backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Antinuclear Antibody (နူကလီယာဆန်ကျင် အန်တီဘော်ဒီ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အခြေခံအချက်များ

Antinuclear antibody ဆိုတာ ဘာလဲ

Antinuclear antibody (ANA) စစ်ဆေးခြင်း ဆိုသည်မှာ သင့်သွေးထဲတွင် ရှိသော ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်မည့် antibodies များ၏ ပုံစံများနှင့် ပမာဏကို တိုင်းတာသော စစ်ဆေးမှု ဖြစ်သည်။

ခန္ဓါကိုယ်၏ ကိုယ်ခံအားစနစ်သည် ပုံမှန်အားဖြင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်တို့လို ပြင်ပမှ ပစ္စည်းများကိုသာ တိုက်ထုတ် ဖျက်ဆီးပစ်သည်။ သို့သော် ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သော ရောဂါများတွင်မူ ကိုယ်ခံအား စနစ်သည် ခန္ဓါကိုယ်၏ ပုံမှန်တစ်သျှူးများအား တိုက်ခိုက်ဖျက်ဆီးပစ်၏။ လူတစ်ဦး၌ ကိုယ်ခံအားမှ တိုက်သောရောဂါ ရှိနေလျှင် ကိုယ်ခံအား စနစ်သည် ခန္ဓါကိုယ်၏ ကိုယ်ပိုင်ဆဲလ်များကို ပြင်ပမှ ပစ္စည်များကို ထင်စေပြီး ၎င်းတို့တွင် တွယ်ကပ်နေမည့် antibodies များကို ထုတ်ပါလိမ့်မည်။ ထိုဆဲလ်များအား ထိခိုက်စေပြီး ပျက်စီးစေပါလိမ့်မည်။ လေဖက်နာနှင့်တူသော အဆစ်ရောင်ခြင်းနှင့် Systemic lupu erhthematosus တို့သည် ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သောရောဂါ နမူနာများ ဖြစ်ပါသည်။

ANA စစ်ဆေးမှုအား သင့်တွင်ရှိသော လက္ခဏာများနှင့် စမ်းသပ်ရရှိမှုပေါ် မူတည်ပြီး စစ်ဆေးမည် ဖြစ်သည်။ တခြားသော စစ်ဆေးမှုများနှင့် ပေါင်းပြီး ကိုယ်ခံအားမှ ပြန်တိုက်သည့် ရောဂါများကို ရှာမည်ဖြစ်သည်။

Antinuclear antibody ကို ဘာကြောင့် စစ်ရသလဲ

သင့်၌ ကိုယ်ခံအားမှ ပြန်တိုက်သည့်ရောဂါများ ဖြစ်သော lupus, လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်း (သို့) Scleroderma ကဲ့သို့ ရောဂါများ ရှိကြောင်း သံသယဝင်လျှင် ဆရာဝန်က ANA ကို စစ်ခိုင်းမည် ဖြစ်သည်။

များစွားသော လေးဖက်နာ ရောဂါများသည် ဆင်ဆင်တူသည့် လက္ခဏာများ ရှိတတ်သည် – အဆစ်နာခြင်း၊ မောပန်းလွယ်ခြင်းနှင့် ဖျားနာခြင်း။ ANA စစ်ဆေးမှုသည် တိကျသော ရောဂါအမည် တပ်ရန် အတည်မပြုနိုင်သော်လည်း တချို့ရောဂါများ မရှိကြောင်းတော့ ပြောပြနိုင်၏။ ထို့အပြင် ANA စစ်ဆေးမှု Positive ဖြစ်လျှင် သင့်သွေးအား တချို့ ရောဂါများအတွက် တိကျသော antinuclear antibodies မျိုးကို ထပ်ပြီး သွေးစစ်ဆေးနိုင်ပါသည်။

ကြိုတင်ပြင်ဆင်ခြင်း

Antinuclear antibody မစစ်ခင် ဘာတွေ သိထားရမလဲ

ကိုယ်ခံအားမှ ပြန်တိုက်သော ရောဂါများအား ANA စစ်ဆေးမှု တစ်ခုတည်းနှင့် ရောဂါအမည် သေချာမတပ်နိုင်ပါ။ ပြည့်စုံသော ရောဂါရာဇဝင်၊ စမ်းသပ်ခြင်းနှင့် တခြားသော စစ်ဆေးချက်များကို ပေါင်းပြီး ANA စစ်ဆေးချက်နှင့်တွဲကာ SLE (သို့) လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်းတို့အား ရောဂါအမည် တပ်နိုင်မည်ဖြစ်သည်။

တချို့ ကျန်းမာသော လူများတွင်လည်း သွေးတွင်း၌ ANA ပမာဏ မြင့်တက်နေနိုင်ပါသည်။ ဥပမာအားဖြင့် ကိုယ်ခံအားမှ ပြန်တိုက်သည့်ရောဂါ မိသားစု မျိုးရိုးရှိသော လူများတွင် မြင့်တက်နေနိုင်သည်။ ANA လယ်ဗယ်မြင့်လေလေ ကိုယ်ခံအားမှ ပြန်တိုက်သည့် ရောဂါ ရှိနိုင်ခြေ ပိုများလေလေ ဖြစ်သည်။ ANA လယ်ဗယ်သည် အသက်ကြီးလာသည်နှင့် တိုးလာမည်ဖြစ်သည်။

Antinuclear antibody စစ်ဆေးရန် ဘာတွေ ပြင်ဆင်ထားရမလဲ

အထူးတလည် ပြင်ဆင်ရန် မလိုပါ။ သို့သော် တချို့ဆေးများ – ကိုယ်ဝန် တားဆေး၊ Procainamind နှင့် thiazide ဆီးဆေးများသည် စစ်ဆေးမှုရလဒ်၏ တိကျမှုအား ထိခိုက်နိုင်သည်။ သင်သောက်နေသည့် ဆေးများအား ဆရာဝန်သိအောင် ပြောပြထားပါ။

ဘာဖြစ်မည်ကိုသိထားခြင်း

Antinuclear antibody စစ်ဆေးနေစဉ် ဘာဖြစ်နိုင်မလဲ

ကျန်းမာရေး ကျွမ်းကျင်သူက သွေးဖောက်မည် ဖြစ်သည်။

  • သွေးစီးဆင်းမှုကို တားရန် ရာဘာကွင်းအား လက်မောင်းအထက်တွင် ပတ်မည်။ ထို့ကြောင့် ရာဘာကွင်း အောက်မှ သွေးကြောများ ပိုကြီးလာပြီး အပ်စိုက်ဖို့ရာ လွယ်သွားမည် ဖြစ်သည်။
  • အပ်စိုက်မည့် နေရာအား အရက်ပြန်နှင့် သန့်ပါ။
  • သွေးပြန်ကြောထဲသို့ အပ်စိုက်ပါ။ လိုအပ်လျှင် တစ်ခါထက် ပိုစိုက်ရနိုင်သည်။
  • အပ်ကို ပြွန်နှင့်ဆက်ပြီး သွေးယူပါ။
  • လုံလောက်သော သွေးရလျှင် ကွင်းကို လက်မောင်းမှ ဖယ်ပါ။
  • Gauze (သို့) ဂွမ်းအလုံးနှင့် အပ်ဖယ်ပြီးပြီးချင်း အပ်စိုက်ရာကို ဖိပါ။
  • ဖိထားပြီး ပတ်တီးစည်းပါ။

စမ်းသပ် စစ်ဆေးခြင်း

Antinuclear antibody စစ်ဆေးပြီးနောက် ဘာဖြစ်နိုင်မလဲ

သွေးနမူနာများကို ဓါတ်ခွဲရန်အတွက် ဓါတ်ခွဲခန်းကို ပို့ပါလိမ့်မည်။ သင်လည်း အိမ်သို့ပြန်နိုင်ပြီး ကိုယ်လုပ်စရာ ရှိသည်များကို ဆက်လုပ်နိုင်ပါသည်။

Antinuclear antibody အကြောင်း မေးခွန်းများရှိပါက ပိုမိုနားလည်စေရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အဖြေကိုသိရှိခြင်း

ရလဒ်အဖြေက ဘယ်လို အဓိပ္ပါယ်ရှိမလဲ

Antinuclear antibodies များ ရှိလျှင် Positive ဖြစ်သည်။ သို့သော် Positive ရလဒ်ဆိုလျှင် သင့်၌ ရောဂါရှိနေပြီဟု မဆိုလိုပါ။ ရောဂါမရှိသော လူအများလည်း ANA စစ်ဆေးမှု Positive ဖြစ်နိုင်သည် – အထူးသဖြင့် ၆၅ နှစ်ထက် ကြီးသော အမျိုးသမီးများ။

Mononucleosis နှင့် တခြားသော နာတာရှည် ကူးစက်ရောဂါများသည်လည်း Antinuclear antibodies များ ဖြစ်ပေါ်ခြင်းနှင့် ဆက်နွှယ်နိုင်သည်။ တချို့ သွေးကျဆေးများနှင့် အတက်ကျဆေးများသည် Antinuclear antibody ထုတ်ရန် လှုံ့ဆော်နိုင်သည်။ သွေးတွင်း၌ ANA ရှိနေလျှင် အောက်ပါတို့ ဖြစ်နိုင်သည်။

  • နာတာရှည် အသည်းရောဂါ
  • ကောလဂျင် သွေးကြောရောဂါ
  • ဆေးကြောင့်ဖြစ်သော lupus erythematosus
  • Myositis (ကြွက်သားများ ရောင်သောရောဂါ)
  • လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်း
  • Sjogren syndrome
  • Systemic lupus erhthematosus

ANA လယ်ဗယ် မြင့်တက်ခြင်းအား တစ်ခါတရံ အောက်ပါ ကိစ္စများတွင်လည်း တွေ့ရနိုင်သည်။

  • Systemic Sclerosis (Scleroderma)
  • Thyroid ရောဂါ

သင့်၌ ကိုယ်ခံအားမှ ပြန်တိုက်သော ရောဂါရှိကြောင်း သံသယရှိလျှင် ဆရာဝန်က စစ်ဆေးချက်တချို့ လုပ်ခိုင်းပါလိမ့်မည်။ ANA ရလဒ်သည် အချက်အလက် တစ်ပိုင်းသာဖြစ်ပြီး လက္ခဏာများ၏ အကြောင်းရင်းကို ရှာရန်အတွက် ဆရာဝန်ကို အထောက်အကူ ပြုပါသည်။

ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ်မူတည်ပြီး antinuclear antibody ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement