backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Diagnostic Heart Catheterization (နှလုံးပိုက်ထည့်ပြီး ရောဂါရှာဖွေစစ်ဆေးခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Diagnostic Heart Catheterization (နှလုံးပိုက်ထည့်ပြီး ရောဂါရှာဖွေစစ်ဆေးခြင်း) ကဘာလဲ။

Diagnostic Heart Catheterization ဟာနှလုံးဘယ်ဘက်အခန်းနဲ့ ညာဘက်အခန်းထဲကို ပိုက်အသေးတစ်ခုထည့်ပြီး သွေးပေါင်တိုင်းတာခြင်းဖြစ်ပါတယ်။

ပိုက်ကို ညာဘက်နှလုံးအခန်းထဲထည့်ခြင်းကို pulmonary artery catheterization (အဆုတ်သွေးကြောတွင်းပိုက်ထည့်ခြင်း)လို့ခေါ်ပြီး နှလုံးသွေးကြောအခြေအနေတွေကို သိရှိဖို့နဲ့ နှလုံးရောဂါတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ ဘယ်ဘက်မှာထည့်ထားတဲ့ ပိုက်ကို aortic value (အဆို့ရှင်) မှတစ်ဆင့် နှလုံးဘယ်ဘက်အခန်းထဲကို ထည့်နိုင်ပါတယ်။ သင့်ဆရာဝန်က ဘယ်ရော၊ညာရောကို တစ်ပြိုင်နက် ပိုက်ထည့်နိုင်ပါတယ်။

Heart catheterization နဲ့ X-rays အသုံးပြုတဲ့ နှလုံးသွေးကြောပုံရိပ်ဖော်သောနည်းလမ်း (coronary angiography) တွေဟာ မတူညီတဲ့ စစ်ဆေးမှုတွေဖြစ်ပြီး သူတို့ကို အတူတကွ အသုံးပြုသင့်ပါတယ်။ နှလုံးသွေးကြောပုံရိပ်ဖော်သောနည်းလမ်း မှာ ဆိုးဆေးတစ်မျိုးကို သွေးအတွင်းထည့်ပေးလိုက်ပြီး X-rays တွေက ဒီဆိုးဆေး စီးဆင်းမှုကိုကြည့်ပြီး နှလုံးကိုသွားတဲ့ သွေးလုံလောက်မှု ရှိမရှိ ဆုံးဖြတ်ပေးပါတယ်။ X-rays အသုံးပြုတဲ့ နှလုံးသွေးကြောပုံရိပ်ဖော်သောနည်းလမ်း ဟာ နှလုံးသွေးကြောကျဉ်းရောဂါကို ရှာဖွေလို့ အသုံးပြုပါတယ်။

Diagnostic Heart Catheterization တွေကို ဘာကြောင့် လုပ်ကြတာလဲ။

သင့်မှာ နှလုံးအဆို့ရှင်နဲ့ နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ ရှိနေပြီလို့ ဆရာဝန်က သံသယ ရှိနေပြီဆိုရင် နှလုံးတွင်းပိုက်ထည့်စစ်ဆေးခြင်းနည်းလမ်း ကို လိုအပ်နိုင်ပါတယ်။ သွေးပေါင် မထိန်းနိုင်ရင်၊ နှလုံးခုန်သံ မမှန်ရင်၊ ရုတ်တရက် လေဖြတ်ထားရင်၊ ပြင်းထန်တဲ့ သွေးအားနည်းခြင်း ရှိနေရင်၊ သွေးထွက်ခြင်း၊ နှလုံးရောဂါနဲ့ အခြားရောဂါပိုးဝင်ခြင်းတွေ ရှိနေရင် ဆရာဝန်က ဒီစစ်ဆေးမှုကို ပြုလုပ်ချင်မှ ပြုလုပ်မှာဖြစ်ပါတယ်။

ပြင်ဆင်မှု

Diagnostic Heart Catheterization ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

ဒီစစ်ဆေးမှုရဲ့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သိထားသင့်ပါတယ်။ ဒီစစ်ဆေးမှု အဆင့်တွေနဲ့ အခုလောလောဆယ် နှလုံးအခြေအနေ အကြောင်းကို ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ တကယ်လို့ ဆေးညွှန်းမယ်ဆိုရင်လည်း ဆေးကို ဆရာဝန် ညွှန်ကြားချက်အတိုင်း အသုံးပြုသင့်ပါတယ်။

သင့်မှာ ဆိုးဆေး၊ အိုင်အိုဒင်း၊ ပင်လယ်စာ တွေနဲ့ ဓါတ်မတည့်ရင် (သို့) ကိုယ်ဝန်ရှိနေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒီနည်းလမ်းဟာ အတွေ့အကြုံရှိတဲ့ အဖွဲ့နဲ့ ပြုလုပ်ရင် အလွန် အန္တရာယ် ကင်းပါတယ်။ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့ နှလုံးခုန် မမှန်ခြင်း၊ နှလုံးရောဂါ၊ ပိုက်ထည့်သောနေရာမှ သွေးထွက်ခြင်း၊ သွေးပေါင်ကျခြင်း၊ ဆိုးဆေးကို ဓါတ်မတည့်ခြင်း၊ သွေးခဲခြင်း၊ လေဖြတ်ခြင်း၊ သွေးကြော ထိခိုက်မိခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ကျောက်ကပ်ထိခြင်းနဲ့ အလွန်ရှားပါးတဲ့ အခြေအနေတွေမှာ သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ရှားပါးတဲ့ ဆိုးကျိုးတစ်ခုကတော့ အဆုတ်ဒဏ်ရာရခြင်းကြောင့် သေနှုန်းမြင့်မားခြင်းပဲဖြစ်ပါတယ်။ သတိထားသင့်တဲ့ အချက်တွေကို ဒီ စစ်ဆေးမှု မပြုလုပ်ခင် သိနားလည်သင့်ပါတယ်။ မေးစရာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Diagnostic Heart Catheterization တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

Cardiac catheterization အလုပ်ခင်မှာ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

• စစ်ဆေးမှု မပြုလုပ်ခင် ၆-၈ နာရီကစပြီး အစာမစားသင့်ပါဘူး။

• သင်သောက်နေတဲ့ ဆေးတွေ၊ ဖြည့်စွက်စာတွေ အကုန်လုံးကို စာရင်းပြုစုထားသင့်ပါတယ်။

ဒီစစ်ဆေးမှု ပြုလုပ်ပြီးသွားရင် သင့်ကို အိမ်ပြန်ခေါ်သွားနိုင်မယ့် တစ်စုံတစ်ယောက် ရှိသင့်ပါတယ်။

စစ်ဆေးမှု

Diagnostic Heart Catheterization နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သင့်ကို အနည်းငယ်ပျော့တဲ့ အိပ်ဆေးပေးပြီး အနားရအောင် ပြုလုပ်နိုင်ပါတယ်။

ဆရာဝန်ဟာ လက်မောင်း၊ ပေါင်၊ ပေါင်ခြံက သွေးပြန်ကြောတွေ (Femoral vein၊ internal jugular vein၊ subclavian vein သွေးပြန်ကြော) ထဲက တစ်ဆင့် ပိုက်ကို ထည့်နိုင်ပါတယ်။ ပိုက်ကို နေရာမှန်ထည့်ဖို့ လမ်းကြောင်းပြ အကူပြွန်တစ်ခုကို သုံးပြီးထည့်မှာပါ။ ပိုက်ဟာ နှလုံး (သို့) နှလုံးသွေးကြောတွေအတွင်းကို နာကျင်မှု မရှိပဲ စက္ကန့်အနည်းငယ်အတွင်း ရောက်သွားမှာပါ။

ပိုက်ဟာ နေရာမှန်ကို ရောက်ပြီဆိုရင် အကူပြွန်တွေကို ဖယ်ရှားလိုက်ပြီး ဆိုးဆေးကိုထည့်ကာ သွေးကြောကျဉ်းနေတဲ့ နေရာတွေကို သိရှိစေဖို့ X-rays စတင်ရိုက်မှာဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာတော့ သွေးကြောပြုပြင်ခွဲစိတ်မှု (သို့) နှလုံးတွင်းရေရှည် stent ပိုက်ထည့်ထားခြင်း တို့ကို နှလုံးသွေးကြောကျဉ်းခြင်း သက်သာစေဖို့ တစ်ချိန်တည်း ပြုလုပ်မှာဖြစ်ပါတယ်။

ဒီစစ်ဆေးမှု ပြုလုပ်စဉ်မှာ သင်ဟာ နိုးနေမှာဖြစ်ပြီး ညွှန်ကြားမှုတွေကို လိုက်နာနိုင်မှာ ဖြစ်ပါတယ်။

စစ်ဆေးပြီးနောက်

Diagnostic Heart Catheterization လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

ပုံမှန်အားဖြင့်တော့ ပြန်ကောင်းသွားဖို့ နာရီအနည်းငယ် စောင့်ရမှာဖြစ်ပါတယ်။ ဒီစစ်ဆေးမှု ပြုလုပ်ပြီးသွားတဲ့အခါမှာ ပြန်ကောင်းလာတဲ့ လူနာတွေထည့်တဲ့အခန်းကို ရောက်မှာဖြစ်ပြီး ဆရာဝန်တွေက ထုံဆေး ပြယ်မပြယ် စောင့်ကြည့်မှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ် ပြီးဆုံးသွားသောအခါတွင် စစ်ဆေးမှု ပြီးပြီးချင်း ပေါင်၊ လည်ပင်း (သို့) လက်မောင်းအတွင်းကို ထည့်ထားသောပိုက်ကို ချက်ချင်းပြန်ထုတ်မှာဖြစ်သည်။ သို့သော် သင်ကတော့ သွေးမခဲစေတဲ့ဆေးတွေကို ဆက်သောက်သုံးရမယ်ဆိုရင် ပိုက်ကို ခဏတာ ထပ်ထားရမှာဖြစ်ပါတယ်။

စောင့်ကြည့် လူနာအခန်းထဲမှာ နေပြီးရင်တော့ နှလုံးလူနာခန်းထဲကို ခေါ်သွားမှာဖြစ်ပါတယ်။ ဆရာဝန်တွေ၊ ဆရာမတွေဟာ သွေးထွက်ခြင်းကို ရပ်စေဖို့ စည်းထားတဲ့အရာတွေကို ဖိပိတ်ထားမှာဖြစ်ပါတယ်။ သွေးထွက်တာရပ်တဲ့အထိ အိပ်ရာပေါ်မှာ ခဏနေရမှာဖြစ်ပါတယ်။

ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

အဖြေတွေက ဘာကို ဆိုလိုတာလဲ။

X-ray အဖြေတွေကို နှလုံးရောဂါ ကျွမ်းကျင်သူ ဆရာဝန်က ဖတ်မှာဖြစ်ပြီး နှလုံးပိုက်ထည့်စစ်ဆေးခြင်း လုပ်ပြီးချိန်မှာ ရရှိမှာဖြစ်ပါတယ်။

ဆရာဝန်ဟာ စစ်ဆေးမှုလုပ်အပြီး မကြာခင်မှာပဲ ရောဂါအကြောင်း အကြိုပြောပြမှာဖြစ်ပါတယ်။

အဖြေတွေမှာ အောက်ပါအချက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

• သွေးကြောတွေဟာ ပုံမှန်ဖြစ်ပြီး သွေးကြောကျဉ်းခြင်း (သို့) ပိတ်ဆို့ခြင်း မရှိပါဘူး။

• နှလုံးညှစ်ခြင်းနဲ့ သွေးကြောနဲ့ နှလုံးအဆို့ရှင်တွေရဲ့ ဖိအားဟာ ပုံမှန်အတိုင်းဖြစ်ပါတယ်။

• နှလုံးဆို့ရှင်တွေဟာ ပုံမှန်အတိုင်း အလုပ်လုပ်ပါတယ်။

လူနာအတော်များများဟာ လျှပ်တစ်ပြက်ဓါတ်ပုံတွေကနေပြီး ရောဂါသိရှိကြတာဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာ နှလုံး၊သွေးကြောတွေရဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေနဲ့ ကျန်းမာရေးအခြေအနေတွေကို သင်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး နှလုံးပိုက်ထည့်ရောဂါအဖြေရှာခြင်း ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒီနှလုံးရောဂါစစ်ဆေးသောနည်း နဲ့ပတ်သက်ပြီး မေးခွန်းတွေ ရှိတယ်ဆိုရင်လည်း ပိုမိုနားလည်အောင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement