backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ingrown Toenail Surgery (ခြေစွယ်ငုပ်ခြင်းအားခွဲစိတ်ကုသခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ခြေစွယ်ငုပ်ခြင်းအားခွဲစိတ်ကုသခြင်း

ရောဂါပိုးဝင်ခြင်းနဲ့ နာကျင်ခြင်းကို ပျောက်ကင်းစေဖို့ ငုပ်နေတဲ့ ခြေစွယ်ကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။

ခြေစွယ်ငုပ်ခြင်းဆိုတာ ဘာလဲ

ခြေစွယ်ဟာ အသားထဲကို တိုးဝင်တဲ့အခါ ခြေစွယ်ငုပ်ခြင်း ဖြစ်ပေါ်ပါတယ်။ အသားပျက်စီးပြီး ပိုးဝင်ခြင်း၊ နာကျင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ခြေမတွေမှာ ဖြစ်တတ်ပါတယ်။

အဖြစ်အများရဆုံး အကြောင်းကတော့ ခြေသည်းကို သေချာစွာ မညှပ်လို့ ဖြစ်ပါတယ်။ ဖြောင့်တန်းစွာ ရှည်ထွက်ခြင်းမရှိတဲ့ ခြေသည်းတွေမှာ ဖြစ်တတ်ပါတယ်။ မိမိနဲ့ မတော်ဘဲ ကျပ်နေတဲ့ ရှူးဖိနပ်တွေစီးရင်လည်း ခြေစွယ်ငုပ်ခြင်း ဖြစ်တတ်ပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

ခွဲစိတ်ကုသခြင်းဟာ ဘယ်လိုအကျိုးရှိလဲ

ရောဂါပိုးဝင်မှု၊ နာကျင်မှုတွေ ပျောက်သွားပါလိမ့်မယ်။

ခြေစွယ်ငုပ်ခြင်းအား ခွဲစိတ်ကုသခြင်း မပြုခင် ဘာတွေ သိသင့်သလဲ

တချို့နည်းတွေကတော့ အိမ်မှာကုသနိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။

ခြေသည်းကို ဖြောင့်တန်းစွာ ညှပ်ထုတ်ပြီး ရှလွယ်မယ့် အနားစောင်းတွေ မဖြစ်အောင် ဂရုစိုက်ရပါမယ်။

မိမိခြေထောက်နဲ့ သက်တောင့်သက်သာရှိမယ့် ဖိနပ်တွေ ဝတ်ဆင်ရပါမယ်။

ဆရာဝန်ဟာ ခြေစွယ်နဲ့ အသားကို ဝေးအောင် လုပ်ပေးပါလိမ့်မယ်။ အသားထဲစိုက်ဝင်တဲ့ ခြေစွယ်ကို ဖယ်ထုတ်ပေးပါလိမ့်မယ်။

ခြေစွယ်ငုပ်ခြင်းဟာ ပြန်ဖြစ်နိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

ခြေစွယ်ငုပ်ခြင်းအားခွဲစိတ်ကုသခြင်းမပြုမီ ဘာတွေလုပ်ရမလဲ

သင့်အနေနဲ့ မကြာသေးမီက ဘာဆေးတွေ သောက်နေသလဲ၊ ဓါတ်မတည့်ခြင်း ဘာရှိလဲ၊ လက်ရှိ ကျန်းမာရေး အခြေအနေ စတဲ့ကိစ္စတွေကို ဆရာဝန်နဲ့ ဆွေးနွေးရပါမယ်။ မခွဲစိတ်ခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံရပါမယ်။ မခွဲစိတ်ခင် ဘယ်ချိန်မှာ စားသောက်ခြင်းကို ရပ်တန့်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။

ခွဲစိတ်ကုသခြင်း

ကုသမှုအစီအစဉ်တွေက ဘာတွေလဲ

ထုံဆေးပေးပြီး ခွဲပါလိမ့်မယ်။

ခွဲစိတ်မှုဟာ ၁၀ မိနစ်လောက်ပဲ ကြာနိုင်ပါတယ်။ ခြေသည်းတခုလုံးကို ဖယ်ထုတ်ခြင်း၊ ခြေစွယ်လောက်ကိုပဲ ဖယ်ထုတ်ခြင်း၊ ခြေစွယ်ကို ဖယ်ထုတ်ပြီး ခြေစွယ်ငုပ်သည့် နေရာကို ဓါတုဆေး (သို့) လျှပ်စစ်ဓါတ်ပေးခြင်း၊ ခြေစွယ်ကို ဖယ်ရှားသည့်အပြင် ခြေစွယ်ထွက်သည့် အသားကိုပါ ညှပ်ထုတ်ခြင်း စတဲ့နည်းတွေကို လုပ်ဆောင်နိုင်ပါတယ်။

ခြေစွယ်ငုပ်ခြင်းအား ခွဲစိတ်ကုသခြင်း လုပ်ဆောင်ပြီးချိန်မှာ ဘာလုပ်ရမလဲ

အချိန်အနည်းငယ်ပေးပြီးတာနဲ့ အိမ်ပြန်နိုင်ပါတယ်။

ရောင်ရမ်းခြင်းကို သက်သာစေဖို့ အစောပိုင်းရက်တွေမှာ ခြေထောက်ကို မြှောက်ထားပေးရပါမယ်။ ဒါပြီးရင်တော့ ပိုမိုတက်ကြွ လှုပ်ရှားနိုင်ပါတယ်။ ၂ပတ်လောက်အတွင်း အားကစားလုပ်ဆောင်ခြင်း၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ခြင်း စတာတွေ မပြုလုပ်သင့်ပါဘူး။ နေ့တိုင်း ဆေးထည့်ရပါမယ်။

ခြေသည်းကို ဖြောင့်တန်းစွာ ညှပ်ထုတ်ပြီး ရှလွယ်မယ့် အနားစောင်းတွေ မဖြစ်အောင် ဂရုပြုရပါမယ်။ မိမိခြေထောက်နဲ့ သက်တောင့်သက်သာဖြစ်မယ့် ရှူးဖိနပ်တွေပဲ စီးသင့်ပါတယ်။

နောက်ဆက်တွဲပြသနာများ

နောက်ဆက်တွဲပြသနာတွေက ဘာတွေလဲ

တခြားကုသမှုတွေလိုပဲ ဖြစ်နိုင်ခြေအန္တရာယ်အချို့ ရှိပါတယ်။ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ဆရာဝန်ကို မေးသင့်ပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ အရာတွေကတော့ ထုံဆေးမတည့်ခြင်း၊ သွေးထွက်များခြင်း၊ သွေးခဲခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

ခွဲစိတ်တဲ့နေရာ ပိုးဝင်ခြင်း၊ အောက်ခြေအရိုးပါ ရောဂါပိုးဝင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာခြင်းဖြင့် နောက်ဆက်တွဲပြသနာတွေ ဖြစ်လာနိုင်ခြေကို လျှော့ချနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement