backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Laparoscopic Gastric Bypass (Laparoscopic gastric bypass ဆိုတာ ဘာလဲ)


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Laparoscopic gastric bypass ဆိုတာဘာလဲ?

Gastric bypass ကသင့်ကိုတစ်သက်စာ ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။ Gastric bypass ကို Roux-en-Y လို့လည်းခေါ်ပြီး အဲဒီခွဲစိတ်မှုမှာ သင့်ရဲ့အစာအိမ်ကို အိတ်အသေးလေးဖြစ်သွားအော င်ကျန်ရှိနေတဲ့အစာအိမ်နဲ့ အူမကြီးတွေကိုရှောင်ပြီးညှပ်ချုပ်ခြင်းပဲ ဖြစ်ပါတယ်။

ဒီလိုလုပ်ခြင်းက အစားစားတဲ့အခါ စောစောဗိုက်ပြည့်စေခြင်းဖြင့် အစားနည်းစေတဲ့အပြင် သင့်ရဲ့အစာထဲက တချို့ကယ်လိုရီတွေနဲ့အာဟာရတွေကို စုပ်ယူခြင်းမှ ကာကွယ်ပါတယ်။ ဒီခွဲစိတ်မှုအောင်မြင်ခြင်းက စားသောက်မှုအစီအစဉ်အသစ်နဲ့ လေ့ကျင့်ခန်းတွေအပေါ်မှာလည်း မူတည်ပါတယ်။

ဘာကြောင့် Laparoscopic bypass ကိုလုပ်ကြလဲ ?

တကယ်လို့သင့်ရဲ့ BMI က၄၀ ကျော်နေရင်ဒီခွဲစိတ်မှုက တစ်သက်တာကိုယ်အလေးချိန်ကျစေပါတယ်။ တကယ်လို့သင့်ရဲ့ BMI က၃၅ ကျော်နေတာပဲ ဖြစ်ဖြစ်၊သင့်မှာဆီးချို type 2 ရှိနေတာပဲဖြစ်ဖြစ် သင့်ကို ဒီခွဲစိတ်မှုကကူညီပါလိမ့်မယ်။

သင့်ရဲ့ BMI နဲ့တခြားသော စစ်ဆေးမှုတွေအပေါ် မူတည်ပြီး ဒီခွဲစိတ်မှုကသင့်အတွက်သင့်တော်မှုရှိ၊ မရှိဆုံးဖြတ်မှာဖြစ်ပါတယ်။

သင့်အနေနဲ့ ခွဲစိတ်မှုအပြီး တစ်သက်တာကိုယ်အလေးချိန်ကျနိုင်တယ်ဆိုပေမယ့် ဒါကလည်း သင့်ရဲ့နေထိုင်မှုပုံစံအသစ်အပေါ်လည်း

မူတည်ပါသေးတယ်။

တစ်သက်တာကိုယ်အလေးချိန်ကျခြင်းကသင့်မှာရှိတဲ့အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေကိုသက်သာလာစေမှာပါ။

Laparoscopic gastric bypass ခွဲစိတ်မှုကြောင့်စွန့်စားရမှာတွေကဘာတွေလဲ ?

ခွဲစိတ်မှုတွေတိုင်းမှာ စွန့်စားမှုတွေရှိတဲ့အတွက် သင့်ရဲ့ဆရာဝန်ကို ဒီခွဲစိတ်မှုကြောင့် ဘာဆိုးကျိုးတွေရှိမလဲဆိုတာ ရှင်းပြခိုင်းပါ။

ခွဲစိတ်မှုတိုင်းရဲ့ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေက အတွင်းပိုင်းသွေးထွက်လွန်ခြင်းနဲ့ သွေးခဲခြင်းတို့ပဲ ဖြစ်ပါတယ်။

Laparoscopic gastric bypass ခွဲစိတ်မှုကြောင့် အောက်ပါရှုပ်ထွေးမှုလေးတွေဖြစ်နိုင်ပါတယ်။

• သင့်ရဲ့အူမကြီး၊ ဆီးအိမ်၊ သွေးကြောစတဲ့ အစိတ်အပိုင်းတွေထိခိုက်ခြင်း

• အရေပြားတစ်သျှူးအောက် လေခိုခြင်း

• ခွဲစိတ်ရာတစ်ဝိုက်အူကျခင်း

• ညှပ်ချုပ်ရာသွေးယိုခြင်း

• ဆက်ထားသောနေရာမှအရည်ယိုခြင်း

• ဝမ်းဗိုက်အတွင်းအူကျခြင်း

ဒါ့အပြင် အောက်ပါနာတာရှည်ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။

• အူမကြီးရဲ့ အလေ့အကျင့်ပြောင်းလဲသွားခြင်း၊ဝမ်းချုပ်ခြင်း

• အာဟာရမလုံလောက်ခြင်း

• ခွဲစိတ်ရာမှာပြည်တည်ခြင်း

• ကျောက်တည်ခြင်း

ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။

ပြင်ဆင်မှု

Laparoscopic gastric bypass ခွဲစိတ်မှုအတွက် ဘာတွေပြင်ဆင်ရမလဲ ?

သင့်ရဲ့ လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားရမှာဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး အသုံးပြုမယ့် မေ့ဆေးအမျိုးအစားနဲ့ ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာဖစ်ပါတယ်။

ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာအစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။

ဆရာဝန်ရဲ့ လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်းသဘောပေါက်ရပါမယ်။

ဥပမာ-ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်နှစ်နာရီအလိုထိ အစာစားလို့ရတယ် စသဖြင့်ပေါ့။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင်ခြောက်နာရီအလိုလောက်ကစပြီး ဘာအစာမှမစားရတော့ပါဖူး။ ကော်ဖီတို့၊ ရေတို့လို အရည်တွေကိုတော့ မခွဲခင်နာရီအနည်းငယ်အလိုထိ သောက်လို့ရပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အပေ ါ်မူတည်ပါတယ်။

ခွဲစိတ်စဉ်

Laparoscopic gastric bypass ခွဲစိတ်မှုအတွင်းမှာ ဘာတွေဖြစ်နိုင်လဲ ?

ခွဲစိတ်မှုကိုမေ့ဆေးပေးပြီး နှစ်နာရီကနေ လေးနာရီအထိ လုပ်ဆောင်ကြပါတယ်။ ခွဲစိတ်ဆရာဝန်က သင့်ရဲ့ဗိုက်ကိုခွဲရာ အများအပြားပေးပြီး မှန်ပြောင်းလိုမျိုး ခွဲစိတ်ခြင်းသုံးကိရိယာတွေထည့်ပြီး သင့်ရဲ့ဝမ်းဗိုက်အတွင်းကြည့်ကာ ခွဲစိတ်မှု ပြုလုပ်ပါလိမ့်မယ်။

ခွဲစိတ်ဆရာဝန်က သင့်ရဲ့အစာအိမ်နောက်မှာ ခွဲစိတ်ခန်းသုံးညှပ်စက်ထည့်ဖို့ လှိုဏ်ခေါင်းလေးဖောက်ပြီး သင့်အစာအိမ်ကို ညှပ်စက်နဲ့ညှပ်ကာ အစာအိမ် အိတ်အသေးလေးတစ်ခု ဖြစ်သွားစေပါတယ်။

ခွဲစိတ်ဆရာဝန်ကပဲ သင့်အစာအိမ်အောက်က အူကိုပိုင်းဖြတ်ပါလိမ့်မယ်။ ပိုင်းဖြတ်လိုက်တဲ့အူရဲ့အောက်ပိုင်းအဆုံးကို သင့်ရဲ့အစာအိမ်အိတ်အသစ်လေးမှာ တပ်လိုက်ပါမယ်။

အဲဒီအခါမှာ အစာအိမ်အသစ်လေးထဲမှာ ပါဝင်တာတွေက သင့်ရဲ့ကျန်ရှိနေတဲ့ အစာအိမ်နဲ့ ပထမအူအစိတ်အပိုင်းကို ရှောင်သွားပါလိမ့်မယ်။

သင့်မှာမေခွန်းတွေရှိရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။

ခွဲစိတ်ပြီးနောက်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Laparoscopic gastric bypass ခွဲစိတ်မှုအပြီးမှာဘာတွေဆက်ဖြစ်လဲ ?

ခွဲစိတ်ပြီးနောက်နေ့မှာ သင်အိမ်ပြန်နိုင်ပါပြီ။ သီတင်းပတ်အနည်းငယ်မှာ သင်အရည်တစ်မျိုးပဲ သောက်လို့ရပြီး တဖြည်းဖြည်း ပျော့တဲ့အစာတွေစားလာနိုင်ပါမယ်။

ခွဲစိတ်ပြီးခြောက်ပတ်ကနေ ရှစ်ပတ် ကြာရင်တော့ ပုံမှန်အစာတွေ ပြန်စားနိုင်ပါပြီ။

သင့်အနေနဲ့ခွဲစိတ်ပြီး နှစ်ပတ်ကနေ လေးပတ်အကြာမှာ သင့်ရဲ့ခွဲစိတ်မှုနဲ့ သင့်ရဲ့အလုပ်အပေါ်မူတည်ပြီး အလုပ်ပြန်သွားနိုင်ပါပြီ။

လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းက သင့်ရဲ့ ပုံမှန်လှုပ်ရှားမှုတွေဆီ မြန်မြန်ပြန်ရောက်စေပါလိမ့်မယ်။ သင် လေ့ကျင့်ခန်းမလုပ်ခင် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။

ပျမ်းမျှအားဖြင့် ဒီခွဲစိတ်မှုပြုလုပ်ပြီး သူတိုင်းသူတို့ရဲ့အဆီပိုတစ်ဝက်ကျော်ကျော်ကျသွားပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement