ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို သိထားမယ်ဆိုရင် ဘယ်ရောဂါကို ဘယ်လိုအခြေအနေမှာ ဘယ်လို ကုသနိုင်သလဲဆိုတာ အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဒီလို ဖျောက်ပါ

Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးရှာဖွေရာမှာ အစောပိုင်း အဆင့်တွေမှာတင် သိရှိစေနိုင်မယ့် စစ်ဆေးနည်း တစ်ရပ်ပါ။ အခုနောက်ပိုင်း ရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးမှု နည်းလာရတာကလည်း အခုလို ခေတ်မီလာတဲ့ စစ်ဆေးမှုတွေကြောင့်ပါ။ ဒီစစ်ဆေးမှုတွေက ရောဂါကို စောစော သိရှိစေနိုင်တယ် ဆိုပေမယ့် တော်တော်များများက ဒီစစ်ဆေးမှုကို ခံယူဖို့ ကြောက်နေကြပါတယ်။ ဒီတစ်ခေါက်တော့ Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဘယ်လို ဖျောက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။  Mammograms ဆိုတာ ဘာလဲ! Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးပေးတဲ့ နည်းလမ်း တစ်ခုပါ။ ရင်သားဓာတ်မှန် တစ်မျိုးပါ။ ရင်သားကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေးဖို့ screeningလုပ်တဲ့အခါ Mammogramကို သုံးပါတယ်။ အားသာချက်က ရင်သားကင်ဆာ လက္ခဏာ မပြခင်မှာ ရင်သားမှာ အကျိတ်ရှိမရှိကို […]

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

plastic surgery လုပ်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ။ ။

Plastic surgery ဆိုတဲ့ အခေါ်အဝေါ်ဟာ ၂၁ ရာစုမှာ အရမ်းကိုခေတ်စားလာတဲ့ အရာတစ်ခုပါ။ စိတ်တိုင်းမကျတဲ့ မျက်နှာပေါ်က အစိတ်အပိုင်းတွေကို ကိုယ့်စိတ်တိုင်းကျ ပြုပြင်လို့ရလာပြီဆိုတဲ့ နည်းပညာကြီးက နည်းနည်းနောနော အစွမ်းမှ မဟုတ်တာနော်။ ဒါပေမယ့် လောကကြီးမှာ အကောင်းနဲ့ အဆိုး က အမြဲ ဒွန်တွဲနေတာကြောင့် လှပတဲ့ ကောင်းခြင်းတွေကို plastic surgery က ယူဆောင်ပေးသလို သူ့မှာ အခြား ဖြစ်တတ်တဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဒါဆို plastic surgery ကြောင့် ရလာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေရှိမလဲ ။ Plastic surgery ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ ။ ။ haematoma ( သွေးခြည်ဥြခင်း)- အသားပေါ် ဓါးတင်လိုက်ပြီဆိုတာနဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်   ၁။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ဆိုတာ ဘာလဲ   နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ဆိုတာ နှလုံးသွေးကြောကျဉ်းရောဂါ (CAD) ကုသရာမှာအသုံးပြုတဲ့ ခွဲစိတ်ကုထုံးတစ်မျိုး ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ (CAD) ဆိုတာကတော့ နှလုံးကြွက်သားတွေကို အောက်ဆီဂျင်နဲ့အာဟာရ ပံ့ပိုးပေးနေတဲ့ သွေးလွှတ်ကြောတွေ ကျဉ်းမြောင်းတဲ့ရောဂါဖြစ်ပါတယ်။ တနည်းအားဖြင့် နှလုံးသွေးလွှတ်ကြောနံရံတွေထဲ အဆီတွေစုပုံပြီး သွေးကြောကျဉ်းမြောင်းလာရာကနေ နှလုံးကြွက်သားတွေဆီ အောက်ဆီဂျင်သယ်ဆောင်တဲ့သွေး လုံလုံလောက်လောက် မရောက်ရှိနိုင်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ၂။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ပြုလုပ်ရတဲ့ရည်ရွယ်ချက်က ဘာလဲ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း စသည့် နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာများ သက်သာစေရန် ပုံမှန်လူနေမှုဘ၀ ပြန်လည်ရရှိပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် နှလုံးထိခိုက်ခြင်းနှင့် အခြားနှလုံးဝေဒနာများ ဖြစ်လာနိုင်ချေကို လျော့ချပေးရန်   နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသမှုခံယူရန် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Stem cell အသုံးပြု ကုသခြင်းနဲ့ ပတ်သက်လို့ သိထားသင့်သမျှ

Stem cell အသုံးပြုပြီး ကုသခြင်းဟာ ထူးထူးခြားခြားကြီးကို အကျိုးရှိကောင်းမွန်တယ်လို့ သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် Stem cell နဲ့ ပတ်သက်လို့ သင်သိထားသမျှတွေက မှန်ကန်ရဲ့လား။Stem cell အသုံးပြု ကုသခြင်းနဲ့ ပတ်သက်လို့ သိထားသင့်သမျှကို မျှဝေပေးလိုက်ရပါတယ်။   Stem cell အသုံးပြုပြီး ကုသခြင်းဟာ ခေတ်သစ်ဆေးသိပ္ပံပညာရဲ့ အရေးပါသော နယ်ပယ်ခြေလှမ်းတရပ် ဖြစ်ပါတယ်။ မျက်မှောက်ကာလမှာ ဒီနည်းလမ်းကို အသုံးပြုပြီး ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေကို ကုသပေးနေနိုင်ပါပြီ။ ဒါပေမယ့် Stem cell အသုံးပြု ကုသခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ပြဿနာလေးတွေ၊အတည်မပြုရသေးတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး လူနာတွေ အကြားမှာရော၊ပြည်သူတွေအကြားမှာပါ သို့လောသို့လော ဖြစ်စရာလေးတွေ ရှိနေပါသေးတယ်။ ဒါကြောင့် Stem cell အသုံးပြုပြီး ကုသမှု မခံယူခင်မှာ ကြိုတင်သိရှိထားသင့်တဲ့ […]


အခြေခံကျန်းမာရေး

Chemotherapy အကြောင်း တစေ့တစောင်း

ကင်ဆာရောဂါ ဖြစ်ပွားလာပြီဆိုရင် ခွဲစိတ်ကုသခြင်း၊ဓါတ်ရောင်ခြည်အသုံးပြု ကုသခြင်း၊သောက်ဆေး/ထိုးဆေးတွေနဲ့ ကုသခြင်း စသဖြင့် နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ အဆိုပါ နည်းလမ်းတွေထဲမှာ Chemotherapy လို့ခေါ်တဲ့ ဆေးဝါးအသုံးပြု ကုသခြင်းဟာလည်း အသုံးများတဲ့ နည်းလမ်းတခုပါ။ ကီမိုစေးတွေလို့လည်း အလွယ်ခေါ်ကြလေ့ရှိတဲ့ ဒီဆေးတွေကို သောက်ဆေးပုံစံ ဒါမှမဟုတ် အကြောသွင်းဆေးပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။ ကီမိုဆေးတွေဟာ ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်သလို အဆိုပါဆဲလ်တွေ ပိုမိုကြီးထွားမလာအောင်၊ခန္ဓါကိုယ်ရဲ့ အခြားနေရာတွေကို မပျံ့နှံ့အောင် တားဆီးပေးနိုင်ပါတယ်။ ကီမိုဆေးတွေကို ခွဲစိတ်ကုသခြင်း ဒါမှမဟုတ် ဓါတ်ရောင်ခြည်အသုံးပြု ကုသခြင်းနည်းလမ်းတွေနဲ့ (လိုအပ်သလို) တွဲဖက်သုံးစွဲနိုင်ပါတယ်။ ကီမိုဆေးတွေကို သုံးစွဲရာမှာ အကြိမ်ရေ ဘယ်လောက် သုံးစွဲရမလဲ၊ပမာဏ ဘယ်လောက် သုံးစွဲရမလဲ၊ဘယ်လိုဆေးအမျိုးအစားတွေကို သုံးစွဲရမလဲ စတဲ့အချက်တွေကို ဆုံးဖြတ်နိုင်ဖို့အတွက် အောက်ပါ အချက်တွေနဲ့ တိုက်ဆိုင်သုံးသပ်ရပါတယ်။   သင်ခံစားနေရတဲ့ ကင်ဆာအမျိုးအစား။ အရင်ကရော ကင်ဆာဖြစ်ဖူးခြင်း […]


အခြေခံကျန်းမာရေး

ထိုင်ခုံလွတ် ကုသမှု (The Empty Chair Technique) ဆိုတာ ဘာလဲ

နာမည်လေးက ဆန်းသလို အတော်များများလည်း ကြားဖူးကြမှာ မဟုတ်တဲ့ ခေါင်းစဉ်လေးတခုနဲ့ မိတ်ဆက်ပေးပါရစေ။ သူ့နာမည်က ထိုင်ခုံလွတ်ကုသမှုလို့ခေါ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ကို ကုသရာမှာ အသုံးပြုတဲ့ စိတ်ရောဂါကုသမှု နည်းလမ်းတမျိုးပဲဖြစ်ပါတယ်။ တကယ်တော့ ဒီထိုင်ခုံလွတ်ကုသမှုဟာ Gestalt ကုထုံးလို့ခေါ်တဲ့ စိတ်ရောဂါကုထုံးတခုရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။Gestalt ကုထုံးဟာ သင့်ခန္ဓါကိုယ်တခုလုံးနဲ့ ဘေးပတ်ဝန်းကျင်၊တပါးသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး၊ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံစတာတွေကို ချိတ်ဆက်ကုသပေးတာ ဖြစ်ပါတယ်။ ဒီကုထုံးကို အသုံးပြုရာမှာ အတိတ်က ဖြစ်ခဲ့တာတွေ၊အနာဂါတ်မှာ ဖြစ်လာမှာတွေထက် လက်ရှိပစ္စက္ခမှာ ဖြစ်ပျက်နေတာတွေကိုပဲ အာရုံစိုက်ရပါတယ်။Gestalt ကုထုံးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သင်လုပ်ကိုင်ဆောင်ရွက်နေတဲ့အရာတွေကို သတိပြုမိလာစေဖို့၊မိမိကိုယ်မိမိ ပြန်လည်သုံးသပ်မိစေဖို့ ဖြစ်ပါတယ်။ ဒီလို သုံးသပ်သိရှိလာခြင်းအားဖြင့် သင်မနှစ်ခြိုက်တဲ့ အခြေအနေတွေကို ဘယ်လိုပြောင်းလဲရမယ်ဆိုတာ သိရှိလာမှာ ဖြစ်တဲ့အပြင် သင့်ကိုယ်သင် လက်ခံပြီး တန်ဖိုးထားတတ်လာမှာလည်း ဖြစ်ပါတယ်။   ထိုင်ခုံအလွတ်တလုံးနဲ့ ဘာလုပ်ရမှာလဲ   ထိုင်ခုံလွတ် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မျက်ခုံးပုံဖော်ထိုးခြင်း၏ အကျိုးအပြစ်များ

မျက်ခုံးပုံဖော်ထိုးခြင်းဟာ အနောက်နိုင်ငံတွေမှာ အကြီးအကျယ်ရေပန်းစားလာတဲ့ အလှအပရေးရာ ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ မွေးရာပါ မျက်ခုံးမွှေးနဲ့မတူဘဲ ပိုထူ၊ ပိုထင်း၊ ပိုလှတဲ့ မျက်ခုံးပုံစံမျိုး ရရှိစေတဲ့အတွက် လူကြိုက်များရခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မျက်ခုံးပုံဖော်ထိုးခြင်းအကြောင်း သိကောင်းစရာတွေနဲ့ အားနည်းချက် အားသာချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ မျက်ခုံးပုံဖော်ထိုးခြင်းဟာ အလှအပရေးရာ စီးပွားရေးလုပ်ငန်းတွေ အားကောင်းတဲ့ အာရှဒေသကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မလေးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကနေ စတင်ခေတ်စားလာခဲ့ပြီး အမေရိကန်ပြည်ထောင်စုအထိ ထိုးဖောက်နိုင်ခဲ့ပါတယ်။ မျက်ခုံးပုံဖော်ထိုးခြင်းကို 3D မျက်ခုံးထိုးခြင်း၊ မျက်ခုံးအရောင်သွင်းခြင်း၊ မျက်ခုံးတက်တူးထိုးခြင်း၊ မျက်ခုံးအနုစိတ်ပုံဖော်ခြင်း စသည်ဖြင့် အမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။ ၁၉၆၀၊ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်က ခေတ်စားခဲ့တဲ့ နက်ပြာရောင်မင်နဲ့ မျဉ်းတစ်ဖြောင့်ထဲ ထိုးရပြီး အချိန်ကြာလာတာနဲ့အမျှ အရောင်ပြယ်လာတဲ့ မျက်ခုံးတက်တူးနဲ့ မတူဘဲ ခေတ်ပေါ်မျက်ခုံးပုံဖော်ထိုးခြင်းဟာ သင့်အသားအရောင်၊ ဆံပင်အရောင်နဲ့ လိုက်ဖက်မယ့် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Minimally invasive surgery (အသေးငယ်ဆုံးခွဲစိတ်ကုသမှု)ဆိုတာ

Minimally invasive surgery ဆိုတာကခန္ဓါကိုယ်မှာပုံမှန်ခွဲစိတ်မှုတွေလိုဓါးရာအကြီးကြီးတွေပေးစရာမလိုဘဲအပေါက်သေးသေးလေးဖောက်ပြီးလုပ်ရတဲ့ခွဲစိတ်ကုသမှုမျိုးပါ။ အပေါက်သေးသေးလေးပဲဖောက်ရတာဖြစ်တာကြောင့် ခန္ဓါကိုယ်မှာခွဲစိတ်တဲ့ဒဏ်ရာဆိုပြီး ကြီးကြီးမားမားမကျန်ခဲ့တာကMinimally invasive surgery ရဲ့အားသာချက်တစ်ခုလို့ဆိုရပါမယ်။ ကြယ်သီးပေါက်၃ - ၄ပေါက်စာလောက်ဖောက်ထားတဲ့အရာလေးထဲကနေ တုတ်တံလိုမျိုးခပ်ရှည်ရှည်ကိရိယာတွေကို အသုံးပြုပြီးခွဲစိတ်ကုသမှုကိုလုပ်ဆောင်တာပါ။ ခွဲစိတ်ကုဆရာဝန်ကအရေပြားပေါ်မှာဖောက်ထားတဲ့အပေါက်ထဲကနေမှန်ပြောင်းကိုထည့်သွင်းပြီးကိုယ်တွင်းအင်္ဂါတွေရဲ့ပုံရိပ်တွေကိုအသေးစိတ်ကြည့်ရှု့ပြီးတိကျတဲ့ခွဲစိတ်ကုသမှုတွေကိုလုပ်ဆောင်နိုင်မှာပါ။ ခွဲစိတ်မှုတွေပြီးသွားတဲ့အခါမှာတော့အရေပြားမှာဖောက်ထားတဲ့အပေါက်လေးကိုပြန်ချုပ်လိုက်ရမှာပါ။ ခွဲစိတ်ထားတဲ့ဒဏ်ရာကသေးငယ်တာကြောင့်အမာရွတ်ကလည်းခပ်သေးသေးလေးပဲကျန်နေမှာပါ။ Minimally invasive surgery ကိုရောဂါရှာဖွေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။laparoscopy ကိရိယာကိုအသုံးပြုတဲ့ကုသမှုကိုခွဲစိတ်မှုတွေနဲ့ ကုသရေးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။ Minimally invasive surgery ကိုစက်ရုပ်လက်တွေကိုအသုံးပြုပြီးလုပ်လို့လည်းရပါတယ်။ စက်ရုပ်လက်တွေကိုသုံးပြီးခွဲစိတ်မှုလုပ်တဲ့အခါခွဲစိတ်ကုဆရာဝန်ကခလုတ်ခုံကနေလက်တံတွေကိုလိုအပ်သလိုထိန်းချုပ်စေခိုင်းနိုင်မှာဖြစ်ပါတယ်။ ဒီခွဲစိတ်မှုမှာ၃ဖက်မြင်ကင်မရာတွေကိုအသုံးပြုထားတာကြောင့်ခွဲစိတ်မယ့်နေရာကိုရှင်းရှင်းလင်းလင်းမြင်ရသလိုစက်ရုပ်လက်တံတွေကိုသုံးပြုပြီးခွဲစိတ်တာဖြစ်တဲ့အတွက်လိုအပ်သလိုထိန်းချုပ်ပြီးတိတိကျကျခွဲစိတ်မှုတွေကိုလုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ Minimally invasive surgery လုပ်တော့မယ်ဆိုရင် Minimally invasive surgery (MIS) လို့ခေါ်တဲ့ထိခိုက်မှုအနည်းဆုံးခွဲစိတ်ကုသမှုတွေဟာသမားရိုးကျခွဲစိတ်မှုတွေကိုလွှမ်းမိုးစပြုလာပြီပဲ ဖြစ်ပါတယ်။ ဒါဟာအံ့မခန်းတိုးတက်လာတဲ့ဆေးပညာရဲ့အကျိုးကျေးဇူးတွေပါ။MIS နည်းလမ်းကိုအသုံးပြုမယ်ဆိုရင်ခွဲစိတ်ဆရာဝန်အနေနဲ့စင်တီမီတာဝက်ကနေတစ်စင်တီမီတာလောက်အထိရှိမယ့်ဓါးရာအချို့ကိုအရင်ပေးရပါတယ်။ ဒီနောက်မှာတော့အထူးပြုလုပ်ထားတဲ့ကိရိယာအသေးစားလေးတွေကိုသုံးပြီးဆက်လက်ခွဲစိတ်မှာပါ။ ပုံမှန်သမားရိုးကျခွဲစိတ်မှုတွေဟာ MIS ထက်ဆယ်ဆလောက်ပိုကြီးတဲ့ဓါးရာရှည်ရှည်ကြီးပေးရတာမို့ခပ်သေးသေးအရာပဲပေးတဲ့ MIS ဟာနာကျင်မှုဝေဒနာကိုလျော့ပါးစေနိုင်သလိုနာလန်ထချိန်ကိုလည်းပိုမိုတိုတောင်းစေပါလိမ့်မယ်။ ဒါ့ကြောင့်လူနာတွေအနေနဲ့မိမိတို့ရဲ့နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာနေထိုင်မှုတွေကိုစောလျင်စွာ ပြန်လည်ပြုလုပ်နိုင်မှာပါ။   ဒါ့အပြင် MIS ခွဲစိတ်ကုသမှုနည်းလမ်းဟာနောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်မှုကိုလည်းလျော့နည်းစေတယ်လို့ Mount Elizabeth Hospital […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Makoplasty ကုထုံးရဲ့ အကျိုးကျေးဇူးအကြောင်း

Makoplasty ကုထုံးနဲ့ ဒူးနာဒဏ်ရာပျောက်ကင်းစေခြင်း နေ့စဉ်ခန္ဓါကိုယ် လှုပ်ရှားမှုအတွက် ဒူးခေါင်းကတော်တော်လေးကိုအရေးပါပါတယ်။ ခန္ဓါကိုယ်ဟန်ချက်ကိုထိန်းညှိပေးပြီး လှုပ်ရှားသွားလာနိုင်ဖို့က ဒူးခေါင်းပေါ်မှာတော်တော်လေး အားပြုရတယ်ဆိုတာကို ဒူးနာဖူးတဲ့သူတွေတိုင်းသိမှာပါ။ စိတ်သွားတိုင်းကိုယ်ပါဖို့ဆိုတာက ကျန်းမာရေးကောင်းဖို့လိုသလို အရိုးအဆစ်တွေသန်မာဖို့ကလည်းလိုပါတယ်။ အသက်အရွယ်ရလာတဲ့အခါ ရိုးတွင်းခြင်ဆီတွေ ဆုံးရှုံးတာကြောင့် ဒူးအဆစ်တွေနာကျင်နိုင်သလို အရိုးကျီးပေါင်းဖြစ်တာကြောင့်လည်းနာကျင်နိုင်ပါတယ်။ တစ်ခါတလေမှာဆေးလူးဆေးသောက်လုပ်ရုံနဲ့ပျောက်သွားတတ်ပေမယ့် အချို့ဒူးနာတာတွေကတော့ဆေးလူးဆေးသောက်နေပေမယ့်ပျောက်မသွားတာမျိုးရှိပါတယ်။ ကုသပျောက်ကင်းနိုင်မယ့်နေရာကိုရှာဖွေခြင်း ခြေထောက်ထောက်လို့မရအောင် ဒူးကနာတဲ့အခါ စိတ်ပင်ပန်းတာ၊ တစ်ခုခုလုပ်ချင်တိုင်း တစ်ယောက်ယောက်ကို အကူအညီတောင်းရတာတွေကို စိတ်ညစ်လာတဲ့အခါ ဒူးနာတာကို သက်သာစေတယ်ဆိုတဲ့ ကောင်းနိုးရာရာတွေ လိုက်လုပ်မိကြမယ်ထင်ပါတယ်။ဝေဒနာကိုမွေးထားချင်သူရယ်လို့မရှိပါဘူး။ဝေဒနာခံစားနေရသူတိုင်းကဖြစ်နိုင်ရင် ခံစားနေရတဲ့ဝေဒနာကို အမြန်ဆုံး ပျောက်ကင်းချင်ကြမှာပါ။ နှစ်ရှည်လများ ဒူးနာတာကို ခံစားနေရတဲ့ ဦးသူရကျော် တစ်ယောက်ကတော့ ဒူးနာဝေဒနာကို အမြစ်ဖြတ်ဖို့ ကုသနည်းတွေကို နည်းမျိုးစုံသုံးစုံစမ်းမှုစလုပ်ခဲ့ပါတယ်။ အနီးပတ်ဝန်းကျင်မှာတင်မကဘဲ အင်တာနက်မှာပါ ရှာဖွေကြည့်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ သူ့ဆန္ဒပြည့်ခဲ့ပါပြီ။ အခြားတော့မဟုတ်ပါဘူးMount Elizabeth ဆေးရုံမှာ ဒူးနာမှုဝေဒနာတွေကို Makoplasty အဆင့်မြင့်နည်းပညာသုံးပြီး ကုသပေးနေတယ်ဆိုတာကိုတွေ့ရှိခဲ့တာပါပဲ။ ဒူးနာပျောက်ချင်တဲ့ ဦးသူရကျော် ကတော့စင်ကာပူကိုသွားပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Rigid Cystoscopy (Rigid Cystoscopy ခေါ် ဆီးအိမ်တွင်း မှန်ပြောင်းကြည့်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Rigid Cystoscopy ခေါ် ဆီးအိမ်တွင်း မှန်ပြောင်းကြည့်ခြင်း ဆိုတာဘာလဲ။ Rigid Cystoscopy ဟာ မာကျောတဲ့ telescope ကို အသုံးပြုပြီး ဆီးအိမ်အတွင်းပြဿနာတွေကို စစ်ဆေးတဲ့ procedure တစ်ခုဖြစ်ပါတယ်။ တခါတရံမှာ ဆီးအိမ်ပြဿနာတွေနဲ့ ဆီးပြွန်ပြဿနာတွေကို တစ်ခါတည်းကုသနိုင်ပါတယ်။ Cystoscopy ကို နာကျင်မှုရှိရင်၊ ဆီးအတွင်းသွေးပါရင်၊ ရောဂါပိုးဝင်ခြင်း ထပ်ခါထပ်ခါ ဖြစ်နေရင်၊ ဆီးအိမ်ဒုက္ခပေးရင် အသုံးပြုနိုင်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းRigid Cystoscopy တွေကို ဘာကြောင့် လုပ်ကြတာလဲ။ တကယ်လို့ ဆရာဝန်က သင့်မှာ ဆီးအိမ်ပြဿနာရှိတယ်လို့ သံသယရှိရင် Cystoscopy ကို ပြုလုပ်သင့်ပါတယ်။ ဥပမာ ဆီးအတွင်းသွေးမြင်ရရင်၊ မကြာခဏ ရောဂါပိုးဝင်ရင်၊ ဆီးကို ထိန်းမထားနိုင်ပဲ ဆီးသွားချင်စိတ်ဖြစ်ရင်၊ ဆီးသွားခြင်းကို မထိန်းနိုင်တော့ရင် ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင့်ဆရာဝန်က မာကျော်တဲ့ Cystoscopy ပြုလုပ်စဉ်မှာ ပုံမမှန်ခြင်းတွေကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Rigid Cystoscopy For Women (အမျိုးသမီးတွေအတွက် Rigid cystoscopy ခေါ် ဆီးအိမ်တွင်း မှန်ပြောင်းကြည့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးသမီးတွေအတွက် Rigid cystoscopy ခေါ် ဆီးအိမ်တွင်း မှန်ပြောင်းကြည့်ခြင်း ဆိုတာဘာလဲ။ Rigid Cystoscopy ဟာ မာကျောတဲ့ telescope ကို အသုံးပြုပြီး ဆီးအိမ်အတွင်းပြဿနာတွေကို စစ်ဆေးတဲ့ procedure တစ်ခုဖြစ်ပါတယ်။ တခါတရံမှာ ဆီးအိမ်ပြဿနာတွေနဲ့ ဆီးပြွန်ပြဿနာတွေကို တစ်ခါတည်းကုသနိုင်ပါတယ်။ Cystoscopy ကို နာကျင်မှုရှိရင်၊ ဆီးအတွင်းသွေးပါရင်၊ ရောဂါပိုးဝင်ခြင်း ထပ်ခါထပ်ခါ ဖြစ်နေရင်၊ ဆီးအိမ်ဒုက္ခပေးရင် အသုံးပြုနိုင်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းRigid cystoscopy for women တွေကို ဘာကြောင့် လုပ်ကြတာလဲ။ တကယ်လို့ ဆရာဝန်က သင့်မှာ ဆီးအိမ်ပြဿနာရှိတယ်လို့ သံသယရှိရင် Cystoscopy ကို ပြုလုပ်သင့်ပါတယ်။ ဥပမာ ဆီးအတွင်းသွေးမြင်ရရင်၊ မကြာခဏ ရောဂါပိုးဝင်ရင်၊ ဆီးကို ထိန်းမထားနိုင်ပဲ ဆီးသွားချင်စိတ်ဖြစ်ရင်၊ ဆီးသွားခြင်းကို မထိန်းနိုင်တော့ရင် ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင့်ဆရာဝန်က မာကျော်တဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်