အဓိပ္ပါယ်ဖွင့်ဆိုချက်
Carpal tunnel ရောဂါလက္ခဏာစုဟာ လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ထုံနေစေပါတယ်။ ခွဲစိတ်ကုသခြင်းဟာ ဒီလက္ခဏာတွေကို သက်သာစေပြီး အာရုံကြော အမြဲတမ်းပျက်စီးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။
Carpal tunnel ရောဂါလက္ခဏာစုဟာ လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ထုံနေစေပါတယ်။ ခွဲစိတ်ကုသခြင်းဟာ ဒီလက္ခဏာတွေကို သက်သာစေပြီး အာရုံကြော အမြဲတမ်းပျက်စီးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။
လက်ကောက်ဝတ်နဲ့ လက်ရဲ့ ခံစားမှုနဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ median အာရုံကြောအပေါ် ဖိအားဖြစ်စေတဲ့အခါ ဒီပြသနာဖြစ်တတ်ပါတယ်။
အဲ့ဒီအာရုံကြောဟာ လက်ကောက်ဝတ်အတွင်းက carpal tunnel လို့ခေါ်တဲ့ လမ်းကြောင်းအတွင်းမှာ တခြားကြွက်သားအရွတ်တွေနဲ့အတူ တည်ရှိပါတယ်။
ခွဲစိတ်မှုရဲ့ ရည်ရွယ်ချက်က median အာရုံကြောပေါ် ဖိအားဖြစ်စေတဲ့ အရွတ်တွေကို ခွဲစိတ်ပြုပြင်ပြီး သက်သာစေဖို့ ဖြစ်ပါတယ်။ လက်မှာဖြစ်ပေါ်နေတဲ့ နာကျင်ခြင်း၊ ထုံကျင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။
သင့်ရဲ့လက္ခဏာတွေဟာ မခွဲစိတ်ဘဲ ဆိုးရွားလာရင်၊ ကြာရှည်နေရင် ခွဲစိတ်ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။
ခံစားရတဲ့ ရောဂါလက္ခစာတွေဟာ လပေါင်းများစွာအထိ မသက်သာရင် ခွဲစိတ်သင့်ပါတယ်။ ဒီလက္ခဏာတွေဟာ အာရုံကြောပျက်စီးတဲ့ လက္ခဏာတွေတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် အာရုံကြောပျက်စီးမှုရှိရင် ခွဲစိတ်မှုကို ပိုပြီး အရေးပေါ်လိုအပ်ပါတယ်။
အောက်ပါ လက္ခဏာတွေကြောင့် နေ့စဉ်လှုပ်ရှားမှုကို ကန့်သတ်လာမယ်ဆိုရင် ခွဲစိတ်မှု ခံယူသင့်ပါတယ်။
မခွဲစိတ်ခင် အာရုံကြောစစ်ဆေးမှုတွေ ပြုလုပ်ရပါတယ်။ စစ်ဆေးမှုရဲ့ ရလာဒ်တွေဟာ Carpal tunnel ရောဂါလက္ခဏာစုဆိုတာကို ညွှန်ပြနေမှ ခွဲစိတ်မှုဟာ ထိရောင်နိုင်ပါတယ်။ ဒီခွဲစိတ်မှုကြောင့် လက်ရဲ့ နဂိုအနေအထားကို ဒဏ်ဖြစ်စေတယ်ဆိုတဲ့ အချက်ဟာလည်း မငြင်းနိုင်ပါဘူး။
ခွဲစိတ်မှုလုပ်မလား၊ လက်ကောက်ဝတ်အတွင်း မှန်ပြောင်းထည့်ကြည့်ပြီး အသေးစားခွဲစိတ်မှု လုပ်မလားဆိုတာကတော့ ကုသတဲ့ဆရာဝန်ရဲ့ အတွေ့အကြုံပေါ် မူတည်ပါတယ်။
မှန်ပြောင်းထည့်ခွဲစိတ်ခြင်းဟာ အထူးကိရိယာတွေ လိုအပ်ပြီး ဆရာဝန်အနေနဲ့ အကြိမ်ပေါင်းများစွာ လုပ်ဖူးမယ်ဆိုရင် အကောင်းဆုံး ခွဲစိတ်မှု ဖြစ်ပါလိမ့်မယ်။
ခွဲစိတ်ပြီးရင်တော့ ဒီရောဂါစုကို ဖြစ်စေတဲ့ လှုပ်ရှားမှုပုံစံတွေကို ရှောင်ကြဉ်သင့်၊ ပြောင်းလဲသင့်ပါတယ်။
သိပ်မဆိုးရွားရင်တော့ ညဘက်မှာ လက်ကောက်ဝတ်အစွပ်ကို ဝတ်ဆင်ပေးနိုင်ပါတယ်။
စတီးရွိုက်ဆေး ထိုးပေးခြင်းဟာ လူအများစုမှာ ထုံခြင်းကို သက်သာစေပါတယ်။
နေ့ဘက် ပုံမှန်ခွဲစိတ်မှုအတိုင်း ဆောင်ရွက်ပါတယ်။ ခွဲစိတ်မှုပြီးတဲ့ရက်မှာပဲ အိမ်ပြန်နိုင်ပါတယ်။ များသောအားဖြင့် ထုံဆေးနဲ့ လုပ်ဆောင်ပါတယ်။ လက်ကောက်ဝတ်နဲ့ လက်ဖဝါးရဲ့ နာကျင်မှု ခံစားမှုကို မဖြစ်စေဘဲ သင့်ကို နိုးထနေစေပါတယ်။
ခွဲစိတ်မှုရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်၊ အကျိုးကျေးဇူး၊ တခြား ပြောင်းလဲကုသနည်းတွေကို မေးထားသင့်ပါတယ်။
ဒါမှသာ သင့်အနေနဲ့ သဘောပေါက်နားလည်ပြီး သဘောတူကြောင်း လက်မှတ်ထိုးနိုင်မှာဖြစ်ပါတယ်။
ထုံဆေးနဲ့ခွဲစိတ်ပြီး မိနစ်၂၀ခန့် ကြာပါတယ်။
ခွစြိတ်ဆရာဝန်ဟာ လက်ဖဝါးမှာ ခပ်သေးသေး ခွဲစိတ်ပါလိမ့်မယ်။ တင်းကြပ်နေတဲ့ အရွတ်ကို ဖြတ်ပစ်ပါလိမ့်မယ်။ အဲဒီအခါ အာရုံကြောအပေါ် သက်ရောက်နေတဲ့ ဖိအားကို သက်သာစေပါလိမ့်မယ်။
ခွဲစိတ်တဲ့နေ့မှာတင် အိမ်ပြန်နိုင်ပါတယ်။ လက်ကို ပတ်တီးစည်းပြီး ခပ်မြင့်မြင့်မှာထားခြင်းကို ၂ရက်ခန့် ဆောင်ရွက်ပေးရပါမယ်။ တောင့်တင်းမှုတွေ မဖြစ်အောင် လက်ချောင်းများ၊ တံတောင်ဆစ်နဲ့ ပခုံးကို ညင်သာတဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးသင့်ပါတယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ပုံမှန် လှုပ်ရှားမှုတွေကို တတ်နိုင်သလောက် မြန်မြန်ပြန်လုပ်နိုင်စေပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
လက္ခဏာတွေ သက်သာလာဖို့ ၆လလောက်ထိ အချိန်ယူရနိုင်ပါတယ်။
Carpal tunnel ရောဂါလက္ခဏာစုကို ခွဲစိတ်ကုသခြင်းရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
မှန်ပြောင်းသုံးပြီး အသေးစားခွဲစိတ်မှုလုပ်ထားပြီး နောက်ဆက်တွဲပြသနာတွေဖြစ်ခဲ့ရင် ရိုးရိုးခွဲစိတ်မှုကို ပြောင်းလဲလုပ်ဆောင်ရတတ်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။