိမြင်ဖို့ ကူညီပေးပါတယ်။ A1c test ပမာဏ နည်းအောင် ထိန်းထားခြင်းဟာ ဒီပြဿနာတွေ ဖြစ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။

Glycohemoglobin Test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

သင့်မှာရှိတဲ့ ဆီးချို အမျိုးအစား၊ ဆီးချိုကို ဘယ်လောက်ကောင်းစွာ ထိန်းချုပ်နိုင်လဲဆိုတာနဲ့ ဆရာဝန်ညွှန်ကြားမှု တွေပေါ်မူတည်ပြီး A1c test ကို တစ်နှစ်မှာ ၂-၄ ကြိမ်အထိ ပြုလုပ်သင့်ပါတယ်။ တကယ်လို့ ဆီးချို ပထမဆုံးတွေ့ရှိပြီး ထိန်းသိမ်းမှု မကောင်းဘူးဆိုရင် A1c test ကို မကြာခဏ လုပ်သင့်ပါတယ်။ ရောဂါရှာဖွေဖို့ရည်ရွယ်ပြီး ကျန်းမာရေးစစ်ဆေးခြင်း ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် (သို့) သင့်မှာ သွေးသကြားဓါတ်တက်ခြင်းရဲ့ လက္ခဏာတွေ ကြောင့် ဆီးချိုဖြစ်ပြီလို့ သံသယဖြစ်တဲ့ အခြေအနေတွေမှာလည်း ပြုလုပ်နိုင်ပါတယ်။

သွေးသကြားဓါတ်တက်ခြင်းရဲ့ လက္ခဏာတွေကတော့

• ရေပိုငတ်ခြင်း

• ဆီးပိုသွားခြင်း

• ပင်ပန်းခြင်း

• အမြင်အာရုံဝါးခြင်း

• အနာအကျက် နှေးခြင်း တွေပဲ ဖြစ်ပါတယ်။

ပြင်ဆင်မှု

Glycohemoglobin Test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

A1c test ဟာ ခဏတာ သွေးသကြားဓါတ် တက်ခြင်း၊ ကျခြင်းနဲ့ လွန်ခဲ့တဲ့ သုံးလေးပတ်အတွင်းမှာ သွေးသကြားဓါတ်ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းတွေကို ဖော်ပြမှာ မဟုတ်ပါဘူး။ သွေးသကြားဓါတ်ပြောင်းလဲမှုတွေကိုလည်း A1c test မှာ တွေ့ရမှာ မဟုတ်ပါဘူး။

တကယ်လို့လူတစ်ယောက်မှာ ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင် အမျိုးအစားရှိမယ်ဆိုရင် (Haemoglobin S) သူတို့မှာ Haemoglobin A ပမာဏ နည်းပါးပါလိမ့်မယ်။ ဒါဟာ A1c test ရဲ့ ဒီလူနာအပေါ်မှာ ဆီးချို ရှိမရှိစစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းတွေရဲ့ အသုံးဝင်မှုကို ကန့်သတ်နိုင်ပါတယ်။ လူနာတစ်ယောက်မှာ သွေးအားနည်းခြင်း ရှိရင်၊ သွေးဆဲလ်ကွဲခြင်း ရှိရင်၊ သွေးအများကြီးဆင်းရင် A1c test အဖြေတွေမှာ မှားယွင်းစွာ နည်းနိုင်ပါတယ်။ သံဓါတ်နည်းတဲ့သူတွေမှာ A1c test ဟာ များနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သွေးသွင်းထားတဲ့သူမှာ A1c test အဖြေဟာ တိကျမှုမရှိပဲ ၂-၃ လအတွင်း သကြားဓါတ်ထိန်းညှိမှုကို ရောင်ပြန်ဟပ်မှာ မဟုတ်ပါဘူး။

Glycohemoglobin Test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

အထူးတလည် ပြင်ဆင်ရန် မလိုအပ်ပဲ ဒီစစ်ဆေးမှုကို တစ်နေ့တာရဲ့ ကြိုက်တဲ့အချိန် (အထူးသဖြင့် အစာစားပြီးချိန်မှာတောင်) ပြုလုပ်နိုင်ပါတယ်။

စစ်ဆေးမှု

Glycohemoglobin Test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သင့်ကျန်းမာရေးကျွမ်းကျင်သူဟာ သွေးထုတ်ယူမှာ ဖြစ်ပါတယ်။

• လက်မောင်းမှာ သွေးစီးဆင်းမှုကို ရပ်တန့်ဖို့ သားရေကြိုးတစ်ခုကို စည်းပေးမှာဖြစ်ပါတယ်။ ဒါဟာ သားရေကြိုးအောက်က သွေးပြန်ကြောတွေကို ဖောင်းလာစေပြီး အပ်ထိုးဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။

• ဆေးထိုးမယ့်နေရာကို အရက်ပြန်နဲ့ သန့်ရှင်းရေးလုပ်မှာ ဖြစ်ပါတယ်။

• သွေးပြန်ကြောအတွင်းကို အပ်ထိုးလိုက်မှာဖြစ်ပါတယ်။ တစ်ကြိမ်ထက် မက လိုအပ်နိုင်ပါတယ်။

• သွေးထည့်တဲ့ ဖန်ချောင်းထဲကို သွေးဖြည့်လိုက်မှာဖြစ်ပါတယ်။

• သွေးအလုံအလောက်ရပြီဆိုရင်တော့ သားရေကြိုးကို ဖြည်လိုက်မှာဖြစ်ပါတယ်။

• အပ်ဖယ်လိုက်ပြီး ဂွမ်းလုံးကို အပ်ထိုးတဲ့နေရာပေါ်တင်လိုက်မှာဖြစ်ပါတယ်။

• သွေးယူတဲ့နေရာမှာ ဖိထားသင့်ပြီး ပလပ်စတာ ကပ်ပေးနိုင်ပါတယ်။

စစ်ဆေးပြီးနောက်

Glycohemoglobin Test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

သားရေကြိုးနဲ့ပတ်ထားတာကြောင့် တင်းကျပ်မှု ဖြစ်နိုင်ပါတယ်။ အပ်ထိုးထားတဲ့နေရာက ဘာမှ မခံစားရခြင်း (သို့) အနည်းငယ်စူးရှနာကျင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

ဂွမ်းစနဲ့ ပလပ်စတာကို မိနစ် ၂၀-၃၀ ကြာပြီးရင် ဖယ်ရှားနိုင်ပါတယ်။ သွေးအဖြေကို ရရှိဖို့ ရက်ချိန်းပေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သွေးအဖြေက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းပြမှာ ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ဆီးချိုရှိကြောင်း အတည်ပြုဖို့ သွေးသကြားဓါတ်စစ်ဆေးမှုကို နောက်တစ်ကြိမ် ပြုလုပ်ခြင်း (သို့) မတူညီတဲ့ စစ်ဆေးမှုတစ်ခုကို နောက်တစ်ရက်မှာ ပြုလုပ်ခြင်းတွေ လုပ်နိုင်ပါတယ်။

အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီပမာဏ တွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ ထိုဓါတ်ခွဲခန်းရဲ့ ပုံမှန် ပမာဏအပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။

ပမာဏ များခြင်း

အချို့ကျန်းမာရေးအခြေအနေတွေဟာ A1c ပမာဏကို မြင့်တက်စေပါတယ်။ ဒါပေမယ့် အဖြေကတော့ ပုံမှန်အညွှန်း အပိုင်းအခြားအတွင်းမှာပဲ ရှိနေနိုင်ပါတယ်။ ဒီအခြေအနေတွေကတော့ Cushing’s syndrome၊ pheochromocytoma နဲ့ polycystic ovary syndrome (PCOS) တွေပဲ ဖြစ်ပါတယ်။

Corticosteroid နဲ့ ကုသမှုဟာ A1c ပမာဏကို များစေပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Glycohemoglobin Test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Glycohemoglobin Test နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hemoglobin A1c

ပုံမှန် 5.7% ထက်နည်း

ဆီးချို မဖြစ်ခင် (ဆီးချိုဖြစ်ရန် ရာနှုန်းများ) 5.7%–6.4%

ဆီးချို 6.5% နဲ့အထက်

ဆီးချို အမျိုးအစား ၁ ရှိတဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ A1 c ရှိသင့်သော ပမာဏ

အသက် ၆ နှစ်အောက်ကလေးငယ်- 8.5% ထက်နည်း

အသက် ၆-၁၂ အထိ- 8% ထက်နည်း

အသက် ၁၃-၁၉ နှစ်အထိ- 7.5% ထက်နည်း

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement