backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cystometry (ဆီးအိတ်ဖိအားတိုင်းတာခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အခြေခံကို သိရှိခြင်း။

Cystometry ဆိုတာဘာလဲ?

Cystometry ဆိုတာ ဆီးအိတ်အလုပ်ကောင်းကောင်း လုပ်နေ၊မနေ သိနိုင်ဖို့ ဆီးအိတ်အတွင်းမှာ ရှိတဲ့ ဖိအား ကို တိုင်းတာနိုင်တဲ့ စစ်ဆေးချက်ဖြစ်ပါတယ်။ ကြွက်သား(သို့) အာရုံကြောပြသနာတွေက ဆီးအိတ်ကဆီးတွေကို ဘယ်လောက်သိမ်းထားနိုင်ပြီး၊လွှတ်ချ နိုင်သလဲ ဆိုတာနဲ့ ပတ်သတ်တဲ့ ပြသနာတွေ ဖြစ်စေနိုင်ခဲ့ရင် cystometry ကို လုပ်ဆောင်လေ့ရှိပါတယ်။

ဆီးသွားတယ်ဆိုတာ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဆီးအိတ်ပြည့်လာတာနဲ့ ဆီးအိတ်မှာ ရှိတဲ့ အာရုံကြော အဖွဲ့အစည်းတွေက ကျောရိုးအာရုံကြော အဖွဲ့အစည်းနဲ့ ဦးနှောက်ဆီကို ဆီးသွား ဖို့လိုတယ်ဆိုတဲ့ သတင်းအချက်အလက်တွေပေးပို့ လိုက်ပါတယ်။

တုံ့ပြန်မှု အနေနဲ့ ကျောရိုးအာရုံကြောအဖွဲ့က ဆီးအိတ်ကို ညှစ်ဖို့ အချက်ပြလိုက်ပါတယ်။ အဲဒါကို voiding reflex လို့ခေါ်ပါတယ်။ သင်ဟာ ဆီးအောင့်ထားမယ်ဆိုရင် သင့် ဦးနှောက်က ဒီ reflex ကို လွှမ်းမိုးလိုက်ပါတယ်။

သင်ဟာ ဒီ reflex ကို ဖြစ်လာဖို့ ခွင့်ပြုလိုက်မယ်ဆိုရင်တော့ ဆီးသွားတယ်ဆိုတဲ့ ဖြစ်စဉ် ဖြစ်လာမှာပါ။ ဒါကြောင့် ဒီ အာရုံကြော အဖွဲ့ (သို့) ဆီးအိတ်ရဲ့ ကြွက်သားတွေအပေါ် သတ်ရောက်မှုရှိနိုင်တဲ့ ပြသနာတွေ ဖြစ်လာပြီဆိုရင် ဆီးအိတ်လုပ်ငန်းကောင်းကောင်း မလုပ်ဆောင်နိုင်တာတွေ ဖြစ်လာမှာပါ။

Cystometry လုပ်ဆောင်နေစဉ်မှာ ဆီးအိတ်ကို ရေ(သို့) လေတွေနဲ့ ဖြည့်ထားမှာ ဖြစ်ပြီး ဆီးအိတ်ရဲ့ သိမ်းဆည်းထားနိုင်စွမ်းရည်၊ ရေ၊ လေတွေကို ပြန်ထုတ်နိုင်တဲ့ စွမ်းရည်ရှိ၊ မရှိ စစ်ဆေးတိုင်းတာ မှာ ဖြစ်ပါတယ်။

ဆေးတစ်မျိုးပေးပြီး ဒီဆေးကို ပုံမှန်အတိုင်း တုံ့ပြန်ပြီး ဆီးအိတ် ကျုံ့တာ၊ဆန့်တာ ကောင်းကောင်းလုပ်နိုင်၊ မနိုင် ကိုလည်း စစ်ဆေးနိုင်ပါတယ်။ catheter လို့ခေါ်တဲ့ ပြွန်သေးသေးလေးကို စအိုလမ်းကြောင်းမှာ ထည့်ပြီး တော့လည်း ဆီးအိတ်ပြည့်လာတဲ့အခါ ဖိအားကို တိုင်းတာနိင်ပါတယ်။

စအိုပေါက် မှာ သေးငယ်တဲ့ pad (သို့) အပ်လေးကို ထားပြီး အဲဒီနေရာမှာ ရှိတဲ့ ကြွက်သားတွေ အလုပ်လုပ်နိုင်တာကို လည်း တိုင်းတာနိုင်ပါတယ်။

အကြောင်းရင်းကို သိရှိခြင်း။

Cystometry ကို ဘာကြောင့်လုပ်ဆောင်ရသလဲ?

ဆီးအိတ် အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တဲ့ပြသနာဟာ သင့်အတွက် အရှက်ရစရာတွေ ဖြစ်စေနိုင်ပြီး သင်နေ့စဉ်နေထိုင်မှု ပုံစံ အပေါ်သိသာတဲ့ ထိခိုက်မှု၊သတ်ရောက်မှုရှိနိုင်ပါတယ်။ cystometric လေ့လာချက်တွေက ဆီးအိတ်ကို စစ်ဆေးပြီး ဘယ်လို အလုပ်လုပ်နေတယ်ဆိုတာကို တိုင်းတာပေးဖို့ အကူအညီပေးနိုင်ပါတယ်။

အဲဒါက သင့် နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် ဆက်လက် လုပ်ဆောင်နိုင်အောင် အထောက်အကူပြုနိုင်မယ့် ဘာပြသနာဖြစ်နေတယ် ဆိုတာကို ခွဲခြားသိရှိဖို့ နဲ့ သေချာကုသနိုင်ဖို့ အတွက် ဆရာဝန်ကို ကူညီပေးနိုင်ပါတယ်။

ဆီးအိတ်ပြသနာတွေ ( အလွန်အကျွံ အလုပ်လုပ်နေသော ဆီးအိတ်၊ လုပ်ဆောင်နိုင်မှု လျော့နည်းနေသော ဆီးအိတ်ပြသနာ နှင့် ဆီးအကုန် မသွားနိုင်ခြင်း )စတဲ့ ပြသနာတွေဟာ အောက်ဖော်ပြပါ အခြေအနေတွေ နဲ့ ဆက်နွယ်နေပါတယ်။

  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။
  • ကျောရိုး ထိခိုက်ဒဏ်ရာရခြင်း။
  • ပရော စတိတ် ဂလင်းကြီး ခြင်း။
  • Multiple sclerosis ကဲ့သို့သော အာရုံကြော ရောဂါများ။
  • လေဖြန်းခြင်း။

ကြိုတင်ပြင်ဆင်ခြင်း။

မလုပ်ဆောင်ခင် သိရမယ့် အချက်များ။

Cystometry မလုပ်ဆောင်ခင် ဘာတွေ သိထားသင့်သလဲ?

Cystometry စစ်ဆေးချက် ရလဒ်အဖြေတွေက တစ်ခါတစ်လေမှာ မရှင်းလင်းတဲ့ အတွက် cystourethrogram ; intravenous pyelogram; အာထရာဆောင်း (သို့) cystoscopy ကဲ့သို့သော အခြား စစ်ဆေးချက်တွေကို ထပ်လုပ်ဆောင်ဖို့ လိုအပ်နိုင်ပါတယ်။

ဘာတွေ လုပ်ဆောင်မယ်ဆိုတာ သိခြင်း။

Cystometry အတွက် ဘယ်လိုပြင်ဆင်ထားရမလဲ?

ဒီစစ်ဆေးချက်အတွက် ဘာမှ ထွေထွေ ထူးထူးပြင်ဆင်ထားစရာ မလိုပါဘူး။

ရောဂါပိုးဝင်တာကို ကာကွယ်ဖို့ ဒီလုပ်ဆောင်ချက် မလုပ်ခင်နဲ့ လုပ်ဆောင်အပြီးမှာ ဆရာဝန်က ပိုးသတ်ဆေး ညွှန်ကြားနိုင်ပါတယ်။ ဒီစစ်ဆေးချက်ကို အတိအကျ ဘယ်လို လုပ်ဆောင်မယ်ဆိုတာကတော့ ဆရာဝန်၊ပစ္စည်းကိရိယာ စုံလင်မှု နဲ့ သင့် ကျန်းမာရေး အခြေအနေ တွေ အပေါ်မှာ မူတည်ပြီး အနည်းငယ် ကွာခြားနိုင်ပါတယ်။ ဆရာဝန် ဒီ လုပ်ဆောင်ချက် အတွက် အသေးစိတ်ကို ပြောပြနိုင်ပါတယ်။

မွေးကင်းစ၊ တွေနဲ့ ကလေးတွေမှာ ကလေး အသက်၊ အရင် အတွေ့အကြုံ တွေနဲ့ ယုံကြည်မှုတွေ အပေါ်မူတည်ပြီး ပြင်ဆင်ထားရမှာတွေ ကွာခြားပါတယ်။

Cystometry ကို လုပ်ဆောင်နေစဉ်ဘာတွေ ဖြစ်နိုင်သလဲ?

Cystometry လေ့လာချက် မလုပ်ဆောင်ခင်မှာ သင့်ကို ကွန်ပြူတာနဲ့ ချိတ်ထားတဲ့ အထူးသီးသန့် ထည့်ခွက်ထဲကို ဆီးသွားထားရပါမယ်။ ဒီလို လေ့လာချက် အမျိုးအစားတွေကို uroflow လို့ခေါ်ပြီး အဲဒီအချိန်မှာ အောက်ပါ အချက်အလက်တွေကို ကွန်ပျူတာထဲမှာ မှတ်သားထားနိုင်ပါတယ်။

ဆီးစသွားဖို့ ကြာတဲ့ အချိန်။

ဆီးသွားတဲ့ ဆီးကြောရဲ့ အရွယ်အစား၊ အားပါ မပါ၊ ဆက်တိုက်ဖြစ်နေ၊မနေ။

ဆီး ပမာဏ။

ဆီးကုန်အောင်သွားဖို့ ဘယ်လောက်ကြာတယ်ဆိုတဲ့ အချိန်။

ပြီးတဲ့ အခါမှာ သင်က လှဲနေရမှာ ဖြစ်ပြီး ပါးလွှာပြီး ကွေး ဆန့်နိုင်တဲ့ ပြွန်လေးကို သင့်ဆီးအိတ်ထဲကို ညင်ညင်သာသာ ထည့်ပါမယ်။ ပြွန်လေးက ဆီးတွေ ဆီးအိတ်ထဲမှာ ကျန်နေရင် တိုင်းတာပေးနိုင်ပါတယ်။

ဗိုက်ရဲ့ ဖိအားကို တိုင်းတာဖို့ သေးငယ်တဲ့ ပြွန်လေးကို တစ်ခါတစ်လေမှာ စအိုလမ်းကြောင်းထဲထည့်နိုင်ပါတယ်။ EKG မှာ သုံးတဲ့ ကပ်နိုင်တဲ့ အဖုလေးတွေ နဲ့တူတဲ့ measuring electrodes တွေကို စအိုနားမှာ ထားရပါမယ်။

Cystometer လို့ခေါ်တဲ့ ဆီးအိတ်ဖိအားကို တိုင်းတာတဲ့ tube (ပြွန် အကြီး)ကို catheter (ပြွန်အသေး) လေးနဲ့ ချိတ်ဆက်ထားပါမယ်။ ဆီးအိတ်ထဲကို ထည့်မယ့်ရေ တွေက ထိန်းချုပ်ထားတဲ့ နှုန်းတစ်ခုနဲ့ သွားနေပါမယ်။

ဆီးသွားချင်တယ်လို့ စစချင်းခံစားရ လာတဲ့ အချိန် နဲ့ ဆီးအိတ် ပြည့်တဲ့ အချိန်ကို ဆရာဝန်(သို့) ကျန်းမာရေးစောင့်ရှောက်သူကို ပြောပြ အသိပေးရပါမယ်။

တစ်ခါတစ်လေမှာ ဆရာဝန်က ဆီးအိတ်ရဲ့ လုပ်ငန်းတွေကို တွက်ချက်စစ်ဆေးဖို့ အချက်အလက်တွေ ထပ်ပြီးလိုအပ်တယ်ဆိုရင် အခြားစစ်ဆေးချက်တွေကို ထပ်လုပ်ဆောင်ဖို့ ပြောနိုင်ပါတယ်။ ဒီလို စစ်ဆေးချက်အားလုံး ကို urodynamics (သို့) urodynamicsစစ်ဆေးချက် အပြည့်အစုံ လို့ပြောနိုင်ပါတယ်။ အဲဒီစစ်ဆေးချက် အပြည့်အစုံမှာ စစ်ဆေးချက် ၃ခု ပါဝင်ပါတယ်။

  • ပြွန် မသုံးဘဲ ဆီးသွားတာကို တိုင်းတာစစ်ဆေးခြင်း (uroflow)
  • Cystometry (ဆီးအိတ်ကို ဖြည့်ပြီး စစ်ဆေးသော စစ်ဆေးချက်)
  • Voiding (သို့ ) ဆီးကုန်အောင် ထုတ်သော စစ်ဆေးချက်။

Urodynamic အပြည့်အစုံစစ်ဆေးချက်တွေအတွက် အလွန်သေးငယ်တဲ့ ပြွန်ကို ဆီးအိတ်ထဲ ထည့်ပါမယ်။ အဲဒီ ပတ်လည်ကနေ ဆီးသွားနိုင်ပါတယ်။ ဒီ အထူးပြုလုပ်ထားတဲ့ ပြွန်ရဲ့ ထိပ်မှာ အာရုံခံ ကိရိယာ ပါတဲ့အတွက် ဆီးအိတ် ပြည့်လာတာနဲ့ အမျှ၊ ဆီးထုတ်လိုက်တာနဲ့ အမျှ၊ ဖိအားတွေ၊ ဆီးပမာဏတွေကို ကွန်ပျူတာ က တိုင်းတာနိုင်အောင်လုပ်ဆောင်ပေးပါတယ်။

သင့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ချောင်းဆိုးခိုင်း (သို့)ဆီးညှစ်ခိုင်းတာတွေ လုပ်ဆောင်ခိုင်းပြီး ဆီးယိုတာရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။ ဒီလို စစ်ဆေးချက်အမျိုးအစားတွေဟာ သင့်ဆီးအိတ်နဲ့ ပတ်သတ်တဲ့ အချက်အလက် တော်တော်များများကို ဖော်ပြပေးနိုင်ပါတယ်။

ထပ်ပြီး အချက်အလက်တွေရယူလိုပါက X-rays ဓါတ်မှန်ရိုက်နိုင်ပါတယ်။ ဓါတ်မှန်အတွက်ကတော့ ရေ အစား ဓါတ်မှန်မှာပေါ်နိုင်တဲ့ အထူးအရည်တစ်မျိုးကို သုံးပြီး ဆီးအိတ်ကို ပြည့်အောင်ဖြည့်ပါမယ်။ ဒီလို urodynamics အမျိုးအစားကို videourodynamics လို့ခေါ်ပါတယ်။

စမ်းသပ် စစ်ဆေးခြင်း။

Cystometry လုပ်ဆောင်ပြီးရင် ဘာတွေ ဖြစ်နိုင်သလဲ?

ဒီစစ်ဆေးချက် လုပ်ဆောင်ပြီးတဲ့အခါ သင်ဟာ ဆီးများများသွားဖို့ လိုအပ်ပါတယ်။ စစ်ဆေးချက်လုပ်ဆောင်အပြီး ၁ ရက်၊ ၂ရက်အတွင်းမှာ ဆီးသွားနေချိန် နဲ့ ဆီးသွားအပြီးမှာ ပူလောင်နေသလို ခံစားချက်မျိုး ခံစားရနိုင်ပါတယ်။( အထူးသဖြင့် ကာဘွန် ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ အသုံးပြုထားရင်)။ အဲလိုခံစားရတာကို လျော့ချနိုင်ဖို့ နဲ့ ဆီးလမ်းကြောင်းပိုးဝင်တာ ကာကွယ်ဖို့ ရေ များများသောက်ပေးဖို့ လိုအပ်ပါတယ်။

Cystometry လုပ်ဆောင်ပြီး ရက်အနည်းငယ် အကြာအထိ ဆီးအရောင်မှာ ပန်းရောင်သမ်းနေတာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အောက်ပါ အခြေအနေတွေရှိလာပြီဆိုရင်တော့ ဆရာဝန်ကို ချက်ချင်းခေါ်ရပါမယ်။

  • သင့်ဆီးအရောင်ဟာ အနီဖြစ်နေခြင်း(သို့) အကြိမ်တော်တော်များများ ဆီးသွားပြီးနောက်မှာ သွေးခဲတွေ တွေ့ရရင်။
  • စစ်ဆေးချက်လုပ်ဆောင်ပြီး ၈နာရီနောက်ပိုင်းထိ ဆီးမသွားနိုင်ရင်။

Cystometry နဲ့ ပတ်သတ်ပြီး မေးစရာရှိနေပါက ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပြီး ညွှန်ကြားချက်များရယူနိုင်ပါတယ်။

အဖြေကို သိနားလည်ခြင်း။

စစ်ဆေးချက် ရလဒ်အဖြေက ဘာကို ဆိုလိုသလဲ?

အချို့ အဖြေတွေက ချက်ချင်းရနိုင်ပါတယ်။ ရလဒ် အပြည့်အစုံကိုတော့ ၁ရက် ၊ ၂ရက် အတွင်းမှာ ရလေ့ရှိပါတယ်။

ပုံမှန်ရလဒ် အဖြေများ။

ဆီးသွားချိန်မှာ ဆီးအိတ်ကနေ ထွက်ပြီး ဆီးသွားနှုန်းဟာ ပုံမှန်ဖြစ်နေခြင်း။

ဆီးသွားပြီးနောက် ဆီးအိတ်ထဲမှာ ကျန်ခဲ့တဲ့ ဆီးပမာဏဟာ ၃၀ မီလီ လီတာအောက် နည်းခြင်း။

သင်ဆီးသွားချင်စိတ် ပထမဆုံး ဖြစ်လာတဲ့ အချိန်ဟာ ပုံမှန် အချိန်ပမာဏအတွင်း(ဆီးအိတ်ထဲမှာရှိနေတဲ့ ဆီးပမာဏဟာ ၁၇၅ မှ ၂၅၀ မီလီလီတာ ကြား)ရှိနေခြင်း။

သင်ဆီးသွားမှ ဖြစ်မယ်လို့ ခံစားမိတဲ့ အချိန်ဟာ ပုံမှန် အချိန်ပမာဏအတွင်း(ဆီးအိတ်ထဲမှာရှိနေတဲ့ ဆီးပမာဏဟာ ၃၅၀ မှ ၄၅၀ မီလီလီတာ ကြား)ရှိနေခြင်း။

သင့်ဆီးအိတ်က ဆန့်နိုင်တဲ့ ၊ ထိန်းထားနိုင်တဲ့ အများဆုံးပမာဏဟာ ပုံမှန် ပမာဏ ( ၄၀၀ မှ ၅၀၀ မီလီ လီတာ ) အတွင်းရှိနေခြင်း။

သင့်ဆီးအိတ်က ဆန့်နိုင်တဲ့ ၊ ထိန်းထားနိုင်တဲ့ အများဆုံးပမာဏဟာ ပုံမှန် ပမာဏ ( ၄၀၀ မှ ၅၀၀ မီလီ လီတာ ) အတွင်းရှိနေခြင်း။

ဆီးအိတ်ကို ထိန်းချုပ်မှုပေးနေတဲ့ အာရုံကြော တွေက ပုံမှန်ဖြစ်နေခြင်း။

Stress test လုပ်ဆောင်နေစဉ်အတွင်းမှာ ဆီးအိတ်ကနေ ဆီးတွေ ယိုမကျလာခြင်း။

ပုံမှန်မဟုတ်သော ရလဒ် အဖြေများ။

ဆီးသွားချိန်မှာ ဆီးအိတ်ကနေ ထွက်ပြီး ဆီးသွားနှုန်းဟာ ပုံမှန်အောက်ဖြစ်နေခြင်း။ နှေးနေခြင်း(သို့) ဆီးကြောက စသွားပြီး ရပ်သွားခြင်း။

ဆီးသွားပြီးနောက် ဆီးအိတ်ထဲမှာ ကျန်ခဲ့တဲ့ ဆီးပမာဏဟာ ပုံမှန် ထက်များနေခြင်း။

ဆီးစသွားတဲ့ အချိန်မှာ အခက်အခဲ ဖြစ်နေခြင်း။

သင်ဆီးသွားချင်စိတ် ပထမဆုံး ဖြစ်လာတဲ့ အချိန်ဟာ ပုံမှန် ထက်များခြင်း (သို့) နည်းနေခြင်း (သို့) စသွားချင်စိတ်ဖြစ်မလာခြင်း။

သင့်ဆီးအိတ်က ထိန်းထားနိုင်တဲ့ အများဆုံးပမာဏဟာ ပုံမှန်အောက် နည်းနေခြင်း (သို့) ခံစားလို့ မရနိုင်ခြင်း။

ဆီးဆိတ်ကို ထိန်းချုပ်ပေးနေတဲ့ အာရုံကြောတွေ ကို စစ်ဆေးတဲ့ အခါမှာ ပုံမှန် သိမှုတွေ၊ တုံ့ပြန်မှုတွေ မရှိခြင်း။

Stress test လုပ်ဆောင်နေစဉ်အတွင်းမှာ ဆီးအိတ်ကနေ ဆီးတွေယိုကျလာခြင်း။

ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး cystometry အတွက် ပုံမှန်ရလဒ် အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement