ဒါ့အပြင် အသည်းကင်ဆာရောဂါသည်လည်း ကလေး ၊လူကြီးမရွေး အသည်းအစားထိုးကုရတတ်သည့် ရောဂါတစ်မျိုးလည်းဖြစ်သည်။
တခါတရံမှာလည်း ဆေးမှားသောက်ခြင်း (သို့) မိမိကိုယ်ကိုကြံစည်ခြင်းများတွင်လည်း အသည်းကိုထိခိုင်စေနိုင်သောဆေးအများအပြားသောက်သုံးခြင်း (ဥပမာ ပရာစီတမောဆေးဝါး) ဟာအသည်းပျက်စီးခြင်းကိုဖြစ်စေပြီး အသည်းအစားထိုးရတတ်ပါတယ်။
အသည်းခြောက်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးများ
အသည်းခြောက်ခြင်းကိုအဓိကဖြစ်စေနိုင်သောရောဂါများမှာ
• နာတာရှည်အသည်းရောင်အသားဝါဘီပိုး စီပိုးရောဂါသည်များ
• နာတာရှည်အရက်စွဲနေသူများ
• အသည်းအဆီဖုံးခြင်း
• အခြားမွေးရာပါအသည်းရေဂါများ တို့ပါဝင်သည်။
ထိုရောဂါများသည် အချိန်ကြာလာသည်နှင့်အမျှ အသည်းပျက်စီးလာကာ အသည်းအစားထိုးကုသရသည့်အဆင့်ထိ လိုအပ်လာနိုင်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။