brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Clonidine Suppression Test (ကလိုနီဒင်းစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Clonidine Suppression Test

သွေးတိုးရှိသူ၊ သွေးတွင်း catecholamine ဟော်မုန်းများသူ သို့ ဆီးတွင်း catecholamine အကြွင်းအကျန်များသူ တွေမှာ pheochromocytoma (ကျောက်ကပ်အပေါ်တွင်ကပ်နေသော adrenal ဂလင်းတွင် အကျိတ်ရှိခြင်း) ရောဂါဖြစ်နိုင်ချေကိုသိရဖို့ သုံးတဲ့ စစ်ဆေးမှုတစ်ခုပါ။

Clonidine ဟာ သွေးတိုးသမားတွေအတွက်သုံးတဲ့ ဆေးတစ်မျိုးဖြစ်တယ်။ ဦးနှောက်ကိုသက်ရောက်ပြီး ခန္ဓါကိုယ်ရဲ့ adrenal ဂလင်းကိုလှုံ့ဆော်ခြင်းကို အားနည်းစေတယ်။ ဒါကြောင့် adrenal ဂလင်းကနေထုတ်တဲ့ catecholamines နဲ့ metanephrines ဟော်မုန်းထွက်ခြင်းကို နည်းစေပါတယ်။

ဘယ်အချိန်စစ်ဆေးလေ့ရှိလဲ

အကြောင်းအရင်းအမျိုးမျိုးဖြစ်နိုင်တယ်။

  • သွေးတွင်း catecholamine ဟော်မုန်းတက်နေခြင်းဟာ adrenal ဂလင်းအကျိတ်ကြောင့်လား၊ တခြားပြင်ပမှ ဟော်မုန်းရခြင်းကြောင့်လား ခွဲခြားရန်။
  • တကယ်လို့ မြင့်တက်နေတဲ့ဟော်မုန်းဟာ ဤစစ်ဆေးမှုအတွက်သက်မှတ်ထားတဲ့ ဟော်မုန်းပမာဏအမြင့်ဆုံးရဲ့ လေးဆထက် နည်းနေသေးပါက adrenaဂလင်းအကျိတ်ဖြစ်တဲ့ Pheochromocytoma သို့ parahanglioma ရောဂါဖြစ်နိုင်ချေများပါတယ်။
  • pheochromocytoma သွေးတွင်း သို့ ဆီးတွင်း အတွက်စစ်ဆေးခြင်း နှစ်ခုလုံးအဖြေတူမနေပါက ဒီစစ်ဆေးမှုမလုပ်သင့်ပါဘူး။
  • ပုံမှန်သွေးတွင်း metanephrine နဲ့ normetanephrine ရှိသူအတွက် စစ်ရန်မလိုပါဘူး။

    အခြေခံအကြောင်းရင်းကို သိရှိခြင်း

    စစ်ဆေးမှုမခံယူမီသိထားသိသောအချက်များ

    ရောဂါသတ်မှတ်ဖို့အတွက် စံပြစစ်ဆေးမှုတစ်ခုမဟုတ်ပါဘူး။ ရောဂါရှာဖွေရာမှာ ကူညီပေးနိုင်တဲ့ စစ်ဆေးမှုတွေထဲက တစ်ခုသာဖြစ်တယ်။ ဒါ့အပြင် ရလာတဲ့အဖြေတွေကလည်း မသဲမကွဲဖြစ်နိုင်ပါတယ်။ Catecholamines နဲ့ metanephrines ဟော်မုန်းနှစ်မျိုးက တစ်ခုတစ်မျိုးစီဖြစ်နေတာဖြစ်နိုင်တယ်။ ဒါကြောင့် များသောအားဖြင့်မစစ်ရတတ်ပါဘူး။

    ကြိုတင်ပြင်ဆင်ခြင်း

    စစ်ဆေးမှုမတိုင်မီ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တွေရှိပါတယ် –

    • စစ်ဆေးမှုမတိုင်မီ ၁ ရက်မှ ၅ ရက်အလိုတွင် ဆေးတချို့ရပ်ပစ်သင့်ပါတယ် – diuretics, tricyclic antidepressants, beta blockers စသည်
    • မစစ်ဆေးမီ ၁၀ နာရီခန့်အလိုမှစပြီး အစာမစားဘဲနေရပါမယ်။
    • စစ်ဆေးနေစဉ် ဖြေလျော့ထားပါ။
    • ပတ်ဝန်းကျင်ဆိတ်ငြိမ်နေရပါမယ်။

    ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

    စစ်ဆေးနေစဉ်မှာလဲလျောင်းနေရပြီး သွေးနမူနာထုတ်ယူရန်၊ ဆေးသွင်းရန် အကြောဆေးထိုးထားရပါမယ်။

    သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို ၃ ကြိမ်တိုင်းပြီး မှတ်ထားရမယ်။

    အခြေခံသွေးနမူနာကို မစစ်ဆေးစဉ်မိနစ် ၃၀ အလိုနဲ့ စစ်ဆေးခါနီးတစ်ကြိမ်၊ နှစ်ကြိမ်ယူရမယ်။

    စစ်ဆေးပြီးချိန်မှာ ၁ နာရီတစ်ခါ ၂ နာရီတစ်ခါ သွေးပေါင်နဲ့ နှလုံးခုန်နှုန်းကိုစောင့်ကြည့်နေရပါမယ်။

    စစ်ဆေးပြီး ၃ နာရီအကြာမှာ သွေးနမူနာထပ်ယူရမယ်။

    ထိုသွေးနမူနာယူအပြီးမှာ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကိုထပ်တိုင်းပြီးမှတ်ထားရပါမယ်။

    သွေးနမူနာတွေကိုနောက်ဆုံးနမူနာယူပြီးချိန်မှာ ချက်ခြင်း ဓါတ်ခွဲခန်းကိုပို့ရပါမယ်။

    စစ်ဆေးပြီးချိန်မှာဘာလုပ်ရမလဲ

    သွေးပြန်ကြောကနေသွေးနမူနာယူရာမှာ ပြဿနာမရှိသလောက်နည်းပါတယ်။

    ဆေးထိုးရာနေရာမှာ ပွန်းပဲ့ရာလေးကျန်နိုင်ပေမယ့် မိနစ်အနည်းငယ်ဖိထားခြင်းဖြင့် ပျောက်သွားပါလိမ့်မယ်။

    ရှားရှားပါးပါးသွေးပြန်ကြောရောင်ရမ်းနိုင်ချေတော့ရှိပါတယ်။ Phlebitis လို့ခေါ်တယ်။ ထိုကဲ့သို့ဖြစ်လာပါက ရေနွေးအိတ်ကပ်ပေးလိုက်ပါက အဆင်ပြေသွားပါလိမ့်မယ်။

    ဒါ့အပြင် သွေးရောဂါရှိသူတွေမှာ သွေးထွက်မရပ်တဲ့အခြေအနေကြုံလာနိုင်ပါတယ်။ Aspirin ကဲ့သို့ အကိုက်အခဲပျောက်ဆေး၊ warfarin ကဲ့သို့ သွေးကျဲဆေးများသောက်ထားပါကလည်း ဖြစ်နိုင်ပါတယ်။ ထိုအချက်များရှိပါက ဆရာဝန်ကိုကြိုပြောထားပါ။

    အဖြေကိုသိရှိခြင်း

    ရလဒ်

    တကယ်လို့ –

    • သွေးတွင်း norepinephrine ဟော်မုန်းပုံမှန်သို့ပြန်ကျသွားပါက
    • norepinephrine ပုံမှန်ထက် ၅၀ ရာခိုင်နှုန်းထက်လျော့ပြီးကျသွားပါက
    • catecholamines ဟော်မုန်းပုံမှန်သို့ပြန်ကျသွားပါက
    • normetanephrine ဟော်မုန်းပုံမှန်သို့ပြန်ကျသွားပါက
    • normetanephrine ပုံမှန်ထက် ၄၀ ရာခိုင်နှုန်းကျသွားပါက

    ဒါပေမယ့် သွေးတွင်း epinephrine , metanephrine ဟော်မုန်း ပြောင်းလဲခြင်းတွေက အမျိုးမျိုးဖြစ်နိုင်တာကြောင့် ထိုစစ်ဆေးမှုနဲ့ pheochromocytoma ကိုသတ်မှတ်လို့မရပါဘူး။

    စစ်ဆေးမှု positive ဖြစ်မဖြစ်က သဘောထားကွဲလွဲမှု အမျိုးမျိုးရှိပါတယ်။ ဥပမာအားဖြင့် pheochromocytoma မရှိဘဲ ဟော်မုန်းပမာဏ ပုံမှန်ရှိသော သွေးတိုးရောဂါသည်တစ်ယောက်ဟာ မှားယွင်းပြီး positive ဖြစ်နိုင်ပါတယ်။ ထို့အတူ pheochromocytoma ရှိပြီး ဟော်မုန်းပုံမှန်ရှိသူက မှားယွင်းပြီး negative ဖြစ်နေနိုင်ပါတယ။်

    ဒီပြဿနာတွေကို normetanephrine ဟော်မုန်းသုံးခြင်းနဲ့ သွေးတွင်း metanephrines ပုံမှန်ရှိသူတွေမှာမစစ်ဆေးခြင်းဖြင့် ဖြေရှင်းနေပါတယ်။

    တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။