backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pyloric Stenosis (ထူပြီးကျဉ်းနေသော အစာအိမ်အဆို့ ရှင် ခွဲစိတ်ကုသခြင်း)


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pyloric Stenosis (ထူပြီးကျဉ်းနေသော အစာအိမ်အဆို့ ရှင် ခွဲစိတ်ကုသခြင်း) ကဘာလဲ။

Pyloric stenosis ဆိုတာ အစာအိမ်နှင့် အူကြား အဆို့ရှင်ထူခြင်းကြောင့် ဖြစ်တဲ့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ Pylorus ဆိုတာ အဆို့ရှင်ကြွက်သားဖြစ်ပြီး အစာအိမ်အတွင်း အစာချက်လုပ်ငန်းစဉ်ပြီးသည်အထိ အစာများကို အစာအိမ်အတွင်းထိန်းသိမ်းထားပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။

ရောဂါလက္ခဏာများ

Pyloric Stenosis (ထူပြီးကျဉ်းနေသော အစာအိမ်အဆို့ ရှင် ခွဲစိတ်ကုသခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Pyloric stenosis ဖြစ်တဲ့အခါ pyloric ကြွက်သားတွေဟာထူလာပြီး အူငယ်အတွင်းသို့ အစာများပို့ဆောင်မှုကို သွားပိတ်ပါတယ်။ Pyloric stenosis က ဆိုးရွားစွာ အန်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း နှင့် ကိုယ်အလေးချိန်ကျခြင်းတို့ကို ဖြစ်စေပါတယ်။ ဒီရောဂါရှိတဲ့ ကလေးတွေဟာ အမြဲ ဗိုက်ဆာနေတတ်ပါတယ်။

Pyloric stenosis အစာအိမ်အဆို့ရှင်ကျဉ်းခြင်း ဟာ ခွဲစိပ်ကုသလို့ရတဲ့ ရောဂါဖြစ်ပါတယ်။ ခွဲစိပ်မှုအများစုကလည်း အောင်မြင်မှုရှိပြီး နောက်ဆက်တွဲရောဂါဖြစ်မှုလဲ နည်းပါတယ်။

ဖြစ်စေသောအကြောင်းအရာများကိုသိရှိခြင်း ။

Pyloromyotomy (ထူပြီးကျဉ်းနေသော အစာအိမ် အဆို့ရှင် ခွဲစိတ်ကုသခြင်း) ဘာလို့လုပ်ရတာလဲ။

သင့်ကလေးငယ်မှာ pyloric stenosis ဖြစ်နေပြီဆိုလျှင် ခွဲစိပ်ကုသဖို့လိုအပ်ပါလိမ့်မယ်။ အဘယ်ကြောင့်ဆိုသော် အခုလက်ရှိမှာ စိတ်အချရဆုံးကုထုံးဖြစ်နေလို့ပါပဲ။

Pyloromyotomy (ထူပြီးကျဉ်းနေသော အစာအိမ် အဆို့ ရှင် ခွဲစိတ်ကုသခြင်း) ရဲ့ အန္တရာယ်တွေက ဘာတွေလဲ

Pyloric stenosis လို့ ရောဂါအဖြေထွက်တဲ့နေ့မှာပဲ ခွဲစိပ်မှုကို အဲ့နေ့မှာတခါတည်း ပြင်ဆင်ရပါတယ်။ ကလေးမှာ ရေဓါတ်ခန်းခြောက်နေလျှင် သို့ ရေဓါတ်ဆားများ ညီမျှမှုမရှိလျှင် ခွဲစိပ်မှုမတိုင်ခင်မှာ ပုလင်းချိတ်ပေးထားပါလိမ့်မယ်။ pyloric stenosis အတွက် ခွဲစိပ်မှုသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။

ခွဲစိပ်မှုမတိုင်ခင်မှာ ခွဲစိပ်မှုအန္တရာယ်တွေနဲ့ သတိပေးချက်တွေကို နားလည်ဖို့ လိုအပ်ပါတယ်။ သိချင်သည်များကို ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပါ။

ခွဲစိပ်မှုနဲ့ဆိုင်တဲ့ အန္တရာယ်တွေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မခွဲခင် သိရှိနားလည်ထားရန် အရေးကြီးပါတယ်။ အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်သို့ ခွဲစိပ်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ရောဂါစစ်ဆေးခြင်း နှင့် အတည်ပြုခြင်း

Pyloromyotomy (ထူပြီးကျဉ်းနေသော အစာအိမ် အဆို့ ရှင် ခွဲစိတ်ကုသခြင်း) အတွက် ဘယ်လိုတွေ ပြင်ဆင်ရမလဲ?

သင့်ကလေး သောက်လက်စဆေးတွေ၊ ဓါတ်မတည့်တာတွေ နဲ့ တခြားရောဂါတွေရှိနေလျှင် ခွဲစိပ်မှုမလုပ်ခင်မှာ ဆရာဝန်ကို ပြောပြပါ။ သင့်ရဲ့ မေ့ဆေးဆရာဝန်နဲ့တွေ့ပြီးလည်း အစီအစဉ်ဆွဲရမှာ ဖြစ်တယ်။ မခွဲခင် ဘယ်အချိန်မှာ နောက်ဆုံး စားထားရမယ်၊ သောက်ထားရမယ်ကို သေချာလိုက်နာဖို့ အရေးကြီးပါတယ်။

သင်ဟာ မခွဲခင်အစာဘယ်အချိန်ထိ စားနိုင်သလဲအပါအဝင် မခွဲခင် ပြင်ဆင်မှုတွေကို အနီးကပ်မှာကြားခံရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် သင့်ကလေးဟာ မခွဲခင် ၆ နာရီကြာအောင် အစာခံခါးရမှာ ဖြစ်တယ်။ မခွဲခင်နာရီ အနည်းငယ်မှာ အရည်တော့ သောက်လို့ရပါတယ်။

Pyloromyotomy (ထူပြီးကျဉ်းနေသော အစာအိမ် အဆို့ ရှင် ခွဲစိတ်ကုသခြင်း) လုပ်နေတုန်း ဘာတွေဖြစ်မလဲ?

ခွဲစိပ်ဆရာဝန်က သင့်ကလေး ကိုယ်တွင်း အရည်ပမာဏနဲ့ ဆားဓါတ်တို့ကို ပုလင်းချိတ်ခြင်းဖြင့် တည်ငြိမ်စေဖို့လိုအပ်ပါလိမ့်မယ်။ ခွဲစိပ်မှုဟာ သာမာန်မေ့ဆေးပေးပြီးသာ လုပ်ဆောင်ပြီး ပုံမှန်အားဖြင့်တော့ ၁ နာရီလောက် ကြာပါတယ်။ ခွဲစိပ်ဆရာဝန်ဟာ ဝမ်းဗိုက်အပေါ်ဘက်မှာ ခွဲရာပေးပါလိမ့်မယ်။ pyloric ကြွက်သားတွေကို ခွဲပြီး အူအတွင်းသို့ လမ်းကြောင်းပေါ်အောင်လုပ်ပါလိမ့်မယ်။

ပြန်လည်သက်သာလာခြင်း

Pyloromyotomy (ထူပြီးကျဉ်းနေသော အစာအိမ် အဆို့ ရှင် ခွဲစိတ်ကုသခြင်း) လုပ်ပြီးနောက်ပိုင်း ဘာဆက်လုပ်ရမလဲ?

ခွဲစိပ်ဆရာဝန်က ဘယ်အချိန်မှာ ကလေးကို အစာပြန်ကျွေးနိုင်မလဲဆိုတာ ပြောပါလိမ့်မယ်။ ၃ရက် ၄ ရက်လောက်ကြာရင် ကလေးကို အိမ်ပြန်ခေါ်သွားလို့ရပါပြီ။ သင့်ကလေးက တဖြေးဖြေး ပုံမှန်ပြန်စားလာနိုင်ပါလိမ့်မယ်။ ပုံမှန်တော့ ကိုယ်အလေးချိန် ချိန်ပေးပါ။ ကလေးအများစုကတော့ ကောင်းစွာ နာလန်ထူကြပါတယ်။ သို့သော် pyloric stenosis ကပြန်ဖြစ်တတ်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်သို့ ခွဲစိပ်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

နလန်ထူခြင်း

Pyloromyotomy (ထူပြီးကျဉ်းနေသော အစာအိမ် အဆို့ ရှင် ခွဲစိတ်ကုသခြင်း)လုပ်ပြီးနောက် ဘာဆက်ဖြစ်မလဲ

နောက်ဆက်တွဲဆိုးကျိုးတေါကတော့ သွေးထွက်ခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့ ဖြစ်သော်လည်း ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ Pyloromyotomy ကြောင့် သင့်ကလေးမှာ နောက်ပိုင်း အစာအိမ်ရောဂါ သို့ အူရောဂါတွေ ဖြစ်လာနိုင်မှုကို မမြင့်မားစေပါဘူး။ သို့သော် သင့်ကလေးမှာ အောက်ပါ နောက်ဆက်တွဲတွေတော့ ဖြစ်လာနိုင်ပါတယ်။

  • ခွဲပြီးနောက်ပိုင်း အန်ခြင်း
  • အစာအိမ်အကာမှာ အပေါက်ဖြစ်ခြင်း
  • အနာ ပျက်စီးခြင်း
  • အနာပေါက်မှ အူကျွံခြင်း

ကလေးအများစုကိုတော့ ခွဲပြီး ၄၈ နာရီ အကြာမှာ အိမ်ပြန်ခေါ်နိုင်ပါတယ်။ နလန်ထူချိန်ကတော့ ၁ ပတ်လောက်တော့ ကြာပါတယ်။ ခွဲပြီးနောက်မှာ အစာကို ခဏခဏတောင်းစားနိုင်ပါတယ်။ အဲ့ဒါဟာ ပုံမှန်ပါပဲ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်သို့ ခွဲစိပ်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement