backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Femoral Hernia Repair (ပေါင်ထိပ်မှာဖြစ်တဲ့ အူကျခြင်း ကို ဘယ်လိုကုသပြုပြင်မလဲ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်များ

ပေါင်ထိပ်မှာဖြစ်တဲ့ အူကျခြင်း (femoral hernia)ကို ကုသပြုပြင်တယ်ဆိုတာ ဘာလဲ။

ပေါင်ထိပ်မှာဖြစ်တဲ့ အူကျခြင်း (femoral hernia)ကို ဖယ်ရှားခြင်း ဒါမှမဟုတ် ပြုပြင်ခြင်းကို ဆိုလိုပါတယ်။femoral canal လို့ခေါ်တဲ့ လမ်းကြောင်းလေးအနားမှာရှိတဲ့ ဝမ်းဗိုက်ကြွက်သားနံရံ အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အူကျခြင်း (femoral hernia)ဟာ အဖြစ်များတဲ့ ပြဿနာတခု ဖြစ်ပါတယ်။

မကုသဘဲထားမယ်ဆိုရင်တော့ femoral hernia ဟာ ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ သင့်ဝမ်းဗိုက်ကြွက်သားနံရံရဲ့ ကြွက်သားအလွှာတွေထဲမှာ အားနည်းတဲ့နေရာလေးတွေ ဖြစ်ပေါ်လာနိုင်ပြီး ဗိုက်ထဲကအူတွေဟာ အဆိုပါ နေရာလေးတွေကတဆင့် အပြင်ကို တိုးထွက်လာပါတယ်။

ဒီလိုထိုးထွက်လာတဲ့အတွက် အပြင်ဖက်မှာ ဖောင်းဖောင်းလေးဖြစ်လာပြီး ဒါကို အူကျတယ်လို့ ခေါ်ပါတယ်။ ဝမ်းဗိုက်နဲ့ခြေထောက်ကြား အပြန်အလှန်ဆက်သွယ်နေတဲ့ femoral artery နဲ့vein သွေးကြောတွေဖြတ်သန်းသွားရာ ဝမ်းဗိုက်နံရံရှိ အပေါက်လေးကနေတဆင့် femoral hernia ဖြစ်ပေါ်လာပါတယ်။

အူ ဒါမှမဟုတ် ဗိုက်ထဲက အခြားသော အစိတ်အပိုင်းတွေဟာ ကျွံနေတဲ့ အိတ်ထဲမှာ ပိတ်မိပြီး သွေးမလျှောက်နိုင်တော့တဲ့ အခြေအနေထိဖြစ်သွားနိုင်တဲ့အတွက် အူကျခြင်းဟာ အန္တရာယ်ရှိပါတယ်။

ရောဂါအဖြေရှာခြင်း နှင့်ကုသမှု

အူကျခြင်းကို ဘာလို့ခွဲစိတ်ကုသရတာလဲ။

ကျွံနေတဲ့အူကို အတွင်းသို့ပြန်လည် ထိုးသွင်းပြီး ဝမ်းဗိုက်ကြွက်သားနံရံရဲ့ အားနည်းနေတဲ့ နေရာကို ပြုပြင်ခွဲစိတ်ခြင်းအားဖြင့် အူကျခြင်းကို ကုသနိုင်ပါတယ်။

အခြားသော အူကျခြင်းတွေနဲ့ မတူတဲ့အချက်ကတော့ ပေါင်ထိပ်မှာအူကျွံခြင်းကို အမြန်ဆုံးကုသပေးသင့်တယ်ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ ပေါင်ထိပ်အူကျခြင်းဟာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပွားဖို့ အခွင့်အလမ်း အများဆုံးဖြစ်နေလို့ပါပဲ။

ပေါင်ထိပ်အူကျခြင်းကနေ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကတော့

ပိတ်ဆို့ခြင်း : femoral canal လို့ခေါ်တဲ့ လမ်းကြောင်းလေးထဲမှာ အူရဲ့ တစိတ်တဒေသ ပိတ်မိသွားနိုင်ကာ ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်အောင့်ခြင်း၊ဗိုက်နာခြင်း နဲ့ ပေါင်ခြံမှာ အလုံးပေါ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလို အလုံးပေါ်ရင် အရမ်းနာနေမှာ ဖြစ်ပါတယ်။

ညှစ်ထားခြင်း : ကျွံနေတဲ့ အူရဲ့ တစိတ်တဒေသပိတ်မိပြီး သွေးမလျှောက်တော့တာမျိုး ဖြစ်သွားနိုင်တဲ့အတွက် နာရီပိုင်းအတွင်း အရေးပေါ်ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပိတ်မိနေတဲ့ တစ်ရှူးတွေကို ဖယ်ရှားနိုင်မှာဖြစ်ပြီး သွေးပြန်လျှောက်လာမှာဖြစ်ကာ အဆိုပါတစ်ရှူးပျက်စီးသေဆုံးသွားခြင်းမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အူကျတာကို ခွဲစိတ်ပြုပြင်ခြင်းက ဘာအန္တရာယ်တွေ ရှိသလဲ။

ခွဲစိတ်ကုသမှု ခံယူလိုက်ခြင်းအားဖြင့် အူကျတာ သက်သာပျောက်ကင်းသွားပြီး ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် နောက်တခါ အူပြန်ကျနိုင်ချေလည်း ရှိနေပါတယ်။ တကယ်လို့ သင်ဟာ အသက်၅၀အထက်ဖြစ်မယ် ဒါမှမဟုတ် နှလုံးရောဂါ၊

အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိနေရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပိုများပါတယ်။ ပေါင်ထိပ်အူကျခြင်းကို ခွဲစိတ်ပြုပြင်တာဟာ လုပ်ဆောင်နေကျ ကုသမှုတခုဖြစ်ပြီး အန္တရာယ်မရှိသလောက်ဖြစ်ပေမယ့် အူကျသူတွေရဲ့ တစ်ရာခိုင်နှုန်းကတော့ ခွဲပြီးတဲ့အချိန်မှာလည်း နောက်တခါ အူပြန်ကျနိုင်ချေ ရှိနေပါတယ်။

အခြားသော ဖြစ်ခဲတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့

· ခွဲထားတဲ့ အနာအောက်မှာ အလုံးဖြစ်လာခြင်း။

· ဆီးသွားရခက်ခြင်း။

· ပေါင်သွေးပြန်ကြောကြီးကို ထိခိုက်မိခြင်း သို့မဟုတ် ကျဉ်းသွားခြင်း (ဒီသွေးကြောဟာ femoral canal လို့ခေါ်တဲ့ လမ်းကြောင်းကို ဖြတ်သွားပါတယ်)။

· အူမကြီးကို ထိခိုက်မိခြင်း။

· ခြေထောက်ယာယီ အားနည်းခြင်း။

· အာရုံကြောများ ထိခိုက်သွားနိုင်ပြီး ပေါင်ခြံတဝိုက်တွင် နာကျင်ခြင်း သို့မဟုတ် ထုံနေခြင်း။

ခွဲစိတ်မှု မပြုလုပ်ခင်မှာ ၎င်းခွဲစိတ်မှုရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို သေချာစွာ သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ တကယ်လို့ မရှင်းလင်းတာ၊သိချင်တာတွေရှိရင် သင့်ခွဲစိတ်ဆရာဝန်ကို အချိန်မရွေးမေးမြန်းနိုင်ပါတယ်။

ခွဲစိတ်မှု မခံယူခင်မှာ ဘာတွေပြင်ဆင်ထားရမလဲ။

ထုံဆေး၊မေ့ဆေး နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။ ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။ ခွဲစိတ်မှုမခံယူခင် အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။

အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီလောက်အလိုလောက်ကစပြီး ဘာမှမစားရတော့ပါဖူး။ ဒါပေမယ့် ကော်ဖီအစရှိတဲ့ သောက်စရာတွေကိုတော့ မခွဲခင် နာရီအနည်းငယ်အလိုအထိ သောက်နိုင်ပါတယ်။

ခွဲစိတ်မှုကို ဘယ်လိုပြုလုပ်မလဲ။

ဒီခွဲစိတ်မှုဟာ ယေဘုယျအားဖြင့် ၄၅မိနစ်လောက် ကြာမြင့်လေ့ရှိပါတယ်။ ခွဲစိတ်ဆရာဝန်အနေနဲ့ ကျွံနေတဲ့ အူအလုံးပေါ်တည့်တည့် ဒါမှမဟုတ် အပေါ်နားလောက်ကနေပြီး စတင်ခွဲစိတ်ပြီး အူကျွံနေတဲ့ အိတ်ကို ဖယ်ရှားမှာ ဖြစ်ပါတယ်။ ပြီးရင် အပ်နဲ့ ချုပ်ရိုးတွေကို အသုံးပြုပြီး အပေါက် (femoral canal)ကို ကျဉ်းသွားအောင် ပြုလုပ်မှာဖြစ်ကာ နောက်ဆုံးမှာတော့ အရေပြားကို ပြန်ချုပ်မှာ ဖြစ်ပါတယ်။

တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ခွဲစိတ်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မှာလဲ။

ခွဲတဲ့နေ့မှာပဲ အိမ်ပြန်နိုင်ပါပြီ။ ခွဲပြီးပြီးချင်း ပထမရက်အနည်းငယ်မှာ ပုံမှန်ထက်ပိုပြီး လမ်းလျှောက်ပေးပါ။ ခွဲစိတ်မှုရဲ့ အတိမ်အနက်၊အလုပ်အကိုင်ရဲ့ သဘောသဘာဝအပေါ် မူတည်ကာ ခွဲစိတ်ပြီး ရက်သတ္တပတ်နှစ်ပတ်ကနေ လေးပတ်လောက်အတွင်းမှာ လုပ်ငန်းခွင် ပြန်ဝင်နိုင်မှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement